ကိုယ့္ရဲ႕ေသြးအမ်ိဳးအစားအလိုက္ တြက္ခ်က္ၿပီး ခန႔္မွန္းထားတဲ့ေဟာကိန္းေလးေတြအမ်ားႀကီးရွိပါ တယ္။ ကိုယ္တို႔လည္းေထာင့္ေစ့ေနေအာင္ဖတ္ဖူးၾကပါရဲ႕ ..။ ဒါေပမယ့္ ဒီတစ္ခါေျပာခ်င္တာကေတာ့ အခ်စ္ေရးမွာ ကံေခလြန္းတဲ့ေသြးအမ်ိဳးအစားေလးေတြအေၾကာင္းပါ။

( ၁ ) A ေသြးပိုင္ရွင္ေလးမ်ား

အခ်စ္ေရးနဲ႔ပတ္သက္လာရင္ ေရခဲတုံးတစ္တုံးလို၊ ခပ္ေအးေအးနဲ႔ တည္တည္ၿငိမ္ၿငိမ္ရွိတတ္တဲ့သူေလးေတြေပါ့။ ေအ ေသြးေလးေတြရဲ႕ မူလစ႐ိုက္ကိုက ခပ္ေအးေအးေနတတ္ၾကတဲ့အတြက္ သူတို႔ေတြဟာ အခ်စ္ေရးမွာေရာ၊ တျခားကိစၥေတြမွာပါ တည္ၿငိမ္သူေလးေတြ၊ ထုံေပေပေလးေတြလို႔အေျပာခံရတတ္ပါတယ္။

သူတို႔ေတြဟာ ျပသနာကို ေရွာင္ရွားႏိုင္ၾကတာ၊ ျဖစ္လာမယ့္ ျပသနာေတြကို ႀကိဳတင္ေတြးဆ တတ္ၾကၿပီး သူတို႔ရဲ႕စကားအသြားအလာကို ထိန္းသိမ္းတတ္ၾကတဲ့အတြက္ ပြင့္လင္းမႈမရွိဘူးလို႔ တစ္ခါတစ္ရံမွာလည္းအေျပာခံရတတ္တယ္။ ေနာက္ၿပီးအလုပ္ထဲမွာစိတ္ႏွစ္ၿပီး အလုပ္အပၚ တာဝန္ယူစိတ္အျပည့္ရွိတတ္ၾကတဲ့အတြက္ လူမႈေရးနဲ႔တစ္ျခားကိစၥေတြမွာလစ္ ဟင္းတတ္ၾကတယ္။

သူတို႔ေလးေတြဟာအေနေအးတတ္ေပမယ့္တကယ္တမ္းေတာ့အရမ္းႏူးညံ့တဲ့ႏွလုံးသားပိုင္ရွင္ေတြပါ။ ဒါေပမယ့္ သူတို႔ရဲ႕ေအးတိေအးစက္နဲ႔မႈန္ေတေတအမူအရာေလးေတြေၾကာင့္ ခ်စ္သူရဲ႕အထင္လြဲျခင္းကိုမၾကာခဏခံရတတ္တယ္။ အခ်စ္ေရးမွာ အဲဒီေလာက္ကံမေခၾကေပမယ့္ ခ်စ္သူရဲ႕အားမလိုအားမရ၊ နားပူနားဆာလုပ္တာကို အၿမဲခံေနရတဲ့သူေလးေတြေပါ့ ..။

( ၂ ) B ေသြးပိုင္ရွင္ေလးမ်ား

လက္ေတြ႕က်တဲ့ေသြးပိုင္ရွင္ေလးေတြပါ။ သူတို႔ေတြနဲ႔ခ်စ္သူျဖစ္ရတာ တစ္ခါတစ္ေလက်ရင္ လက္ေတြ႕အရမ္းဆန္တတ္လို႔ သူတို႔ေတြကို ႏွလုံးသားမရွိဘူးလို႔ေတာင္ထင္ရတယ္။ သူတို႔ရဲ႕ အခ်စ္အေပၚထားတဲ့ခံယူခ်က္ဟာ အႏုအ႐ြေတြ၊ ႐ိုဆန္ဆန္အျပဳအမူမ်ိဳးေတြမဟုတ္ပဲ ဒီအတိုင္းရင္ထဲမွာရွိေနရင္ အခ်စ္ျဖစ္တယ္ ဆိုတဲ့အတြက္ေၾကာင့္ ငါ့အေပၚကို ခ်စ္မွခ်စ္ရဲ႕လား လို႔ခ်စ္သူရဲ႕ မယုံသကၤာမ်က္လုံးနဲ႔အၾကည့္ခံရသူေတြလည္းျဖစ္တယ္။

သူတို႔ရဲ႕ရင္ထဲကခံစားမႈေတြထက္စာရင္ ဦးေႏွာက္ရဲ႕ေစစားရာကိုပဲဦးစားေပးၾကတဲ့အတြက္ ခ်စ္ရတဲ့ခ်စ္သူနဲ႔ လြဲေခ်ာ္ရတဲ့အျဖစ္မ်ိဳးေတြလည္းရွိတတ္တယ္။ အဲ့ေတာ့ ဘီ ေသြးေလးေတြနဲ႔ခ်စ္သူျဖစ္ရင္ သူတို႔ေတြရဲ႕ စိတ္သေဘာထားကို နားလည္ေပးဖို႔လိုပါတယ္။

( ၃ ) AB ေသြးပိုင္ရွင္ေလးမ်ား

ေပ်ာ္ေပ်ာ္ေနတတ္ၾကတဲ့ေသြးအုပ္စုေလးေတြပါ။ သူတို႔ေတြရဲ႕ အခ်စ္အေပၚမွာထားတဲ့ခံယူခ်က္က အေတာ္ေလးေပါ့ေပါ့ပါးပါးဆန္ပါတယ္။ ကမာၻေပၚမွာ အခ်စ္ဆိုတဲ့အရာေလာက္ အေရးႀကီးတာမရွိေတာ့ဘူးဆိုရေလာက္ေအာင္ အခ်စ္ကိုေနာက္ဆုံးမွာထားတတ္ၾကတယ္။

တကယ္လို႔ သူတို႔မွာ ခ်စ္သူရွိေနရင္လည္း အဲဒီအခ်စ္ေရးဟာ ၾကာရွည္မတည္ၿမဲတတ္ဘူး။ အခ်စ္ထက္စာရင္ အေပ်ာ္အပါး၊ အေပါင္းအသင္း နဲ႔ မိသားစုကို ပဲၾကည့္တတ္ၾကလို႔ ခ်စ္သူကအၿမဲတမ္းေနာက္ကို ေရာက္ေနတတ္တယ္။ အဲဒီလိုေျပာလို႔ သူတို႔ေတြကို မခ်စ္တတ္ဘူးလို႔ေတာ့မထင္ပါနဲ႔။

သူတို႔ေတြရဲ႕ အႏြံအတာ၊ ဆိုးႏြဲ႕မႈေတြကို သည္းခံႏိုင္တဲ့သူကိုရွာရင္းနဲ႔ပဲရည္းစားမ်ားတဲ့သူ၊ အသဲခြဲတဲ့သူ စတဲ့နာမည္ေတြရသြားတတ္တယ္။ တကယ္လို႔ ယူတို႔ရဲ႕ခ်စ္သူဟာ AB ေသြးေလးျဖစ္ခဲ့မယ္ဆိုရင္ သူတို႔ရဲ႕အေပ်ာ္အပါးမက္တဲ့စိတ္၊ လြတ္လြတ္လပ္လပ္ေနခ်င္တဲ့စိတ္ေလးေတြကို လက္ခံေပးဖို႔လိုပါတယ္။

( ၄ ) O ေသြးပိုင္ရွင္ေလးမ်ား

အို ေသြးေလးေတြကေတာ့ အခ်စ္ေရးနဲ႔ပတ္သက္လာရင္ ႏွလုံးလမ္းေၾကာင္းမွာ ကြၽန္းခံေနတယ္လို႔ပဲေျပာရမယ္ထင္ပါရဲ႕။ သူတို႔ေလးေတြဟာ ႏွလုံးသားႏုနယ္သေလာက္၊ အရမ္းလည္းအခ်စ္ႀကီးၾကတယ္။ သူတို႔ရဲ႕အခ်စ္ဆိုတာက ဘယ္သူေတြဘယ္လိုမ်ိဳးပဲလာလာ၊ ဒီတစ္ေယာက္တည္းကိုပဲ သူတို႔ရဲ႕ဘဝတစ္ေလွ်ာက္သစၥာရွိရွိနဲ႔ခ်စ္သြားမယ့္သူမ်ိဳးေတြပါ။

တစ္ေယာက္ဆိုရင္ ဆိုသေလာက္ ခ်စ္တတ္ၾကတဲ့သူေတြျဖစ္ေပမယ့္ သူတို႔ရဲ႕ ခ်စ္သူက သစၥာေဖာက္တာခံလိုက္ရတဲ့အခါမ်ိဳးမွာအရမ္းကိုခံစားရမယ့္သူမ်ိဳးေတြျဖစ္ပါတယ္။ ျပတ္သြားခဲ့ရင္ေတာင္ အဲဒီခ်စ္သူကို ရင္ထဲမွာထားၿပီးတမ္းတေနတတ္ၾကတဲ့သူမ်ိဳးေလးေတြပါ။

ေနာက္ၿပီးခ်စ္သူအေပၚမွာ အရမ္းအႏြံတာခံ၊ ေအာက္က်ိဳ႕ခံၿပီးခ်စ္တတ္ၾကတာမို႔ ခ်စ္သူရဲ႕အႏိုင္ယူျခင္းကို မၾကာခဏခံရတဲ့သူေတြလည္းျဖစ္ပါတယ္။ အဲ့ေတာ့ အို ေသြးေလးေတြနဲ႔သာခ်စ္သူျဖစ္ခဲ့မယ္ဆိုရင္ သင္ဟာ ကံေကာင္းတဲ့သူတစ္ေယာက္ပါ။ သူတို႔ကိုအတတ္ႏိုင္ဆုံးေဖးမၿပီး ခ်စ္ပါလို႔ …။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:santhitsa
# Unicode Version # ျဖင့္ ဖတ္ပါ #

ကိုယ့်ရဲ့သွေးအမျိုးအစားအလိုက် တွက်ချက်ပြီး ခန့်မှန်းထားတဲ့ဟောကိန်းလေးတွေအများကြီးရှိပါ တယ်။ ကိုယ်တို့လည်းထောင့်စေ့နေအောင်ဖတ်ဖူးကြပါရဲ့ ..။ ဒါပေမယ့် ဒီတစ်ခါပြောချင်တာကတော့ အချစ်ရေးမှာ ကံခေလွန်းတဲ့သွေးအမျိုးအစားလေးတွေအကြောင်းပါ။

( ၁ ) A သွေးပိုင်ရှင်လေးများ

အချစ်ရေးနဲ့ပတ်သက်လာရင် ရေခဲတုံးတစ်တုံးလို၊ ခပ်အေးအေးနဲ့ တည်တည်ငြိမ်ငြိမ်ရှိတတ်တဲ့သူလေးတွေပေါ့။ အေ သွေးလေးတွေရဲ့ မူလစရိုက်ကိုက ခပ်အေးအေးနေတတ်ကြတဲ့အတွက် သူတို့တွေဟာ အချစ်ရေးမှာရော၊ တခြားကိစ္စတွေမှာပါ တည်ငြိမ်သူလေးတွေ၊ ထုံပေပေလေးတွေလို့အပြောခံရတတ်ပါတယ်။

သူတို့တွေဟာ ပြသနာကို ရှောင်ရှားနိုင်ကြတာ၊ ဖြစ်လာမယ့် ပြသနာတွေကို ကြိုတင်တွေးဆ တတ်ကြပြီး သူတို့ရဲ့စကားအသွားအလာကို ထိန်းသိမ်းတတ်ကြတဲ့အတွက် ပွင့်လင်းမှုမရှိဘူးလို့ တစ်ခါတစ်ရံမှာလည်းအပြောခံရတတ်တယ်။ နောက်ပြီးအလုပ်ထဲမှာစိတ်နှစ်ပြီး အလုပ်အပါ် တာဝန်ယူစိတ်အပြည့်ရှိတတ်ကြတဲ့အတွက် လူမှုရေးနဲ့တစ်ခြားကိစ္စတွေမှာလစ် ဟင်းတတ်ကြတယ်။

သူတို့လေးတွေဟာအနေအေးတတ်ပေမယ့်တကယ်တမ်းတော့အရမ်းနူးညံ့တဲ့နှလုံးသားပိုင်ရှင်တွေပါ။ ဒါပေမယ့် သူတို့ရဲ့အေးတိအေးစက်နဲ့မှုန်တေတေအမူအရာလေးတွေကြောင့် ချစ်သူရဲ့အထင်လွဲခြင်းကိုမကြာခဏခံရတတ်တယ်။ အချစ်ရေးမှာ အဲဒီလောက်ကံမခေကြပေမယ့် ချစ်သူရဲ့အားမလိုအားမရ၊ နားပူနားဆာလုပ်တာကို အမြဲခံနေရတဲ့သူလေးတွေပေါ့ ..။

( ၂ ) B သွေးပိုင်ရှင်လေးများ

လက်တွေ့ကျတဲ့သွေးပိုင်ရှင်လေးတွေပါ။ သူတို့တွေနဲ့ချစ်သူဖြစ်ရတာ တစ်ခါတစ်လေကျရင် လက်တွေ့အရမ်းဆန်တတ်လို့ သူတို့တွေကို နှလုံးသားမရှိဘူးလို့တောင်ထင်ရတယ်။ သူတို့ရဲ့ အချစ်အပေါ်ထားတဲ့ခံယူချက်ဟာ အနုအရွတွေ၊ ရိုဆန်ဆန်အပြုအမူမျိုးတွေမဟုတ်ပဲ ဒီအတိုင်းရင်ထဲမှာရှိနေရင် အချစ်ဖြစ်တယ် ဆိုတဲ့အတွက်ကြောင့် ငါ့အပေါ်ကို ချစ်မှချစ်ရဲ့လား လို့ချစ်သူရဲ့ မယုံသင်္ကာမျက်လုံးနဲ့အကြည့်ခံရသူတွေလည်းဖြစ်တယ်။

သူတို့ရဲ့ရင်ထဲကခံစားမှုတွေထက်စာရင် ဦးနှောက်ရဲ့စေစားရာကိုပဲဦးစားပေးကြတဲ့အတွက် ချစ်ရတဲ့ချစ်သူနဲ့ လွဲချော်ရတဲ့အဖြစ်မျိုးတွေလည်းရှိတတ်တယ်။ အဲ့တော့ ဘီ သွေးလေးတွေနဲ့ချစ်သူဖြစ်ရင် သူတို့တွေရဲ့ စိတ်သဘောထားကို နားလည်ပေးဖို့လိုပါတယ်။

( ၃ ) AB သွေးပိုင်ရှင်လေးများ

ပျော်ပျော်နေတတ်ကြတဲ့သွေးအုပ်စုလေးတွေပါ။ သူတို့တွေရဲ့ အချစ်အပေါ်မှာထားတဲ့ခံယူချက်က အတော်လေးပေါ့ပေါ့ပါးပါးဆန်ပါတယ်။ ကမ္ဘာပေါ်မှာ အချစ်ဆိုတဲ့အရာလောက် အရေးကြီးတာမရှိတော့ဘူးဆိုရလောက်အောင် အချစ်ကိုနောက်ဆုံးမှာထားတတ်ကြတယ်။

တကယ်လို့ သူတို့မှာ ချစ်သူရှိနေရင်လည်း အဲဒီအချစ်ရေးဟာ ကြာရှည်မတည်မြဲတတ်ဘူး။ အချစ်ထက်စာရင် အပျော်အပါး၊ အပေါင်းအသင်း နဲ့ မိသားစုကို ပဲကြည့်တတ်ကြလို့ ချစ်သူကအမြဲတမ်းနောက်ကို ရောက်နေတတ်တယ်။ အဲဒီလိုပြောလို့ သူတို့တွေကို မချစ်တတ်ဘူးလို့တော့မထင်ပါနဲ့။

သူတို့တွေရဲ့ အနွံအတာ၊ ဆိုးနွဲ့မှုတွေကို သည်းခံနိုင်တဲ့သူကိုရှာရင်းနဲ့ပဲရည်းစားများတဲ့သူ၊ အသဲခွဲတဲ့သူ စတဲ့နာမည်တွေရသွားတတ်တယ်။ တကယ်လို့ ယူတို့ရဲ့ချစ်သူဟာ AB သွေးလေးဖြစ်ခဲ့မယ်ဆိုရင် သူတို့ရဲ့အပျော်အပါးမက်တဲ့စိတ်၊ လွတ်လွတ်လပ်လပ်နေချင်တဲ့စိတ်လေးတွေကို လက်ခံပေးဖို့လိုပါတယ်။

( ၄ ) O သွေးပိုင်ရှင်လေးများ

အို သွေးလေးတွေကတော့ အချစ်ရေးနဲ့ပတ်သက်လာရင် နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်လို့ပဲပြောရမယ်ထင်ပါရဲ့။ သူတို့လေးတွေဟာ နှလုံးသားနုနယ်သလောက်၊ အရမ်းလည်းအချစ်ကြီးကြတယ်။ သူတို့ရဲ့အချစ်ဆိုတာက ဘယ်သူတွေဘယ်လိုမျိုးပဲလာလာ၊ ဒီတစ်ယောက်တည်းကိုပဲ သူတို့ရဲ့ဘဝတစ်လျှောက်သစ္စာရှိရှိနဲ့ချစ်သွားမယ့်သူမျိုးတွေပါ။

တစ်ယောက်ဆိုရင် ဆိုသလောက် ချစ်တတ်ကြတဲ့သူတွေဖြစ်ပေမယ့် သူတို့ရဲ့ ချစ်သူက သစ္စာဖောက်တာခံလိုက်ရတဲ့အခါမျိုးမှာအရမ်းကိုခံစားရမယ့်သူမျိုးတွေဖြစ်ပါတယ်။ ပြတ်သွားခဲ့ရင်တောင် အဲဒီချစ်သူကို ရင်ထဲမှာထားပြီးတမ်းတနေတတ်ကြတဲ့သူမျိုးလေးတွေပါ။

နောက်ပြီးချစ်သူအပေါ်မှာ အရမ်းအနွံတာခံ၊ အောက်ကျို့ခံပြီးချစ်တတ်ကြတာမို့ ချစ်သူရဲ့အနိုင်ယူခြင်းကို မကြာခဏခံရတဲ့သူတွေလည်းဖြစ်ပါတယ်။ အဲ့တော့ အို သွေးလေးတွေနဲ့သာချစ်သူဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ ကံကောင်းတဲ့သူတစ်ယောက်ပါ။ သူတို့ကိုအတတ်နိုင်ဆုံးဖေးမပြီး ချစ်ပါလို့ …။

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top