နာက်င္စရာေတြက ဘဝကို ၿပိဳလဲသြားေအာင္ မထိုးႏွက္ႏိုင္ပါဘူး။
တကယ္ေတာ့ မင္းကို ၿပိဳလဲသြားေအာင္ ထိုးႏွက္ႏိုင္တာက မင္းရဲ႕စိတ္ပါပဲ။

ဘဝမွာ နာက်င္စရာ၊ေၾကကြဲစရာ စိတ္ဆင္းရဲစရာ၊စိတ္ဓာတ္က်စရာ အခိုက္အတန္႔ေတြကေတာ့ ၾကံဳရမွာပါပဲ။
ဘဝက ထိုးႏွက္တိုင္း လဲက်ေနရင္ေတာ့ ေ႐ွ႕ေရာက္ေတာ့မွာ မဟုတ္ပါဘူး။

ေက်ာင္းသားဘဝက စာေမးပြဲက်တာကို အရံႈးလို႔ ထင္ခဲ့ဖူးတယ္။
လူငယ္ဘဝမွာ ခ်စ္သူနဲ႔ျပတ္သြားတာကို ေၾကေၾကကြဲကြဲ ခံစားခဲ့ဖူးတယ္။
ဘဝမွာ အသက္အရြယ္အလိုက္ အရံႈးေတြ၊နာက်င္မႈေတြေတာ့ ရိွေနမွာပဲ။
ဒါေပမယ့္ ဒါေတြဟာ ကြၽန္ေတာ္တို႔ကို အၿပီးတိုင္လဲက်သြားေအာင္ မစြမ္းေဆာင္ႏိုင္ပါဘူး။

စာေမးပြဲ မေအာင္လို႔ ကိုယ့္ကိုယ္ကို သတ္ေသတာ၊ခ်စ္သူက ထားသြားလို႔ ကိုယ့္ကိုယ္ကို အဆံုးစီရင္တာေတြဟာ ကိုယ့္စိတ္ေၾကာင့္ ျဖစ္သြားၾကတာေတြခ်ည္းပါပဲ။
စာေမးပြဲက သတ္တာမဟုတ္သလို၊ခ်စ္သူက အဆံုးစီရင္လိုက္တာလည္း မဟုတ္ပါဘူး။
ကိုယ့္စိတ္နဲ႔ ကိုယ့္ကိုယ္ကို သတ္လိုက္ၾကတာေတြပါပဲ။

တစ္ခ်ိဳ႕က်ေတာ့လည္း အရက္၊ေဆး စတာေတြနဲ႔ ကိုယ့္ကိုယ္ကို ေျဖးေျဖးခ်င္း သတ္ၾကတယ္။သူမ်ားအသက္သတ္မွ လူမိုက္ျဖစ္တာ မဟုတ္ပါဘူး။ကိုယ့္စိတ္နဲ႔ ကိုယ့္ကို သတ္တာဟာလည္း မိုက္တာပါပဲ။

လူေတြဟာ .....
ကိုယ့္စိတ္နဲ႔ ကိုယ့္ကိုယ္ကို အႏိုင္က်င့္ၾကတယ္။
ကိုယ့္စိတ္နဲ႔ ကိုယ့္ကိုယ္ကို ညႇင္းဆဲကတယ္။
ကိုယ့္စိတ္နဲ႔ ကိုယ့္ကိုယ္ကို သတ္ၾကတယ္။

စိတ္ကို မိတ္ေဆြလို သေဘာထားရမယ့္အစား ရန္သူလို ေမြးျမဴမိတဲ့အခါ ဘဝေတြဟာ ယိုင္နဲ႔ကုန္တယ္။
ဘယ္လို အဆိုးေတြနဲ႔ပဲ ၾကံဳေတြ႔ရပါေစ ဒဏ္ရာဆိုတာ နာက်င္ရရံုေလာက္ပါပဲ။ေသေစတဲ့အထိေတာ့ မျဖစ္ႏိုင္ပါဘူး။အခ်ိန္တန္ရင္ သက္သာသြားမယ္။အဆိုးဆံုးအေနနဲ႔ အမာရြတ္က်န္ခဲ့ရံုေလာက္ပဲရိွမယ့္ အေပၚယံ႐ွပ္ထိ ဒဏ္ရာေလးေတြကို ကိုယ့္စိတ္နဲ႔ ပိုဆိုးေအာင္ မထိုးဆြမိပါေစနဲ႔။

ခဏပါပဲ။ဒဏ္ရာေတြကို ခ်စ္တတ္လာတဲ့အခါ၊အမာရြတ္ကေလးေတြကို ျမတ္ႏိုးတတ္လာတဲ့အခါ သင္ဟာ အသန္မာဆံုးလူသားအျဖစ္နဲ႔ ၾကံၾကံခံႏိုင္လာမွာပါ။
ဘယ္ေတာ့မွ ကိုယ့္စိတ္နဲ႔ ကိုယ့္ကိုယ္ကို မသတ္မိပါေစနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:အလင္းသစ္(သဲကုန္း) FB မွ
# Unicode Version # ျဖင့္ ဖတ္ပါ #

 နာကျင်စရာတွေက ဘဝကို ပြိုလဲသွားအောင် မထိုးနှက်နိုင်ပါဘူး။
တကယ်တော့ မင်းကို ပြိုလဲသွားအောင် ထိုးနှက်နိုင်တာက မင်းရဲ့စိတ်ပါပဲ။

ဘဝမှာ နာကျင်စရာ၊ကြေကွဲစရာ စိတ်ဆင်းရဲစရာ၊စိတ်ဓာတ်ကျစရာ အခိုက်အတန့်တွေကတော့ ကြုံရမှာပါပဲ။
ဘဝက ထိုးနှက်တိုင်း လဲကျနေရင်တော့ ရှေ့ရောက်တော့မှာ မဟုတ်ပါဘူး။

ကျောင်းသားဘဝက စာမေးပွဲကျတာကို အရှုံးလို့ ထင်ခဲ့ဖူးတယ်။
လူငယ်ဘဝမှာ ချစ်သူနဲ့ပြတ်သွားတာကို ကြေကြေကွဲကွဲ ခံစားခဲ့ဖူးတယ်။
ဘဝမှာ အသက်အရွယ်အလိုက် အရှုံးတွေ၊နာကျင်မှုတွေတော့ ရှိနေမှာပဲ။
ဒါပေမယ့် ဒါတွေဟာ ကျွန်တော်တို့ကို အပြီးတိုင်လဲကျသွားအောင် မစွမ်းဆောင်နိုင်ပါဘူး။

စာမေးပွဲ မအောင်လို့ ကိုယ့်ကိုယ်ကို သတ်သေတာ၊ချစ်သူက ထားသွားလို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာတွေဟာ ကိုယ့်စိတ်ကြောင့် ဖြစ်သွားကြတာတွေချည်းပါပဲ။
စာမေးပွဲက သတ်တာမဟုတ်သလို၊ချစ်သူက အဆုံးစီရင်လိုက်တာလည်း မဟုတ်ပါဘူး။
ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကို သတ်လိုက်ကြတာတွေပါပဲ။

တစ်ချို့ကျတော့လည်း အရက်၊ဆေး စတာတွေနဲ့ ကိုယ့်ကိုယ်ကို ဖြေးဖြေးချင်း သတ်ကြတယ်။သူများအသက်သတ်မှ လူမိုက်ဖြစ်တာ မဟုတ်ပါဘူး။ကိုယ့်စိတ်နဲ့ ကိုယ့်ကို သတ်တာဟာလည်း မိုက်တာပါပဲ။

လူတွေဟာ .....
ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကို အနိုင်ကျင့်ကြတယ်။
ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကို ညှင်းဆဲကတယ်။
ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကို သတ်ကြတယ်။

စိတ်ကို မိတ်ဆွေလို သဘောထားရမယ့်အစား ရန်သူလို မွေးမြူမိတဲ့အခါ ဘဝတွေဟာ ယိုင်နဲ့ကုန်တယ်။
ဘယ်လို အဆိုးတွေနဲ့ပဲ ကြုံတွေ့ရပါစေ ဒဏ်ရာဆိုတာ နာကျင်ရရုံလောက်ပါပဲ။သေစေတဲ့အထိတော့ မဖြစ်နိုင်ပါဘူး။အချိန်တန်ရင် သက်သာသွားမယ်။အဆိုးဆုံးအနေနဲ့ အမာရွတ်ကျန်ခဲ့ရုံလောက်ပဲရှိမယ့် အပေါ်ယံရှပ်ထိ ဒဏ်ရာလေးတွေကို ကိုယ့်စိတ်နဲ့ ပိုဆိုးအောင် မထိုးဆွမိပါစေနဲ့။

ခဏပါပဲ။ဒဏ်ရာတွေကို ချစ်တတ်လာတဲ့အခါ၊အမာရွတ်ကလေးတွေကို မြတ်နိုးတတ်လာတဲ့အခါ သင်ဟာ အသန်မာဆုံးလူသားအဖြစ်နဲ့ ကြံကြံခံနိုင်လာမှာပါ။
ဘယ်တော့မှ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကို မသတ်မိပါစေနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit:အလင်းသစ်(သဲကုန်း) FB မှ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top