ကြ်န္ေတာ္အခုေျပာျပမွာကေတာ ့ဖုတ္ဝင္တဲ ့အေႀကာင္းပါ။ ကြ်န္ေတာ့္မိတ္ေဆြအန္တီတစ္ေယာက္၏ ဖခင္ရဲ့ ့ကိုယ္ခႏၶာအတြင္းဝင္ေရာက္သြားတဲ့ ဖုတ္အေႀကာင္းပါ။ ကြ်န္ေတာ္မိတ္ေဆြအန္တီက မိသားစု သံုးေယာက္ရွိပါတယ္ ….သူ ့ေယာက္်ားရယ္၊ သူရယ္ ငါးတန္းအရြယ္သား တစ္ေယာက္နဲ ့ အတူေနထိုင္ ႀကပါတယ္…

အန္တီ့အမိ်ဳးသားကေတာ ့ မေလးရွားႏုိင္ငံမွာအလုပ္သြားလုပ္ေနပါတယ္… အဲဒီလိုနဲ႔ နယ္မွာ ေနတဲ ့့့အန္တီ့ဖခင္ႀကီး သူ့သားမက္ၿဖစ္သူ နိုင္ငံျခားသြားေနတုန္း သမီးၿဖစ္သူမိသားစုကိုလည္း ေစာင့္ေရွာက္ ရင္း မိမိမွာခံစားေနရတဲ့ ့ေသြးတုိး၊ဆီးခိ်ဳေရာဂါကို ရန္ကုန္မွာရွိတဲ ့ဆရာဝန္(အထူးကု)မ်ားနဲ ့ျပသဖို ့အတြက္ တစ္ခ်က္ခုတ္နွစ္ခ်က္ျပတ္အစီစဥ္နဲ ့သမီးရွိရာရန္ကုန္ၿမိဳ့ေတာ္ႀကီးဆီကို တက္လာခဲ ့ပါတယ္။

ရန္ကုန္ကိုေရာက္ေတာ ့ခ်စ္စရာေကာင္းတဲ ့ေျမးေလးနဲ့အတူ ေရႊတိဂံုဘုရားႀကီးကိုလည္းဖူး၊ ေၿမးေလး သြားခ်င္တဲ့ အားကစားကြင္းေတြလည္းလိုက္ပို ့နဲ ့အရမ္းကိုေပ်ာ္ေနတာေပါ ့ဗ်ာ။ ေဆးခန္းကိုလည္း သြားၿပီး ေဆးစစ္ႀကတယ္။ေဆးစစ္ခ်က္အေျဖကေတာ့ ဆီးခ်ိဳကသိပ္မတက္ ေပမဲ ့ေသြးကေတာ့ ေတာ္ေတာ္တက္ေန တဲ့အတြက္ ဆရာဝန္ကေသြးက်ေဆးေတြေပးလိုက္ၿပီး ေသြးတက္ေစႏိုင္မယ့္ အစားေတြ ေရွာင္ဖို ့ သတိေပး လိုက္ တယ္။ ဒီလိုနဲ ့အန္တီ့အေဖဟာ သမီးနဲ ့ ေျမးနွစ္ေယာက္ထဲကို စိတ္မခ်တာနဲ႔ သားမက္ျပန္လာတဲ့ အခ်ိန္ အထိ ရန္ကုန္မွာခဏေနမယ္လို့ ့ဆံုးျဖတ္လိုက္တယ္….

တစ္ရက္ေတာ့ ညေန ညီအကိုမသိတသိအခ်ိန္မွာ အဲဒီဘႀကီးက အိမ္ေရွ ့မွာထိုင္ခံုနဲ ့ထိုင္ေနရင္းေျမးေလးက သူ့သူငယ္ခ်င္းနဲ့ကစားေနတာကိုႀကည့္ေနရင္းရုတ္တရက္လဲက်သြား တယ္…. အဲဒါကိုျမင္တဲ ့ အိမ္ထဲက သမီးနဲ႔ ကစားေနတဲ ့ေျမးေလးတို ့့က အေျပးအလႊားေရာက္လာၿပီးေတာ့ ဘာျဖစ္တာလဲလို ့ေမးလိုက္တယ္…

အဲဒီအခါဘႀကီးကဘာမွမျဖစ္ဘူး၊ ကိစၥမရွိဘူးလို ့ေျပာၿပီးအိမ္ထဲျပန္ဝင္သြားရာက… အဲအခ်ိန္စၿပီး အဲဒီဘႀကီး ဟာအရမ္းေျပာင္းလဲသြားေတာ့တာပဲ….အိပ္ခန္းထဲကအျပင္ကို သိပ္မထြက္ေတာ ့ဘူး….အိမ္သားေတြနဲ့လည္း စကားသိပ္မေျပာေတာ ့ဘူး… အျမဲတမ္းဘုန္းႀကီးဆြမ္းေလာင္းေနတဲ ့ဘႀကီး၊ မနက္တိုင္းတရားေခြဖြင္ ့ေနတဲ့ သူဟာ ဆြမ္းလည္းမေလာင္းေတာ့သလို တရားေခြလည္း မဖြင္ ့ေတာ ့ဘူး ။

သမီးၿဖစ္သူကဘာလို ့ဆြမ္းမေလာင္းတာလဲလို ့ေမးရင္ ေနမေကာင္းလို ့ေခါင္းမူးလို ့အေႀကာင္းျပတယ္…. သမီးက မနက္တရားေခြဖြင္ ့ျပန္ရင္လည္း ေဒါသထြက္ၿပီး နားညီးတယ္ အိပ္လို ့မရဘူးဆိုၿပီး ေသာင္းၾကမ္းၿပန္ ပါေရာ… သူ ့သမီးကလည္း တစ္ခါမွသူ့အေဖအဲဒီလိုမျဖစ္ဖူးဘူးဆိုၿပီး အရမ္းအံ ့ႀသေနတယ္။

 ေဆးခန္းျပဖို ့ ေျပာၿပန္ရင္လည္း ငါေနေကာင္းသြားၿပီ၊ ဘာမွမျဖစ္ဘူးလို့ပဲ ၿပန္ေၿပာတယ္…ထမင္းစားခ်ိန္ေရာက္ရင္လည္း အရင္တုန္းကဆိုရင္ သမီးနဲ ့ေျမးနဲ ့အတူစားေနက် ဘျကီးက အခုအခန္းထဲမွာ တစ္ေယာက္တည္း စားတယ္။ ေန့လည္စာ သိပ္မစားဘူး….

ဟင္းသီးဟင္းရြက္ခ်က္ရင္ ခံတြင္းပ်က္ေနတယ္ဆိုၿပီး လံုးဝမစားဘူး…. အသားငါး ဆိုရင္ေတာ့ အမ်ားႀကီးစားတယ္တဲ့….. ့အရင္က အသားငါးသိပ္မစားတဲ ့သူဆိုေတာ ့သူ ့သမီးကလည္း အရမ္း ထူးဆန္းေနတယ္။

အေဖဘာစားခ်င္လဲလို ့သမီးကေစ်းသြားခါနီးေမးရင္ အမဲသားေကြ်းပါလို ေျပာတယ္…အေဖအမဲသား မစားဘူး မဟုတ္လားလို ့ေမးရင္ အဲဒါအရင္က…အခုက်န္မာေရးမေကာင္းလ့ို ့အားရွိေအာင္စားပီလို ့ေျပာတယ္တဲ့…

ဘာလဲ နင္ကငါ ့ကုိမသထာလို ့လားလို ့မ်က္ေထာက္နီႀကီးနဲ ့ျပန္ေမးေသးသတဲ့…. သူ ့သမီးကလည္း အေဖစိတ္ခ်မ္းသာေအာင္ ခ်က္ေကြ်းပါတယ္။ အမဲသားတို့၊ ၾကက္သားတို႔ ခ်က္ေကြ်းတဲ့ေန့ဆိုရင္ ၿပံဳးရႊင္ေန တာပဲ…. အသီးအရြက္ခ်က္တဲ့ေန့ဆိုရင္ေတာ့ ရန္္လုပ္တယ္တဲ ့ဗ်…. အဲဒီလိုနဲ႔ တစ္လခြဲေလာက္ႀကာ လာတယ္ ေလ။

ထူးျခားတာကအနိွပ္သည္ကို သံုးရက္တခါနွစ္ရက္တခါေလာက္ေခၚခိုင္းတတ္တာပဲ…. သူ ့ေျမးေလကိုေရာ၊ တၿခား သူ့ကို လူမမာလာေမးတဲ ့လူေတြကိုလည္း နိွပ္ခိုင္းတယ္…. ေနာက္ၿပီးေတာ့ ေနာက္ေန ့မနက္ ဆြမ္းေလာင္းဖို ့့အသားဟင္းေတြခ်က္ထားရင္ ေပ်ာက္ေပ်ာက္သြားတယ္….

မီးဖိုထဲမွာ ထားတဲ ့ငါးရံ ့ေျခာက္ ေတြ နဲ ့ဆတ္သားေျခာက္ေတြလည္း ေပ်ာက္ကုန္တယ္တဲ့…. ပထမေတာ ့ေႀကာင္စားတယ္ေနလိမ့္မယ္လို့ စြပ္စြဲတယ္တဲ့။ ေနာက္ေတာ ့အန္တီလည္း သိပ္သကၤာမကင္းျဖစ္လာတယ္္… ဖုတ္ဝင္ေနတဲ ့ဘႀကီးရဲ့ အေနအထားက တျဖည္းျဖည္းပိုဆိုးလာတယ္။

ဘယ္ေလာက္ထိဆိုးလာလဲဆိုရင္ အန္တီတို ့အိမ္ကေပ၂၀၊ ေပ၆၀ အိမ္ဆိုေတာ ့ ေဘးအိမ္နဲ ့က အရမ္းနီး တယ္ေလ…ၿခံစည္းရုိးလည္းခတ္မထားေတာ ့ပုဏၰရိတ္ပန္းပင္ေလးေတြနဲ့ ၿခံစည္းရိုးပံုလုပ္ ထားတာဆိုေတာ့ အလြယ္တကူ တစ္အိမ္နဲ ့တစ္အိမ္ကူးလိုရတယ္။ ေခါင္းရင္းဘက္အိမ္မွာက ၾကက္ေလးငါးေကာင္ ေမြးထား တယ္။ အဲဒီအိမ္ရဲ ့ႀကက္အိပ္တန္းက အန္တီတို ့အိမ္အေနာက္ေဖးဘက္ကေန ကပ္လ်က္ရွိေနတယ္။

ဘႀကီး အမူအယာေတြပ်က္လာၿပီးလို့ တလေက်ာ္ျကာတဲ့အခါ ႀကက္ေတြကေပ်ာက္ေပ်ာက္သြားတယ္… အဲဒီအိမ္က လူေတြကေတာ ့ေႀကာင္သုတ္သြားတယ္လို ့ထင္တာေပါ့။ အန္တီတို ့အိမ္မွာကလည္း မီးေကာက္ဆိုတဲ့ ေႀကာင္ထီးျကီးတစ္ေကာင္ရွိတယ္ေလ။ ေနာက္ပီး အန္တီ့သားကလည္း အိမ္ေနာက္ဘက္မွာ ငါးေတြေမြးထား ေသးတယ္ေလ…

တစ္ရက္မွာ အန္တီက သူအေဖအိပ္ခန္းကိုဝင္ရွင္းေပးေတာ ့ႀကက္ေမႊးေတြနဲ ့ေသြးအခ်ိဳ ့ကိုေတြ ့ရတယ္။ အဲဒါနဲ ့သူ ့အေဖကိုျပပီးေမးေတာ ့အဖိုးႀကီးကေႀကာင္ခ်ီလာတာျဖစ္မယ္လို ့ေျပာတယ္တဲ ့… အန္တီလည္း သိပ္မသကၤာတာနဲ ့အရိပ္အေျခႀကည္ ့ေနလိုက္တယ္။ တေန့ ညေနဘက္ အဖိုးႀကီးက အိမ္ေနာက္ေဖးဘက္ကို သြားရင္း ငါးကန္ထဲကို လက္ႏႈိက္ေနၿပီး ေရႊငါးတစ္ေတာင္ကိုဖမ္းၿပီးေတာ့ ပါးစပ္ထဲအထည့္မွာ သူ ့ေျမးကျမင္ ေတာ ့အန္တီကိုလွမ္းေခၚၿပတယ္။ အန္တီကလည္း အေဖဘာလုပ္တာလဲလို ့ေမးေရာ….

အဖိုးၾကီးက ငါးေလးေတြ လွလို ့ႀကည္ ့ေနတာလို ့ျပန္ေျဖသတဲ ့။ ခုနက ငါးတစ္ေကာင္ပါးစပ္ ထဲကို ထည္ ့လိုက္တယ္ မဟုတ္လားလို ့ေမးေတာ ့မသိသလိုနဲ ့ေနၿပီး ငါေခါင္းမူးလာလို ့အခန္းထဲျပန္ပို ့ဆိုၿပီးထိုင္ခ်လိုက္တယ္။ အဲဒါနဲ ့အန္တီလည္းသူ ့အေဖကို အိပ္ခန္းထဲတြဲေခၚၿပီးျပန္ပို ့ေပးလိုက္တယ္။ အန္တီလည္း ဘာမွမလုပ္တတ္ တာနဲ ့ရပ္ကြက္ထဲကလူေတြနဲ ့တိုင္ပင္ၾကည္ ့တယ္။ မိတ္ေဆြေတြကေတာ့ ့တစ္ေယာက္တမ်ိဳးေျပာႀကတာေပ့ါ။

ဖုတ္ဝင္တာထင္တယ္လို ့အမ်ားဆံုးေျပာၾကတယ္။ အန္တီကေတာ ့သူ ့အေဖကိုအဲဒီလိုမထင္ရက္ဘူးေလ၊ အဲဒါနဲ ့မေလးမွာရွိတဲ ့ေယာကၤ်ားဆီဖုန္းေခၚၿပီးေျပာေတာ ့ သူ ့ေယာကၤ်ားက အဲဒါေတြအယံုအႀကည္မရွိေတာ ့ အဖိုးႀကီးတစ္ရက္ အိမ္ေရွ ့မွာလဲက်တုန္းက ဦးေခါင္းကိုထိခိုက္သြားပီး ဦးေဏွာက္ထိသြားတယ္ ထင္တယ္။

ဆရာဝန္ျပႀကည့္ လို ့ေျပာတယ္တဲ ့ဗ်။ ေဆးခန္းသြားဖို ့ေခၚတဲ့အခါက်ၿပန္ေတာ့လည္း အဖိုးႀကီးက မလိုက္ခ်င္ ဘူးလို ့ျငင္းတယ္ေလ။ ရပ္ကြက္ထဲက ဆရာဝန္ကို အိမ္ပင္ ့ပီးျပေရာ…ဆရာဝန္ေသြးခ်ိန္ႀကည့္ ေတာ့ ျပဒါးက တက္မလာဘူးတဲ့ ။ ဘယ္တက္မလဲ။ အဖိုးႀကီီးက အသက္မွ မရွိေတာ ့တာ။ ေသြးစမ္းေတာ ့လည္း ဘယ္လိုမွ ေသြးခုန္နႈန္းစမ္းလို ့မရဘူး ။ ဆရာဝန္လည္းနည္းနည္းလန္ ့့သြားတယ္။

ဆရာဝန္ကအဖိုးျကီးကို ဦးေလး ေနေကာင္းရဲ ့လားေတာ ့ေမးေတာ ့အဖိုးႀကီးက အသံခပ္မာမာနဲ႔ မေကာင္းဘူး လို ့ျပန္ေျဖတယ္။ ဘယ္ေနရာက ဘာျဖစ္လဲလို ့ေမးေတာ ့ငါဆာတယ္လို ့ေျပာတယ္။ ဘာစားခ်င္လဲလို ့ ေမးေတာ ့ရင္ေခါင္းသံႀကီး နဲ ့အသားလို ့ေျပာပီး ဆရာဝန္နဲ ့အန္တီတို ့ရဲ ့တျခားတစ္ဖက္ကုိလွည္ ့သြားေရာ။

ဆရာဝန္လည္း အခန္းအျပင္လည္း ေရာက္ေရာ အန္တီ့ကို အဖိုးႀကီးကို သူကုလို ့မရဘူး။ ေပ်ာက္မွာ မဟုတ္ ဘူးလို ့ … အရိပ္အၿမြက္ပဲ ေၿပာၿပီးျပန္သြားတယ္။ အန္တီလည္း နယ္မွာရွိတဲ ့သူ ့ေမာင္နွမေတြဆီကုိ အေႀကာင္း ႀကားလိုက္တယ္။ လူပ်ိဳျဖစ္တ့ဲ ့့ေမာင္အငယ္ဆုံးက ခ်က္ခ်င္းေရာက္လာတယ္။

ဒါေပမယ္ ့အဖိုးႀကီးကသူ ့သားကိုမသိဘူးျဖစ္ေနတယ္။ ေတြ ့ေတြ ့ခ်င္း မင္းဘယ္သူလဲ လို ့ေမးတယ္။ အန္တီ လည္း အေဖ ့သားအငယ္(ေမာင္——-)ေလလုိ ့ေျပာေတာ ့အဖိုးႀကီးက အသက္ႀကီးေတာ ့ ေမ ့တတ္တယ္လို႔ ျပန္ေျဖ သတဲ ့။ နယ္က အမ်ိဳးေတြစီစဥ္ေပး လိုက္တဲ ့ခံုဖိနပ္တို႕ ႀသဇာရြက္တို ့ သိမ္ဝင္အပ္တို ့ကုိ အဖိုးႀကီး အိပ္ယာေအာက္ကိုထည့္ဖို ့ေမာင္နွမနွစ္ေယာက္တိုးတိုးတိုင္ပင္သတဲ ့။

အဲဒါကိုအဖိုးၿကီးက အခန္းထဲက ဘယ္လိုမွ မႀကားနိုင္ပါဘူး။ ဒါေပမဲ ့အခန္းထဲကအသံႀသႀကီးနဲ ့အဖိုးႀကီးက မင္းတို ့ဖိနပ္စုတ္၊ အပ္စုတ္ကို ငါေႀကာက္တယ္လို ့ထင္ေနလား…။ အားလံုးအေသဆိုးနဲ ့ေသသြားမယ္။ ငါ ့ကိုဘာမွတ္ေနလဲလို ့ ေအာ္တယ္ တဲ ့ဗ်။ အန္တီလည္း အရမ္းလန္ ့သြားပီး အဲဒီအိမ္မွာ မအိပ္ရဲတာနဲ ့မ်က္ေစာင္းထိုးက မိတ္ေဆြအိမ္မွာ ေမာင္နွမေတြသြားအိပ္ႀကရတယ္…

အဲဒီညကစပီး အဖိုးႀကီးလဲေသာင္းႀကမ္းေတာ ့တာဘဲ….၊ေတာက္ေခါက္သံေတြ အက်ယ္ႀကီးႀကားရတယ္လို ့ ေဘးအိမ္ကေျပာတယ္။ တဒုန္းဒုန္းနဲ ့ဖေနာင့္ေတြလည္း ေဆာင္ ့တယ္တဲ့…. ေဘးအိမ္နဲ ့က အရမ္းကပ္ ေနေတာ့ အားလံုးႀကားေနရတယ္ဗ်…

 ေနာက္တေန ့ အန္တီ့မိတ္ေဆြအကူညီနဲ ့ ဖုတ္ထုတ္တ့ဲ ့ ဆရာ တစ္ေယာက္ကို အိမ္ကိုေခၚလာတယ္။ သူတို့ အိမ္ထဲကိုေရာက္ေရာက္ခ်င္းမွာ ၿမင္လိုက္ၾကရတာက အိမ္တြင္းအုန္း ကိုဆြဲျဖဳတ္ထားတယ္။ အိမ္မွာေမြးထားတဲ့ ေႀကာင္ႀကီးကိုလည္း မေတြ ့ရဘူးတဲ ့….

အဲဒီအခ်ိန္မွာ အဖိုးႀကီးကေသာင္းႀကမ္းပါေလေရာ… ဆရာကိုလည္း အရမ္းႀကိမ္းေတာ့တာပဲ။…. ၿပီးေတာ ့အခန္းထဲကထြက္လာၿပီး ဆရာ့ကိုလည္ပင္း ညွစ္မလို့လုပ္သတဲ ့။ ဆရာလည္း ထြက္ေျပးေရာဗ်ာ။

အန္တီတို ့ေမာင္နွမလည္း အိမ္ေပၚကေန ဆင္းေျပးရေရာ… ညကအိပ္တဲ ့အိမ္ကိုျပန္ေျပးလာႀကၿပီး အန္တီလည္း ေႀကာက္လို ့ငိုပါေလေရာတဲ ့….. အဲဒီအခ်ိန္မွာ အဲဒီအိမ္ကို ဆြမ္းခံၾကြေန တဲ ့ဦးပဇင္းေလး ကျမင္ၿပီး ဒါယကာမႀကီး ဘာျဖစ္တာလဲလ့ို ့ေမးတယ္။

အန္တီလည္း ဦးပဇင္းေလးကို အေႀကာင္းစံု ေလွ်ွာက္ထားလိုက္တယ္….ဦးဇင္းေလးကလည္း ဒါမ်ိဳးေတြဟာ ဘုရားရွင္လက္ထက္ထဲက ရွိေႀကာင္း၊ ဘုရားရွင္ရဲ ့တရားေတာ္ေတြနဲ ့ကမၼဝါ ၊နဲ ့ပရိတ္ေတာ္ေတြကို သီလသမာဓိရွိတဲ့ ့ပုဂၢိဳလ္ေတြက ရြတ္ဖတ္ေပးရင္ အစိမ္းသရဲ၊ နာနာဘာဝေတြထြက္ေျပးရေႀကာင္းကိုရွင္းျပပါတယ္။

အန္တီလည္း ဦးဇင္းေလးရွင္းျပတာနားေထာင္ၿပီး ဦးဇင္းေလး၏ေက်ာင္းတိုက္သို့လိုက္ကာ ဆရာေတာ္ကို အေႀကာင္းစံုေလ်ွာက္ထားၿပီးမေကာင္းဆိုးဝါးရန္မွကာကြယ္ရန္ေလ်ွာက္တင္ အကူညီေတာင္းလိုက္ပါတယ္။

ဆရာေတာ္က ဒကာမႀကီးရဲ ဖခင္ဟာ လူ ့ေလာကထဲမွာမရွိေတာ့ဘူး။ ဒကာႀကီးရဲ ့ဝိညာဥ္မဲ ့ေန တ့ဲ  ကိုယ္ခႏၵာ ကို တစ္စံုတခုေသာ ပုဂၢိဳလ္ကဝင္ေရာက္မွီခိုေနတာမို ့ ဆရာေတာ္တို ့ကဘုရားရွင္၏ ပရိတ္တရားေတာ္ေတြ ကမၼဝါစာေတြ ရြတ္ဖတ္ပီး သာသနာေစာင္ ့နတ္နဲ ့နတ္မင္းႀကီးေလးပါးကိုအမိန္ ့ျပန္စာတမ္းေတြ ရြတ္ဖတ္လ်ွင္ ဝင္ေရာက္ေနတ့ဲ ့ပုဂၢိဳလ္ဟာ ခ်က္ခ်င္းဖယ္ရွားသြားမွာျဖစ္တယ္။

အဲဒီအခါမွာ ဒကာႀကီးရဲ ့ ဝိညာဥ္မဲ ့ ခႏၵာကိုယ္ သာက်န္ခဲ ့မွာျဖစ္လို ့ဒကာမႀကီးအေနနဲ့ ဒီေသာကမီးကိုႀကံ ့ႀကံ ့ခံနုိင္ပါ ့မလားလို ့ေမးပါတယ္။ အန္တီလည္း ၾကိဳတင္ျပင္ဆင္ၿပီးသားပါဘုရားလို ့ေျဖပါတယ္။

ဆရာေတာ္က ဘုန္းၾကီးေက်ာင္းမွာ ရွိတဲ့ ့ ပရိတ္ခ်ည္ေတြကို ေပးလိုက္ၿပီး အိမ္ပတ္ပတ္လည္ကိုခ်ည္တားေစပါတယ္။ အိမ္အဝင္ေပါက္တခုတည္းသာ ခ်န္ခဲ့ေစပါတယ္။ ဒါကလည္း ဆရာေတာ္ေတြၾကြလာရင္ အိမ္ထဲဝင္ဖို ့နဲ ့ဖုတ္ထြက္သြားဖို ့ပါ။

အိမ္ျပန္ေရာက္ေတာ့ ့အန္တီ့ေမာင္နဲ့အတူ ရပ္ကြက္ထဲက ေယာက္်ားေလးသံုးေယာက္ေလာက္က အိမ္ပတ္ ပတ္လည္ကိုပရိတ္ႀကိဳးတားပါေတာ ့တယ္။ အဲဒီအခ်ိန္မွာအဖိုးၾကီးလည္း အရမ္းေသာင္းႀကမ္းပါေတာ့တာပါပဲ။ ပထမေတာ ့ျခိမ္းေျခာက္တယ္။ ၿပီးေတာ ့ေတာက္ေတြေခါက္၊ ဖေနာင့္ေတြ ေစာင္ ့ၿပီး ေသခ်င္လို ့လား ဘာညာ ေတြ ေျပာပီး အခန္းထဲမွာရွိတဲ ့ပစၥည္းေတြကိုေကာက္ေပါက္တာေတြ လုပ္သတဲ ့ဗ်…..

မရလည္း မရေရာ ငုိပီး ေတာ့ သူ ့သားကို အေဖ ့ကုိမသတ္ပါနဲ ့အေဖမေသခ်င္ေသးဘူးလို ့လိမ္ၿပီးဟန္ေဆာင္ေျပာသတဲ ့။ သူ ့သား ကလည္း မသိခ်င္ဟန္ေဆာင္ၿပီးလုပ္စရာရွိတာကိုဆက္လုပ္တယ္။ ညေနသံုးနာရီေလာက္မွာ ဆရာေတာ္ေတြ ၾကြလာႀကတယ္။

ဆရာေတာ္ေတြ အိမ္ေပၚလည္းေရာက္ေရာ အဆင္သင့္ျပင္ထားတဲ ့ပရိတ္ပန္း၊ ေရ၊ သဲ၊ အပ္ခ်ည္ စတာေတြကို အန္တီက သူသြားေနတဲ ့အိမ္ကယူပီး သူ ့အိမ္ကိုကူးလာခဲ ့တယ္ ။ အဖိုးႀကီးကလည္း အိမ္ခန္းထဲမွာ ေသာင္းႀကမ္း ေနတာေၿဗာင္းဆန္ေနတာဘဲတဲ ့။ ေတာက္ေတြလည္းေခါက္ ။ သက္ျပင္းေတြခ် အသံႀသႀကီး နဲ ့ေအာ္ေနသတဲ ့။

ဆရာေတာ္ေတြကလည္း အိမ္ရွင္ကို ဒီအိမ္မွာ မေကာင္းေသာ နာနာဘာဝေတြေနထိုင္တာကို ၾကိဳက္မႀကိဳက္ အရင္ေမးပါတယ္။ ့ၿပီးေတာ ့အိမ္ရွင္မႀကိဳက္လို ့နွင္ေပးပါရန္ ဆရာေတာ္မ်ားကို ေလွ်ွာက္တင္ ပါေႀကာင္း ေျပာတဲ့ အခါ ဆရာေတာ္က အိမ္ပိုင္ရွင္မႀကိဳက္ပါေသာေႀကာင့္ သာသနာေစာင္ ့နတ္နဲ ့ဝိရူပကၡ၊ ဝိရူယကၡ၊ ဒသရဌ၊ ကုေဝရ….စတဲ ့နတ္မင္းျကီးေလးပါး သိႀကားမင္း ၊ ျမိဳ ု့ေစာင္၊ ့လမ္းေစာင္၊ ့အိမ္ေစာင္ ့နတ္ ေတြကိုျမတ္စြာဘုရား၏ အမိန္ ့ျပန္စာေတြရြတ္ဖတ္ပီး နာနာဘာဝကိုသင္ ့ေတာ္ရာသို့ ေခၚေဆာင္ သြားရန္ ေျပာဆိုပီး ကမၼဝါ၊ရတနာသုတ္၊ ့အာဋာဏာဋိယသုတ္နဲ ့ဘုရားဂုဏ္ေတာ္၊ တရားဂုဏ္ေတာ္၊ သံဃာဂုဏ္ေတာ္ ေတြ ကိုရြတ္ဖတ္ေပးပါတယ္။

ဘုရားရွင္ရဲ ့ပရိတ္တရားေတာ္ေတြရြတ္ဖတ္စဥ္မွာ အိပ္ခန္းထဲကအဖိုးႀကီးက ပူေလာင္လွေႀကာင္း၊ သူ ့ကိုဝိုင္းပီးေႏွာင့္ယုက္ေနႀကေႀကာင္း နားထဲကို သံရည္ပူေတြ ေလာင္းထည့္ ့ ေနႀက ေႀကာင္း ေအာ္ေျပာပါတယ္။

ဆရာေတာ္လည္း ပရိတ္မ်ား ရြတ္ဖတ္ပီး အဖိုးႀကးီကိုအျပင္ထြက္ခဲ ့ဖို ့ေခါ ္လိုက္တဲ ့အခိ်န္မွာ အဖိုးၾကီးဟာ အိပ္ခန္းထဲကေနပီး လည္ပင္းႀကီးကုိ၉၀ဒီဂရီေလာက္ေစာင္းပီး ေလးဖက္ေထာက္ထြက္ လာပါတယ္…. ၿပီးေတာ ့ဆရာေတာ္ေတြေရွ ့မွာေျခဆင္းထိုင္ပီး ပါးစပ္မွလည္း သြားေရတမ်ွားမ်ွားနဲ ့ ေျကာက္စရာ အလြန္ ေကာင္းတယ္ လို ့ျမင္ေတြ ့ရတဲ ့လူေတြကေျပာျပပါတယ္။

ဆရာေတာ္ကဦးခ်ခိုင္းေတာ ့ဦးခ်လို ့သူမရပါဘူး။ အမ်ွေဝေတာ ့လည္းသူသာဓုမေခၚနိုင္ပါဘူး မျကားရဘူးလို ့ေျပာပါတယ္။ ၿပီးေတာ ့ဆရာေတာ္က ဒကာႀကီး ခႏၵာကိုယ္အတြင္းကထြက္သြာဖို ့ မိန့္ၾကားေတာ ့သူကရိုးရိုးဖုတ္မဟုတ္ဘူး။ ဖုတ္ဘုရင္လို ့ေျပာပါတယ္။

အိမ္ေခါင္မိုးဖြင္ ့ေပးမွထြက္လို ့ရမယ္္္ေျပာေတာ ့ခ်က္ခ်င္းဘဲ တရားနာေနတဲ့ထဲက လူတစ္ေယာက္က ေလွကား နဲ႔ တက္ၿပီး အိမ္ေခါင္သြပ္တစ္ခ်က္ကို လွန္လိုက္ေတာ့ ့အဲဒီဖုတ္လည္း သက္ျပင္းတစ္ခ်က္ခ်ၿပီး လဲက်သြား ပါတယ္။ အန္တီလည္း ဆရာဝန္ေခၚၿပီး သူအေဖ့ရဲ့ က်န္ရစ္တဲ့ ရုပ္အေလာင္းကိုစစ္ေဆးခိုင္းပါတယ္။

ဥပေဒအရ ေသစာရင္းေရးရန္အတြက္ျဖစ္္ပါတယ္။ ဆရာဝန္စစ္ေဆးခ်ိန္မွာ ရုပ္အေလာင္းဟာ ေသေသၿပီးခါစ နွင္ ့မတူဘဲ အပုတ္နံ ့ဟာ မခံနိုင္ေအာင္နံလာပါတယ္။ ခ်က္ခ်င္းေရခဲတုိက္ကိုအေႀကာင္းႀကားၿပီး လာသယ္ သြားေစၿပီးေနာက္ေန ့မွာသၿဂိဳလ္ဖို ့စီစဥ္ပါတယ္…နယ္မွာရွိတဲ ့အမ်ိဳးေတြကိုလည္းအေႀကာင္းႀကားပါတယ္….

 ေနာက္တေန ့သျဂိဳဟ္ဖို ့အေလာင္းကို ေရခဲတုိက္ထဲက ထုတ္လာခ်ိန္မွာ အန္တီဟာ သူ ့အေဖမွ ဟုတ္ရဲ႕လား လို႔ ေတာင္ အျမင္မွားသြားပါတယ္။ အေလာင္းက မေန ့ကနဲ ့မတူဘဲ အရုိးေပၚအေရတင္ပိန္ပီးေနပါတယ္….

 ေသေသခ်င္းမေန ့ကရုပ္နဲ ့အရမ္းကြာေနပါတယ္။ မီးသျဂိဳလ္ပီးတဲ ့ေနာက္ အိမ္ျပန္လာၿပီး အဖိုးႀကီးအခန္းကို သန္ ့ရွင္းေရးလုပ္ေတာ ့ႀကက္ေမႊးေတြရယ္၊ ေပ်ာက္သြားတဲ ့ေႀကာင္ျကီးရ ဲ့အေမႊးေတြရယ္ကို ေတြ ့ရပါတယ္…. အကယ္၍သာ ဖုတ္ကိုဒီအတိုင္းထားခဲ ့ရင္ အခ်ိန္ႀကာလာခဲ ့သည္နွင္ ့အမ်ွ အန္တီတို႕ မိသားစုဘဝဟာ ေႀကာက္စရာႀကီးပါ… ဒီအေႀကာင္းေလးဟာ ကြ်န္ေတာ္အသိရဲ ့အျဖစ္အပ်က္အမွန္ေလးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Tha Yae Blog
# Unicode Version # ျဖင့္ ဖတ္ပါ #

ကျွန်တော်အခုပြောပြမှာကတော့ဖုတ်ဝင်တဲ့အကြောင်းပါ။ ကျွန်တော့်မိတ်ဆွေအန်တီတစ်ယောက်၏ ဖခင်ရဲ့ကိုယ်ခန္ဓာအတွင်းဝင်ရောက်သွားတဲ့ ဖုတ်အကြောင်းပါ။ ကျွန်တော်မိတ်ဆွေအန်တီက မိသားစု သုံးယောက်ရှိပါတယ် ….သူ့ယောက်ျားရယ်၊ သူရယ် ငါးတန်းအရွယ်သား တစ်ယောက်နဲ့ အတူနေထိုင် ကြပါတယ်…

အန်တီ့အမျိုးသားကတော့ မလေးရှားနိုင်ငံမှာအလုပ်သွားလုပ်နေပါတယ်… အဲဒီလိုနဲ့ နယ်မှာ နေတဲ့အန်တီ့ဖခင်ကြီး သူ့သားမက်ဖြစ်သူ နိုင်ငံခြားသွားနေတုန်း သမီးဖြစ်သူမိသားစုကိုလည်း စောင့်ရှောက် ရင်း မိမိမှာခံစားနေရတဲ့သွေးတိုး၊ဆီးချိုရောဂါကို ရန်ကုန်မှာရှိတဲ့ဆရာဝန်(အထူးကု)များနဲ့ပြသဖို့အတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ်အစီစဉ်နဲ့သမီးရှိရာရန်ကုန်မြို့တော်ကြီးဆီကို တက်လာခဲ့ပါတယ်။

ရန်ကုန်ကိုရောက်တော့ချစ်စရာကောင်းတဲ့မြေးလေးနဲ့အတူ ရွှေတိဂုံဘုရားကြီးကိုလည်းဖူး၊ မြေးလေး သွားချင်တဲ့ အားကစားကွင်းတွေလည်းလိုက်ပို့နဲ့အရမ်းကိုပျော်နေတာပေါ့ဗျာ။ ဆေးခန်းကိုလည်း သွားပြီး ဆေးစစ်ကြတယ်။ဆေးစစ်ချက်အဖြေကတော့ ဆီးချိုကသိပ်မတက် ပေမဲ့သွေးကတော့ တော်တော်တက်နေ တဲ့အတွက် ဆရာဝန်ကသွေးကျဆေးတွေပေးလိုက်ပြီး သွေးတက်စေနိုင်မယ့် အစားတွေ ရှောင်ဖို့ သတိပေး လိုက် တယ်။ ဒီလိုနဲ့အန်တီ့အဖေဟာ သမီးနဲ့ မြေးနှစ်ယောက်ထဲကို စိတ်မချတာနဲ့ သားမက်ပြန်လာတဲ့ အချိန် အထိ ရန်ကုန်မှာခဏနေမယ်လို့ဆုံးဖြတ်လိုက်တယ်….

တစ်ရက်တော့ ညနေ ညီအကိုမသိတသိအချိန်မှာ အဲဒီဘကြီးက အိမ်ရှေ့မှာထိုင်ခုံနဲ့ထိုင်နေရင်းမြေးလေးက သူ့သူငယ်ချင်းနဲ့ကစားနေတာကိုကြည့်နေရင်းရုတ်တရက်လဲကျသွား တယ်…. အဲဒါကိုမြင်တဲ့ အိမ်ထဲက သမီးနဲ့ ကစားနေတဲ့မြေးလေးတို့က အပြေးအလွှားရောက်လာပြီးတော့ ဘာဖြစ်တာလဲလို့မေးလိုက်တယ်…

အဲဒီအခါဘကြီးကဘာမှမဖြစ်ဘူး၊ ကိစ္စမရှိဘူးလို့ပြောပြီးအိမ်ထဲပြန်ဝင်သွားရာက… အဲအချိန်စပြီး အဲဒီဘကြီး ဟာအရမ်းပြောင်းလဲသွားတော့တာပဲ….အိပ်ခန်းထဲကအပြင်ကို သိပ်မထွက်တော့ဘူး….အိမ်သားတွေနဲ့လည်း စကားသိပ်မပြောတော့ဘူး… အမြဲတမ်းဘုန်းကြီးဆွမ်းလောင်းနေတဲ့ဘကြီး၊ မနက်တိုင်းတရားခွေဖွင့်နေတဲ့ သူဟာ ဆွမ်းလည်းမလောင်းတော့သလို တရားခွေလည်း မဖွင့်တော့ဘူး ။

သမီးဖြစ်သူကဘာလို့ဆွမ်းမလောင်းတာလဲလို့မေးရင် နေမကောင်းလို့ခေါင်းမူးလို့အကြောင်းပြတယ်…. သမီးက မနက်တရားခွေဖွင့်ပြန်ရင်လည်း ဒေါသထွက်ပြီး နားညီးတယ် အိပ်လို့မရဘူးဆိုပြီး သောင်းကြမ်းပြန် ပါရော… သူ့သမီးကလည်း တစ်ခါမှသူ့အဖေအဲဒီလိုမဖြစ်ဖူးဘူးဆိုပြီး အရမ်းအံ့သြနေတယ်။

 ဆေးခန်းပြဖို့ ပြောပြန်ရင်လည်း ငါနေကောင်းသွားပြီ၊ ဘာမှမဖြစ်ဘူးလို့ပဲ ပြန်ပြောတယ်…ထမင်းစားချိန်ရောက်ရင်လည်း အရင်တုန်းကဆိုရင် သမီးနဲ့မြေးနဲ့အတူစားနေကျ ဘကြီးက အခုအခန်းထဲမှာ တစ်ယောက်တည်း စားတယ်။ နေ့လည်စာ သိပ်မစားဘူး….

ဟင်းသီးဟင်းရွက်ချက်ရင် ခံတွင်းပျက်နေတယ်ဆိုပြီး လုံးဝမစားဘူး…. အသားငါး ဆိုရင်တော့ အများကြီးစားတယ်တဲ့…..့အရင်က အသားငါးသိပ်မစားတဲ့သူဆိုတော့သူ့သမီးကလည်း အရမ်း ထူးဆန်းနေတယ်။

အဖေဘာစားချင်လဲလို့သမီးကဈေးသွားခါနီးမေးရင် အမဲသားကျွေးပါလို ပြောတယ်…အဖေအမဲသား မစားဘူး မဟုတ်လားလို့မေးရင် အဲဒါအရင်က…အခုကျန်မာရေးမကောင်းလ့ို့အားရှိအောင်စားပီလို့ပြောတယ်တဲ့…

ဘာလဲ နင်ကငါ့ကိုမသထာလို့လားလို့မျက်ထောက်နီကြီးနဲ့ပြန်မေးသေးသတဲ့…. သူ့သမီးကလည်း အဖေစိတ်ချမ်းသာအောင် ချက်ကျွေးပါတယ်။ အမဲသားတို့၊ ကြက်သားတို့ ချက်ကျွေးတဲ့နေ့ဆိုရင် ပြုံးရွှင်နေ တာပဲ…. အသီးအရွက်ချက်တဲ့နေ့ဆိုရင်တော့ ရန်လုပ်တယ်တဲ့ဗျ…. အဲဒီလိုနဲ့ တစ်လခွဲလောက်ကြာ လာတယ် လေ။

ထူးခြားတာကအနှိပ်သည်ကို သုံးရက်တခါနှစ်ရက်တခါလောက်ခေါ်ခိုင်းတတ်တာပဲ…. သူ့မြေးလေကိုရော၊ တခြား သူ့ကို လူမမာလာမေးတဲ့လူတွေကိုလည်း နှိပ်ခိုင်းတယ်…. နောက်ပြီးတော့ နောက်နေ့မနက် ဆွမ်းလောင်းဖို့အသားဟင်းတွေချက်ထားရင် ပျောက်ပျောက်သွားတယ်….

မီးဖိုထဲမှာ ထားတဲ့ငါးရံ့ခြောက် တွေ နဲ့ဆတ်သားခြောက်တွေလည်း ပျောက်ကုန်တယ်တဲ့…. ပထမတော့ကြောင်စားတယ်နေလိမ့်မယ်လို့ စွပ်စွဲတယ်တဲ့။ နောက်တော့အန်တီလည်း သိပ်သင်္ကာမကင်းဖြစ်လာတယ်… ဖုတ်ဝင်နေတဲ့ဘကြီးရဲ့ အနေအထားက တဖြည်းဖြည်းပိုဆိုးလာတယ်။

ဘယ်လောက်ထိဆိုးလာလဲဆိုရင် အန်တီတို့အိမ်ကပေ၂၀၊ ပေ၆၀ အိမ်ဆိုတော့ ဘေးအိမ်နဲ့က အရမ်းနီး တယ်လေ…ခြံစည်းရိုးလည်းခတ်မထားတော့ပုဏ္ဏရိတ်ပန်းပင်လေးတွေနဲ့ ခြံစည်းရိုးပုံလုပ် ထားတာဆိုတော့ အလွယ်တကူ တစ်အိမ်နဲ့တစ်အိမ်ကူးလိုရတယ်။ ခေါင်းရင်းဘက်အိမ်မှာက ကြက်လေးငါးကောင် မွေးထား တယ်။ အဲဒီအိမ်ရဲ့ကြက်အိပ်တန်းက အန်တီတို့အိမ်အနောက်ဖေးဘက်ကနေ ကပ်လျက်ရှိနေတယ်။

ဘကြီး အမူအယာတွေပျက်လာပြီးလို့ တလကျော်ကြာတဲ့အခါ ကြက်တွေကပျောက်ပျောက်သွားတယ်… အဲဒီအိမ်က လူတွေကတော့ကြောင်သုတ်သွားတယ်လို့ထင်တာပေါ့။ အန်တီတို့အိမ်မှာကလည်း မီးကောက်ဆိုတဲ့ ကြောင်ထီးကြီးတစ်ကောင်ရှိတယ်လေ။ နောက်ပီး အန်တီ့သားကလည်း အိမ်နောက်ဘက်မှာ ငါးတွေမွေးထား သေးတယ်လေ…

တစ်ရက်မှာ အန်တီက သူအဖေအိပ်ခန်းကိုဝင်ရှင်းပေးတော့ကြက်မွှေးတွေနဲ့သွေးအချို့ကိုတွေ့ရတယ်။ အဲဒါနဲ့သူ့အဖေကိုပြပီးမေးတော့အဖိုးကြီးကကြောင်ချီလာတာဖြစ်မယ်လို့ပြောတယ်တဲ့… အန်တီလည်း သိပ်မသင်္ကာတာနဲ့အရိပ်အခြေကြည့်နေလိုက်တယ်။ တနေ့ ညနေဘက် အဖိုးကြီးက အိမ်နောက်ဖေးဘက်ကို သွားရင်း ငါးကန်ထဲကို လက်နှိုက်နေပြီး ရွှေငါးတစ်တောင်ကိုဖမ်းပြီးတော့ ပါးစပ်ထဲအထည့်မှာ သူ့မြေးကမြင် တော့အန်တီကိုလှမ်းခေါ်ပြတယ်။ အန်တီကလည်း အဖေဘာလုပ်တာလဲလို့မေးရော….

အဖိုးကြီးက ငါးလေးတွေ လှလို့ကြည့်နေတာလို့ပြန်ဖြေသတဲ့။ ခုနက ငါးတစ်ကောင်ပါးစပ် ထဲကို ထည့်လိုက်တယ် မဟုတ်လားလို့မေးတော့မသိသလိုနဲ့နေပြီး ငါခေါင်းမူးလာလို့အခန်းထဲပြန်ပို့ဆိုပြီးထိုင်ချလိုက်တယ်။ အဲဒါနဲ့အန်တီလည်းသူ့အဖေကို အိပ်ခန်းထဲတွဲခေါ်ပြီးပြန်ပို့ပေးလိုက်တယ်။ အန်တီလည်း ဘာမှမလုပ်တတ် တာနဲ့ရပ်ကွက်ထဲကလူတွေနဲ့တိုင်ပင်ကြည့်တယ်။ မိတ်ဆွေတွေကတော့တစ်ယောက်တမျိုးပြောကြတာပေ့ါ။

ဖုတ်ဝင်တာထင်တယ်လို့အများဆုံးပြောကြတယ်။ အန်တီကတော့သူ့အဖေကိုအဲဒီလိုမထင်ရက်ဘူးလေ၊ အဲဒါနဲ့မလေးမှာရှိတဲ့ယောင်္ကျားဆီဖုန်းခေါ်ပြီးပြောတော့ သူ့ယောင်္ကျားက အဲဒါတွေအယုံအကြည်မရှိတော့ အဖိုးကြီးတစ်ရက် အိမ်ရှေ့မှာလဲကျတုန်းက ဦးခေါင်းကိုထိခိုက်သွားပီး ဦးဏှောက်ထိသွားတယ် ထင်တယ်။

ဆရာဝန်ပြကြည့် လို့ပြောတယ်တဲ့ဗျ။ ဆေးခန်းသွားဖို့ခေါ်တဲ့အခါကျပြန်တော့လည်း အဖိုးကြီးက မလိုက်ချင် ဘူးလို့ငြင်းတယ်လေ။ ရပ်ကွက်ထဲက ဆရာဝန်ကို အိမ်ပင့်ပီးပြရော…ဆရာဝန်သွေးချိန်ကြည့် တော့ ပြဒါးက တက်မလာဘူးတဲ့ ။ ဘယ်တက်မလဲ။ အဖိုးကြီးက အသက်မှ မရှိတော့တာ။ သွေးစမ်းတော့လည်း ဘယ်လိုမှ သွေးခုန်နှုန်းစမ်းလို့မရဘူး ။ ဆရာဝန်လည်းနည်းနည်းလန့်သွားတယ်။

ဆရာဝန်ကအဖိုးကြီးကို ဦးလေး နေကောင်းရဲ့လားတော့မေးတော့အဖိုးကြီးက အသံခပ်မာမာနဲ့ မကောင်းဘူး လို့ပြန်ဖြေတယ်။ ဘယ်နေရာက ဘာဖြစ်လဲလို့မေးတော့ငါဆာတယ်လို့ပြောတယ်။ ဘာစားချင်လဲလို့ မေးတော့ရင်ခေါင်းသံကြီး နဲ့အသားလို့ပြောပီး ဆရာဝန်နဲ့အန်တီတို့ရဲ့တခြားတစ်ဖက်ကိုလှည့်သွားရော။

ဆရာဝန်လည်း အခန်းအပြင်လည်း ရောက်ရော အန်တီ့ကို အဖိုးကြီးကို သူကုလို့မရဘူး။ ပျောက်မှာ မဟုတ် ဘူးလို့ … အရိပ်အမြွက်ပဲ ပြောပြီးပြန်သွားတယ်။ အန်တီလည်း နယ်မှာရှိတဲ့သူ့မောင်နှမတွေဆီကို အကြောင်း ကြားလိုက်တယ်။ လူပျိုဖြစ်တဲ့မောင်အငယ်ဆုံးက ချက်ချင်းရောက်လာတယ်။

ဒါပေမယ့်အဖိုးကြီးကသူ့သားကိုမသိဘူးဖြစ်နေတယ်။ တွေ့တွေ့ချင်း မင်းဘယ်သူလဲ လို့မေးတယ်။ အန်တီ လည်း အဖေ့သားအငယ်(မောင်——-)လေလို့ပြောတော့အဖိုးကြီးက အသက်ကြီးတော့ မေ့တတ်တယ်လို့ ပြန်ဖြေ သတဲ့။ နယ်က အမျိုးတွေစီစဉ်ပေး လိုက်တဲ့ခုံဖိနပ်တို့ သြဇာရွက်တို့ သိမ်ဝင်အပ်တို့ကို အဖိုးကြီး အိပ်ယာအောက်ကိုထည့်ဖို့မောင်နှမနှစ်ယောက်တိုးတိုးတိုင်ပင်သတဲ့။

အဲဒါကိုအဖိုးကြီးက အခန်းထဲက ဘယ်လိုမှ မကြားနိုင်ပါဘူး။ ဒါပေမဲ့အခန်းထဲကအသံသြကြီးနဲ့အဖိုးကြီးက မင်းတို့ဖိနပ်စုတ်၊ အပ်စုတ်ကို ငါကြောက်တယ်လို့ထင်နေလား…။ အားလုံးအသေဆိုးနဲ့သေသွားမယ်။ ငါ့ကိုဘာမှတ်နေလဲလို့ အော်တယ် တဲ့ဗျ။ အန်တီလည်း အရမ်းလန့်သွားပီး အဲဒီအိမ်မှာ မအိပ်ရဲတာနဲ့မျက်စောင်းထိုးက မိတ်ဆွေအိမ်မှာ မောင်နှမတွေသွားအိပ်ကြရတယ်…

အဲဒီညကစပီး အဖိုးကြီးလဲသောင်းကြမ်းတော့တာဘဲ….၊တောက်ခေါက်သံတွေ အကျယ်ကြီးကြားရတယ်လို့ ဘေးအိမ်ကပြောတယ်။ တဒုန်းဒုန်းနဲ့ဖနောင့်တွေလည်း ဆောင့်တယ်တဲ့…. ဘေးအိမ်နဲ့က အရမ်းကပ် နေတော့ အားလုံးကြားနေရတယ်ဗျ…

 နောက်တနေ့ အန်တီ့မိတ်ဆွေအကူညီနဲ့ ဖုတ်ထုတ်တဲ့ ဆရာ တစ်ယောက်ကို အိမ်ကိုခေါ်လာတယ်။ သူတို့ အိမ်ထဲကိုရောက်ရောက်ချင်းမှာ မြင်လိုက်ကြရတာက အိမ်တွင်းအုန်း ကိုဆွဲဖြုတ်ထားတယ်။ အိမ်မှာမွေးထားတဲ့ ကြောင်ကြီးကိုလည်း မတွေ့ရဘူးတဲ့….

အဲဒီအချိန်မှာ အဖိုးကြီးကသောင်းကြမ်းပါလေရော… ဆရာကိုလည်း အရမ်းကြိမ်းတော့တာပဲ။…. ပြီးတော့အခန်းထဲကထွက်လာပြီး ဆရာ့ကိုလည်ပင်း ညှစ်မလို့လုပ်သတဲ့။ ဆရာလည်း ထွက်ပြေးရောဗျာ။

အန်တီတို့မောင်နှမလည်း အိမ်ပေါ်ကနေ ဆင်းပြေးရရော… ညကအိပ်တဲ့အိမ်ကိုပြန်ပြေးလာကြပြီး အန်တီလည်း ကြောက်လို့ငိုပါလေရောတဲ့….. အဲဒီအချိန်မှာ အဲဒီအိမ်ကို ဆွမ်းခံကြွနေ တဲ့ဦးပဇင်းလေး ကမြင်ပြီး ဒါယကာမကြီး ဘာဖြစ်တာလဲလ့ို့မေးတယ်။

အန်တီလည်း ဦးပဇင်းလေးကို အကြောင်းစုံ လျှှောက်ထားလိုက်တယ်….ဦးဇင်းလေးကလည်း ဒါမျိုးတွေဟာ ဘုရားရှင်လက်ထက်ထဲက ရှိကြောင်း၊ ဘုရားရှင်ရဲ့တရားတော်တွေနဲ့ကမ္မဝါ ၊နဲ့ပရိတ်တော်တွေကို သီလသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေက ရွတ်ဖတ်ပေးရင် အစိမ်းသရဲ၊ နာနာဘာဝတွေထွက်ပြေးရကြောင်းကိုရှင်းပြပါတယ်။

အန်တီလည်း ဦးဇင်းလေးရှင်းပြတာနားထောင်ပြီး ဦးဇင်းလေး၏ကျောင်းတိုက်သို့လိုက်ကာ ဆရာတော်ကို အကြောင်းစုံလျှောက်ထားပြီးမကောင်းဆိုးဝါးရန်မှကာကွယ်ရန်လျှောက်တင် အကူညီတောင်းလိုက်ပါတယ်။

ဆရာတော်က ဒကာမကြီးရဲ ဖခင်ဟာ လူ့လောကထဲမှာမရှိတော့ဘူး။ ဒကာကြီးရဲ့ဝိညာဉ်မဲ့နေ တဲ့  ကိုယ်ခန္ဒာ ကို တစ်စုံတခုသော ပုဂ္ဂိုလ်ကဝင်ရောက်မှီခိုနေတာမို့ ဆရာတော်တို့ကဘုရားရှင်၏ ပရိတ်တရားတော်တွေ ကမ္မဝါစာတွေ ရွတ်ဖတ်ပီး သာသနာစောင့်နတ်နဲ့နတ်မင်းကြီးလေးပါးကိုအမိန့်ပြန်စာတမ်းတွေ ရွတ်ဖတ်လျှင် ဝင်ရောက်နေတဲ့ပုဂ္ဂိုလ်ဟာ ချက်ချင်းဖယ်ရှားသွားမှာဖြစ်တယ်။

အဲဒီအခါမှာ ဒကာကြီးရဲ့ ဝိညာဉ်မဲ့ ခန္ဒာကိုယ် သာကျန်ခဲ့မှာဖြစ်လို့ဒကာမကြီးအနေနဲ့ ဒီသောကမီးကိုကြံ့ကြံ့ခံနိုင်ပါ့မလားလို့မေးပါတယ်။ အန်တီလည်း ကြိုတင်ပြင်ဆင်ပြီးသားပါဘုရားလို့ဖြေပါတယ်။

ဆရာတော်က ဘုန်းကြီးကျောင်းမှာ ရှိတဲ့ ပရိတ်ချည်တွေကို ပေးလိုက်ပြီး အိမ်ပတ်ပတ်လည်ကိုချည်တားစေပါတယ်။ အိမ်အဝင်ပေါက်တခုတည်းသာ ချန်ခဲ့စေပါတယ်။ ဒါကလည်း ဆရာတော်တွေကြွလာရင် အိမ်ထဲဝင်ဖို့နဲ့ဖုတ်ထွက်သွားဖို့ပါ။

အိမ်ပြန်ရောက်တော့အန်တီ့မောင်နဲ့အတူ ရပ်ကွက်ထဲက ယောက်ျားလေးသုံးယောက်လောက်က အိမ်ပတ် ပတ်လည်ကိုပရိတ်ကြိုးတားပါတော့တယ်။ အဲဒီအချိန်မှာအဖိုးကြီးလည်း အရမ်းသောင်းကြမ်းပါတော့တာပါပဲ။ ပထမတော့ခြိမ်းခြောက်တယ်။ ပြီးတော့တောက်တွေခေါက်၊ ဖနောင့်တွေ စောင့်ပြီး သေချင်လို့လား ဘာညာ တွေ ပြောပီး အခန်းထဲမှာရှိတဲ့ပစ္စည်းတွေကိုကောက်ပေါက်တာတွေ လုပ်သတဲ့ဗျ…..

မရလည်း မရရော ငိုပီး တော့ သူ့သားကို အဖေ့ကိုမသတ်ပါနဲ့အဖေမသေချင်သေးဘူးလို့လိမ်ပြီးဟန်ဆောင်ပြောသတဲ့။ သူ့သား ကလည်း မသိချင်ဟန်ဆောင်ပြီးလုပ်စရာရှိတာကိုဆက်လုပ်တယ်။ ညနေသုံးနာရီလောက်မှာ ဆရာတော်တွေ ကြွလာကြတယ်။

ဆရာတော်တွေ အိမ်ပေါ်လည်းရောက်ရော အဆင်သင့်ပြင်ထားတဲ့ပရိတ်ပန်း၊ ရေ၊ သဲ၊ အပ်ချည် စတာတွေကို အန်တီက သူသွားနေတဲ့အိမ်ကယူပီး သူ့အိမ်ကိုကူးလာခဲ့တယ် ။ အဖိုးကြီးကလည်း အိမ်ခန်းထဲမှာ သောင်းကြမ်း နေတာဗြောင်းဆန်နေတာဘဲတဲ့။ တောက်တွေလည်းခေါက် ။ သက်ပြင်းတွေချ အသံသြကြီး နဲ့အော်နေသတဲ့။

ဆရာတော်တွေကလည်း အိမ်ရှင်ကို ဒီအိမ်မှာ မကောင်းသော နာနာဘာဝတွေနေထိုင်တာကို ကြိုက်မကြိုက် အရင်မေးပါတယ်။့ပြီးတော့အိမ်ရှင်မကြိုက်လို့နှင်ပေးပါရန် ဆရာတော်များကို လျှှောက်တင် ပါကြောင်း ပြောတဲ့ အခါ ဆရာတော်က အိမ်ပိုင်ရှင်မကြိုက်ပါသောကြောင့် သာသနာစောင့်နတ်နဲ့ဝိရူပက္ခ၊ ဝိရူယက္ခ၊ ဒသရဌ၊ ကုဝေရ….စတဲ့နတ်မင်းကြီးလေးပါး သိကြားမင်း ၊ မြို ု့စောင်၊့လမ်းစောင်၊့အိမ်စောင့်နတ် တွေကိုမြတ်စွာဘုရား၏ အမိန့်ပြန်စာတွေရွတ်ဖတ်ပီး နာနာဘာဝကိုသင့်တော်ရာသို့ ခေါ်ဆောင် သွားရန် ပြောဆိုပီး ကမ္မဝါ၊ရတနာသုတ်၊့အာဋာဏာဋိယသုတ်နဲ့ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် တွေ ကိုရွတ်ဖတ်ပေးပါတယ်။

ဘုရားရှင်ရဲ့ပရိတ်တရားတော်တွေရွတ်ဖတ်စဉ်မှာ အိပ်ခန်းထဲကအဖိုးကြီးက ပူလောင်လှကြောင်း၊ သူ့ကိုဝိုင်းပီးနှောင့်ယုက်နေကြကြောင်း နားထဲကို သံရည်ပူတွေ လောင်းထည့့် နေကြ ကြောင်း အော်ပြောပါတယ်။

ဆရာတော်လည်း ပရိတ်များ ရွတ်ဖတ်ပီး အဖိုးကြးီကိုအပြင်ထွက်ခဲ့ဖို့ခေါ ်လိုက်တဲ့အချိန်မှာ အဖိုးကြီးဟာ အိပ်ခန်းထဲကနေပီး လည်ပင်းကြီးကို၉၀ဒီဂရီလောက်စောင်းပီး လေးဖက်ထောက်ထွက် လာပါတယ်…. ပြီးတော့ဆရာတော်တွေရှေ့မှာခြေဆင်းထိုင်ပီး ပါးစပ်မှလည်း သွားရေတမျှားမျှားနဲ့ ကြောက်စရာ အလွန် ကောင်းတယ် လို့မြင်တွေ့ရတဲ့လူတွေကပြောပြပါတယ်။

ဆရာတော်ကဦးချခိုင်းတော့ဦးချလို့သူမရပါဘူး။ အမျှဝေတော့လည်းသူသာဓုမခေါ်နိုင်ပါဘူး မကြားရဘူးလို့ပြောပါတယ်။ ပြီးတော့ဆရာတော်က ဒကာကြီး ခန္ဒာကိုယ်အတွင်းကထွက်သွာဖို့ မိန့်ကြားတော့သူကရိုးရိုးဖုတ်မဟုတ်ဘူး။ ဖုတ်ဘုရင်လို့ပြောပါတယ်။

အိမ်ခေါင်မိုးဖွင့်ပေးမှထွက်လို့ရမယ်ပြောတော့ချက်ချင်းဘဲ တရားနာနေတဲ့ထဲက လူတစ်ယောက်က လှေကား နဲ့ တက်ပြီး အိမ်ခေါင်သွပ်တစ်ချက်ကို လှန်လိုက်တော့အဲဒီဖုတ်လည်း သက်ပြင်းတစ်ချက်ချပြီး လဲကျသွား ပါတယ်။ အန်တီလည်း ဆရာဝန်ခေါ်ပြီး သူအဖေ့ရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကိုစစ်ဆေးခိုင်းပါတယ်။

ဥပဒေအရ သေစာရင်းရေးရန်အတွက်ဖြစ်ပါတယ်။ ဆရာဝန်စစ်ဆေးချိန်မှာ ရုပ်အလောင်းဟာ သေသေပြီးခါစ နှင့်မတူဘဲ အပုတ်နံ့ဟာ မခံနိုင်အောင်နံလာပါတယ်။ ချက်ချင်းရေခဲတိုက်ကိုအကြောင်းကြားပြီး လာသယ် သွားစေပြီးနောက်နေ့မှာသဂြိုလ်ဖို့စီစဉ်ပါတယ်…နယ်မှာရှိတဲ့အမျိုးတွေကိုလည်းအကြောင်းကြားပါတယ်….

 နောက်တနေ့သဂြိုဟ်ဖို့အလောင်းကို ရေခဲတိုက်ထဲက ထုတ်လာချိန်မှာ အန်တီဟာ သူ့အဖေမှ ဟုတ်ရဲ့လား လို့ တောင် အမြင်မှားသွားပါတယ်။ အလောင်းက မနေ့ကနဲ့မတူဘဲ အရိုးပေါ်အရေတင်ပိန်ပီးနေပါတယ်….

 သေသေချင်းမနေ့ကရုပ်နဲ့အရမ်းကွာနေပါတယ်။ မီးသဂြိုလ်ပီးတဲ့နောက် အိမ်ပြန်လာပြီး အဖိုးကြီးအခန်းကို သန့်ရှင်းရေးလုပ်တော့ကြက်မွှေးတွေရယ်၊ ပျောက်သွားတဲ့ကြောင်ကြီးရ ဲ့အမွှေးတွေရယ်ကို တွေ့ရပါတယ်…. အကယ်၍သာ ဖုတ်ကိုဒီအတိုင်းထားခဲ့ရင် အချိန်ကြာလာခဲ့သည်နှင့်အမျှ အန်တီတို့ မိသားစုဘဝဟာ ကြောက်စရာကြီးပါ… ဒီအကြောင်းလေးဟာ ကျွန်တော်အသိရဲ့အဖြစ်အပျက်အမှန်လေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Tha Yae Blog
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top