သစ္သီးဆိုတာေတာ့ လူႀကိဳက္မ်ားဆံုး အစားအစာပါ။ သစ္သီးထဲမွာ သဘာ၀ အခ်ိဳဓါတ္အရသာရွိၿပီး က်န္းမာေရးကို အေထာက္အကူျပဳတဲ့ အဟာရဓါတ္ေတြ ဗီတာမင္ဓါတ္ေတြလည္း ၾကြယ္၀စြာပါ၀င္ေနပါတယ္။ ဒါေပမဲ့လည္း အသီးအႏွံေတြကို အထားခံေအာင္လို႔ အေပၚမွာ ဖေယာင္းတစ္ထပ္ခံထားပါတယ္။ အဲဒီဖေယာင္းက က်န္းမာေရးကို စိုးရြားစြာထိခိုက္ေစပါတယ္။

ဥပမာ – လိေမၼာ္သီးနဲ႔ ပန္းသီးမွာဆိုရင္ ဓါတ္ဆီကို အေျခခံထားတဲ့ ဖေယာင္းနဲ႔ ဖံုးအုပ္ထားတာပါ။ အဲဒီလိုျပဳလုပ္ရတာကလည္း မႈိတက္တာနဲ႔ ဘက္တီးရီးယားေတြကေန ကာကြယ္ဖို႔ျဖစ္ၿပီး အသီးကို အထားခံေအာင္ ျပဳလုပ္တာလည္းျဖစ္ပါတယ္။

အဲဒီဖေယာင္းဟာ အသီးရဲ့အေရာင္ကို ပိုလို႔ေတာက္ပေစၿပီး စားသံုးသူေတြကို ပိုလို႔ စြဲေဆာင္ထားႏိုင္ပါတယ္။

အသီးအႏွံေတြမွာ ဖံုးအုပ္ထားတဲ့ ဖေယာင္းနဲ႔ အစားအစာထုတ္လုပ္ရာမွာ အသံုးျပဳတဲ့ အေရာင္စိုးေဆးေတြဟာ ကင္ဆာျဖစ္ပြားမႈ အႏၱရာယ္ကိုျမင့္တက္ေစပါတယ္။

အႏၱရာယ္ရွိတဲ့ ဖေယာင္းကို ဘယ္လိုေရွာင္မလဲ။

အစားအစာထုတ္လုပ္တဲ့ ကုမၸဏီအမ်ားစုကေတာ့ သူတို႔အေနနဲ႔ လံုၿခံဳစိတ္ခ်ရတဲ့ ပါ၀င္ပစၥည္းေတြနဲ႔ ျပဳလုပ္ထားတဲ့ ဖေယာင္းကိုသာ အသံုးျပဳတယ္လို႔ ေၾကညာထားပါတယ္။ Tal-Prolong, Semper Fresh စတဲ့ ဖေယာင္းေတြပါ။

ေအာဂဲလ္နစ္အသီးေတြကိုေတာ့ ပ်ားဖေယာင္း , Carnauba Wax ( ထန္းရြက္ကေနျပဳလုပ္တဲ့ဖေယာင္း) သစ္ေစး စတဲ့ သဘာ၀ပါ၀င္ပစၥည္းေတြနဲ႔ ျပဳလုပ္ထားတဲ ့ဖေယာင္းကိုအသံုးျပဳၾကပါတယ္။

အေကာင္းဆံုးကေတာ့ ပန္းသီးကို အခြံႏြာၿပီးစားတာ ဒါမွမဟုတ္ အခြံကို ေသခ်ာေျပာင္ေအာင္ေဆးၿပီး စားတာပါပဲ။

ဖေယာင္းပါမပါဒီလိုစစ္မယ္။

အသီးေပၚမွာ ဖေယာင္းပါမပါ စစ္ေဆးတဲ့နည္းလမ္းကို ေျပာျပေပးပါမယ္။

ပန္းသီးတစ္လံုးထဲကို ေရေႏြးပူပူေလာင္းထည့္လိုက္ပါ။

အဲဒီေနာက္ ခဏေစာင့္ၾကည့္ပါ။

ဖေယာင္းပါရင္ အျဖဴဖတ္ေလး ေပၚလာမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:My Food
# Unicode Version # ျဖင့္ ဖတ္ပါ #

သစ်သီးဆိုတာတော့ လူကြိုက်များဆုံး အစားအစာပါ။ သစ်သီးထဲမှာ သဘာ၀ အချိုဓါတ်အရသာရှိပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အဟာရဓါတ်တွေ ဗီတာမင်ဓါတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါပေမဲ့လည်း အသီးအနှံတွေကို အထားခံအောင်လို့ အပေါ်မှာ ဖယောင်းတစ်ထပ်ခံထားပါတယ်။ အဲဒီဖယောင်းက ကျန်းမာရေးကို စိုးရွားစွာထိခိုက်စေပါတယ်။

ဥပမာ – လိမ္မော်သီးနဲ့ ပန်းသီးမှာဆိုရင် ဓါတ်ဆီကို အခြေခံထားတဲ့ ဖယောင်းနဲ့ ဖုံးအုပ်ထားတာပါ။ အဲဒီလိုပြုလုပ်ရတာကလည်း မှိုတက်တာနဲ့ ဘက်တီးရီးယားတွေကနေ ကာကွယ်ဖို့ဖြစ်ပြီး အသီးကို အထားခံအောင် ပြုလုပ်တာလည်းဖြစ်ပါတယ်။

အဲဒီဖယောင်းဟာ အသီးရဲ့အရောင်ကို ပိုလို့တောက်ပစေပြီး စားသုံးသူတွေကို ပိုလို့ စွဲဆောင်ထားနိုင်ပါတယ်။

အသီးအနှံတွေမှာ ဖုံးအုပ်ထားတဲ့ ဖယောင်းနဲ့ အစားအစာထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အရောင်စိုးဆေးတွေဟာ ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကိုမြင့်တက်စေပါတယ်။

အန္တရာယ်ရှိတဲ့ ဖယောင်းကို ဘယ်လိုရှောင်မလဲ။

အစားအစာထုတ်လုပ်တဲ့ ကုမ္ပဏီအများစုကတော့ သူတို့အနေနဲ့ လုံခြုံစိတ်ချရတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဖယောင်းကိုသာ အသုံးပြုတယ်လို့ ကြေညာထားပါတယ်။ Tal-Prolong, Semper Fresh စတဲ့ ဖယောင်းတွေပါ။

အောဂဲလ်နစ်အသီးတွေကိုတော့ ပျားဖယောင်း , Carnauba Wax ( ထန်းရွက်ကနေပြုလုပ်တဲ့ဖယောင်း) သစ်စေး စတဲ့ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ဖယောင်းကိုအသုံးပြုကြပါတယ်။

အကောင်းဆုံးကတော့ ပန်းသီးကို အခွံနွာပြီးစားတာ ဒါမှမဟုတ် အခွံကို သေချာပြောင်အောင်ဆေးပြီး စားတာပါပဲ။

ဖယောင်းပါမပါဒီလိုစစ်မယ်။

အသီးပေါ်မှာ ဖယောင်းပါမပါ စစ်ဆေးတဲ့နည်းလမ်းကို ပြောပြပေးပါမယ်။

ပန်းသီးတစ်လုံးထဲကို ရေနွေးပူပူလောင်းထည့်လိုက်ပါ။

အဲဒီနောက် ခဏစောင့်ကြည့်ပါ။

ဖယောင်းပါရင် အဖြူဖတ်လေး ပေါ်လာမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:My Food
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top