ဆင္းရဲၿပီး ေဆြမ်ိဳးသားခ်င္း မရိွတဲ့ ဦးတက္ၾကီးရဲ႕ နာေရးစ်ာပန – ဟာသ
ရြာတစ္ရြာမွာ ဆင္းရဲၿပီး ေဆြမ်ိဳးသားခ်င္း မရိွတဲ့ “ဦးတက္လူ”ဆိုတဲ့ လူႀကီးတစ္ေယာက္ ရိွတယ္။
တစ္ေန႔ေတာ့ ဦးတက္လူဟာ နာမက်န္းျဖစ္ၿပီး ေသအံ့ဆဲဆဲ အေျခအေနကို ေရာက္ရိွခဲ့တယ္။ ဦးတက္လူမွာက ျပဳစုကုသမဲ့ ေဆြမ်ိဳးသားခ်င္းလည္း မရိွ – ေငြေရးေၾကးေရးလည္း မျပည့္စုံေတာ့ အိမ္နီးနားခ်င္းက ရြာသားေတြပဲ ေရာက္လာၿပီး လာၾကည့္ရတာေပါ့..
ရြာသားေတြက ဦးတက္လူရဲ႕အေျခအေန မေကာင္းမွန္း သိေတာ့ – ဦးတက္လူ အေလာင္း ေျမက်ဖို႔ ေဆြးေႏြးတိုင္ပင္ၾကသတဲ့ ” အေျခအေနကေတာ့ မေကာင္းဘူး ေဟ့ – ဒီေန႔လား နက္ျဖန္လားပဲ ”
” ငင္”
ရြာသားေတြ ေျပာတာကို လူမမာ ဦးတက္လူက ၾကားေနရတာေပါ့ ေသမွ.. မေသေသးပဲ။ “အာ့ဆိုလည္း အသုဘ ခ်ဖို႔ ႀကိဳစီစဥ္ထားရင္ ေကာင္းမယ္ေနာ္ ” ” သုသာန္ ကို သယ္ဖို႔- ထြန္းၿမိဳင္ရဲ႕ ေထာ္လဂ်ီ အကူအညီ ေတာင္းရင္ေကာ ” ” အမေလး ရလိမ့္မယ္.. အားႀကီးႀကီး -ထြန္းျမဳင္က သူ႔ေထာ္လဂ်ီေပၚ ဒီမသာႀကီး တင္မလား ”
ရြာသားေတြစကားကို ၾကားေတာ့ အိပ္ယာထဲက ဦးတက္လူက အသံယဲ့ယဲ့ေလးနဲ႔..ထ ေျပာတယ္။ ” ငါ.. ငါ မေသ.. ေသးဘူး ေလ ဟယ္ ” ဤအခါ ရြာသားတစ္ေယာက္က ” ကဲ ဦးတက္လူ — ကြကိုယ္ ၿငိမ္ၿငိမ္ေလး တရားမွတ္ေနစမ္းပါ — ဒီမွာ ႐ွင့္ အတြက္ တိုင္ပင္ေနၾကတာ – ”
” အြန္”
ရြာသားေတြက ဆက္ေျပာတယ္။ ” ဒါဆို ဘယ္လို လုပ္မလဲ?” ” အို သုသာန္က သိပ္မွ မေဝးတာ – ဖ်ာနဲ႔ပတ္ၿပီး တစ္ေယာက္ေယာက္ ထမ္းသြားရင္ေကာ ” ” အလိုေလ – စဥ္းစဥ္းစားစားလည္း ေျပာစမ္းပါေအ – ဒီအေလာင္းႀကီး ဘယ္သူက ထမ္းခ်င္မွာလဲ ”
ထိအခါ အိ္ပ္ယာထဲက ဥိးတက္လူက အသံယဲ့ယဲ့ေလးနဲ႔ ထ ေျပာျပန္တယ္။ ” ဟဲ့ ကမေတြ –ငါ.ငါ မေသ မေသေသးဘူးလုို႔ ” ဤအခါ ရြာသားတစ္ေယာက္က လွည့္ၾကည့္ၿပိ္း ” ဂ႐ုစိုက္မေနနဲ႔ေအ – ေသခါနီး လူေတြက ဒီလိုပဲ ကေယာင္ကတမ္း ထ ထ ေျပာၾကတာပဲ ”
” အြန္ ”
ရြာသားေတြက ဆက္ေျပာၾကျပန္တယ္။ ” ဒါဆိုလည္း ႏြားလွည္းနဲ႔ ဆိုရင္ေကာ -” ” အမေလး ေျပာတတ္ပေအ – လွည္းငါးခက ေစ်းက ႀကီႀကီးနဲ႔ – အဲ့ လွည္းခက ဘယ္သူက ေပးမွာလဲ ?” ” ဒါ ဆို – ဒီမသာႀကီး သုသာန္ ေရာက္ဖို႔ ဘယ္လို သယ္ၾကမွာလဲ?”
ထိုအခါ အိပ္ယာထဲက ဦးတက္လူက စိတ္မ႐ွည္စြာျဖင့္ ဤသို႔ ထ ေျပာလိုက္ပါေတာ့တယ္။ ” ငါ့ကို ဖိနပ္သာ ယူေပးၾကပါဟယ္ – ငါ့ဖာသာ ငါပဲ သုသာန္ကို လမ္းေလွ်ာက္ သြားလိုက္ပါ့မယ္ ”
” တိန္ ”
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဖိုးျပံဳးခ်ိဳ
# Unicode Version # ျဖင့္ ဖတ္ပါ #
ရွာတစ်ရွာမှာ ဆင်းရဲပြီး ဆွေမျိုးသားချင်း မရှိတဲ့ “ဦးတက်လူ”ဆိုတဲ့ လူကြီးတစ်ယောက် ရှိတယ်။
တစ်နေ့တော့ ဦးတက်လူဟာ နာမကျန်းဖြစ်ပြီး သေအံ့ဆဲဆဲ အခြေအနေကို ရောက်ရှိခဲ့တယ်။ ဦးတက်လူမှာက ပြုစုကုသမဲ့ ဆွေမျိုးသားချင်းလည်း မရှိ – ငွေရေးကြေးရေးလည်း မပြည့်စုံတော့ အိမ်နီးနားချင်းက ရွာသားတွေပဲ ရောက်လာပြီး လာကြည့်ရတာပေါ့..
ရွာသားတွေက ဦးတက်လူရဲ့အခြေအနေ မကောင်းမှန်း သိတော့ – ဦးတက်လူ အလောင်း မြေကျဖို့ ဆွေးနွေးတိုင်ပင်ကြသတဲ့ ” အခြေအနေကတော့ မကောင်းဘူး ဟေ့ – ဒီနေ့လား နက်ဖြန်လားပဲ ”
” ငင်”
ရွာသားတွေ ပြောတာကို လူမမာ ဦးတက်လူက ကြားနေရတာပေါ့ သေမှ.. မသေသေးပဲ။ “အာ့ဆိုလည်း အသုဘ ချဖို့ ကြိုစီစဉ်ထားရင် ကောင်းမယ်နော် ” ” သုသာန် ကို သယ်ဖို့- ထွန်းမြိုင်ရဲ့ ထော်လဂျီ အကူအညီ တောင်းရင်ကော ” ” အမလေး ရလိမ့်မယ်.. အားကြီးကြီး -ထွန်းမြုင်က သူ့ထော်လဂျီပေါ် ဒီမသာကြီး တင်မလား ”
ရွာသားတွေစကားကို ကြားတော့ အိပ်ယာထဲက ဦးတက်လူက အသံယဲ့ယဲ့လေးနဲ့..ထ ပြောတယ်။ ” ငါ.. ငါ မသေ.. သေးဘူး လေ ဟယ် ” ဤအခါ ရွာသားတစ်ယောက်က ” ကဲ ဦးတက်လူ — ကွကိုယ် ငြိမ်ငြိမ်လေး တရားမှတ်နေစမ်းပါ — ဒီမှာ ရှင့် အတွက် တိုင်ပင်နေကြတာ – ”
” အွန်”
ရွာသားတွေက ဆက်ပြောတယ်။ ” ဒါဆို ဘယ်လို လုပ်မလဲ?” ” အို သုသာန်က သိပ်မှ မဝေးတာ – ဖျာနဲ့ပတ်ပြီး တစ်ယောက်ယောက် ထမ်းသွားရင်ကော ” ” အလိုလေ – စဉ်းစဉ်းစားစားလည်း ပြောစမ်းပါအေ – ဒီအလောင်းကြီး ဘယ်သူက ထမ်းချင်မှာလဲ ”
ထိအခါ အိပ်ယာထဲက ဥိးတက်လူက အသံယဲ့ယဲ့လေးနဲ့ ထ ပြောပြန်တယ်။ ” ဟဲ့ ကမတွေ –ငါ.ငါ မသေ မသေသေးဘူးလို့ ” ဤအခါ ရွာသားတစ်ယောက်က လှည့်ကြည့်ပြိး ” ဂရုစိုက်မနေနဲ့အေ – သေခါနီး လူတွေက ဒီလိုပဲ ကယောင်ကတမ်း ထ ထ ပြောကြတာပဲ ”
” အွန် ”
ရွာသားတွေက ဆက်ပြောကြပြန်တယ်။ ” ဒါဆိုလည်း နွားလှည်းနဲ့ ဆိုရင်ကော -” ” အမလေး ပြောတတ်ပအေ – လှည်းငါးခက ဈေးက ကြီကြီးနဲ့ – အဲ့ လှည်းခက ဘယ်သူက ပေးမှာလဲ ?” ” ဒါ ဆို – ဒီမသာကြီး သုသာန် ရောက်ဖို့ ဘယ်လို သယ်ကြမှာလဲ?”
ထိုအခါ အိပ်ယာထဲက ဦးတက်လူက စိတ်မရှည်စွာဖြင့် ဤသို့ ထ ပြောလိုက်ပါတော့တယ်။ ” ငါ့ကို ဖိနပ်သာ ယူပေးကြပါဟယ် – ငါ့ဖာသာ ငါပဲ သုသာန်ကို လမ်းလျှောက် သွားလိုက်ပါ့မယ် ”
” တိန် ”
ဖိုးသူတော် (www.phothutaw.com)
Credit:ဖိုးပြုံးချို