လူသားေတြရဲ႕ အသားအရည္ဟာ ေန႔စဥ္ ေရ ခ်ိဳးေပးေနဖို႔၊ ဆပ္ျပာ တုိက္ေပးေနဖို႔ မလိုအပ္ ပါဘူး ။
တစံုတဦးက ေန႔တုိင္း မခ်ိဳးဘူး လို႔ ဆိုၾကတဲ့ အခါ လူအမ်ားစုက အံ့ၾသဟန္နဲ႔ ၾကည့္တတ္ ၾကၿပီး တကိုယ္ေရ သန္႔ရွင္းမႈ မရွိဘူးလို႔ ေယဘုယ် ယူဆတတ္ၾက ပါတယ္ ။

ဒါေပမယ့္ ေန႔တုိင္း ေရခ်ိဳးျခင္းဟာ တကယ္ လိုအပ္တဲ့ အရာလား ဆိုတာ ေမးခြန္း ထုတ္ခ်င္စရာပါ ။ က်န္းမာေရး ႐ႈေထာင့္က ၾကည့္ရင္ေတာ့ လူတေယာက္ဟာ ေန႔တုိင္း ေရမခ်ိဳးသင့္ဘူးလို႔ ဆိုပါတယ္ ။ ေန႔တုိင္း ေရခ်ိဳးျခင္းအားျဖင့္ ျဖစ္လာႏုိင္တဲ့ ဆိုးက်ိဳးေတြ ကေတာ့ …

– အသားအေရ ေျခာက္ေသြ႔ လာမယ္ ။ နီစပ္စပ္ ျဖစ္လာမယ္ ။
– အေရျပား အေပၚဆံုး အလႊာမွာ ရွိသင့္တဲ့ အဆီဓာတ္ေတြ ခန္းေျခာက္ သြားမယ္ ။
– ရွိသင့္တဲ့ ဘက္တီးရီးယားေတြ ေပ်ာ္ကြယ္ ကုန္မယ္ ။
(တခ်ိဳဳ႕ ဘက္တီးရီးယားေတြဟာ ခႏၶာကိုယ္ အတြင္းကို ေရာဂါဘယ မဝင္ေအာင္ ကာကြယ္ေပး ပါတယ္)

ရလာမယ့္ အက်ိဳးေက်းဇူးေတြ ကေတာ့ …
– ေရခ်ိဳးခန္းသံုး ပစၥည္းေတြ ဝယ္ရတာ သက္သာ ေစမယ္ ။
– အခ်ိန္ ပိုရလာမယ္ ။
– က်န္းမာေရး ပိုေကာင္းလာ ေစမယ္ ။
စတဲ့ အရာေတြ ျဖစ္ပါတယ္ ။

မေနႏုိင္လို႔ ေရခ်ိဳးခဲ့ ရင္ေတာင္ ဆပ္ျပာ အၿမဲတမ္း တုိက္တာမ်ိဳး မလုပ္သင့္ ပါဘူး ။ ေပါင္ၿခံ၊ ခ်ိဳင္းၾကားနဲ႔ ေျခဖဝါးလို ေနမ်ိဳးေတြကိုပဲ ပံုမွန္ ဆပ္ျပာ တုိက္သင့္ ပါတယ္ ။ မ်က္ႏွာနဲ႔ ဗိုက္သား၊ ရင္ဘတ္ေတြကို အၿမဲ ဆပ္ျပာ မတိုက္သင့္ ပါဘူး ။

လူေတြရဲ႕ အသားအေရဟာ သူ႔အလုိလို ပံုမွန္ သန္႔ရွင္ႏုိင္စြမ္း ဆိုတဲ့ သဘာစြမ္းရည္ကို ပိုင္ဆုိင္ထားပါတယ္။ ေန႔တုိင္း ေရမခ်ိဳးလို႔ ရတယ္ ဆိုေပမယ့္ အိပ္ယာ မဝင္ခင္ မိတ္ကပ္ ဖ်က္တာမ်ိဳး၊ ကုိယ္လက္ ေဆးတာမ်ိဳး ကိုေတာ့ ပံုမွန္ လုပ္သင့္ ပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version # ျဖင့္ ဖတ္ပါ #

လူသားတွေရဲ့ အသားအရည်ဟာ နေ့စဉ် ရေ ချိုးပေးနေဖို့၊ ဆပ်ပြာ တိုက်ပေးနေဖို့ မလိုအပ် ပါဘူး ။
တစုံတဦးက နေ့တိုင်း မချိုးဘူး လို့ ဆိုကြတဲ့ အခါ လူအများစုက အံ့သြဟန်နဲ့ ကြည့်တတ် ကြပြီး တကိုယ်ရေ သန့်ရှင်းမှု မရှိဘူးလို့ ယေဘုယျ ယူဆတတ်ကြ ပါတယ် ။

ဒါပေမယ့် နေ့တိုင်း ရေချိုးခြင်းဟာ တကယ် လိုအပ်တဲ့ အရာလား ဆိုတာ မေးခွန်း ထုတ်ချင်စရာပါ ။ ကျန်းမာရေး ရှုထောင့်က ကြည့်ရင်တော့ လူတယောက်ဟာ နေ့တိုင်း ရေမချိုးသင့်ဘူးလို့ ဆိုပါတယ် ။ နေ့တိုင်း ရေချိုးခြင်းအားဖြင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ ကတော့ …

– အသားအရေ ခြောက်သွေ့ လာမယ် ။ နီစပ်စပ် ဖြစ်လာမယ် ။
– အရေပြား အပေါ်ဆုံး အလွှာမှာ ရှိသင့်တဲ့ အဆီဓာတ်တွေ ခန်းခြောက် သွားမယ် ။
– ရှိသင့်တဲ့ ဘက်တီးရီးယားတွေ ပျော်ကွယ် ကုန်မယ် ။
(တချိုု့ ဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ် အတွင်းကို ရောဂါဘယ မဝင်အောင် ကာကွယ်ပေး ပါတယ်)

ရလာမယ့် အကျိုးကျေးဇူးတွေ ကတော့ …
– ရေချိုးခန်းသုံး ပစ္စည်းတွေ ဝယ်ရတာ သက်သာ စေမယ် ။
– အချိန် ပိုရလာမယ် ။
– ကျန်းမာရေး ပိုကောင်းလာ စေမယ် ။
စတဲ့ အရာတွေ ဖြစ်ပါတယ် ။

မနေနိုင်လို့ ရေချိုးခဲ့ ရင်တောင် ဆပ်ပြာ အမြဲတမ်း တိုက်တာမျိုး မလုပ်သင့် ပါဘူး ။ ပေါင်ခြံ၊ ချိုင်းကြားနဲ့ ခြေဖဝါးလို နေမျိုးတွေကိုပဲ ပုံမှန် ဆပ်ပြာ တိုက်သင့် ပါတယ် ။ မျက်နှာနဲ့ ဗိုက်သား၊ ရင်ဘတ်တွေကို အမြဲ ဆပ်ပြာ မတိုက်သင့် ပါဘူး ။

လူတွေရဲ့ အသားအရေဟာ သူ့အလိုလို ပုံမှန် သန့်ရှင်နိုင်စွမ်း ဆိုတဲ့ သဘာစွမ်းရည်ကို ပိုင်ဆိုင်ထားပါတယ်။ နေ့တိုင်း ရေမချိုးလို့ ရတယ် ဆိုပေမယ့် အိပ်ယာ မဝင်ခင် မိတ်ကပ် ဖျက်တာမျိုး၊ ကိုယ်လက် ဆေးတာမျိုး ကိုတော့ ပုံမှန် လုပ်သင့် ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top