ဆရာသမားက ဆုိဆုံးမတဲ့အခါ " မလိုက္နာဘူးဘာျဖစ္လဲ " ။ အဲ့ဒီိအေၾကာင္းနဲ႔ ပတ္သတ္လို႔ " ဂႏၶာရ ဇာတ္ " ေလးကိုေဟာဖို႔ရွိပါတယ္။ ဒီဇာတ္ေလးက ျမတ္စြာဘုရားရွင္ ေဇတဝန္ေက်ာင္းမွာ သီတင္းသုံးေနစဥ္က ရဟန္းေတာ္ေတြ ေဘသဇၨ လို႔ေခၚတဲ့ ေဆးပစၥည္းေတြကို သိုမွီးသိမ္းဆည္းကို အေၾကာင္းကိုျပဳျပီး ဆိုဆုံးမခဲ့ပါတယ္။

ဂႏၶာရတိုင္းကို အုပ္စိုးေနေသာ ဂႏၶာရမင္းနဲ႔ ဝိေဒဟတိုင္းကို အစုိးရေသာ ဝိေဒဟမင္းတို႔ဟာ လူျခင္းမေတြ႔ေပမယ့္ အေဆြခင္ပြန္းမ်ားျဖစ္ၾကပါတယ္။ ဂႏၶာရမင္း သည္ တစ္ေန႔ သံေဝဂရစရာအေၾကာင္း ေပၚလာ၍ မင္းစည္းစိမ္ကို စြန္႔ကာ ရေသ့ရဟန္းျပဳ၍ ဟိမဝႏၱာသို႔ဝင္ကာ ေတာထြက္ေလသည္။ ဒီအေၾကာင္းကိုၾကားေတာ့ ဝိေဒဟမင္း လည္း လိုက္၍ ရေသ့ရဟန္းျပဳကာ ေတာထြက္ေလသည္။

ရေသ့ႏွစ္ပါးသည္ ေတာထဲ၌သစ္သီးသစ္ဥကိုသာစားျပီး ေနထိုင္လာရာက ႏွစ္ကာလၾကာလာေသာအခါ အခ်ဥ္ ဆားကို မွီဝဲရန္ အလို႔ငွာ ဟိမဝႏၱာ မွထြက္ကာ နယ္စြန္ရြာေလးတစ္ရြာသို႔ ခ်ဥ္းကပ္၍ ဆြမ္းခံၾက၏။ ရြာသူရြာသားတို႔သည္ တစ္ခါတရံ ဆားမပါေသာ ဆြမ္းကိုေလာင္းလွဴတတ္ၾကသျဖင့္ ဆားခပ္မ်ားမ်ားရေသာ ဝိေဒဟရေသ့သည္ ဆားအနည္ကို ဖက္ႏွင့္ထုပ္၍ သက္ငယ္အမိုးၾကား၌ ထိုးညွပ္ထားသည္။

ဆားရေသာ တစ္ေန႔တြင္ ဝိေဒဟရေသ့သည္ ေခါင္မိုးၾကားကဆားထုပ္ကိုယူကာ ဂႏၶာရရေသ့အားကပ္လိုက္၏။ ထိုအခါ ဂႏၶာရရေသ့က " ဒီေန႔ဆားမရပါဘူးကြယ္ သင္ဘယ္ကရသလဲ " လို႔ေမးျမန္း၏။ ဝိေဒဟရေသ့က အေၾကာင္းကိုေျပာျပ၏။
ဂႏၶာရရေသ့က " မဂ္ဖိုလ္မွ အခ်ည္းအႏွီးျဖစ္ေသာ ေယာက်္ား ၊ သင္သည္ ယူဇာနာသုံးရာရွိေသာ ဝိေဒဟတိုင္းကို စြန္႔ထားခဲ့ျပီးမွ
ရေသ့ရဟန္းျပဳလာသူျဖစ္ပါလ်က္ ယခု ဤဆားေလး တစ္ပြင့္ ႏွစ္ပြင့္ကို တပ္စြန္းေနဘိသည္ " ဟု ဆုံးမ စကားဆိုေလသည္။

ဝိေဒဟရေသ့က " အရွင္ဘုရားသည္ မိမိအျပစ္ကို မျမင္ဘဲ တပည့္ေတာ္၏ အျပစ္သာ အရွင္ဘုရားသည္ျမင္၏။ "
ကဲ သီလရွင္ေတြ ေျပာတာနဲ႔ တူမေနဘူးလား ?။ ေနာက္သူကထပ္ေျပာတယ္...
" ဆရာသည္ သူတစ္ပါးကို မဆုံးမလို၍ ဂႏၶာရတိုင္းကို စြန္႔ျပီး ရေသ့ရဟန္းျပဳလာသူျဖစ္ပါလ်က္ ယခု ဤေတာထဲသို႔ ေရာက္လာျပီးခါမွ အဘယ္ေၾကာင့္ ကြ်ႏ္ုပ္ကို ဆုံးမခ်င္ ေနပါသနည္း " ဟု ဂႏၶာရရေသ့ကို ျပန္ေျပာတယ္။ ဒီလိုဆုံးမတာကို ဝိေဒဟရေသ့က
သည္းခံနိုင္တဲ့ စိတ္ထားမရွိဘူးတဲ့။ ျငိမ္ေနလိုက္ရင္ေကာ မေကာင္းဘူးလား။ ဒီလိုမဟုတ္ဘူး သူကဆန္႔က်င္ဘက္ ရပ္တည္လိုက္တယ္။

ဒါဘာေျပာတာလဲ ။ ဆရာကဆိုဆုံးမရင္ လက္မခံနိုင္တဲ့ စိတ္ထားဘဲ။ " လာမေျပာနဲ႔ ၊မလိုက္နာေတာ့ဘာျဖစ္လဲ " သူေတာ္ေကာင္းဆိုတာ ဒီလိုစိတ္ထားမ်ဳိး ရွိသင့္သလား?။ မရိွသင့္ဘူးေနာ္။ ရိုးရိုးသားသား ဆုိဆုံးမတာကိုေတာ့ ၾသဝါဒ ၊ အျပစ္ျပျပီး ဆိုဆုံးမတာကိုေတာ့ အနုသာသေန လို႔ေခၚပါတယ္။ ငါ့ကို ဆိုဆုံးမေကာင္းလား ဆိုျပီးအခဲမေၾကျဖစ္ေနျပီ။ ဒီလိုဆို ဒီပုဂိၢဳလ္သည္ သူေတာ္ေကာင္း ျဖစ္နိုင္ပါေတာ့မလား။

ဂႏၶာရရေသ့က " အဆုံအမေပးတယ္ဆိုတာ သမၼာသံဗုဒၶဘုရားရွင္ေတြ၊ ပေစၥကေဗာဓိဘုရားရွင္ေတြ ဗုဒၶသားသာဝကေတြ၊ ဘုရားေလာင္းလ်ာေတြရဲ႕ အစဥ္အလာတစ္ခုလည္းျဖစ္တယ္။ ထိုအဆုံးအမကို လူမိုက္တို႕သည္ မလိုက္နာၾကကုန္။ ထိုသို႕ ဆိုဆုံးမသူမွာေတာ့ မည္သည္ ့မေကာင္းမႈမွ မက်ေရာက္နိုင္ေပ " တဲ့။ ဒီလိုဆိုဆုံးမေနတာကို င့ါအားျမဳပ္ႏွံထားတဲ့ေရႊအိုးကို တူးေဖာ္ေပးေနတာ မမည္ဘူးလား။

ဝိေဒဟရေသ့ကထပ္ျပီးေျပာျပန္တယ္ ---
" ဆရာ ဂႏၶာရရေသ့ အက်ဳိးစီပြားတစ္ကို ဆက္စပ္၍ ေျပာတယ္ဆိုရင္လဲ သူတစ္ပါးကို ဆိုဆုံးမတဲ့ သူဟာ၊ သူတစ္ပါးကို ထိပါးပုတ္ခက္၍
ခ်ဳပ္ခ်ယ္ေစာင္းေျမာင္းတဲ့ စကားကို မေျပာသင့္ပါဘူး " လို႔ျပန္ေျပာတယ္။ ဒီေတာ့ သူဘက္ကျပင္ေပးတာကို လက္ခံနိုင္တဲ့ စိတ္ထားရွိလား။
မရိွဘူးေနာ္။ ဒီလိုဆို ဒီပုဂိၢဳလ္အတြက္ ၾကီးပြားတိုးတက္မႈေကာ ျဖစ္နိုင္ပါ့မလား။ မျဖစ္န္ိုင္ဘူး။ ဒီလိုႏႈတ္လွံထိုးေနတယ္။

ဂႏၶာရရေသ့က ျပန္ေျပာတယ္ " ျမတ္စြာဘုရားရွင္တို႔မည္သည္ အိုးထိန္းသည္ကဲ့သို႔ အိုးတို႕အား ေခါက္၍ ေခါက္၍ ၾကည့္၏။
က်က္ေသာအိုးကိုသာယူတယ္။" တဲ့ က်က္တဲ့အိုးဆိုတာဘာလဲ ။ ျမတ္စြာဘုရားရွင္က သာသနာေတာ္မွာ မဂ္ဖိုလ္၌ရပ္တည္နိုင္တဲ့ သူေတာ
္ေကာင္းေတြသာ အေလးဂရုျပဳျပီး တရားေဟာတယ္၊ ဆိုဆုံးမပါတယ္။ဘုရားရွင္ရဲ႕ ဆိုဆုံးမမႈကို အေလးဂရုျပဳျပီး လိုက္နာမႈမရွိသူေတြကို ျမတ္စြာဘုရား တရားမေဟာပါဘူး။

ဒီေတာ့ ဝိေဒဟရေသ့ဟာ က်က္ေနတဲ့အိုးကဲ့သို႔ သူေတာ္ေကာင္းျဖစ္တာေၾကာင့္ ဂႏၶာရ ရေသ့က ဆိုဆုံးမေနတာပါ။ ဝိေဒဟရေသ့ဟာ
အျခားမဟုတ္ပါဘူး အရွင္အာနႏၵာအေလာင္းလ်ာပါ၊ ဂႏၶာရေသ့ကေတာ့ ဘုရားအေလာင္းလ်ာပါ။

ဂႏၶာရရေသ့က ထပ္ေျပာပါတယ္ " ေတာထဲမွာ မ်က္စိကန္းျပီး လွည့္လည္က်က္စားေနရေသာ ကၽႊဲကန္းၾကီးက့ဲသို႔ေသာ သတၱဝါတစ္ဦးက မိ
မိမွာ ကိုယ္ပိုင္ဉာဏ္လည္း မရွိဘူး ဤကကုသိုလ္တရား ဤကားအကုသိုလ္တရား ခြဲျခားသိနိုင္တဲ့ ဉာဏ္မရိွဘူး။ အျပစ္ရွိတဲ့တရား အျပစ္မရွိတဲ့ တရားလို႔လည္း ခြဲျခားနိုင္တဲ့ ဆင္ျခင္ဉာဏ္မရွိဘူး။

ယုတ္ညံ့တဲ့တရား မြန္ျမတ္တဲ့တရားလို႔လည္း ခြဲျခားစိတ္ျဖာျပီး မသိဘူး။ ဤကျဖဴစင္တဲ့တရား ဤကမည္းညစ္တဲ့တရား ခြဲျခားနိုင္တဲ့ဉာဏ္ပညာလည္း မရွိဘူး ။ရွိရင္လဲမက်င့္ဘူး။ ဝိနည္းတရားေတာ္လည္း မရွိဘူး၊ ရွိေသာ္လည္းမက်င့္ဘူး။" ေျပာတယ္။

ဂႏၶာရရေသ့က " ဝိေဒဟ ....လူမ်ားသည္ ကိုယ္တိုင္လည္း ပညာရွိရမည္ (သို႔ ) ဆုံးမတတ္ေသာ ပညာရွိကိုလည္း ဆည္းကပ္ရမည္။
(သို႔) ကိုယ္က်င့္တရား ေကာင္းမြန္ေသာ သူေတာ္ေကာင္းလည္းျဖစ္ရမည္။ ဤသုံးခ်က္တြင္ တစ္ခ်က္မွ်မရွိသူသည္ ကၽႊဲကန္းၾကီးႏွင့္ မည္သို႔မွ် ျခားနားလိမ့္မည္ မဟုတ္ " ဆိုဆုံးမေလ၏။

ထိုအခါမွ သူေတာ္ေကာင္း ဓာတ္ခံရွိတဲ့ ဝိေဒဟရေသ့က " ဆရာ ... ဆရာသည္ တပည့္ေတာ္ကို တစ္ၾကိမ္တစ္ခါလည္း ဆိုဆုံးမေတာ္မူပါ၊
ၾကိမ္ဖန္မ်ားစြာလည္း ထပ္ကာထပ္ကာ ဆိုဆုံးမပါကုန္။ တပည့္ေတာ္သည္ကား သည္းခံျခင္း အေလ့အထမရွိခဲ့ ျခင္းေၾကာင့္ အရွင္ကို ျပန္ေျပာမိခဲ့ေလျပီ။ ဘုရားေတာ္တပည့္ေတာ္အား သနားေသာအားျဖင့္ သည္းခံေပးေတာ္မူပါဘုရား။ "ဟူ၍ ကန္ေတာ့ေလသည္။

ဒီလိုရွိခိုးျပီး ဝန္ခ်ေတာင္းပန္ပါတယ္။ ဒီလိုေတာင္းပန္လိုက္ျခင္းေၾကာင့္ အက်ဳိးတရားေတြ သူ႔မွာ ရရွိသြားပါတယ္။ ဘယ္လို အက်ဳိးတရားေတြလဲ ဂႏၶာရရေသ့က ဝိေဒဟရေသ့ကို စ်ာန္ကသိုဏ္းတို႔ကို သင္ၾကားေပးရာ ဝိေဒဟရေသ့သည္ ေလာကီစ်ာန္ သမာပတ္ရွစ္ပါး ၊ ေလာကီ အဘိညာဥ္ ငါးပါးကို ရရွိသြားတယ္။

ဒီလို ဆိုဆုံးမမႈကို နားခံမႈေၾကာင့္ ဆရာသမားရဲ႕ လွ်ဳိ႕ဝွက္နက္နဲတဲ့ အဆင့္ျမင့္တဲ့ ပညာေတြရမသြားဘူးလား?။ ရသြားတယ္။
ရေသ့ႏွစ္ပါးတို႔သည္ ဟိမဝႏၱာ၌ ညီညီညြတ္ညြတ္ေနထိုင္ကာ ကြယ္လြန္ေသာ ျဗဟၼျပည္သို႔လားရေလတယ္။

ဒီေတာ့ ---
" ခ်စ္သား အာနႏၵာ...... ငါဘုရားသည္ အိုးထိန္းကဲ့သို႔ အိုးတို႔ကို က်က္၏ မက်က္၏တို႔ကို ငါဘုရား ေၾကာင့္ၾကမႈမရွိသည္သာ..။ "
အိုးထိန္းသည္ ဆိုတာ အိုးေလးေတြျပဳလုပ္ျပီး သူကေရာင္းရန္အလို႔ငွာ ဒီအိုးကက်က္တဲ့အိုး ဒီအိုးကမက်က္တဲ့အိုး ဒီအိုးကမက်က္တက်က္အိုး ေခါက္ျပီး စမ္းစစ္မႈဆိုတာျပဳရတယ္။ ဒီလိုဘဲ ငါဘုရားက ခ်စ္သားတို႔အေပၚေၾကာင့္ၾကစိုက္မႈ မရွိပါဘူးတဲ့ ။

ဒီတပည့္က ဣေျႏၵရင့္က်င့္တယ္။ ဒီသာဝကဣေျႏၵ မရင့္က်က္တယ္ ဆိုျပီး သာဝကေတြကိုခြဲတန္းခ်ျပီး ေၾကာင့္ၾကစိုက္ကာမေနပါဘူးတဲ့။
ေၾကာင့္ၾကမစိုက္ဘူးဆိုတာဘာေျပာတာလည္းဆိုေတာ့ ခုလိုတရားေဟာျပီ တရားနာတဲ့ ပရိတ္သတ္ထဲမွာ ပုဂိၢဳလ္အမ်ဳိးမ်ဳိးရွိတယ္။ ဣေျႏၵရင့္သူလည္းပါမယ္၊ မရင့္သူလဲပါမယ္ အ့ဲဒိပုဂိၢဳလ္နဲ႔ ေလ်ာ္ညီေအာင္ တရားအမ်ဳိးမ်ဳိးကိုေၾကာင့္က်စိုက္ျပီး ေဟာေနရင္ တရားေတြက အစီအစဥ္က်ဖို႔ရာမျဖစ္နိုင္ပါဘူး။

" ငါဘုရားသည္ တရားေတာ္အားေဟာၾကားရာ၌ ခ်ီးေျမာက္သင့္ေသာ ပုဂၢိဳလ္အား ခ်ီးေျမာက္၍လည္းေကာင္း ၊ ႏွိပ္ကြက္သင့္တဲ့ ပုဂိၢဳလ္အား ႏွိပ္ကြက္၍ တရားေတာ္အား ေဟာေတာ္မူတယ္။ " စဥ္စားၾကည့္ပါ ႏွိပ္ကြက္ျပီးေဟာရမယ့္ ပုဂိၢဳလ္ကို ခ်ီးေျမာက္ျပီးေဟာရင္ ဒီပုဂၢိဳလ္က မေကာင္းတာေတြဘဲ ဆက္၍လုပ္ေနမယ္။ အက်ဳိးမယုတ္နိုင္ဘူးလား ။ ခ်ီးေျမာက္သင့္ ခ်ီးေျမာက္ထိုက္သူကို ႏွိပ္ကြက္လိုက္တဲ့အတြက္ ဒီပုဂိၢဳလ္မွာ တိုးတက္မႈေတြ ရပ္တန္႔ျပီး မသြားနိုင္ဘူးလား။ ရပ္တန္႔သြားနိုင္တယ္။

" ငါဘုရားသည္ တစ္ခါတေလ ႏွိပ္ကြက္၍ ေဟာတယ္။ တစ္ခါတေလ ခ်ီးေျမာက္၍ ေဟာတယ္ ။ အဲ့ဒိလိုေဟာတယ္ဆိုေပမယ့္ မဂ္ဖိုလ္နိဗၺာ
န္၏ အႏွစ္သာရမွာ ရပ္တည္ေနတဲ့ သူေတာ္ေကာင္းကေတာ့ ငါဘုရားရွင္၏ သာသနာေတာ္မွာ တည္တန္႔ေနေပလိမ့္မည္။ " ဘယ္လိုႏွိပ္ကြက္ေပမယ့္ သာသနာေတာ္ရဲ႕
မဂ္ဖိုလ္နိဗၺာန္အႏွစ္သာရကို သိေနရင္ သာသနာေတာ္ကခြဲဦးမလား။ မခဲြေတာ့ဘူး။ ဘယ္လိုပင္ ခ်ီးေျမာက္္ေပမယ့္ သာသနာေတာ္ရဲ႕
မဂ္ဖိုလ္နိဗၺာန္အႏွစ္သာရကို သိေနရင္ သာသနာေတာ္ကခြဲဦးမလား။ မခဲြေတာ့ဘူး။

ဒီလိုဘဲ ဆရာသမားေတြက သင့္ေလ်ာ္ေလ်ာက္ပတ္တဲ့ ဆိုဆုံးမမႈေတြကို လိုက္နာတဲ့သူက တိုးတက္မသြားနိုင္ဘူးလား။ မလိုက္နာတဲ့ပုဂိၢဳလ္ကို ဆရာသမားေတြက ဆိုဆုံးမခ်င္တဲ့ စိတ္ထားရွိခ်င္ေသးလား ?။ မရွိေတာ့ဘူး။ တစ္ခါဆုံးမလည္း မလိုက္နာဘူး ၊ႏွစ္ခါဆုံးမလည္း
မလိုက္နာဘူး ၊ သုံးခါဆုံးမေတာ့လည္း မလိုက္နာဘူး ။
ၾကာေတာ့ ဆရာသမားဘက္က စိတ္ကုန္မသြားဘူးလား?။ စိတ္ကုန္သြားတယ္။ ဆိုဆုံးမလို႔ လိုက္နာ ျပဳက်င့္မယ္ဆို ဆရာသမားဘက္က ထပ္ကာ ထပ္ကာ သင္ေပးခ်င္တဲ့ ဆႏၵဓာတ္ေတြေပၚလာပါတယ္။

ဆိုဆုံးမလို႔ လိုက္နာ ျပဳက်င့္တဲ့သူဟာ ေကာင္းမြန္စြာဆိုဆုံးမထားအပ္ျပီး က်င့္ဝတ္ေတြနဲ႔ ျပည့္စုံတဲ့ သူေတာ္ေကာင္းတစ္ဦးျဖစ္သြားမယ္။ ေကာင္းမြန္စြာဆိုဆုံးမထားအပ္ျပီး က်င့္ဝတ္ေတြနဲ႔ ျပည့္စုံတဲ့ သူေတာ္ေကာင္းတစ္ဦး၏ စိတ္သည္ တျဖည္းျဖည္း တည္ၾကည္လာတယ္တဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:"ဖားေအာက္ေတာရဆရာေတာ္ "
# Unicode Version # ျဖင့္ ဖတ္ပါ #

ဆရာသမားက ဆိုဆုံးမတဲ့အခါ " မလိုက်နာဘူးဘာဖြစ်လဲ " ။ အဲ့ဒီအကြောင်းနဲ့ ပတ်သတ်လို့ " ဂန္ဓာရ ဇာတ် " လေးကိုဟောဖို့ရှိပါတယ်။ ဒီဇာတ်လေးက မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေစဉ်က ရဟန်းတော်တွေ ဘေသဇ္ဇ လို့ခေါ်တဲ့ ဆေးပစ္စည်းတွေကို သိုမှီးသိမ်းဆည်းကို အကြောင်းကိုပြုပြီး ဆိုဆုံးမခဲ့ပါတယ်။

ဂန္ဓာရတိုင်းကို အုပ်စိုးနေသော ဂန္ဓာရမင်းနဲ့ ဝိဒေဟတိုင်းကို အစိုးရသော ဝိဒေဟမင်းတို့ဟာ လူခြင်းမတွေ့ပေမယ့် အဆွေခင်ပွန်းများဖြစ်ကြပါတယ်။ ဂန္ဓာရမင်း သည် တစ်နေ့ သံဝေဂရစရာအကြောင်း ပေါ်လာ၍ မင်းစည်းစိမ်ကို စွန့်ကာ ရသေ့ရဟန်းပြု၍ ဟိမဝန္တာသို့ဝင်ကာ တောထွက်လေသည်။ ဒီအကြောင်းကိုကြားတော့ ဝိဒေဟမင်း လည်း လိုက်၍ ရသေ့ရဟန်းပြုကာ တောထွက်လေသည်။

ရသေ့နှစ်ပါးသည် တောထဲ၌သစ်သီးသစ်ဥကိုသာစားပြီး နေထိုင်လာရာက နှစ်ကာလကြာလာသောအခါ အချဉ် ဆားကို မှီဝဲရန် အလို့ငှာ ဟိမဝန္တာ မှထွက်ကာ နယ်စွန်ရွာလေးတစ်ရွာသို့ ချဉ်းကပ်၍ ဆွမ်းခံကြ၏။ ရွာသူရွာသားတို့သည် တစ်ခါတရံ ဆားမပါသော ဆွမ်းကိုလောင်းလှူတတ်ကြသဖြင့် ဆားခပ်များများရသော ဝိဒေဟရသေ့သည် ဆားအနည်ကို ဖက်နှင့်ထုပ်၍ သက်ငယ်အမိုးကြား၌ ထိုးညှပ်ထားသည်။

ဆားရသော တစ်နေ့တွင် ဝိဒေဟရသေ့သည် ခေါင်မိုးကြားကဆားထုပ်ကိုယူကာ ဂန္ဓာရရသေ့အားကပ်လိုက်၏။ ထိုအခါ ဂန္ဓာရရသေ့က " ဒီနေ့ဆားမရပါဘူးကွယ် သင်ဘယ်ကရသလဲ " လို့မေးမြန်း၏။ ဝိဒေဟရသေ့က အကြောင်းကိုပြောပြ၏။
ဂန္ဓာရရသေ့က " မဂ်ဖိုလ်မှ အချည်းအနှီးဖြစ်သော ယောကျ်ား ၊ သင်သည် ယူဇာနာသုံးရာရှိသော ဝိဒေဟတိုင်းကို စွန့်ထားခဲ့ပြီးမှ
ရသေ့ရဟန်းပြုလာသူဖြစ်ပါလျက် ယခု ဤဆားလေး တစ်ပွင့် နှစ်ပွင့်ကို တပ်စွန်းနေဘိသည် " ဟု ဆုံးမ စကားဆိုလေသည်။

ဝိဒေဟရသေ့က " အရှင်ဘုရားသည် မိမိအပြစ်ကို မမြင်ဘဲ တပည့်တော်၏ အပြစ်သာ အရှင်ဘုရားသည်မြင်၏။ "
ကဲ သီလရှင်တွေ ပြောတာနဲ့ တူမနေဘူးလား ?။ နောက်သူကထပ်ပြောတယ်...
" ဆရာသည် သူတစ်ပါးကို မဆုံးမလို၍ ဂန္ဓာရတိုင်းကို စွန့်ပြီး ရသေ့ရဟန်းပြုလာသူဖြစ်ပါလျက် ယခု ဤတောထဲသို့ ရောက်လာပြီးခါမှ အဘယ်ကြောင့် ကျွန်ုပ်ကို ဆုံးမချင် နေပါသနည်း " ဟု ဂန္ဓာရရသေ့ကို ပြန်ပြောတယ်။ ဒီလိုဆုံးမတာကို ဝိဒေဟရသေ့က
သည်းခံနိုင်တဲ့ စိတ်ထားမရှိဘူးတဲ့။ ငြိမ်နေလိုက်ရင်ကော မကောင်းဘူးလား။ ဒီလိုမဟုတ်ဘူး သူကဆန့်ကျင်ဘက် ရပ်တည်လိုက်တယ်။

ဒါဘာပြောတာလဲ ။ ဆရာကဆိုဆုံးမရင် လက်မခံနိုင်တဲ့ စိတ်ထားဘဲ။ " လာမပြောနဲ့ ၊မလိုက်နာတော့ဘာဖြစ်လဲ " သူတော်ကောင်းဆိုတာ ဒီလိုစိတ်ထားမျိုး ရှိသင့်သလား?။ မရှိသင့်ဘူးနော်။ ရိုးရိုးသားသား ဆိုဆုံးမတာကိုတော့ သြဝါဒ ၊ အပြစ်ပြပြီး ဆိုဆုံးမတာကိုတော့ အနုသာသနေ လို့ခေါ်ပါတယ်။ ငါ့ကို ဆိုဆုံးမကောင်းလား ဆိုပြီးအခဲမကြေဖြစ်နေပြီ။ ဒီလိုဆို ဒီပုဂ္ဂိုလ်သည် သူတော်ကောင်း ဖြစ်နိုင်ပါတော့မလား။

ဂန္ဓာရရသေ့က " အဆုံအမပေးတယ်ဆိုတာ သမ္မာသံဗုဒ္ဓဘုရားရှင်တွေ၊ ပစ္စေကဗောဓိဘုရားရှင်တွေ ဗုဒ္ဓသားသာဝကတွေ၊ ဘုရားလောင်းလျာတွေရဲ့ အစဉ်အလာတစ်ခုလည်းဖြစ်တယ်။ ထိုအဆုံးအမကို လူမိုက်တို့သည် မလိုက်နာကြကုန်။ ထိုသို့ ဆိုဆုံးမသူမှာတော့ မည်သည့်မကောင်းမှုမှ မကျရောက်နိုင်ပေ " တဲ့။ ဒီလိုဆိုဆုံးမနေတာကို င့ါအားမြုပ်နှံထားတဲ့ရွှေအိုးကို တူးဖော်ပေးနေတာ မမည်ဘူးလား။

ဝိဒေဟရသေ့ကထပ်ပြီးပြောပြန်တယ် ---
" ဆရာ ဂန္ဓာရရသေ့ အကျိုးစီပွားတစ်ကို ဆက်စပ်၍ ပြောတယ်ဆိုရင်လဲ သူတစ်ပါးကို ဆိုဆုံးမတဲ့ သူဟာ၊ သူတစ်ပါးကို ထိပါးပုတ်ခက်၍
ချုပ်ချယ်စောင်းမြောင်းတဲ့ စကားကို မပြောသင့်ပါဘူး " လို့ပြန်ပြောတယ်။ ဒီတော့ သူဘက်ကပြင်ပေးတာကို လက်ခံနိုင်တဲ့ စိတ်ထားရှိလား။
မရှိဘူးနော်။ ဒီလိုဆို ဒီပုဂ္ဂိုလ်အတွက် ကြီးပွားတိုးတက်မှုကော ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ဘူး။ ဒီလိုနှုတ်လှံထိုးနေတယ်။

ဂန္ဓာရရသေ့က ပြန်ပြောတယ် " မြတ်စွာဘုရားရှင်တို့မည်သည် အိုးထိန်းသည်ကဲ့သို့ အိုးတို့အား ခေါက်၍ ခေါက်၍ ကြည့်၏။
ကျက်သောအိုးကိုသာယူတယ်။" တဲ့ ကျက်တဲ့အိုးဆိုတာဘာလဲ ။ မြတ်စွာဘုရားရှင်က သာသနာတော်မှာ မဂ်ဖိုလ်၌ရပ်တည်နိုင်တဲ့ သူတော
်ကောင်းတွေသာ အလေးဂရုပြုပြီး တရားဟောတယ်၊ ဆိုဆုံးမပါတယ်။ဘုရားရှင်ရဲ့ ဆိုဆုံးမမှုကို အလေးဂရုပြုပြီး လိုက်နာမှုမရှိသူတွေကို မြတ်စွာဘုရား တရားမဟောပါဘူး။

ဒီတော့ ဝိဒေဟရသေ့ဟာ ကျက်နေတဲ့အိုးကဲ့သို့ သူတော်ကောင်းဖြစ်တာကြောင့် ဂန္ဓာရ ရသေ့က ဆိုဆုံးမနေတာပါ။ ဝိဒေဟရသေ့ဟာ
အခြားမဟုတ်ပါဘူး အရှင်အာနန္ဒာအလောင်းလျာပါ၊ ဂန္ဓာရသေ့ကတော့ ဘုရားအလောင်းလျာပါ။

ဂန္ဓာရရသေ့က ထပ်ပြောပါတယ် " တောထဲမှာ မျက်စိကန်းပြီး လှည့်လည်ကျက်စားနေရသော ကျွှဲကန်းကြီးကဲ့သို့သော သတ္တဝါတစ်ဦးက မိ
မိမှာ ကိုယ်ပိုင်ဉာဏ်လည်း မရှိဘူး ဤကကုသိုလ်တရား ဤကားအကုသိုလ်တရား ခွဲခြားသိနိုင်တဲ့ ဉာဏ်မရှိဘူး။ အပြစ်ရှိတဲ့တရား အပြစ်မရှိတဲ့ တရားလို့လည်း ခွဲခြားနိုင်တဲ့ ဆင်ခြင်ဉာဏ်မရှိဘူး။

ယုတ်ညံ့တဲ့တရား မွန်မြတ်တဲ့တရားလို့လည်း ခွဲခြားစိတ်ဖြာပြီး မသိဘူး။ ဤကဖြူစင်တဲ့တရား ဤကမည်းညစ်တဲ့တရား ခွဲခြားနိုင်တဲ့ဉာဏ်ပညာလည်း မရှိဘူး ။ရှိရင်လဲမကျင့်ဘူး။ ဝိနည်းတရားတော်လည်း မရှိဘူး၊ ရှိသော်လည်းမကျင့်ဘူး။" ပြောတယ်။

ဂန္ဓာရရသေ့က " ဝိဒေဟ ....လူများသည် ကိုယ်တိုင်လည်း ပညာရှိရမည် (သို့ ) ဆုံးမတတ်သော ပညာရှိကိုလည်း ဆည်းကပ်ရမည်။
(သို့) ကိုယ်ကျင့်တရား ကောင်းမွန်သော သူတော်ကောင်းလည်းဖြစ်ရမည်။ ဤသုံးချက်တွင် တစ်ချက်မျှမရှိသူသည် ကျွှဲကန်းကြီးနှင့် မည်သို့မျှ ခြားနားလိမ့်မည် မဟုတ် " ဆိုဆုံးမလေ၏။

ထိုအခါမှ သူတော်ကောင်း ဓာတ်ခံရှိတဲ့ ဝိဒေဟရသေ့က " ဆရာ ... ဆရာသည် တပည့်တော်ကို တစ်ကြိမ်တစ်ခါလည်း ဆိုဆုံးမတော်မူပါ၊
ကြိမ်ဖန်များစွာလည်း ထပ်ကာထပ်ကာ ဆိုဆုံးမပါကုန်။ တပည့်တော်သည်ကား သည်းခံခြင်း အလေ့အထမရှိခဲ့ ခြင်းကြောင့် အရှင်ကို ပြန်ပြောမိခဲ့လေပြီ။ ဘုရားတော်တပည့်တော်အား သနားသောအားဖြင့် သည်းခံပေးတော်မူပါဘုရား။ "ဟူ၍ ကန်တော့လေသည်။

ဒီလိုရှိခိုးပြီး ဝန်ချတောင်းပန်ပါတယ်။ ဒီလိုတောင်းပန်လိုက်ခြင်းကြောင့် အကျိုးတရားတွေ သူ့မှာ ရရှိသွားပါတယ်။ ဘယ်လို အကျိုးတရားတွေလဲ ဂန္ဓာရရသေ့က ဝိဒေဟရသေ့ကို ဈာန်ကသိုဏ်းတို့ကို သင်ကြားပေးရာ ဝိဒေဟရသေ့သည် လောကီဈာန် သမာပတ်ရှစ်ပါး ၊ လောကီ အဘိညာဉ် ငါးပါးကို ရရှိသွားတယ်။

ဒီလို ဆိုဆုံးမမှုကို နားခံမှုကြောင့် ဆရာသမားရဲ့ လျှို့ဝှက်နက်နဲတဲ့ အဆင့်မြင့်တဲ့ ပညာတွေရမသွားဘူးလား?။ ရသွားတယ်။
ရသေ့နှစ်ပါးတို့သည် ဟိမဝန္တာ၌ ညီညီညွတ်ညွတ်နေထိုင်ကာ ကွယ်လွန်သော ဗြဟ္မပြည်သို့လားရလေတယ်။

ဒီတော့ ---
" ချစ်သား အာနန္ဒာ...... ငါဘုရားသည် အိုးထိန်းကဲ့သို့ အိုးတို့ကို ကျက်၏ မကျက်၏တို့ကို ငါဘုရား ကြောင့်ကြမှုမရှိသည်သာ..။ "
အိုးထိန်းသည် ဆိုတာ အိုးလေးတွေပြုလုပ်ပြီး သူကရောင်းရန်အလို့ငှာ ဒီအိုးကကျက်တဲ့အိုး ဒီအိုးကမကျက်တဲ့အိုး ဒီအိုးကမကျက်တကျက်အိုး ခေါက်ပြီး စမ်းစစ်မှုဆိုတာပြုရတယ်။ ဒီလိုဘဲ ငါဘုရားက ချစ်သားတို့အပေါ်ကြောင့်ကြစိုက်မှု မရှိပါဘူးတဲ့ ။

ဒီတပည့်က ဣန္ဒြေရင့်ကျင့်တယ်။ ဒီသာဝကဣန္ဒြေ မရင့်ကျက်တယ် ဆိုပြီး သာဝကတွေကိုခွဲတန်းချပြီး ကြောင့်ကြစိုက်ကာမနေပါဘူးတဲ့။
ကြောင့်ကြမစိုက်ဘူးဆိုတာဘာပြောတာလည်းဆိုတော့ ခုလိုတရားဟောပြီ တရားနာတဲ့ ပရိတ်သတ်ထဲမှာ ပုဂ္ဂိုလ်အမျိုးမျိုးရှိတယ်။ ဣန္ဒြေရင့်သူလည်းပါမယ်၊ မရင့်သူလဲပါမယ် အဲ့ဒိပုဂ္ဂိုလ်နဲ့ လျော်ညီအောင် တရားအမျိုးမျိုးကိုကြောင့်ကျစိုက်ပြီး ဟောနေရင် တရားတွေက အစီအစဉ်ကျဖို့ရာမဖြစ်နိုင်ပါဘူး။

" ငါဘုရားသည် တရားတော်အားဟောကြားရာ၌ ချီးမြောက်သင့်သော ပုဂ္ဂိုလ်အား ချီးမြောက်၍လည်းကောင်း ၊ နှိပ်ကွက်သင့်တဲ့ ပုဂ္ဂိုလ်အား နှိပ်ကွက်၍ တရားတော်အား ဟောတော်မူတယ်။ " စဉ်စားကြည့်ပါ နှိပ်ကွက်ပြီးဟောရမယ့် ပုဂ္ဂိုလ်ကို ချီးမြောက်ပြီးဟောရင် ဒီပုဂ္ဂိုလ်က မကောင်းတာတွေဘဲ ဆက်၍လုပ်နေမယ်။ အကျိုးမယုတ်နိုင်ဘူးလား ။ ချီးမြောက်သင့် ချီးမြောက်ထိုက်သူကို နှိပ်ကွက်လိုက်တဲ့အတွက် ဒီပုဂ္ဂိုလ်မှာ တိုးတက်မှုတွေ ရပ်တန့်ပြီး မသွားနိုင်ဘူးလား။ ရပ်တန့်သွားနိုင်တယ်။

" ငါဘုရားသည် တစ်ခါတလေ နှိပ်ကွက်၍ ဟောတယ်။ တစ်ခါတလေ ချီးမြောက်၍ ဟောတယ် ။ အဲ့ဒိလိုဟောတယ်ဆိုပေမယ့် မဂ်ဖိုလ်နိဗ္ဗာ
န်၏ အနှစ်သာရမှာ ရပ်တည်နေတဲ့ သူတော်ကောင်းကတော့ ငါဘုရားရှင်၏ သာသနာတော်မှာ တည်တန့်နေပေလိမ့်မည်။ " ဘယ်လိုနှိပ်ကွက်ပေမယ့် သာသနာတော်ရဲ့
မဂ်ဖိုလ်နိဗ္ဗာန်အနှစ်သာရကို သိနေရင် သာသနာတော်ကခွဲဦးမလား။ မခွဲတော့ဘူး။ ဘယ်လိုပင် ချီးမြောက်ပေမယ့် သာသနာတော်ရဲ့
မဂ်ဖိုလ်နိဗ္ဗာန်အနှစ်သာရကို သိနေရင် သာသနာတော်ကခွဲဦးမလား။ မခွဲတော့ဘူး။

ဒီလိုဘဲ ဆရာသမားတွေက သင့်လျော်လျောက်ပတ်တဲ့ ဆိုဆုံးမမှုတွေကို လိုက်နာတဲ့သူက တိုးတက်မသွားနိုင်ဘူးလား။ မလိုက်နာတဲ့ပုဂ္ဂိုလ်ကို ဆရာသမားတွေက ဆိုဆုံးမချင်တဲ့ စိတ်ထားရှိချင်သေးလား ?။ မရှိတော့ဘူး။ တစ်ခါဆုံးမလည်း မလိုက်နာဘူး ၊နှစ်ခါဆုံးမလည်း
မလိုက်နာဘူး ၊ သုံးခါဆုံးမတော့လည်း မလိုက်နာဘူး ။
ကြာတော့ ဆရာသမားဘက်က စိတ်ကုန်မသွားဘူးလား?။ စိတ်ကုန်သွားတယ်။ ဆိုဆုံးမလို့ လိုက်နာ ပြုကျင့်မယ်ဆို ဆရာသမားဘက်က ထပ်ကာ ထပ်ကာ သင်ပေးချင်တဲ့ ဆန္ဒဓာတ်တွေပေါ်လာပါတယ်။

ဆိုဆုံးမလို့ လိုက်နာ ပြုကျင့်တဲ့သူဟာ ကောင်းမွန်စွာဆိုဆုံးမထားအပ်ပြီး ကျင့်ဝတ်တွေနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတစ်ဦးဖြစ်သွားမယ်။ ကောင်းမွန်စွာဆိုဆုံးမထားအပ်ပြီး ကျင့်ဝတ်တွေနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတစ်ဦး၏ စိတ်သည် တဖြည်းဖြည်း တည်ကြည်လာတယ်တဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit:"ဖားအောက်တောရဆရာတော် "
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top