လွပတဲ့ ျမိဳ႔ေလးတစ္ျမိဳ႕ရဲ႕ ျမိဳ႕လယ္ေခါင္မွာ ျပတိုက္ေလးတစ္ခု ရွိပါတယ္။ အဲဒီျပတိုက္ေလးဟာ ေန႔စဥ္ နိုင္ငံတကာက လာေရာက္ၾကည့္ရႈသူေတြနဲ႔ စည္ကားေနပါတယ္။ ျပတိုက္ကို လူေတြအမ်ားၾကီး လာေရာက္ၾကည့္ၾကတဲ့ အေၾကာင္းရင္းက ျပတိုက္ရဲ႕ ခန္းမတစ္ခုထဲမွာ ျပထားတဲ့ လက္ရာေျမာက္လွပလြန္းတဲ့ အျဖဴေရာင္ စက်င္ေက်ာက္နဲ႔ ထုလုပ္ထားတဲ့ လူပံု ရုပ္ထုၾကီးတစ္ခုကို လာၾကည့္ၾကတာပါ။ တစ္ရက္ ျပခန္းကိုမဖြင့္ခင္မွာ ျပခန္းရဲ႕ၾကမ္းကို ခင္းထားတဲ့ စက်င္ေက်ာက္ျပားက ရုပ္ထုကို လွမ္းစကားေျပာလိုက္တယ္။

ေက်ာက္ျပား . . . “ေဟ့ေကာင္ ရုပ္ထု၊ လူေတြဟာ မင္းကို ရင္သပ္ရႈေမာလာၾကည့္ၾကတယ္။ မင္းကို လွပလြန္းတယ္ဆိုျပီး ခ်ီးက်ဴးၾကတယ္။ ငါ့ကိုက်ေတာ့ တစ္ေယာက္မွ ဂရုမစိုက္တဲ့အျပင္ ငါ့အေပၚလည္း ဖိနပ္ေတြနဲ႔ တက္နင္းၾကေသးတယ္။ ေလာကၾကီး မတရားဘူးပါကြာ၊ ဟုတ္တယ္ မဟုတ္လား”

ရုပ္ထု . . . “မိတ္ေဆြေက်ာက္ျပားရယ္၊ ငါတုိ႔ဟာ ေတာင္ၾကားတစ္ခုက အတူေနလာခဲ့ၾကတဲ့ စက်င္ေက်ာက္ေတြ အတူတူပါပဲေလ။ အဲဒီလို စိတ္မပ်က္ပါနဲ႔ဗ်ာ”

ေက်ာက္ျပား . . . “စိတ္ပ်က္တာထက္ ငါ၀မ္းနည္းတာကြ။ မင္းပဲ စဥ္းစားၾကည့္ေလ။ ငါတို႔ဟာ တစ္ေနရာထဲမွာ ေတြ႔တဲ့ စက်င္ေက်ာက္ခ်င္းအတူတူ လူေတြက မင္းကို ၾကည့္ျပီး ခ်ီးပြမ္းၾကတယ္။ ငါ့ကိုေတာ့ ဖုတ္ေလတဲ့ငပိ ရွိတယ္လို႔႔ေတာင္ မေအာက္ေမ့ၾကဘူးကြာ”

ရုပ္ထု . . . “မိတ္ေဆြ ေျပာတာ မွန္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ကို ပန္းပုဆရာက ပထမဆံုး ထုလုပ္တဲ့ ေန႔ကို မွတ္မိေသးရဲ႕လား။ သူက မိတ္ေဆြကို ရုပ္ထုအျဖစ္ အရင္ထုလုပ္တာေလ။ မိတ္ေဆြက သူထုတာကို မခံခ်င္လို႔ ျငင္းတာေလ”

ေက်ာက္ျပား . . . “ငါေကာင္းေကာင္း မွတ္မိတာေပါ့ကြာ။ သူ ငါ့ကို တူနဲ႔ ေဆာက္ကို သံုးျပီး ငါ့ကို ဖဲ့ေတာ့ ငါအရမ္းနာတာ ေပါ့ကြာ။ ဒါေၾကာင့္ သူထုတဲ့ေနရာက ငါ့အသားကို အပဲ့မခံဘဲ တျခားေနရာေတြကို ပဲ့ေပးလိုက္တယ္ေလ။ ငါ စိတ္ပ်က္ ေနတဲ့ အဲဒီလူၾကီးမ်က္နွာကို ျမင္ေယာင္ေနေသးတယ္။ ငါ အဲဒီလူၾကီးကို အရမ္းမုန္းတယ္ကြာ”

ရုပ္ထု . . . “သူဟာ မိတ္ေဆြကို ရုပ္ထု,ထုဖို႔ ၾကိဳးစားတိုင္း မိတ္ေဆြက သူထုတဲ့ ေနရက အသားကို မပဲ့ဘဲ မဆိုင္တဲ့ ေနရာေတြက အသားေတြ ပဲ့ျပတယ္။ သူလည္း မိတ္ေဆြကို အမ်ိဳးမ်ိဳးၾကိဳးစားထုေပမယ့္ ဘယ္လုိမွ ထုမရလို႔ လက္ေလွ်ာ့ လိုက္တယ္။ ဒါေၾကာင့္ သူက ငါ့ကို တူ ေဆာက္ေတြနဲ႔ ထုျပန္တယ္။ ငါ အရမ္းနာက်င္ေပမယ့္ ၾကိတ္မွိတ္ျပီး သည္းခံတယ္။ ငါ ဘာေၾကာင့္ သည္းခံခဲ့တာလဲဆိုေတာ့ သူဟာ ငါ့ကို အလြန္လွပတဲ့ ရုပ္ထုျဖစ္ေအာင္ လုပ္ေပးေနမွန္း သိလို႔ပါ”

ေက်ာက္ျပား . . . “’ဒါေပမဲ့ သူ ထုတာေတြက အရမ္းနာတယ္ကြ။ ငါ မခံနိုင္ဘူး”

ရုပ္ထု . . . “မိတ္ေဆြရယ္၊ ေလာကမွာ တစ္ခုခုကို လိုခ်င္ရင္ တစ္ခုခုကို ျပန္ေပးဆပ္ရတယ္ဆိုတဲ့ စကားရွိပါတယ္။ မိတ္ေဆြကို လွပတဲ့ ရုပ္ထုျဖစ္ေအာင္ ပန္းပုဆရာက ပထမဆံုး အခြင့္အေရးေပးခဲ့တာပါ။ ဒါေပမဲ့ မိတ္ေဆြဟာ အသားနာ တာ အသားပဲ့တာကို မခံနိုင္လို႔ အဲဒီအခြင့္အလမ္းကို ျငင္းပယ္တာေၾကာင့္ လူတကာရဲ႕ ဖိနပ္ေတြနဲ႔ တက္နင္း ခံေနရတဲ့ ၾကမ္းခင္းေက်ာက္ျပားျဖစ္ေနတယ္ပါ။ တကယ္ေတာ့ ဘယ္သူမျပဳ မိမိမႈပါေလ”

ေက်ာက္ျပားလည္း ဘာမွျပန္မေျပာေတာ့ဘဲ ျငိမ္ေနျပီး အခြင့္အလမ္းရတာကို မယူခဲ့တဲ့ သူ႔အျဖစ္ကို ျပန္ေတြးရင္း ေနာင္တရေနပါတယ္။

ဒါဟာ ပံုျပင္ေလးဆိုေပမယ့္ သင္ခန္းစာယူစရာေတြ ပါေနပါတယ္။ ကၽြန္ေတာ္တို႔လည္း ဘ၀မွာ အခြင့္အလမ္းေတြ ရတတ္ ၾကပါတယ္။ ဒါေပမဲ့ အခြင့္အလမ္းကို ယူလိုက္ရင္ ပင္ပန္းမယ္၊ စိတ္မသက္မသာျဖစ္မယ္၊ နာက်င္မယ္၊ ေပ်ာ္သလို မေနနိုင္ ေတာ့ဘူးဆိုျပီး အခြင့္အလမ္းကို လက္လႊတ္ဆံုးရံႈးခံလိုက္တယ္။ အဲဒီလိုျဖစ္ရင္ ၾကမ္းခင္းေက်ာက္ျပားလိုပဲ ေနာင္မွ ေနာင္တ ရ တဲ့ အျဖစ္မ်ိဳးနဲ႔ ၾကံဳေတြ႔ရမယ္ဆိုတာကို သတိျပဳေစခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗန္းေမာ္သိန္းေဖ
# Unicode Version # ျဖင့္ ဖတ္ပါ #

လှပတဲ့ မြို့လေးတစ်မြို့ရဲ့ မြို့လယ်ခေါင်မှာ ပြတိုက်လေးတစ်ခု ရှိပါတယ်။ အဲဒီပြတိုက်လေးဟာ နေ့စဉ် နိုင်ငံတကာက လာရောက်ကြည့်ရှုသူတွေနဲ့ စည်ကားနေပါတယ်။ ပြတိုက်ကို လူတွေအများကြီး လာရောက်ကြည့်ကြတဲ့ အကြောင်းရင်းက ပြတိုက်ရဲ့ ခန်းမတစ်ခုထဲမှာ ပြထားတဲ့ လက်ရာမြောက်လှပလွန်းတဲ့ အဖြူရောင် စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ လူပုံ ရုပ်ထုကြီးတစ်ခုကို လာကြည့်ကြတာပါ။ တစ်ရက် ပြခန်းကိုမဖွင့်ခင်မှာ ပြခန်းရဲ့ကြမ်းကို ခင်းထားတဲ့ စကျင်ကျောက်ပြားက ရုပ်ထုကို လှမ်းစကားပြောလိုက်တယ်။

ကျောက်ပြား . . . “ဟေ့ကောင် ရုပ်ထု၊ လူတွေဟာ မင်းကို ရင်သပ်ရှုမောလာကြည့်ကြတယ်။ မင်းကို လှပလွန်းတယ်ဆိုပြီး ချီးကျူးကြတယ်။ ငါ့ကိုကျတော့ တစ်ယောက်မှ ဂရုမစိုက်တဲ့အပြင် ငါ့အပေါ်လည်း ဖိနပ်တွေနဲ့ တက်နင်းကြသေးတယ်။ လောကကြီး မတရားဘူးပါကွာ၊ ဟုတ်တယ် မဟုတ်လား”

ရုပ်ထု . . . “မိတ်ဆွေကျောက်ပြားရယ်၊ ငါတို့ဟာ တောင်ကြားတစ်ခုက အတူနေလာခဲ့ကြတဲ့ စကျင်ကျောက်တွေ အတူတူပါပဲလေ။ အဲဒီလို စိတ်မပျက်ပါနဲ့ဗျာ”

ကျောက်ပြား . . . “စိတ်ပျက်တာထက် ငါဝမ်းနည်းတာကွ။ မင်းပဲ စဉ်းစားကြည့်လေ။ ငါတို့ဟာ တစ်နေရာထဲမှာ တွေ့တဲ့ စကျင်ကျောက်ချင်းအတူတူ လူတွေက မင်းကို ကြည့်ပြီး ချီးပွမ်းကြတယ်။ ငါ့ကိုတော့ ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မအောက်မေ့ကြဘူးကွာ”

ရုပ်ထု . . . “မိတ်ဆွေ ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ပန်းပုဆရာက ပထမဆုံး ထုလုပ်တဲ့ နေ့ကို မှတ်မိသေးရဲ့လား။ သူက မိတ်ဆွေကို ရုပ်ထုအဖြစ် အရင်ထုလုပ်တာလေ။ မိတ်ဆွေက သူထုတာကို မခံချင်လို့ ငြင်းတာလေ”

ကျောက်ပြား . . . “ငါကောင်းကောင်း မှတ်မိတာပေါ့ကွာ။ သူ ငါ့ကို တူနဲ့ ဆောက်ကို သုံးပြီး ငါ့ကို ဖဲ့တော့ ငါအရမ်းနာတာ ပေါ့ကွာ။ ဒါကြောင့် သူထုတဲ့နေရာက ငါ့အသားကို အပဲ့မခံဘဲ တခြားနေရာတွေကို ပဲ့ပေးလိုက်တယ်လေ။ ငါ စိတ်ပျက် နေတဲ့ အဲဒီလူကြီးမျက်နှာကို မြင်ယောင်နေသေးတယ်။ ငါ အဲဒီလူကြီးကို အရမ်းမုန်းတယ်ကွာ”

ရုပ်ထု . . . “သူဟာ မိတ်ဆွေကို ရုပ်ထု,ထုဖို့ ကြိုးစားတိုင်း မိတ်ဆွေက သူထုတဲ့ နေရက အသားကို မပဲ့ဘဲ မဆိုင်တဲ့ နေရာတွေက အသားတွေ ပဲ့ပြတယ်။ သူလည်း မိတ်ဆွေကို အမျိုးမျိုးကြိုးစားထုပေမယ့် ဘယ်လိုမှ ထုမရလို့ လက်လျှော့ လိုက်တယ်။ ဒါကြောင့် သူက ငါ့ကို တူ ဆောက်တွေနဲ့ ထုပြန်တယ်။ ငါ အရမ်းနာကျင်ပေမယ့် ကြိတ်မှိတ်ပြီး သည်းခံတယ်။ ငါ ဘာကြောင့် သည်းခံခဲ့တာလဲဆိုတော့ သူဟာ ငါ့ကို အလွန်လှပတဲ့ ရုပ်ထုဖြစ်အောင် လုပ်ပေးနေမှန်း သိလို့ပါ”

ကျောက်ပြား . . . “’ဒါပေမဲ့ သူ ထုတာတွေက အရမ်းနာတယ်ကွ။ ငါ မခံနိုင်ဘူး”

ရုပ်ထု . . . “မိတ်ဆွေရယ်၊ လောကမှာ တစ်ခုခုကို လိုချင်ရင် တစ်ခုခုကို ပြန်ပေးဆပ်ရတယ်ဆိုတဲ့ စကားရှိပါတယ်။ မိတ်ဆွေကို လှပတဲ့ ရုပ်ထုဖြစ်အောင် ပန်းပုဆရာက ပထမဆုံး အခွင့်အရေးပေးခဲ့တာပါ။ ဒါပေမဲ့ မိတ်ဆွေဟာ အသားနာ တာ အသားပဲ့တာကို မခံနိုင်လို့ အဲဒီအခွင့်အလမ်းကို ငြင်းပယ်တာကြောင့် လူတကာရဲ့ ဖိနပ်တွေနဲ့ တက်နင်း ခံနေရတဲ့ ကြမ်းခင်းကျောက်ပြားဖြစ်နေတယ်ပါ။ တကယ်တော့ ဘယ်သူမပြု မိမိမှုပါလေ”

ကျောက်ပြားလည်း ဘာမှပြန်မပြောတော့ဘဲ ငြိမ်နေပြီး အခွင့်အလမ်းရတာကို မယူခဲ့တဲ့ သူ့အဖြစ်ကို ပြန်တွေးရင်း နောင်တရနေပါတယ်။

ဒါဟာ ပုံပြင်လေးဆိုပေမယ့် သင်ခန်းစာယူစရာတွေ ပါနေပါတယ်။ ကျွန်တော်တို့လည်း ဘဝမှာ အခွင့်အလမ်းတွေ ရတတ် ကြပါတယ်။ ဒါပေမဲ့ အခွင့်အလမ်းကို ယူလိုက်ရင် ပင်ပန်းမယ်၊ စိတ်မသက်မသာဖြစ်မယ်၊ နာကျင်မယ်၊ ပျော်သလို မနေနိုင် တော့ဘူးဆိုပြီး အခွင့်အလမ်းကို လက်လွှတ်ဆုံးရှုံးခံလိုက်တယ်။ အဲဒီလိုဖြစ်ရင် ကြမ်းခင်းကျောက်ပြားလိုပဲ နောင်မှ နောင်တ ရ တဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ရမယ်ဆိုတာကို သတိပြုစေချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဗန်းမော်သိန်းဖေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top