သင္ဇာဝင့္ေက်ာ္ဟာဆိုရင္ လက္ရွိမွာ ခ်စ္သူနဲ႔လမ္းခြဲျပီးေနာက္ပို္င္း Single is the best ဆိုျပီးတစ္ကုိယ္တည္းေနေနသလို အနုပညာအလုပ္ေတြကုိလည္း တက္တက္ၾကြၾကြနဲ႔အရင္လုိပဲဆက္လုပ္ကုိင္လ်က္ရွိပါတယ္။

သင္ဇာက မၾကာေသးမီရက္ပိုင္းက သင္ဇာ့ေမာင္ေလးအရင္းရဲ႕ေမြးေန႔ပြဲကုိက်င္းပေပးခဲ့ျပီး အရင္က သင္ဇာ့မွာေမာင္ေလးရွိမွန္းသိပ္မသိခဲ့တဲ့ ပရိသတ္ေတြက အခုမွ ေမာင္ေလးအေခ်ာေလးကုိ ထုတ္ၾကြားလိုက္တယ္လို႔ေျပာေနၾကသလုုိေမာင္ေလးကုိလည္းအနုပညာလုပ္ေစခ်င္ေနၾကတာေတြ႕ရပါတယ္။ သင္ဇာက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ေမာင္ေလးနဲ႔ပတ္သက္ျပီး ေျဖၾကားသြားခဲ့ပါတယ္။

သင္ဇာက ေမာင္ေလး ညီဆက္ေက်ာ္ရဲ႕ ေမြးေန႔ပြဲေလးက်င္းပေပးျဖစ္္ခဲ့ပံုကုိ “ေမာင္ေလးကုိ ထုတ္ၾကြားလိုက္တာေတာ့မဟုတ္ဘူး။ ခါတိုင္း ေမာင္ေတြ၊နွမေတြရဲ႕ေမြးေန႔ပဲြေတြဆို သင္ဇာက နယ္ေတြေရာက္ေနတာ။

ခရီးေတြြထြက္ေနတာ။ရန္ကုန္မွာမရွိတာမ်ားတယ္ေလ။ အခုက သင္ဇာက ရန္ကုန္မွာလည္းရွိတယ္ဆိုေတာ့ က်င္းပေပးျဖစ္သြားတာပါ။ အမွတ္တရအေနနဲ႔ ကုိေနမင္းထြန္းကုိလည္းေခၚျပီးဓာတ္ပံုေလးေတြရိုက္ျဖစ္ေတာ့ ပံုေလးေတြတင္ျဖစ္္သြားတာပါ။သူနဲ႔ကအသက္နွစ္္နွစ္ေလာက္ကြာတယ္”လို႔ေျပာျပထားပါတယ္။



ေမာင္ေလးကအနုပညာဝါသနာပါလားဆိုတာကုိေတာ့ သင္ဇာက “သူက အစတုန္းက ကြ်မ္းဘားေတြဘာေတြေဆာ့ျပီးဓာတ္ပံုေတြဘာေတြရုိက္လိုက္ေသးတယ္။ ဒါေပမယ့္ သူဝါသနာမပါလုိ႔ေလ ဆက္မလုပ္တာ။

အမွန္ဆိုရင္သူက မင္းသားေတာင္လုပ္လို႔ရတယ္။ အသားေလးကလည္းျဖဴျဖဴေလးဆိုေတာ့ ျဖဴျဖဴသန္႔သန္႔ေလးဆိုေတာ့”လို႔ေျပာျပထားျပီး မိဘေတြက မင္းသားလုပ္ဖို႔တိုက္တြန္းတာမ်ိဳးမရွိဘူးလို႔လည္း “သင္ဇာတို႔မိသားစုက တစ္ခုခုဆို ဒါလုပ္ရမယ္ေနာ္၊ဒါျဖစ္ကုိျဖစ္ရမယ္။

အဲ့လုိမ်ိဳးဘယ္ေတာ့မွမတိုက္တြန္းဘူး။ သာမီးေတြရဲ႕ဆႏၵကုိ အျမဲတမ္းလိုက္ေလ်ာတယ္။ နားလည္ေပးတဲ့မိဘေတြေပါ့ေနာ္။ ေမာင္ေလးတုန္းကလည္း အဲ့လုိပဲ။ ဓာတ္ပံုေတြဘာေတြရိုက္ခိုင္းၾကည့္တယ္။ တကယ္တမ္းစိတ္ဝင္္စားတဲ့လူဆိုဆက္လုပ္မွာေပါ့ေနာ္။ သူစိတ္မဝင္စားလို႔ဆက္မလုပ္ျဖစ္တာေပ့ါ”လို႔ ေျဖၾကားထားပါတယ္။

ေမာင္နွမၾကားက ဆက္္ဆံေရးအေၾကာင္းကိုလည္းသင္ဇာက “ေမာင္ေလးက နားလည္ေပးပါတယ္။ သင္ဇာ့ကုိလည္းခ်စ္တယ္။ သင္ဇာဘာခိုင္းခိုင္းလုပ္ေပးတယ္။သင္ဇာ့မန္ေနဂ်ာလို႔ေတာင္ေျပာလို႔ရ တယ္ေပါ့ေနာ္”လု႔ိ ေျပာျပထားျပီး သင္ဇာက အသည္းကြဲေနတာမဟုတ္ပါဘူးလို႔ “အဓိကကေတာ့ ဘဲနဲ႔ျပတ္လို႔လည္းအသည္းမကြဲပါဘူး။



Fans ေတြအျမင္ေစာင္းသြားမွာပဲသင္ဇာစုိးရိမ္တာပါ။ အဲဒါေၾကာင့္ သင္ဇာအသည္းကြဲမွာစိတ္ညစ္ မွာကုိမစုိးရိမ္ၾကပါနဲ႔လို႔။အဲ့လိုတင္လိုက္ေတာ့ message ေတြအမ်ားၾကီးဝင္ျပီး လာေမးၾကတယ္။ ဘယ္လိုျဖစ္တာလဲ အိုေကရဲ႕လား။ ကုိ္ယ္စိတ္ညစ္ေနတဲ့အခ်ိန္ ကုိယ့္္ဘက္ကရပ္တည္ေပး တဲ့လူေတြအမ်ားၾကီးရွိတာသိလိုက္ရေတာ့ တကယ္ကိုဝမ္းလည္းဝမ္းသာပါတယ္။ သင္ဇာအိုေကပါတယ္။အဆင္ေျပသြားျပီျဖစ္တဲဲ့အတြက္ေၾကာင့္ စိတ္မပူပါနဲ႔လို႔ေျပာခ်င္ပါတယ္”လိုု႔ ေျဖၾကားသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

သင်ဇာဝင့်ကျော်ဟာဆိုရင် လက်ရှိမှာ ချစ်သူနဲ့လမ်းခွဲပြီးနောက်ပိုင်း Single is the best ဆိုပြီးတစ်ကိုယ်တည်းနေနေသလို အနုပညာအလုပ်တွေကိုလည်း တက်တက်ကြွကြွနဲ့အရင်လိုပဲဆက်လုပ်ကိုင်လျက်ရှိပါတယ်။

သင်ဇာက မကြာသေးမီရက်ပိုင်းက သင်ဇာ့မောင်လေးအရင်းရဲ့မွေးနေ့ပွဲကိုကျင်းပပေးခဲ့ပြီး အရင်က သင်ဇာ့မှာမောင်လေးရှိမှန်းသိပ်မသိခဲ့တဲ့ ပရိသတ်တွေက အခုမှ မောင်လေးအချောလေးကို ထုတ်ကြွားလိုက်တယ်လို့ပြောနေကြသလိုမောင်လေးကိုလည်းအနုပညာလုပ်စေချင်နေကြတာတွေ့ရပါတယ်။ သင်ဇာက မီဒီယာတွေနဲ့အင်တာဗျူးမှာ မောင်လေးနဲ့ပတ်သက်ပြီး ဖြေကြားသွားခဲ့ပါတယ်။

သင်ဇာက မောင်လေး ညီဆက်ကျော်ရဲ့ မွေးနေ့ပွဲလေးကျင်းပပေးဖြစ်ခဲ့ပုံကို “မောင်လေးကို ထုတ်ကြွားလိုက်တာတော့မဟုတ်ဘူး။ ခါတိုင်း မောင်တွေ၊နှမတွေရဲ့မွေးနေ့ပွဲတွေဆို သင်ဇာက နယ်တွေရောက်နေတာ။

ခရီးတွေထွက်နေတာ။ရန်ကုန်မှာမရှိတာများတယ်လေ။ အခုက သင်ဇာက ရန်ကုန်မှာလည်းရှိတယ်ဆိုတော့ ကျင်းပပေးဖြစ်သွားတာပါ။ အမှတ်တရအနေနဲ့ ကိုနေမင်းထွန်းကိုလည်းခေါ်ပြီးဓာတ်ပုံလေးတွေရိုက်ဖြစ်တော့ ပုံလေးတွေတင်ဖြစ်သွားတာပါ။သူနဲ့ကအသက်နှစ်နှစ်လောက်ကွာတယ်”လို့ပြောပြထားပါတယ်။

မောင်လေးကအနုပညာဝါသနာပါလားဆိုတာကိုတော့ သင်ဇာက “သူက အစတုန်းက ကျွမ်းဘားတွေဘာတွေဆော့ပြီးဓာတ်ပုံတွေဘာတွေရိုက်လိုက်သေးတယ်။ ဒါပေမယ့် သူဝါသနာမပါလို့လေ ဆက်မလုပ်တာ။

အမှန်ဆိုရင်သူက မင်းသားတောင်လုပ်လို့ရတယ်။ အသားလေးကလည်းဖြူဖြူလေးဆိုတော့ ဖြူဖြူသန့်သန့်လေးဆိုတော့”လို့ပြောပြထားပြီး မိဘတွေက မင်းသားလုပ်ဖို့တိုက်တွန်းတာမျိုးမရှိဘူးလို့လည်း “သင်ဇာတို့မိသားစုက တစ်ခုခုဆို ဒါလုပ်ရမယ်နော်၊ဒါဖြစ်ကိုဖြစ်ရမယ်။

အဲ့လိုမျိုးဘယ်တော့မှမတိုက်တွန်းဘူး။ သာမီးတွေရဲ့ဆန္ဒကို အမြဲတမ်းလိုက်လျောတယ်။ နားလည်ပေးတဲ့မိဘတွေပေါ့နော်။ မောင်လေးတုန်းကလည်း အဲ့လိုပဲ။ ဓာတ်ပုံတွေဘာတွေရိုက်ခိုင်းကြည့်တယ်။ တကယ်တမ်းစိတ်ဝင်စားတဲ့လူဆိုဆက်လုပ်မှာပေါ့နော်။ သူစိတ်မဝင်စားလို့ဆက်မလုပ်ဖြစ်တာပေ့ါ”လို့ ဖြေကြားထားပါတယ်။

မောင်နှမကြားက ဆက်ဆံရေးအကြောင်းကိုလည်းသင်ဇာက “မောင်လေးက နားလည်ပေးပါတယ်။ သင်ဇာ့ကိုလည်းချစ်တယ်။ သင်ဇာဘာခိုင်းခိုင်းလုပ်ပေးတယ်။သင်ဇာ့မန်နေဂျာလို့တောင်ပြောလို့ရ တယ်ပေါ့နော်”လု့ိ ပြောပြထားပြီး သင်ဇာက အသည်းကွဲနေတာမဟုတ်ပါဘူးလို့ “အဓိကကတော့ ဘဲနဲ့ပြတ်လို့လည်းအသည်းမကွဲပါဘူး။

Fans တွေအမြင်စောင်းသွားမှာပဲသင်ဇာစိုးရိမ်တာပါ။ အဲဒါကြောင့် သင်ဇာအသည်းကွဲမှာစိတ်ညစ် မှာကိုမစိုးရိမ်ကြပါနဲ့လို့။အဲ့လိုတင်လိုက်တော့ message တွေအများကြီးဝင်ပြီး လာမေးကြတယ်။ ဘယ်လိုဖြစ်တာလဲ အိုကေရဲ့လား။ ကိုယ်စိတ်ညစ်နေတဲ့အချိန် ကိုယ့်ဘက်ကရပ်တည်ပေး တဲ့လူတွေအများကြီးရှိတာသိလိုက်ရတော့ တကယ်ကိုဝမ်းလည်းဝမ်းသာပါတယ်။ သင်ဇာအိုကေပါတယ်။အဆင်ပြေသွားပြီဖြစ်တဲ့အတွက်ကြောင့် စိတ်မပူပါနဲ့လို့ပြောချင်ပါတယ်”လို့ ဖြေကြားသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top