ဘဝေဖာ္ဆိုတာ

ဘဝေဖာ္ဆိုတာ ကိုယ္ကလဲြရင္ ဘယ္သူကိုမွမယူဘူးဆိုတဲ့လူ မဟုတ္ပါဘူး။
ဘဝေဖာ္ဆိုတာ ကိုယ့္အားနည္းခ်က္အားလံုးကို သိသည့္တိုင္ ကိုယ့္ကိုေရြးခ်ယ္သူျဖစ္တယ္။


ဘဝေဖာ္ဆိုတာ ကိုယ္ကိတ္မုန္႔ႀကိဳက္လို႔ သူကိတ္မုန္႔လိုက္ႀကိဳက္တဲ့လူ မဟုတ္ဘူး။
ဘဝေဖာ္ဆိုတာ ကိုယ္ၾကက္ဥအကာစားၿပီး သူၾကက္ဥအႏွစ္စားသူျဖစ္တယ္။

ဘဝေဖာ္ဆိုတာ မိုးခ်ဳပ္တာနဲ႔ ကိုယ့္လက္ကိုဆဲြၿပီး စားေသာက္ဆိုင္ထဲဝင္တဲ့လူ မဟုတ္ဘူး။
ဘဝေဖာ္ဆိုတာ ကိုယ္အျပန္ကိုေမွ်ာ္ၿပီး ထမင္းအတူစားဖို႔ ေစာင့္ေနသူျဖစ္တယ္။

ဘဝေဖာ္ဆိုတာ အခ်စ္အေၾကာင္းပဲဖဲြ႔ႏဲြ႔ၿပီး “ခ်စ္တယ္”ဆိုတဲ့စကားကို ပါးစပ္ဖ်ားကမခ်သူ မဟုတ္ဘူး။
ဘဝေဖာ္ဆိုတာ ဆန္၊ ဆီ၊ ဆား၊ အိုးခြက္ပန္းကန္အေၾကာင္း ျမည္တြန္ေတာက္တီး
ေျပာတတ္တဲ့သူျဖစ္တယ္။

ေပ်ာ္ရႊင္တဲ့အိမ္ေထာင္ေရးမွာ ဘဝေဖာ္ဆိုတာ ကိုယ္အတြက္အတိအလင္း သတ္မွတ္ထားသူျဖစ္ရံုမက ကိုယ္နဲ႔အတူ အိမ္ေထာင္သက္တမ္းတစ္ေလွ်ာက္မွာ အတိုင္အေဖာက္ညီမႈ၊ ၾကင္နာမႈ၊ သာမန္ရုိးရွင္းမႈ၊ နားလည္မႈ၊ ခြင့္လႊတ္မႈေတြ မွ်ေဝေပးသူျဖစ္တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Original Writer

#Unicode Version# ျဖင့္ဖတ္ပါ ။

ဘဝဖော်ဆိုတာ

ဘဝဖော်ဆိုတာ ကိုယ်ကလွဲရင် ဘယ်သူကိုမှမယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။
ဘဝဖော်ဆိုတာ ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။


ဘဝဖော်ဆိုတာ ကိုယ်ကိတ်မုန့်ကြိုက်လို့ သူကိတ်မုန့်လိုက်ကြိုက်တဲ့လူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ကိုယ်ကြက်ဥအကာစားပြီး သူကြက်ဥအနှစ်စားသူဖြစ်တယ်။

ဘဝဖော်ဆိုတာ မိုးချုပ်တာနဲ့ ကိုယ့်လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲဝင်တဲ့လူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ကိုယ်အပြန်ကိုမျှော်ပြီး ထမင်းအတူစားဖို့ စောင့်နေသူဖြစ်တယ်။

ဘဝဖော်ဆိုတာ အချစ်အကြောင်းပဲဖွဲ့နွဲ့ပြီး “ချစ်တယ်”ဆိုတဲ့စကားကို ပါးစပ်ဖျားကမချသူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ဆန်၊ ဆီ၊ ဆား၊ အိုးခွက်ပန်းကန်အကြောင်း မြည်တွန်တောက်တီး
ပြောတတ်တဲ့သူဖြစ်တယ်။

ပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ ဘဝဖော်ဆိုတာ ကိုယ်အတွက်အတိအလင်း သတ်မှတ်ထားသူဖြစ်ရုံမက ကိုယ်နဲ့အတူ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ အတိုင်အဖောက်ညီမှု၊ ကြင်နာမှု၊ သာမန်ရိုးရှင်းမှု၊ နားလည်မှု၊ ခွင့်လွှတ်မှုတွေ မျှဝေပေးသူဖြစ်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top