ေလာကအလယ္ အသက္ရွင္ ေနသူေတြအတြက္ေတာ့ေန႔စဥ္နဲ႔အမွ် တစ္ေယာက္နဲ႔ တစ္ေယာက္ေျပာၾက၊ဆုိၾကရတာပါ။တစ္ခါတရံ ေျပာသူက ေျပာျပီးရင္ၿပီးေရာျဖစ္သြားေပ မယ့္၊ခံရတဲ့သူဖက္က စိတ္မသက္မသာ ျဖစ္ၾကရပါတယ္၊တခါတရံ ကုိယ္ကဒီအတုိင္း ေအးေအးေဆးေဆးေနေပမယ့္၊ မ်က္စိ စုံမွိတ္ အထင္လဲြျပီး တုန္႔ျပန္မႈမ်ိဳးစုံကုိေပးတတ္ျပန္ပါတယ္။

“ကကစူပမသုတ္”မွာ ဘုရားရွင္ ေဟာျပေတာ္မူတာကေတာ့
လူတခ်ဳိ႕က စကားေျပာတဲ့အခါေျပာသင့္တဲ့အခ်ိန္မွန္းမသိ၊မေျပာသင့္တဲ့အခ်ိန္မွန္းမသိ ေျပာၾကလိမ့္မယ္၊လူတခ်ဳိ႕ကမွန္တာေရာ၊မမွန္တာေရာေျပာၾကလိမ့္မယ္(သူတုိ႔ခံစားရတဲ့အတုိင္းသူတုိ႔အထင္အျမင္အတုိင္းေပါ့။)လူတခ်ဳိ႕က လူမ်ားနား၀င္မခ်ိဳေအာင္ ခပ္ၾကမ္းၾကမ္း၊တခ်ဳိ႕ၾကေတာ့လဲ သိမ္သိမ္ေမြ႔ေမြ႔ ေျပာၾကဆုိၾကလိမ့္မယ္။

(လုိရင္တမ်ိဳး၊မလုိရင္တမ်ိဳး)လူတခ်ဳိ႕က အက်ိဳးသင့္အေၾကာင္းသင့္ ေျပာၾကသလုိ၊တခ်ဳိ႕က က်ိဳးေၾကာင္းမဲ့ ေျပာၾကလိမ့္မယ္။လူတခ်ဳိ႕က ေမတၱာစိတ္နဲ႔ေျပာေပမယ့္ ၊တခ်ဳိ႕ကေတာ့ မလုိမုန္းတီးတဲ့စိတ္ေတြ ၊ေအာင္ျမင္ ေနတာကုိ မုဒိတာ မပြားႏုိင္တဲ့စိတ္ေတြနဲ႔ေျပာၾကလိမ့္မယ္..တဲ့။

ပတ္၀န္းက်င္ မိတ္ေဆြ အေပါင္းအသင္း ေတြဟာဒီ ငါးမ်ိဳး ထဲက တစ္ခုခုနဲ႔ စကားေျပာလာတဲ့အခါကုိယ့္ဖက္က သူတုိ႔ေကာင္းတာေျပာလုိ႔ခ်ိဳခ်ိဳသာသာေျပာလုိ႔လဲ စိတ္ကတမ်ိဳးမျဖစ္ပါနဲ႔။ကုိယ့္ကုိ မလုိတမာ မုန္းတီးေျပာဆုိ(အတင္းတုတ္)ေနလုိ႔လည္း စိတ္ကုိ ဘာမွမျဖစ္ေစပါနဲ႔။

သူတုိ႔ဘာေျပာေျပာ ၊ကုိယ့္ဖက္က အဆင့္အတန္း မရွိတဲ့ စကားကုိလည္းမေျပာမိေစ နဲ႔။(သူတုိ႔အမွားကုိ ကုိယ့္အမွားမျဖစ္ေစနဲ႔)ေျပာခ်င္သလုိသာ ေျပာၾကပါေတာ့။ကုိယ္ကေတာ့ ေမတၱာမပ်က္ေနႏုိင္ရမယ္။အဲဒီေျပာတဲ့သူေတြကုိ ေမတၱာပုိ႔ေပးပါ။ရန္လုိမႈ ၊မုန္းတီးမႈ ၊မေက်နပ္မႈ ၊မနာလုိမႈကင္းတဲ့ေမတၱာစိတ္ေတြကုိ သတၱ၀ါအားလုံးေပၚမွာ ျဖစ္ေနေစရမယ္တဲ့။

ဒါကေတာ့ ဘုရားရွင္ လမ္းညႊန္ျပတဲ့ တရားေတာ္ ပါ၊လူဆုိတာ ခံစားခ်က္ရယ္ ၊တကုိယ္ေတာ္အေတြးရယ္ေပၚမွာမူတည္ျပီး မွားတာ၊မွန္တာ မခဲြျခားႏုိင္ဘဲ ၊လုိရင္ လုိသလုိ ၊မလုိရင္ မလုိသလုိေျပာတတ္ ၊ ဆုိတတ္ၾကပါတယ္။ဒါကုိသိေတာ္မူတဲ့ ဘုရားရွင္ က သူတုိ႔ဘာေတြေျပာေျပာ
ဘယ္လုိေတြအထင္လဲြလဲြ ၊သင့္ဖက္က စျပီးမေက်မနပ္မျဖစ္လုိက္ပါနဲ႔ လုိ႔ ေဟာေတာ္မူတာပါ။

အေပၚယံဟန္ေရးျပ ၊ေျပာတာ နဲ႔လုပ္တာ တျခားစီျဖစ္တတ္တဲ့ေလာက(တခ်ဳိ႕က အုံ႔ပုန္း၊တခ်ဳိ႕က ပြင့္ပြင့္လင္းလင္းအတြင္းညစ္ပတ္ အျပင္ညစ္ပတ္ ျဖစ္ေနတဲ့ေလာကမွာသင္တုိ႔ဖက္က စျပီး ေဒါသ အာဃာတမျဖစ္ပါေစနဲ႔လုိ႔လည္း မိန္႔ေတာ္မူ လုိတာျဖစ္ပါတယ္။ကုိယ့္ေပၚကုိ မေက်နပ္သူ ၊အထင္အျမင္လဲြသူ ၊သေဘာထားကဲြလဲြသူေတြကုိ ဗဟုိျပဳျပီးေမတၱာစိတ္ေတြမ်ားမ်ား ပုိ႔လႊတ္ေပးႏုိင္ရင္ကုိယ္ဟာ ေလာကမွာေနေပ်ာ္သူျဖစ္ေနမွာပါ။

ေကာင္းကင္ေပၚကုိ ေမာ့ျပီး တံေတြး ေထြးသူဟာသူ႔အေပၚကုိ ျပန္ျပီး တံေတြးေတြ ျပန္ယူရသလုိပါ၊မေက်မနပ္ျဖစ္ခ်ိန္မွာေရာ၊မေက်နပ္တဲ့အတြက္ေၾကာင့္ေစာင္းကာ ေျမာင္းကာ ျပဳမူေျပာဆုိခ်ိန္မွာေရာ၊အကုသုိလ္ေတြ တပုံတပင္ျဖစ္ရသလုိသူကုိယ္တုိင္လဲ စိတ္ဆင္းရဲ ၊ကုိယ္ဆင္းရဲျဖစ္ရမွာ ေသခ်ာလွပါတယ္။

သူတုိ႔ေပးတဲ့ ေဒါသ မေက်နပ္ခ်က္ေတြကုိကုိယ္က မခံယူရင္ ဘာမွမျဖစ္ပါဘူး။ခံယူမိလုိ႔သာ ကုိယ့္စိတ္က မေက်မနပ္ျပန္ျဖစ္မိတာပါ၊ ဘုရားရွင္ ကုိေတာင္မွ တိတၳိေတြက“ဘုရားရွင္ က တရားေဟာတဲ့အခါ မ်က္ႏွာလုိက္ျပီးေဟာတယ္၊သူ႔တပည့္ေတြကုိေတာ့ အမ်ားၾကီးေဟာျပီးသူတုိ႔ကုိေတာ့ နည္းနည္းပဲ ေဟာတယ္”လုိ႔ေျပာဆုိစြပ္စဲြခံရဖူးပါတယ္။

အလွမာန္ရစ္ေနတဲ့ မာဂ႑ိ ဆုိတဲ့ အမ်ိဳးသမီး ကုိ..“နင္လုိ မစင္ေတြနဲ႔ျပည့္ေနတဲ့ အပုပ္ေကာင္ကုိေျခဖ်ားနဲ႔ေတာင္ မထိခ်င္ဘူး” လုိ႔ေျပာခံလုိက္ရေတာ့ ဘုရားရွင္အေပၚမွာျငိဳးမာန္ဖဲြ႔ရက္စက္ တုန္႔ျပန္ခဲ့ဖူးတယ္။

တကယ္ေတာ့ …စိတ္အရည္အေသြးျပည့္၀သူ၊စိတ္သေဘာထားၾကီးျမတ္သူ ဆုိတာေကာင္းတာျဖစ္ေစ၊ဆုိးတာျဖစ္ေစမတုန္မလႈပ္ရွိႏုိင္ရမွာပါ။ဘယ္လုိပဲၾကံဳၾကံဳ၊ဘာေတြပဲေျပာေျပာ၊ေျပာသူအေပၚမွာ ေမတၱာမပ်က္ေအာင္ ေနႏုိင္ျပီဆုိရင္ဘ၀ဟာေနေပ်ာ္စရာ ေက်နပ္စရာေတြျဖစ္ေနပါလိမ့္မယ္။

တဆင့္တက္ျပီး သာသနာနဲ႔ၾကံဳတုန္းအေကာင္းဆုံးေတြမ်ားမ်ားယူျပီး၊လက္က်န္အခ်ိန္ေတြမွာ သမုိင္းေကာင္းေလးေတြခ်န္ထားရစ္ႏုိင္ေအာင္ ၾကိဳးစားေနရအုံးမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:အရွင္တိကၡဥာဏာလကၤာရ – ေယာႏြယ္
# Unicode Version # ျဖင့္ ဖတ္ပါ #

လောကအလယ် အသက်ရှင် နေသူတွေအတွက်တော့နေ့စဉ်နဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက်ပြောကြ၊ဆိုကြရတာပါ။တစ်ခါတရံ ပြောသူက ပြောပြီးရင်ပြီးရောဖြစ်သွားပေ မယ့်၊ခံရတဲ့သူဖက်က စိတ်မသက်မသာ ဖြစ်ကြရပါတယ်၊တခါတရံ ကိုယ်ကဒီအတိုင်း အေးအေးဆေးဆေးနေပေမယ့်၊ မျက်စိ စုံမှိတ် အထင်လွဲပြီး တုန့်ပြန်မှုမျိုးစုံကိုပေးတတ်ပြန်ပါတယ်။

“ကကစူပမသုတ်”မှာ ဘုရားရှင် ဟောပြတော်မူတာကတော့
လူတချို့က စကားပြောတဲ့အခါပြောသင့်တဲ့အချိန်မှန်းမသိ၊မပြောသင့်တဲ့အချိန်မှန်းမသိ ပြောကြလိမ့်မယ်၊လူတချို့ကမှန်တာရော၊မမှန်တာရောပြောကြလိမ့်မယ်(သူတို့ခံစားရတဲ့အတိုင်းသူတို့အထင်အမြင်အတိုင်းပေါ့။)လူတချို့က လူများနားဝင်မချိုအောင် ခပ်ကြမ်းကြမ်း၊တချို့ကြတော့လဲ သိမ်သိမ်မွေ့မွေ့ ပြောကြဆိုကြလိမ့်မယ်။

(လိုရင်တမျိုး၊မလိုရင်တမျိုး)လူတချို့က အကျိုးသင့်အကြောင်းသင့် ပြောကြသလို၊တချို့က ကျိုးကြောင်းမဲ့ ပြောကြလိမ့်မယ်။လူတချို့က မေတ္တာစိတ်နဲ့ပြောပေမယ့် ၊တချို့ကတော့ မလိုမုန်းတီးတဲ့စိတ်တွေ ၊အောင်မြင် နေတာကို မုဒိတာ မပွားနိုင်တဲ့စိတ်တွေနဲ့ပြောကြလိမ့်မယ်..တဲ့။

ပတ်ဝန်းကျင် မိတ်ဆွေ အပေါင်းအသင်း တွေဟာဒီ ငါးမျိုး ထဲက တစ်ခုခုနဲ့ စကားပြောလာတဲ့အခါကိုယ့်ဖက်က သူတို့ကောင်းတာပြောလို့ချိုချိုသာသာပြောလို့လဲ စိတ်ကတမျိုးမဖြစ်ပါနဲ့။ကိုယ့်ကို မလိုတမာ မုန်းတီးပြောဆို(အတင်းတုတ်)နေလို့လည်း စိတ်ကို ဘာမှမဖြစ်စေပါနဲ့။

သူတို့ဘာပြောပြော ၊ကိုယ့်ဖက်က အဆင့်အတန်း မရှိတဲ့ စကားကိုလည်းမပြောမိစေ နဲ့။(သူတို့အမှားကို ကိုယ့်အမှားမဖြစ်စေနဲ့)ပြောချင်သလိုသာ ပြောကြပါတော့။ကိုယ်ကတော့ မေတ္တာမပျက်နေနိုင်ရမယ်။အဲဒီပြောတဲ့သူတွေကို မေတ္တာပို့ပေးပါ။ရန်လိုမှု ၊မုန်းတီးမှု ၊မကျေနပ်မှု ၊မနာလိုမှုကင်းတဲ့မေတ္တာစိတ်တွေကို သတ္တဝါအားလုံးပေါ်မှာ ဖြစ်နေစေရမယ်တဲ့။

ဒါကတော့ ဘုရားရှင် လမ်းညွှန်ပြတဲ့ တရားတော် ပါ၊လူဆိုတာ ခံစားချက်ရယ် ၊တကိုယ်တော်အတွေးရယ်ပေါ်မှာမူတည်ပြီး မှားတာ၊မှန်တာ မခွဲခြားနိုင်ဘဲ ၊လိုရင် လိုသလို ၊မလိုရင် မလိုသလိုပြောတတ် ၊ ဆိုတတ်ကြပါတယ်။ဒါကိုသိတော်မူတဲ့ ဘုရားရှင် က သူတို့ဘာတွေပြောပြော
ဘယ်လိုတွေအထင်လွဲလွဲ ၊သင့်ဖက်က စပြီးမကျေမနပ်မဖြစ်လိုက်ပါနဲ့ လို့ ဟောတော်မူတာပါ။

အပေါ်ယံဟန်ရေးပြ ၊ပြောတာ နဲ့လုပ်တာ တခြားစီဖြစ်တတ်တဲ့လောက(တချို့က အုံ့ပုန်း၊တချို့က ပွင့်ပွင့်လင်းလင်းအတွင်းညစ်ပတ် အပြင်ညစ်ပတ် ဖြစ်နေတဲ့လောကမှာသင်တို့ဖက်က စပြီး ဒေါသ အာဃာတမဖြစ်ပါစေနဲ့လို့လည်း မိန့်တော်မူ လိုတာဖြစ်ပါတယ်။ကိုယ့်ပေါ်ကို မကျေနပ်သူ ၊အထင်အမြင်လွဲသူ ၊သဘောထားကွဲလွဲသူတွေကို ဗဟိုပြုပြီးမေတ္တာစိတ်တွေများများ ပို့လွှတ်ပေးနိုင်ရင်ကိုယ်ဟာ လောကမှာနေပျော်သူဖြစ်နေမှာပါ။

ကောင်းကင်ပေါ်ကို မော့ပြီး တံတွေး ထွေးသူဟာသူ့အပေါ်ကို ပြန်ပြီး တံတွေးတွေ ပြန်ယူရသလိုပါ၊မကျေမနပ်ဖြစ်ချိန်မှာရော၊မကျေနပ်တဲ့အတွက်ကြောင့်စောင်းကာ မြောင်းကာ ပြုမူပြောဆိုချိန်မှာရော၊အကုသိုလ်တွေ တပုံတပင်ဖြစ်ရသလိုသူကိုယ်တိုင်လဲ စိတ်ဆင်းရဲ ၊ကိုယ်ဆင်းရဲဖြစ်ရမှာ သေချာလှပါတယ်။

သူတို့ပေးတဲ့ ဒေါသ မကျေနပ်ချက်တွေကိုကိုယ်က မခံယူရင် ဘာမှမဖြစ်ပါဘူး။ခံယူမိလို့သာ ကိုယ့်စိတ်က မကျေမနပ်ပြန်ဖြစ်မိတာပါ၊ ဘုရားရှင် ကိုတောင်မှ တိတ္ထိတွေက“ဘုရားရှင် က တရားဟောတဲ့အခါ မျက်နှာလိုက်ပြီးဟောတယ်၊သူ့တပည့်တွေကိုတော့ အများကြီးဟောပြီးသူတို့ကိုတော့ နည်းနည်းပဲ ဟောတယ်”လို့ပြောဆိုစွပ်စွဲခံရဖူးပါတယ်။

အလှမာန်ရစ်နေတဲ့ မာဂဏ္ဍိ ဆိုတဲ့ အမျိုးသမီး ကို..“နင်လို မစင်တွေနဲ့ပြည့်နေတဲ့ အပုပ်ကောင်ကိုခြေဖျားနဲ့တောင် မထိချင်ဘူး” လို့ပြောခံလိုက်ရတော့ ဘုရားရှင်အပေါ်မှာငြိုးမာန်ဖွဲ့ရက်စက် တုန့်ပြန်ခဲ့ဖူးတယ်။

တကယ်တော့ …စိတ်အရည်အသွေးပြည့်ဝသူ၊စိတ်သဘောထားကြီးမြတ်သူ ဆိုတာကောင်းတာဖြစ်စေ၊ဆိုးတာဖြစ်စေမတုန်မလှုပ်ရှိနိုင်ရမှာပါ။ဘယ်လိုပဲကြုံကြုံ၊ဘာတွေပဲပြောပြော၊ပြောသူအပေါ်မှာ မေတ္တာမပျက်အောင် နေနိုင်ပြီဆိုရင်ဘဝဟာနေပျော်စရာ ကျေနပ်စရာတွေဖြစ်နေပါလိမ့်မယ်။

တဆင့်တက်ပြီး သာသနာနဲ့ကြုံတုန်းအကောင်းဆုံးတွေများများယူပြီး၊လက်ကျန်အချိန်တွေမှာ သမိုင်းကောင်းလေးတွေချန်ထားရစ်နိုင်အောင် ကြိုးစားနေရအုံးမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:အရှင်တိက္ခဉာဏာလင်္ကာရ – ယောနွယ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top