“ဘုရား ဘုရား၊ ယုေရ… ၾကည့္ပါဦး..၊ ငါ့မ်က္လုံးနားမွာ အေရးအေၾကာင္းေလးေတြ ေပၚစျပဳေနၿပီ ”

“အမေလးဟယ္…ဘာမ်ားလဲလို႔.

…ေသေရးရွင္ေရးလဲမဟုတ္တာကို…ျဖစ္ပ်က္ေနလိုက္တာ ”

” ဟဲ့…ေသေရးရွင္ေရးမဟုတ္ေပမယ့္…ေသေရး ရွင္ေရးနီးနီး အေရးႀကီးတယ္ဟဲ့…ငါ့အသက္က ခုမွ ၂၅ပဲရွိေသးတာ…ဒီလိုအေရးအေၾကာင္းေတြျဖစ္ရမယ့္အ႐ြယ္မဟုတ္ေသးဘူးေလ….ပုံမွန္ဆို အသက္ ၃၀-၃၅ ေလာက္မွျဖစ္ရမယ့္ဟာေတြ ”

“အသက္ ၃၀ေက်ာ္မွ အေရးအေၾကာင္းေတြျဖစ္ရမယ္လို႔ ဘယ္သူေေျပာလဲ? အေနအထိုင္ အစားအေသာက္မတတ္ရင္ အ႐ြယ္မတိုင္ခင္ အိုလြယ္တယ္ေလ။ မိနန္းရယ္…နင္ဆိုသည္မွာလည္း လွခ်င္တာပဲရွိတာ…အလွအပ၊ က်န္းမာေရးဗဟုသုတ ဘာမွ မေလ့လာ မမွတ္သားဘူး”

” ဆိုလိုတာက ငါ အေနအထိုင္အစားအေသာက္မတတ္လို႔ အခ်ိန္မတိုင္ခင္ ဒီအေရးအေၾကာင္းေတြလာေပၚေနတာေပါ့? ”

” ေအးေလ…မဟုတ္လို႔လား”

“ေျပာပါဦး…ငါ ဘာေတြမ်ားလုပ္မိလို႔လဲ ?”

“ေျပာမွာ ေျပာမွာ….ေျပာစရာေတြမွ တစ္ပုံႀကီး…။

တစ္အခ်က္ – အိပ္ေရးဝဝမအိပ္ဘူး။ ညညဆို ဖုန္းပြတ္ေနတာ ၁၂နာရီ၊ ၁နာရီ…။ မနက္က် အလုပ္ေစာေစာသြားရေတာ့ နင့္မွာ အိပ္ေရးမဝ။

ႏွစ္အခ်က္ – ေရမေသာက္ဘူး။ တစ္ေန႔လုံးေနလို႔မွ ေရတစ္ဗူးေတာင္ကုန္ေအာင္မေသာက္။

သုံးအခ်က္ -အျပင္စာေတြစားလြန္းတယ္။ နင္စားစားေနတဲ့ ဆိုင္က အစားအေသာက္ေတြက အခ်ိဳမႈန္႔ေတြ မ်ားမွမ်ား၊ အေအးဆိုလည္း သၾကားေတြ အခ်ိဳေတြမ်ားလြန္းတာေတြပဲေသာက္။ မိနန္းတို႔ Fresh juice ေသာက္တာ ခပ္ရွားရွားရယ္ေနာ္။

ေလးအခ်က္ – ေနပူထဲထြက္ရင္ Sunscreen ဘယ္ေတာ့မွမလိမ္း…ငါသတိေပးလည္း ေပးေပးပဲ”

” ဟဲ့…ငါက Sunscreen ပဲမလိမ္းတာ…ငါ့အသားအရည္ေတာ့ ငါဂ႐ုစိုက္ပါတယ္။ ငါ့မွန္တင္ခုံလည္း သြားၾကည့္လိုက္ဦး… Skin Care ေတြအျပည့္ပဲ ”

“ေအး… အဲဒါက နံပါတ္ငါးအခ်က္ပဲ…Skin Care ေတြ brand ေပါင္းစုံ တစ္ပုံႀကီး အထပ္ထပ္သုံးရင္လည္း အေရးအေၾကာင္းေတြျဖစ္တတ္တယ္။ မယုံရင္ စာေလးဘာေလးရွာဖတ္ၾကည့္။”တန္ေဆး လြန္ေဘး “တဲ့ ၾကားဖူးတယ္မလား ”

“ေအးပါဟယ္…ဟုတ္ပါၿပီ..ဒါပဲလား… ကုန္ၿပီလား ေျပာစရာ”

“ႏိုးပါ….မကုန္ေသးဘူး။ နံပါတ္ေျခာက္အခ်က္ကေတာ့…နင္ ဆိုရွယ္က်ခ်င္…ေဖ့စ္ဘုတ္မွ ပုံတင္ ၊Check-In တင္ခ်င္တာနဲ႔တင္ပဲ ညဘက္ေတြ မၾကာမၾကာ…Bar ေတြသြား… ဘီယာေတြ အရက္ေတြေသာက္….အဲဒီအရည္ေတြကလည္း နင့္ကိုဒုကၡေပးတာ…နင္လုပ္သမၽွေတြက အေရးအေၾကာင္းေတြကို ဖိတ္ေခၚေနတာေတြပဲ…”

“မိယုမ…နင္ငါ့ကို ဘယ္အခ်ိန္တည္းက ဖဲ့ခ်င္ေနလည္းမသိ…။ နင္ေျပာကာမွ ငါ့မွာရစရာတစ္ကြက္မွ မရွိေတာ့ဘူး။”

“ေအး ေအး…အဲဒီလိုစိတ္ဆိုးတာက ခုႏွစ္ခ်က္ေျမာက္အေၾကာင္းရင္းပဲ။ စိတ္ဆိုး ေဒသထြက္ စိတ္ဖိစီးမႈမ်ား…အဲဒီအက်င့္ေတြကို ျမန္ျမန္ေဖ်ာက္ႏိုင္ရင္ေဖ်ာက္ ၊မေဖ်ာက္ႏိုင္ရင္ နင္ေတာ့ မၾကာခင္ အိုဇနာက်ေတာ့မွာ…အေဟးေဟး ”

“မိယု!!!!! စိတ္ပုတ္မႀကီး…သူမ်ားစိတ္ညစ္ေနတာကို။ နင္လည္းပါတယ္ အမွန္က…နင္ဒီေလာက္သိေနတတ္ေနတာ အစတည္းက ကိုယ့္သူငယ္ခ်င္းေလးကို သတိေပးပါ့လား…ဟြန္း ”

“အံမယ္…ကၽြန္မ ရွင့္ကို ဒါေတြသတိေပးေနတာ အခါတစ္ရာမကရွိေနပါၿပီေနာ္။ သူ႕ဟာသူ အေရးမလုပ္ဘဲ…ခု တကယ္ျဖစ္လာမွ က်ဳပ္ေျပာတာ နားဝင္ၿပီး ”

“ဟီး….မသိဘူးေလဟယ္…အရင္က မျဖစ္ေသးေတာ့ ငါက အမႈမဲ့အမွတ္မဲ့ ျဖစ္ေနတာပါ ”

” ဟြန္း ”

“ဒါဆို…..ဒါပဲလား….ငါ့မွာ အျခားအခ်က္ေတြေရာေျပာစရာရွိေသးလား?”

“နင့္မွာေတာ့ ဒီေလာက္ပဲ။ က်န္တဲ့….ဒီလိုမ်ိဳး အ႐ြယ္မတိုင္ခင္ေစာေစာစီးစီး အိုမင္းရင့္ေရာ္ရတဲ့ တစ္ခ်က္ကေတာ့…ေဆးလိပ္ေသာက္တာ..ဒါမွမဟုတ္…သူမ်ားေသာက္တဲ့ေဆးလိပ္ေငြ႕႐ႉရတာ…ကံေကာင္းတာက ငါတို႔ကမိန္းကေလးအေဆာင္ဆိုေတာ့ ေဆးလိပ္ေသာက္တဲ့သူမရွိ…႐ုံးမွာလည္း ေဆးလိပ္ေသာက္တဲ့သူမရွိေတာ့..ေတာ္ေသးတာေပါ့ ”

” ေက်းေက်းပါ သယ္ရင္းေလးေရ…..ဒါနဲ႔ ဒါေတြေပ်ာက္ပါေတာ့မလားမသိ….”

“ေပ်ာက္ပါတယ္ေအ…..ခုနက ငါေျပာထားတဲ့ နင့္ရဲ႕အက်င့္ဆိုးေတြကိုေဖ်ာက္ဖို႔ျပင္….အသားအရည္ကိုစနစ္တက်ဂ႐ုစိုက္…ခုမွငယ္ငယ္ေလးရွိေသးတယ္…ျပန္ေကာင္းမွာ မပူနဲ႔…..ဒါနဲ႔မွမရရင္လည္း စိတ္မပူနဲ႔…..ေခတ္မွီနည္းေတြ အလွအပဆိုင္ရာေဆးခန္းေတြမွ တစ္ပုံႀကီး…ဟုတ္ပလား”

“အိုေခပါ ခ်စ္သယ္ရင္းေလးေရ႕”

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မူရင္းေရးသားသူ
# Unicode Version # ျဖင့္ ဖတ္ပါ #

“ဘုရား ဘုရား၊ ယုရေ… ကြည့်ပါဦး..၊ ငါ့မျက်လုံးနားမှာ အရေးအကြောင်းလေးတွေ ပေါ်စပြုနေပြီ ”

“အမလေးဟယ်…ဘာများလဲလို့.

…သေရေးရှင်ရေးလဲမဟုတ်တာကို…ဖြစ်ပျက်နေလိုက်တာ ”

” ဟဲ့…သေရေးရှင်ရေးမဟုတ်ပေမယ့်…သေရေး ရှင်ရေးနီးနီး အရေးကြီးတယ်ဟဲ့…ငါ့အသက်က ခုမှ ၂၅ပဲရှိသေးတာ…ဒီလိုအရေးအကြောင်းတွေဖြစ်ရမယ့်အရွယ်မဟုတ်သေးဘူးလေ….ပုံမှန်ဆို အသက် ၃၀-၃၅ လောက်မှဖြစ်ရမယ့်ဟာတွေ ”

“အသက် ၃၀ကျော်မှ အရေးအကြောင်းတွေဖြစ်ရမယ်လို့ ဘယ်သူေပြောလဲ? အနေအထိုင် အစားအသောက်မတတ်ရင် အရွယ်မတိုင်ခင် အိုလွယ်တယ်လေ။ မိနန်းရယ်…နင်ဆိုသည်မှာလည်း လှချင်တာပဲရှိတာ…အလှအပ၊ ကျန်းမာရေးဗဟုသုတ ဘာမှ မလေ့လာ မမှတ်သားဘူး”

” ဆိုလိုတာက ငါ အနေအထိုင်အစားအသောက်မတတ်လို့ အချိန်မတိုင်ခင် ဒီအရေးအကြောင်းတွေလာပေါ်နေတာပေါ့? ”

” အေးလေ…မဟုတ်လို့လား”

“ပြောပါဦး…ငါ ဘာတွေများလုပ်မိလို့လဲ ?”

“ပြောမှာ ပြောမှာ….ပြောစရာတွေမှ တစ်ပုံကြီး…။

တစ်အချက် – အိပ်ရေးဝဝမအိပ်ဘူး။ ညညဆို ဖုန်းပွတ်နေတာ ၁၂နာရီ၊ ၁နာရီ…။ မနက်ကျ အလုပ်စောစောသွားရတော့ နင့်မှာ အိပ်ရေးမဝ။

နှစ်အချက် – ရေမသောက်ဘူး။ တစ်နေ့လုံးနေလို့မှ ရေတစ်ဗူးတောင်ကုန်အောင်မသောက်။

သုံးအချက် -အပြင်စာတွေစားလွန်းတယ်။ နင်စားစားနေတဲ့ ဆိုင်က အစားအသောက်တွေက အချိုမှုန့်တွေ များမှများ၊ အအေးဆိုလည်း သကြားတွေ အချိုတွေများလွန်းတာတွေပဲသောက်။ မိနန်းတို့ Fresh juice သောက်တာ ခပ်ရှားရှားရယ်နော်။

လေးအချက် – နေပူထဲထွက်ရင် Sunscreen ဘယ်တော့မှမလိမ်း…ငါသတိပေးလည်း ပေးပေးပဲ”

” ဟဲ့…ငါက Sunscreen ပဲမလိမ်းတာ…ငါ့အသားအရည်တော့ ငါဂရုစိုက်ပါတယ်။ ငါ့မှန်တင်ခုံလည်း သွားကြည့်လိုက်ဦး… Skin Care တွေအပြည့်ပဲ ”

“အေး… အဲဒါက နံပါတ်ငါးအချက်ပဲ…Skin Care တွေ brand ပေါင်းစုံ တစ်ပုံကြီး အထပ်ထပ်သုံးရင်လည်း အရေးအကြောင်းတွေဖြစ်တတ်တယ်။ မယုံရင် စာလေးဘာလေးရှာဖတ်ကြည့်။”တန်ဆေး လွန်ဘေး “တဲ့ ကြားဖူးတယ်မလား ”

“အေးပါဟယ်…ဟုတ်ပါပြီ..ဒါပဲလား… ကုန်ပြီလား ပြောစရာ”

“နိုးပါ….မကုန်သေးဘူး။ နံပါတ်ခြောက်အချက်ကတော့…နင် ဆိုရှယ်ကျချင်…ဖေ့စ်ဘုတ်မှ ပုံတင် ၊Check-In တင်ချင်တာနဲ့တင်ပဲ ညဘက်တွေ မကြာမကြာ…Bar တွေသွား… ဘီယာတွေ အရက်တွေသောက်….အဲဒီအရည်တွေကလည်း နင့်ကိုဒုက္ခပေးတာ…နင်လုပ်သမျှတွေက အရေးအကြောင်းတွေကို ဖိတ်ခေါ်နေတာတွေပဲ…”

“မိယုမ…နင်ငါ့ကို ဘယ်အချိန်တည်းက ဖဲ့ချင်နေလည်းမသိ…။ နင်ပြောကာမှ ငါ့မှာရစရာတစ်ကွက်မှ မရှိတော့ဘူး။”

“အေး အေး…အဲဒီလိုစိတ်ဆိုးတာက ခုနှစ်ချက်မြောက်အကြောင်းရင်းပဲ။ စိတ်ဆိုး ဒေသထွက် စိတ်ဖိစီးမှုများ…အဲဒီအကျင့်တွေကို မြန်မြန်ဖျောက်နိုင်ရင်ဖျောက် ၊မဖျောက်နိုင်ရင် နင်တော့ မကြာခင် အိုဇနာကျတော့မှာ…အဟေးဟေး ”

“မိယု!!!!! စိတ်ပုတ်မကြီး…သူများစိတ်ညစ်နေတာကို။ နင်လည်းပါတယ် အမှန်က…နင်ဒီလောက်သိနေတတ်နေတာ အစတည်းက ကိုယ့်သူငယ်ချင်းလေးကို သတိပေးပါ့လား…ဟွန်း ”

“အံမယ်…ကျွန်မ ရှင့်ကို ဒါတွေသတိပေးနေတာ အခါတစ်ရာမကရှိနေပါပြီနော်။ သူ့ဟာသူ အရေးမလုပ်ဘဲ…ခု တကယ်ဖြစ်လာမှ ကျုပ်ပြောတာ နားဝင်ပြီး ”

“ဟီး….မသိဘူးလေဟယ်…အရင်က မဖြစ်သေးတော့ ငါက အမှုမဲ့အမှတ်မဲ့ ဖြစ်နေတာပါ ”

” ဟွန်း ”

“ဒါဆို…..ဒါပဲလား….ငါ့မှာ အခြားအချက်တွေရောပြောစရာရှိသေးလား?”

“နင့်မှာတော့ ဒီလောက်ပဲ။ ကျန်တဲ့….ဒီလိုမျိုး အရွယ်မတိုင်ခင်စောစောစီးစီး အိုမင်းရင့်ရော်ရတဲ့ တစ်ချက်ကတော့…ဆေးလိပ်သောက်တာ..ဒါမှမဟုတ်…သူများသောက်တဲ့ဆေးလိပ်ငွေ့ရှူရတာ…ကံကောင်းတာက ငါတို့ကမိန်းကလေးအဆောင်ဆိုတော့ ဆေးလိပ်သောက်တဲ့သူမရှိ…ရုံးမှာလည်း ဆေးလိပ်သောက်တဲ့သူမရှိတော့..တော်သေးတာပေါ့ ”

” ကျေးကျေးပါ သယ်ရင်းလေးရေ…..ဒါနဲ့ ဒါတွေပျောက်ပါတော့မလားမသိ….”

“ပျောက်ပါတယ်အေ…..ခုနက ငါပြောထားတဲ့ နင့်ရဲ့အကျင့်ဆိုးတွေကိုဖျောက်ဖို့ပြင်….အသားအရည်ကိုစနစ်တကျဂရုစိုက်…ခုမှငယ်ငယ်လေးရှိသေးတယ်…ပြန်ကောင်းမှာ မပူနဲ့…..ဒါနဲ့မှမရရင်လည်း စိတ်မပူနဲ့…..ခေတ်မှီနည်းတွေ အလှအပဆိုင်ရာဆေးခန်းတွေမှ တစ်ပုံကြီး…ဟုတ်ပလား”

“အိုခေပါ ချစ်သယ်ရင်းလေးရေ့”

ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်းရေးသားသူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top