Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
ပိုင်ဇေရဲထွန်းနဲ့ သူရဲ့ ဇနီးဇင်သဲနိုင် တို့ရဲ့ ငွေကြေးအရှုပ်တော်ပုံနဲ့ မိသားစုတွေကြား ပြဿနာတွေကတော့ ပြီးခဲ့တဲ့ရက်က ရုတ်တရတ်ကြီးကို ပရိသတ်တွေကြားပျံနှံ့သွားခဲ့ပြီး ဝေဖန်မှုတွေများစွာ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။
အကြောင်းကတော့ ဘဏ်မှာအိမ်ပေါင်ပြီး ငွေချေးပြီး ပြန်မဆပ်တာကြောင့် ပိုင်ဇေရဲထွန်းရဲ့ အသက် ၇၀ ကျော်အဖေနဲ့ အမေကတော့ တရားစွဲဆိုခံထားရတယ်ဆိုတဲ့ သတင်းနဲ့စခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စကြောင့် ပရိသတ်တွေကတော့ သူတို့မိသားစုလေးကို အားပေးနေရာကနေ ဝေဖန်ပြီး အမုန်းပွားတဲ့ အဆင့်ထိကိုရောက်သွားတာ ဖြစ်ပါတယ်။
ဒီကိစ္စကတော့ သူတို့မိသားစုကြားမှာ တယောက်စ တယောက်စလိုက်ရှင်းရင်း ပရိသတ်တွေနဲ့လည်း အခြေအတင်တွေ ဖြစ်ခဲ့ကြပါတယ်။ ပိုင်ဇေရဲထွန်းရဲ့ ဇနီးဖြစ်သူ ဇင်သဲနိုင်ကလည်း ပို့စ်တင်ပြီး ဒဲ့ပြောထားသလို နာရီပိုင်းအတွင်းမှာ ပို့စ်ကို ဖျက်သွားခဲ့တာ ဖြစ်ပါတယ်။ ပြဿနာအစကတော့ ဦးရဲထွဋ်ဆိုတဲ့ အကောင့်ကနေ စတင်လိုက်တာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ဦးရဲထွဋ်ဆိုတဲ့ အကောင့်ကတော့ ပိုင်ဇေရဲထွန်းနဲ့ ဇနီးဇင်သဲနိုင်တို့နဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းထားခဲ့တာ ဖြစ်ပါတယ်။ အကောင့်မှာတော့ “သားပိုင်ပိုင်နဲ့ သမီးသဲသဲ ဖေဖေနဲ့ မေမေ အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။
သားနဲ့ သမီးအလုပ်ကိစ္စနဲ့ ပြည်ပခရီးရောက်နေတဲ့အချိန်မှာ ဖေဖေဖုန်းခေါ်တာမရတဲ့အတွက် ဖေဖေလူကြီးတယောက်အနေနဲ့ စိတ်ပူလွန်သွားတယ်. သားတို့သမီးတို့ကို ဖေဖေထိခိုက်ဖို့ မရည်ရွယ်သလိူု မထိခိုက်စေချင်တာလည်း အမှန်ပါပဲ။ သားတို့သမီးတို့ ဖေဖေတို့ကို ဆက်သွယ်စေချင်တာက အဓိကပါပဲ။
ဘဏ်ရဲ့ တာဝန်ခံနဲ့ အားလုံးလည်းချိတ်ဆက်ပြီး ချေးငွေပြန်ဆပ် ထားတယ်။ အားလုံးလဲ ညှိုနှိုင်းထားတယ်ဆိုတာ စီစဉ်ထားမှန်းမသိလိုက်လို့ ရေးလိုက်တာပါ။ ပြီးတော့ ဒီအိမ်ကြီး ပေါင်နှံထားတဲ့ ငွေကြေးတွေနဲ့ သမီးသဲသဲရဲ့ ရတနာ လုပ်ငန်းနဲ့ သက်ဆိုင်ခြင်းမရှိကြောင်းကိုလဲအားလုံးကို မားလည်စေချင်ပါတယ်။
သားပိုင်ပိုင်နဲ့ သမီးသဲသဲတို့ ဘဏ်မှာ ငွေသွင်းထားပြီးသွားကြောင်း သိရတဲ့အတွက် ဖေဖေမေမေ တို့ဝမ်းသာရပါတယ်။ မိသားစုချင်း နားလည်မှုလွဲသွားရခြင်းကို အားလုံးပဲ နားလည်စေချင်ပါတယ်” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။
ဒါကြောင့် ပိုင်ဇေရဲထွန်းနဲ့ ဇနီးဇင်သဲနိုင်ကို ဝေဖန်နေသူတွေအားလုံးလည်း နားလည်သဘောပေါက်သွားကြမယ် ထင်ပါတယ်။ပရိသတ်ကြီးလည်း ဒီအဖြစ်အပျက်လေးကို သိရအောင် တင်ဆက်ပေးလိုက်ရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top