2. kids
4. Please tell me
5. Together Star Bed
6.I love you
Credit:santhitsa
# Unicode Version # ဖြင့် ဖတ်ပါ #
သင့်ဟာ သင့်ချစ်သူအပေါ် ဂရုစိုက်မှု၊နားလည်မှု၊နွေးထွေးမှုနဲ့ ချစ်ခင်ကြင်နာမှုတွေနဲ့ ပေါင်းစပ်ပြီးတော့ နှစ်ဦးနှစ်ဖက် လက်တွဲမှုက ပြည့်စုံခမ်းနားတဲ့ ချစ်သူစုံတွဲတွေ ဖြစ်စေတာပဲ ဖြစ်ပါတယ်။
1. getting a good night sleep
တခါတလေ မိမိပျက်ကွက်မှုကို စဉ်းစားမိရင် မိမိလွန်ရာကျမှန်းသိပါလိမ့်မယ်။သေချာတာတော့ သင်ဟာ အိပ်ရာဝင်ခါနီး ကောင်းသော ညပါလို့ စာတိုတကြောင်းပိုကတာ စကားတို တခွန်းဆိုတာ သင့်အတွက် အပမ်းမကြီးပါဘူး။သူပြောနိုး ငါပြောနိုးစောင့်စားမှုက အပမ်းကြီးတာပါ။ဒီလိုသာ ပုံမှန်နှုတ်ဆက်တဲ့ စုံတွဲတွေက အတိုင်းအတာတခု အကြင်နာပိုတတ်ပါတယ်။
2. kids
သင်ဟာ သင်ကလေးရလာရင် လုပ်စရာရှိတဲ့ စီမံကိန်းတွေ မကြာခဏပြောပြခြင်းက သူ့ကို သင့်အပေါ် ယုံကြည်မှုခိုင်မာစေတာဖြစ်ပါတယ်။ဒါဟာ သင်ဟာ အနာဂတ်ကို လေးနက်စွံာတွေးတတ်သူမှန်းသိလို့ သင့်လက်ကို မြဲနေအောင် ကိုင်ထားတတ်ကြတာဖြစ်ပါတယ်။
3. go to bed at the same time
သင်ဟာ အိပ်ချင်သည့်တိုင် သူအိပ်မယ်ပြောမှ အတူတူအိပ်မယ်လို့ ချွဲတတ်တာဖြစ်ပါတယ်။တကယ်လို့ သူက အိပ်ချင်တယ်ပြောရင်လဲ မအိပ်ချင်လဲ အတူအိပ်ဖို့ Good Night လို့ ပြောတတ်ရမှာပါ။ဒါဟာ သူ့ကို တဖက်နည်းနဲ့ နီးစပ်မှုကို ပြသတာ လိုက်လျောမှုကို ပြသတာဖြစ်ပြီး သူ့အပေါ်အလိုလိုက်မှုကြောင့် သင့်ကို ပိုမိုချစ်လာမှာဖြစ်ပါတယ်။
4. Please tell me
တကယ်တော့ အမျိုးသမီး တော်တော်များများက စကားနည်းသူရှားပါတယ်။သူတို့ကို ပြောခွင့်မပိတ်ပဲ ပြောခိုင်းလိုက်ရင် အတိုင်းမသိ ကျေနပ်သူတွေဖြစ်ပါတယ်။အိပ်ခါနီးမှာ စကားလမ်းကြောင်း တခုဖွင့်ပေးတာ ပြောစရာမရှိသည့်တိုင် သီချင်းဆိုတာမျိုးကို လုပ်ခိုင်းရမှာဖြစ်ပါတယ်။
5. Together Star Bed
သင်နဲ့ အတူမရှိတဲ့ ညတွေမှာ အတူရှိနေသလို ပြောဆိုပါ။စောင်ခြုံလိုက်ဦး ခြေထောက်တွေ အေးနေပြီတို့ အရမ်းမကပ်နဲ့ မအိပ်တတ်ဘူး စတာတွေကို နောက်ပြောင်ကျီစယ်မှုတွေ လုပ်ပေးရမှာဖြစ်ပါတယ်။ဒါဟာ နှစ်သီးသား ပိုမိုနီးကပ်သလို ခံစားရစေတာဖြစ်ပါတယ်။
6.I love you
အိပ်ရာဝင်ခါနီးတိုင်း မမေ့သင့်တဲ့ အရေးကြီးဆုံး အချက်ကတော့ ချစ်တယ်လို့ ပြောဖို့ပါပဲ။သူ့ဆီက ခွန့်တုန့်ပြန်မှုမရရင် စိတ်ကောက်ဖို့နဲ့ စိတ်တိုတာမျိုး လုပ်ဖို့ဖြစ်ပါတယ်။သင့်ကို အမြဲချစ်တယ်လို့ ပြောခဲံသူ တရက်လောက်မရှိတော့ရင် သင့်ရင်ထဲ လစ်ဟာမှုမျိုး ဖြစ်တဲ့အထိ စွဲမြဲစွာပြောရမှာဖြစ်ပါတယ်။ဒါဆို သူ့စိတ်မှာလဲ သင်ဟာ မရှိမဖြစ် အခြေအနေ ရောက်နေပါပြီ။
ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top