သူေတာ္ေကာင္း အစားစားေတြထဲမွာ အားက်ေက်နပ္စရာအေကာင္းဆုံး၊လုိလားႏွစ္သက္ဖြယ္အျဖစ္ ဆုံး၊အတူယူျမတ္ႏုိးဖုိ႔အသင့္ေတာ္ဆုံး ပုဂၢိဳလ္တစ္ဦးဦးကုိေရြးခ်ယ္ျပပါဆုိလွ်င္“အရွင္ဗာကုလမေထရ္” ကုိ ညြန္းဆုိမိမွာပါ။

အရွင္ဗာကုလမေထရ္ ဟာ ကူးခတ္လြန္ေျမာက္ဖုိ႔ခက္ခဲလွတဲ့ ဘ၀သံသရာ ပင္လယ္ခရီးၾကမ္းကုိ
ကြ်မ္းက်င္ လိမၼာတဲ့ မာလိန္မွဴးတစ္ဦးလုိ၊သက္ေသာင့္သက္သာအဆင္ေျပ ေခ်ာေမြ႔စြာ ကူးျဖတ္ ျပခဲ့သလုိ အစုိးမရတဲ့လူ႔ဘ၀ကုိလည္း အစုိးရတဲ့ နတ္ေဒ၀တာတစ္ဦးလုိ ေနျပသြားေတာ္မူခဲ့တာ ျဖစ္ပါတယ္။

အရွင္ဗာကုလမေထရ္အေလာင္းအလ်ာဟာ “အေနာမဒႆီ”ရွင္ေတာ္ဘုရားရဲ့ ေလနာေရာဂါကုိ ေပ်ာက္ကင္းေအာင္ကုသေပးၿပီး “ဘ၀သံသရာမွာ တပည့္ေတာ္ရဲ့ခႏၶာဟာႏြားႏုိ႔တစ္ညႇစ္စာ အခ်ိန္ကေလးေတာင္မွ အနာေရာဂါမျဖစ္ပါေစသား”လုိ႔ ဆုေတာင္းခဲ့သူျဖစ္သလုိ၊
“ပဒုမုတၱရ”ရွင္ေတာ္ဘုရားထံမွာလည္း“အနာေရာဂါကင္းတဲ့အရာမွာ အသာဆုံး အျမတ္ဆုံး=
ဧတဒဂ္ဘြဲ႔ကုိ ရပါလုိ၏”လုိ႔ ဆုထူးပန္ဆင္ခဲ့သူ ျဖစ္ပါတယ္။

၀ိပႆီျမတ္စြာဘုရားနဲ႔ ကႆပျမတ္စြာဘုရားရွင္တုိ႔လက္ထက္ေတာ္မွာ ေက်ာင္းေဆာင္အသစ္ေတြကုိေဆာက္လုပ္လွဴဒါန္းျပီး၊ရဟန္းသံဃာေတာ္ေတြကုိေဆးပစၥည္းအမ်ိဳးမ်ိဳးနဲ႔ မပင္မပန္း ခ်မ္းသာေအာင္ျပဳစုလုပ္ေကြၽးခဲ့သူလည္း ျဖစ္ပါတယ္။

အရွင္ဗာကုလမေထရ္ရဲ့ ေနာက္ဆုံးဘ၀ျဖစ္ရပ္ေတြမွာလြန္စြာမွ သည္းထိတ္ရင္ဖုိ ဆန္လွသလုိ၊
အင္မတန္မွလည္း ထူးေထြဆန္းၾကယ္လွပါတယ္။အရွင္ဗာကုလမေထရ္အေလာင္းသူေတာ္ေကာင္း ဟာ စာေရးသူတုိ႔ကုိးကြယ္ရာရွင္ေတာ္ဘုရား ပြင့္ထြန္းေတာ္မမူေသးမီမွာပဲ ေကာသမၻီျပည္ သူေဌးႀကီးရဲ့အိမ္ေတာ္မွာပဋိသေႏၶေနပါတယ္။

ပဋိသေႏၶတည္ေနခ်ိန္ကစၿပီး၊သူေဌးႀကီးရဲ့ အိမ္ေတာ္ဟာ ေအာင္ျမင္မႈ၊ႂကြယ္၀မႈ၊ေက်ာ္ေစာမႈေတြနဲ႔ ျပည့္စုံၿပီး အထြတ္အထိပ္ ေရာက္ခဲ့ပါတယ္။ဖြားျမင္ျပီးတဲ့ေနာက္ ငါးရက္ေျမာက္ေန႔မွာ
မိခင္သူေဌးကေတာ္ႀကီးဟာ ဘုန္းကံႀကီးမားတဲ့သားရတနာေလးကုိ အသက္ရွည္ၾကာ အနာကင္းဖုိ႔
ရည္ရြယ္ၿပီး၊ယမုံနာျဖစ္အတြင္းကုိ ေရခ်ိဳးဆင္းဖုိ႔အခမ္းအနားနဲ႔ ပုိ႔ေစပါတယ္။

ယမုံနာျမစ္အတြင္းမွာ အထိန္းေတာ္ႀကီးဟာသားရတနာေလးကုိ ငုပ္ခ်ည္ေပၚခ်ည္လုပ္ကာ
ေရခ်ိဳးေပးေနတုန္း ငါးႀကီးတစ္ေကာင္ဟာ သူငယ္ကုိအစာအမွတ္နဲ႔ ေျပးဟပက္ဖုိ႔ ပါးစပ္ႀကီးဟလာပါတယ္။

အထိန္းေတာ္ႀကီးက ေၾကာက္လန္႔ၿပီး ထြက္ေျပးတဲ့အခါငါးႀကီးက သူငယ္ကုိ မ်ိဳခ်လုိက္ပါတယ္။ သူငယ္ေလးဟာဘုန္းကံႀကီးမားသူ ျဖစ္တဲ့အေလွ်ာက္ ငါးဗုိက္ထဲမွာဆင္းရဲဒုကၡမေရာက္ဘဲ၊ အိပ္ရာပုခက္ထဲမွာအိပ္စက္လဲေလ်ာင္းရသလုိ ခ်မ္းသာစြာ ေနထုိင္ရပါတယ္။

ေနာက္ဆုံးေတာ့ သူငယ္ ေတာ္ရဲ့ တန္ခုိးရွိန္ေၾကာင့္အဲဒီငါးႀကီးဟာ တံငါသည္ေတြရဲ့ လက္ထဲက တစ္ဆင့္ဗာရာဏသီၿမိဳ႕က ကုေဋရွစ္ဆယ္ႂကြယ္၀ၿပီး၊သားသမီးမရတဲ့သူေဌးကေတာ္ႀကီး လက္ထဲကုိ ေရာက္သြားရပါတယ္။

တစ္ခါမွ သားငါးမကုိင္တြယ္ဖူးတဲ့ သူေဌးကေတာ္ႀကီးဟာငါးႀကီးရဲ့ ေက်ာဘက္ ကုိ ဓားနဲ႔ ခြဲျခမ္းလုိက္တဲ့အခါငါး၀မ္းဗုိက္ထဲမွာ အိပ္ေပ်ာ္ေနတဲ့ ေရႊအဆင္းလုိ၀ါ၀င္းၿပီး ခ်စ္စဖြယ္ ကေလးငယ္တစ္ေယာက္ကုိေတြ႔ရတဲ့အခါ ၀မ္းသာအားရ ေပြ႔ခ်ီၿပီး သူေဌးႀကီးကုိသားအျဖစ္နဲ႔ ျပသပါတယ္။သူေဌးႀကီးက ခ်က္ခ်င္းဗာရာဏသီၿမိဳ႕ထဲကုိ စည္လည္ေစၿပီး၊ဘုရင္ျမင္းျမတ္ထံကုိ လည္း သံေတာ္ဦးတင္ေလွ်ာက္ထားပါတယ္။

ဗာရာဏသီမင္းႀကီးက “ငါး၀မ္းထဲမွာ အနာမဲ့စြာ ခ်မ္းသာစြာေနႏုိင္တဲ့ ဒီကေလးဟာ ဧကႏၲဘုန္းကံ ႀကီးမားသူျဖစ္တယ္။သင္သူေဌးႀကီး သားအျဖစ္နဲ႔ ေမြးစားေစ”လုိ႔ အမိန္႔ေတာ္ျမတ္ခ်မွတ္တဲ့အခါ သူေဌးႀကီးတုိ႔ ဇနီးေမာင္ႏွံဟာ၀မ္းေျမာက္၀မ္းသာ သားအျဖစ္နဲ႔ အိမ္ေတာ္မွာ ျပဳစုေကြၽးေမြးၾကပါ တယ္။

ဒီအေၾကာင္းကုိ မိဘအရင္းျဖစ္တဲ့ ေကာသမၻီျပည္ကသူေဌးႀကီးေတြက ၾကားသိရတဲ့အခါ ေမြးမယ္ေတာ္နဲ႔ေကြ်းမယ္ေတာ္တုိ႔ဟာ သူ႔သား၊ငါ့သား အျငင္းပြားၿပီး၊ဗာရဏသီမင္းႀကီးထံ အဆုံးအျဖတ္ခံဖုိ႔ ေရာက္သြားပါတယ္။

မင္းႀကီးလည္း ဘယ္ဘက္ ကုိမွ အသာေပးၿပီးမဆုံးျဖတ္ႏုိင္တာမုိ႔ “ဒီသူငယ္ဟာ ေကာသမၻီသူေဌးအိမ္၊ဗာရဏသီသူေဌးအိမ္ ႏွစ္အိမ္လုံးရဲ့ အေမြခံသာျဖစ္ေစ”လုိ႔ ဆုံးျဖတ္ခ်က္ ခ်မွတ္ေတာ္မူပါတယ္။

အဲဒီအခ်ိန္ကစၿပီး သူငယ္ေတာ္ဟာ သူေဌးႀကီးႏွစ္ဦးရဲ့အိမ္ေတာ္ေတြမွာပဲ အလွည့္က် ေနထုိင္ႀကီးျပင္းလာခဲ့ရသလုိသူငယ္ေတာ္ရဲ့ နာမည္ဟာလည္း“ဗာကုလ သူေဌးသား”
လုိ႔ အမည္ တြင္ခဲ့ပါတယ္။(ဗာ=ႏွစ္ခုေသာ၊ ကုလ=မိသားစု၊အမ်ိဳး။ဗာကုလ=မိသားစု အမ်ိဳးႏွစ္ခုရွိသူ)

ဗာကုလသူေဌးသားရဲ့ လူဘဘ၀စည္းစိမ္ခ်မ္းသာေတြဟာအင္မတန္ ႀကီးက်ယ္ ခမ္းနားလွပါတယ္။ ဗာကုလသူေဌးသားအရြယ္ေရာက္တဲ့အခါ ေကာသမၻီျပည္၊ ဗာရဏသီျပည္ႏွစ္ခုလုံးမွာရွိတဲ့ မယ္ေတာ္ ခမည္းေတာ္ေတြကေႏြ၊မုိး၊ေဆာင္း ရာသီ သုံးမ်ိဳးအတြက္ စံအိမ္ေတာ္ ၃-ခုစီတည္ေဆာက္ၾကၿပီး ကေခ်သည္ ေမာင္းမ မိႆံအေႁခြအရံ မ်ားစြာေတြကုိ ျပဳစုေဖ်ာ္ေျဖ ခစားေစၾကပါတယ္။

ဗာကုလသူေဌးသားဟာ တစ္ၿမိဳ႕တစ္ၿမိဳ႕မွာ ေလးလ၊ေလးလပဲ စံေနပါတယ္။ ေကာသမၻီျပည္မွာ ေလးလပတ္လုံးသူေဌးစည္းစိမ္ကုိ ခံစားသုံးေဆာင္ေနထုိင္ျပီးတဲ့အခါႀကီးက်ယ္ခမ္းနားလွတဲ့ နန္းေတာ္ ေဆာင္ပါတဲ့ကရ၀ိတ္ေဖာင္ေတာ္ေပၚမွာ ကေခ်သည္၊ေမာင္းမမိႆံေတြနဲ႔တကြ ဗာကုလသူေဌးသားကုိသယ္ေဆာင္ျပီး ဗာရာဏသီျပည္ကုိ ပုိ႔ေဆာင္ေပးပါတယ္။

ဗာကုလသူေဌးသားဟာ ေဖာင္ေတာ္ေပၚမွာ ႀကီးက်ယ္တဲ့သူေဌးစည္းစိမ္ကုိ ေပွ်ာ္ရႊင္ ခ်မ္းေျမ့စြာ ခံစားသုံးေဆာင္ရင္း၊ေလးလၾကာမွ ဗာရဏသီကုိ ဆုိက္ေရာက္ပါတယ္။အဲဒီလုိနည္းနဲ႔ ေကာသမၻီမွာ ေလးလ၊ လမ္းခရီးမွာ ေလးလ၊ဗာရဏသီမွာ ေလးလ စသည္ျဖင့္ တစ္ႏွစ္တာကုိကုန္လြန္ေစၿပီး ခ်မ္းခ်မ္းသာသာ ေနလာခဲ့တာ ႏွစ္ေပါင္းရွစ္ဆယ္တုိင္ေအာင္ ျဖစ္ပါတယ္။

ဗာကုလသူေဌးသား အသက္(၈၀)အရြယ္ေရာက္ခ်ိန္မွာရွင္ေတာ္ဘုရားဟာ ေကာသမၻီျပည္ကုိ ႂကြခ်ီေတာ္မူလာခဲ့ပါတယ္။ရွင္ေတာ္ဘုရားရဲ့ တရားေတာ္ကုိနာယူရတဲ့အခါ ဗာကုလသေဌးသားဟာ သဒၶါတရားႀကီးမားစြာျဖစ္ၿပီး၊သာသနာ့၀န္ထမ္း ရွင္ရဟန္းျပဳပါတယ္။

အရွင္ဗာကုလမေထရ္ဟာ ရဟန္းျပဳေတာ္မူၿပီးတဲ့ေနာက္(၇)ရက္မွ်သာ ပုထုဇဥ္ဘ၀နဲ႔ ေနရၿပီး၊
(၈)ရက္ေျမာက္အရုဏ္မွာ“ဆ႒ာဘိည၊ပိဋိသမၻီဒါ ပတၱ ရဟႏၲာ”အရွင္ျမတ္ျဖစ္ေတာ္မူခဲ့ပါတယ္။ အရွင္ဗာကုလမေထရ္ဟာအရွင္သာရိပုတၱရာ ၊ အရွင္ေမာဂၢလာန္၊အရွင္မေခမာေထရီတုိ႔နဲ႔အတူ မဟာအဘိညဥ္ရပုဂၢိဳလ္(၄)ဦးထဲမွာ အ၀င္အပါျဖစ္သလုိႏွစ္သတ္မွတ္ခ်က္အလုိက္ မက်ိန္းစက္၊မအိပ္ေတာ္မူၾကတဲ့သာသနာ့၀န္ထမ္း ရွင္ရဟန္းအာဇာနည္မေထရ္(၁၁)ပါး
ထဲမွာလည္း တစ္ပါးအပါအ၀င္ျဖစ္ေတာ္မူပါတယ္။

အရွင္ဗာကုလမေထရ္ဟာ ရဟန္းျဖစ္ေတာ္မူခ်ိန္ကစၿပီးႏွစ္ေပါင္း(၈၀)ကာလပတ္လုံး တံကဲပ်ဥ္၊ နံရံ၊ တုိင္ကုိမွီၿပီးတစ္ခါမွ မက်ိန္းစက္ဘူး။အိပ္ရာ၀င္ကာ လဲေလ်ာင္းၿပီးတစ္ခါမွ မအိပ္ခဲ့ဘူးပါ။

အရွင္ဗာကုလမေထရ္ ရဟန္းျပဳခ်ိန္ကစၿပီး ေကာသမၻီျပည္၊ဗာရဏသီျပည္မွာ ရွိေနၾကတဲ့ ေရွးလူျဖစ္စဥ္သူေဌးသားဘ၀က အလုပ္အေကြၽး၊အေဖ်ာ္အေျဖ၊ကေခ်သည္ေမာင္းမမိႆံေတြဟာ မိမိတုိ႔ရဲ့ မိဘအိမ္သုိ႔ ျပန္ၾကကာမိမိတုိ႔ရဲ့ မိဘအိမ္မွာ ေနထုိင္ၾကရင္းက သကၤန္း၊ ဆြမ္း
စတာေတြကုိ စီရင္ၿပီး အရွင္ဗာကုလမေထရ္ျမတ္ထံသုိ႔လွဴဒါန္းၾကပါတယ္။

အရွင္ဗာကုလမေထရ္ဟာလ၀က္=(၁၅-ရက္) ပတ္လုံး ေကာသမၻီေနသူေတြကေပးပုိ႔လွဴဒါန္းတဲ့ သကၤန္း၊ဆြမ္းတုိ႔ကုိ သုံးေဆာင္ေတာ္မူၿပီး၊ေနာက္လ၀က္(၁၅-ရက္)ပတ္လုံး ဗာရာဏသီေနသူေတြက ပုိ႔သလွဴဒါန္းတဲ့ဆြမ္း၊ သကၤန္းတုိ႔ကုိ ဘုဥ္းေပးသုံးေဆာင္ေတာ္မူပါတယ္။

အရွင္ဗာကုလမေထရ္ဟာ ရဟန္းျပဳခ်ိန္ကစၿပီးႏွစ္ေပါင္း(၈၀)ကာလအတြင္း ဒါယကာေတြ ပင့္ဖိတ္တဲ့ဆြမ္းကုိတစ္ႀကိမ္မွ လက္မခံဖူးသလုိ၊“ဒါယကာတစ္ဦးဦးက ငါ့ကုိ ပင့္ဖိတ္ပါမူ ေကာင္းေလစြ”လုိ႔ စိတ္ေတာင္မွ မကူးမိဖူးသူ ျဖစ္ေတာ္မူပါတယ္။

ရြာနီးေက်ာင္းမွာ ၀ါမဆုိဘဲ၊အျမဲေတာရေဆာက္တည္ေတာ္မူကာၿမိဳ႕ရြာအတြင္း အိမ္တံစက္ၿမိတ္ေအာက္မွာ တစ္ႀကိမ္တစ္ခါမွ်ဆြမ္းမစားဖူးသူလည္း ျဖစ္ေတာ္မူပါတယ္။

ရဟန္း၀ါေတာ္နဲ႔အမွ် အရွင္ဗာကုလမေထရ္ဟာဆြမ္း၊ သကၤန္း၊ ေက်ာင္း၊ေဆး ပစၥည္းေလးပါးကိစၥမွာ
တစ္စုံတစ္ရာ ေၾကာင့္ၾကစုိက္မႈ တစ္ခုမွ်မရွိဘဲပံ့သကူသကၤန္း၊ ပ႑ပတ္ဆြမ္း၊ေတရာေက်ာင္းနဲ႔ပဲ
ေပ်ာ္ေမြ႔ေတာ္မူပါတယ္။

လူဘ၀အႏွစ္(၈၀)၊ရဟန္း ဘ၀အႏွစ္(၈၀)သက္တမ္း(၁၆၀)အတြင္း ႏြားႏုိ႔တစ္ညႇစ္စာအခ်ိန္ကေလးေလာက္ေတာင္မွအနာေရာဂါ မျဖစ္ပြားဘူးဘဲ ေဆးျဖစ္၀ါးျဖစ္ဆုိရင္
သွ်ိသွ်ားသီးတစ္စိတ္စာကုိေတာင္မွ ဘုဥ္းေပးသုံးေဆာင္ရဖူးျခင္း ရွိေတာ္မမူပါဘူး။

တစ္သက္တာပတ္လုံးေညာင္းညာကုိက္ခဲျခင္းမွ် မျဖစ္ေပၚဘူးတာေၾကာင့္သီတင္းသုံးေဖာ္ တစ္ဦးဦးကုိ တစ္ခါမွ် ႏွိပ္နယ္ခုိင္းျခင္းလည္းရွိေတာ္မမူပါ။ ေရခ်ိဳးခန္းမွာ၀င္ၿပီး၊ေရမခ်ိဳးဖူးသလုိ၊ ဆပ္ျပာအသုံးျပဳၿပီးေတာ့လည္း ေရခ်ိဳးေတာ္မမူဘူးပါ။ဒါေၾကာင့္မုိ႔ ရွင္ေတာ္ဘုရားဟာ အရွင္ဗာကုလမေထရ္ကုိက်န္းမာျခင္းအရာမွာ အသာလြန္ဆုံး ဧတဒဂ္ဘြဲ႕ထူးကုိ
ေပးအပ္ေတာ္မူခဲ့တာလည္း ျဖစ္ပါတယ္။

အရွင္ဗာကုလမေထရ္ဟာ ရဟန္းျဖစ္ၿပီးခ်ိန္ကစၿပီး၀ါေတာ္(၈၀)အတြင္းမွာ အမ်ိဳးသမီးေတြကုိ တစ္ႀကိမ္တစ္ခါမွ်တရားမေဟာဖူးသလုိ “မိန္းမဆုိတဲ့ အမွတ္လကၡဏာနဲ႔လည္းတစ္ႀကိမ္တစ္ခါမွ် ၾကည့္ေတာ္မမူဖူးပါဘူး။

ရဟန္းအျဖစ္နဲ႔ေနစဥ္ကာလပတ္လုံး ကာမဂုဏ္အာရုံနဲ႔ ပတ္သက္တဲ့စိတ္ကူးအၾကံအစည္၊ အမွတ္သညာ တစ္ႀကိမ္တစ္ခါမွလည္းျဖစ္ဖူးျခင္း လုံး၀ရွိေတာ္မမူပါ။ အမ်က္ေဒါသနဲ႔ စပ္ၿပီးေတာ့လည္းသူတစ္ပါးကုိ ပ်က္စီးေစလုိတဲ့ ႏွိပ္စက္ညႇဥ္းပန္းလုိတဲ့စိတ္ကူး၊ အႀကံအစည္၊ အမွတ္သညာ တစ္ႀကိမ္တစ္ခါမွျဖစ္ေပၚဖူးျခင္း ရွိေတာ္မမူခဲ့ပါ။ဒီအခ်က္ေတြဟာ သူတစ္ပါးေတြနဲ႔ ဘယ္လုိမွ မတူညီႏုိင္တဲ့အရွင္ဗာကုလမေထရ္ရဲ့ အံ့ဖြယ္ရာေတြ ျဖစ္ပါတယ္။

အရွင္ဗာကုလမေထရ္ဟာ လူ၀တ္ေၾကာင္ အမ်ိဳးသမီးေတြနဲ႔ကင္းရွင္းရုံမွ်မကဘဲ ရဟန္း၀တ္ ဘိကၡဳနီ၊ သိကၡမာန္၊သာမေဏမေတြနဲ႔လည္း ေတြ႔ဆုံဆက္ဆံျခင္း အလ်ဥ္းရွိေတာ္မူပါဘူး။အမိ်ဳးသားေတြကုိ လည္း ဥပဇၥ်ာယ္ဆရာအျဖစ္နဲ႔ရွင္ျပဳေပးျခင္း၊ရဟန္း ခံေပးျခင္း၊ တပည့္အျဖစ္ လက္ခံျခင္း
လုံး၀ ျပဳေတာ္မမူသလုိ ရွင္ငယ္၊ ရဟန္းငယ္ေတြကုိလည္းအလုပ္အေကြၽးအျဖစ္ အနီးအပါးမွာ လုံး၀ထားေတာ္မမူပါ။

၀ါေတာ္(၈၀)၊သက္ေတာ္(၁၆၀) ပရိနိဗၺာန္၀င္စံခ်ိန္အထိကုိယ့္ဘ၀၊ ကုိယ့္ခႏၶာ၀န္ကုိ ကုိယ့္ဘာသာ
ထမ္းရြက္ေတာ္မူသြားတဲ့ အံ့ဖြယ္မေထရ္ႀကီးတစ္ပါးျဖစ္ေတာ္မူပါတယ္။

သက္ေတာ္(၁၆၀)ျပည့္လုိ႔ သက္တမ္းကုန္ဆုံးလုနီးတဲ့အခါအရွင္ဗာကုလမေထရ္ဟာ တစ္ေက်ာင္း၀င္ တစ္ေက်ာင္းထြက္လွည့္လည္ေတာ္မူကာ “အရွင္ဘုရားတုိ႔ ညီမူရာတန္ေစာင္းအတြင္းသုိ႔ ႂကြေတာ္မူၾကပါ။

ယေန႔ တပည့္ေတာ္ရဲ့ ပရိနိဗၺာန္၀င္စံ ခ်ဳပ္ၿငိမ္းမႈျဖစ္ပါလိမ့္မယ္။အရွင္ဘုရားတုိ႔ ႂကြေတာ္မူၾကပါ”
လုိ႔ ကုိယ္ေတာ္တုိင္ ေလွ်ာက္ထားဖိတ္ၾကားၿပီးသံဃာစုေ၀းေစပါတယ္။သီတင္းသုံးေဖာ္ သံဃာေတာ္မ်ားစုရုံးစည္းေ၀းမိတဲ့အခါ “ငါဟာ အသက္ရွင္စဥ္မွာငါ့ရဲ့ ခႏၶာကုိယ္အတြက္ သူတစ္ပါးေတြကုိ တာ၀န္မတက္ေစခဲ့သလုိ၊ ယခုလုိ ပရိနိဗၺာန္ ၀င္စံခ်ိန္မွာလည္း
ငါ့ရဲ့ ခႏၶာကုိယ္ ဟာ သီတင္းသုံးေဖာ္ သံဃာေတာ္ေတြအတြက္ပလိေဗာဓ ေၾကာင့္ၾကဖြယ္ မျဖစ္ေပၚပါေစနဲ႔”လုိ႔ ႏွလုံးသြင္းဆင္ျခင္ေတာ္မူကာ စ်ာန္အဘိညာဥ္ကုိ၀င္စားေတာ္မူျပီး ရဟန္းသံဃာေတာ္ေတြရဲ့ အလယ္မွာထုိင္ေတာ္မူလ်က္ ပရိနိဗၺာန္ ၀င္စံေတာ္မူပါတယ္။

ပရိနိဗၺာန္ ၀င္စံေတာ္မူတာနဲ႔တစ္ျပိဳင္နက္ ထုိင္ေတာ္မူဆဲရုပ္ကလာပ္ေတာ္ဟာ သူ႔အလုိလုိ မီးထေတာက္ၿပီး၊ေလာင္ကြ်မ္းကာ မုေလးပန္းရုံ အဆင္းရွိတဲ့ဓာတ္ေတာ္ေတြသာ ႂကြင္းက်န္ရစ္ေတာ္မူပါတယ္။

အရွင္ဗာကုလမေထရဟာ လက္၀ဲေတာ္ရံမဟာသာ၀ကအပါး(၄၀)ထဲမွာ တစ္ပါးအပါအ၀င္ျဖစ္သလုိ၊
က်န္းမာျခင္း အရာမွာ ဧတဒဂ္ ရေတာ္မူၿပီး၊ တန္ခုိးႀကီးေတာ္မူတဲ့သက္ေတာ္ရွည္ ရဟႏၲာအ ရွင္ျမတ္ႀကီး တစ္ပါးလည္းျဖစ္ေတာ္မူပါတယ္။ အရွင္ဗာကုလမေထရ္ျမတ္ရဲ့ပါရမီခရီးမွာ အားက်ၾကည္ညိဳဖြယ္ရာေကာင္းသလုိ၊ကုိယ့္ဘ၀ ကုိယ့္ကံၾကမၼာကုိ ကုိယ္ျဖစ္ခ်င္တဲ့ပုံစံအတုိင္း
ကုိယ္ျဖစ္ခ်င္သလုိ ျဖစ္ေအာင္ အကြက္ခ်စီမံေတာ္မူပုံဟာလည္း အတုယူ လုိက္နာဖြယ္
ေကာင္းလွပါတယ္။

အရွင္ျမတ္ဟာ သာသနာေတာ္နဲ႔ၾကံဳတုန္းဆုံခုိက္ လူ႔ဘ၀ရဲ႕ ရေတာင့္ရခဲ အခြင့္အေရးအရင္းအျမစ္ အသီးအပြင့္အားလုံးကုိ သိမ္းက်ံဳးေထြးပုိက္ရယူေတာ္မူလုိက္ႏုိင္ပါတယ္။

အရွင္ျမတ္ရဲ႕ ေလာကီ၊ေလာကုတၱရာ ဘ၀ႏွစ္ခုစလုံးဟာေအာင္ျမင္ႂကြယ္၀မႈေတြ ျပည့္လွ်ံေနတာပါ။
ေဆြႀကီးမ်ိဳးႀကီး ၂-အုပ္စုရဲ့ၾကား အေႁခြအရံပရိသတ္ေတြရဲ့အလယ္မွာ အသက္ရွည္ရွည္ က်န္းက်န္းမာမာခ်မ္းခ်မ္းသာသာ လုိတုိင္းရ၊ တတုိင္း ျဖစ္ေနတဲ့အေျခအေနဟာ ေပ်ာ္ေမြ႔ဖြယ္ရာျဖစ္သလုိ၊ ရက္သတၱပတ္မွ်နဲ႔ဆ႒ာဘိည၊ ပဋိသမၻီဒါပတၱ၊ ဧတဒဂ္ရ၊ မဟာသာ၀က
ရဟႏၲာအရွင္ျမတ္ဘ၀ကုိ တက္လွမ္းေတာ္မူႏုိင္ခဲ့တာကလည္း အင္မတန္အားရေက်နပ္စရာ ေကာင္းလွပါတယ္။

ဒါေပမယ့္ တစ္ခ်ဳိ႕ကေတာ့ အမ်ားအက်ဳိး သယ္ပုိးေဆာင္ရြက္ႏုိင္မႈ ရွဳေထာင့္ကၾကည့္ကာ
အရွင္ဗာကုလမေထရ္ရဲ႕ အံ့ခ်ီးဖြယ္ရာေတြဟာပုဂၢလိကအရာ၀င္ၿပီး၊တသီးတသန္႔ ဆန္တာမုိ႔
အရွင္ဗာကုလမေထရ္ျမတ္ကုိ “သူေတာ္ေကာင္း”ဆုိတဲ့နာမ၀ိေသသနအစား “သူေတာစင္”ဆုိတဲ့ ေ၀ါဟာရနဲ႔ပူေဇာ္ေစခ်င္ၾကပါတယ္။

စာေရးသူအေနနဲ႔ကေတာ့ “အလွတြင္၊ အယဥ္ဆင့္၊ပင္ျမင့္ထက္က ပန္းပမာ” ဆုိတာလုိ အေၾကာင္းေကာင္းခဲ့လုိ႔၊အက်ိဳးေပး လွေတာ္မူတဲ့ အရွင္ဗာကုလမေထရ္ျမတ္ရဲ့ ႏွလုံးသားဥယ်ာဥ္အတြင္းမွာ “မိမိအတြက္၊သူတစ္ပါးတုိ႔တာ၀န္တက္မွာ စုိးလွတယ္”ဆုိတဲ့ ခ်စ္ျမတ္ႏုိးစရာအၾကင္နာပန္းတစ္ပြင့္ ငြားငြားစြင့္စြင့္ ဖူးပြင့္ေနတာကုိသူေတာ္ေကာင္းရာဇ၀င္မွာ ကမၸည္းတင္ၿပီး၊ပူေဇာ္ခ်င္ခဲ့တာပါ။

တကယ္ေတာ့ သူေတာ္ေကာင္းပဲဆုိဆုိ၊သူေတာ္စင္ပဲျဖစ္ျဖစ္ ေလာကကုိ ခ်စ္တဲ့ေနရာမွာေတာ့
အတူတူပါပဲ။ သူေတာ္ေကာင္းေတြရွိမွ ေလာႀကီးလွပႏုိင္သလုိ၊သူေတာ္စင္ေတြရွိမွလည္း ေလာကႀကီးေအးခ်မ္းႏုိင္မွာပါ။ပရိနိဗၺာန္ ၀င္စံခ်ဳပ္ျငိမ္းေတာ္မူသြားတဲ့အရွင္ဗာကုလမေထရ္ျမတ္ႀကီး ကုိ ဒီေဆာင္းပါးတုိကေလးနဲ႔ပဲရုိေသစြာ ဦးႏွိပ္ခ်ိဳးၿပီး ရွိခုိးကန္ေတာ့လုိက္ပါတယ္။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဆရာေတာ္ေတာ္၀င္ႏြယ္
# Unicode Version # ျဖင့္ ဖတ္ပါ #

သူတော်ကောင်း အစားစားတွေထဲမှာ အားကျကျေနပ်စရာအကောင်းဆုံး၊လိုလားနှစ်သက်ဖွယ်အဖြစ် ဆုံး၊အတူယူမြတ်နိုးဖို့အသင့်တော်ဆုံး ပုဂ္ဂိုလ်တစ်ဦးဦးကိုရွေးချယ်ပြပါဆိုလျှင်“အရှင်ဗာကုလမထေရ်” ကို ညွန်းဆိုမိမှာပါ။

အရှင်ဗာကုလမထေရ် ဟာ ကူးခတ်လွန်မြောက်ဖို့ခက်ခဲလှတဲ့ ဘဝသံသရာ ပင်လယ်ခရီးကြမ်းကို
ကျွမ်းကျင် လိမ္မာတဲ့ မာလိန်မှူးတစ်ဦးလို၊သက်သောင့်သက်သာအဆင်ပြေ ချောမွေ့စွာ ကူးဖြတ် ပြခဲ့သလို အစိုးမရတဲ့လူ့ဘဝကိုလည်း အစိုးရတဲ့ နတ်ဒေဝတာတစ်ဦးလို နေပြသွားတော်မူခဲ့တာ ဖြစ်ပါတယ်။

အရှင်ဗာကုလမထေရ်အလောင်းအလျာဟာ “အနောမဒဿီ”ရှင်တော်ဘုရားရဲ့ လေနာရောဂါကို ပျောက်ကင်းအောင်ကုသပေးပြီး “ဘဝသံသရာမှာ တပည့်တော်ရဲ့ခန္ဓာဟာနွားနို့တစ်ညှစ်စာ အချိန်ကလေးတောင်မှ အနာရောဂါမဖြစ်ပါစေသား”လို့ ဆုတောင်းခဲ့သူဖြစ်သလို၊
“ပဒုမုတ္တရ”ရှင်တော်ဘုရားထံမှာလည်း“အနာရောဂါကင်းတဲ့အရာမှာ အသာဆုံး အမြတ်ဆုံး=
ဧတဒဂ်ဘွဲ့ကို ရပါလို၏”လို့ ဆုထူးပန်ဆင်ခဲ့သူ ဖြစ်ပါတယ်။

ဝိပဿီမြတ်စွာဘုရားနဲ့ ကဿပမြတ်စွာဘုရားရှင်တို့လက်ထက်တော်မှာ ကျောင်းဆောင်အသစ်တွေကိုဆောက်လုပ်လှူဒါန်းပြီး၊ရဟန်းသံဃာတော်တွေကိုဆေးပစ္စည်းအမျိုးမျိုးနဲ့ မပင်မပန်း ချမ်းသာအောင်ပြုစုလုပ်ကျွေးခဲ့သူလည်း ဖြစ်ပါတယ်။

အရှင်ဗာကုလမထေရ်ရဲ့ နောက်ဆုံးဘဝဖြစ်ရပ်တွေမှာလွန်စွာမှ သည်းထိတ်ရင်ဖို ဆန်လှသလို၊
အင်မတန်မှလည်း ထူးထွေဆန်းကြယ်လှပါတယ်။အရှင်ဗာကုလမထေရ်အလောင်းသူတော်ကောင်း ဟာ စာရေးသူတို့ကိုးကွယ်ရာရှင်တော်ဘုရား ပွင့်ထွန်းတော်မမူသေးမီမှာပဲ ကောသမ္ဘီပြည် သူဌေးကြီးရဲ့အိမ်တော်မှာပဋိသန္ဓေနေပါတယ်။

ပဋိသန္ဓေတည်နေချိန်ကစပြီး၊သူဌေးကြီးရဲ့ အိမ်တော်ဟာ အောင်မြင်မှု၊ကြွယ်ဝမှု၊ကျော်စောမှုတွေနဲ့ ပြည့်စုံပြီး အထွတ်အထိပ် ရောက်ခဲ့ပါတယ်။ဖွားမြင်ပြီးတဲ့နောက် ငါးရက်မြောက်နေ့မှာ
မိခင်သူဌေးကတော်ကြီးဟာ ဘုန်းကံကြီးမားတဲ့သားရတနာလေးကို အသက်ရှည်ကြာ အနာကင်းဖို့
ရည်ရွယ်ပြီး၊ယမုံနာဖြစ်အတွင်းကို ရေချိုးဆင်းဖို့အခမ်းအနားနဲ့ ပို့စေပါတယ်။

ယမုံနာမြစ်အတွင်းမှာ အထိန်းတော်ကြီးဟာသားရတနာလေးကို ငုပ်ချည်ပေါ်ချည်လုပ်ကာ
ရေချိုးပေးနေတုန်း ငါးကြီးတစ်ကောင်ဟာ သူငယ်ကိုအစာအမှတ်နဲ့ ပြေးဟပက်ဖို့ ပါးစပ်ကြီးဟလာပါတယ်။

အထိန်းတော်ကြီးက ကြောက်လန့်ပြီး ထွက်ပြေးတဲ့အခါငါးကြီးက သူငယ်ကို မျိုချလိုက်ပါတယ်။ သူငယ်လေးဟာဘုန်းကံကြီးမားသူ ဖြစ်တဲ့အလျှောက် ငါးဗိုက်ထဲမှာဆင်းရဲဒုက္ခမရောက်ဘဲ၊ အိပ်ရာပုခက်ထဲမှာအိပ်စက်လဲလျောင်းရသလို ချမ်းသာစွာ နေထိုင်ရပါတယ်။

နောက်ဆုံးတော့ သူငယ် တော်ရဲ့ တန်ခိုးရှိန်ကြောင့်အဲဒီငါးကြီးဟာ တံငါသည်တွေရဲ့ လက်ထဲက တစ်ဆင့်ဗာရာဏသီမြို့က ကုဋေရှစ်ဆယ်ကြွယ်ဝပြီး၊သားသမီးမရတဲ့သူဌေးကတော်ကြီး လက်ထဲကို ရောက်သွားရပါတယ်။

တစ်ခါမှ သားငါးမကိုင်တွယ်ဖူးတဲ့ သူဌေးကတော်ကြီးဟာငါးကြီးရဲ့ ကျောဘက် ကို ဓားနဲ့ ခွဲခြမ်းလိုက်တဲ့အခါငါးဝမ်းဗိုက်ထဲမှာ အိပ်ပျော်နေတဲ့ ရွှေအဆင်းလိုဝါဝင်းပြီး ချစ်စဖွယ် ကလေးငယ်တစ်ယောက်ကိုတွေ့ရတဲ့အခါ ဝမ်းသာအားရ ပွေ့ချီပြီး သူဌေးကြီးကိုသားအဖြစ်နဲ့ ပြသပါတယ်။သူဌေးကြီးက ချက်ချင်းဗာရာဏသီမြို့ထဲကို စည်လည်စေပြီး၊ဘုရင်မြင်းမြတ်ထံကို လည်း သံတော်ဦးတင်လျှောက်ထားပါတယ်။

ဗာရာဏသီမင်းကြီးက “ငါးဝမ်းထဲမှာ အနာမဲ့စွာ ချမ်းသာစွာနေနိုင်တဲ့ ဒီကလေးဟာ ဧကန္တဘုန်းကံ ကြီးမားသူဖြစ်တယ်။သင်သူဌေးကြီး သားအဖြစ်နဲ့ မွေးစားစေ”လို့ အမိန့်တော်မြတ်ချမှတ်တဲ့အခါ သူဌေးကြီးတို့ ဇနီးမောင်နှံဟာဝမ်းမြောက်ဝမ်းသာ သားအဖြစ်နဲ့ အိမ်တော်မှာ ပြုစုကျွေးမွေးကြပါ တယ်။

ဒီအကြောင်းကို မိဘအရင်းဖြစ်တဲ့ ကောသမ္ဘီပြည်ကသူဌေးကြီးတွေက ကြားသိရတဲ့အခါ မွေးမယ်တော်နဲ့ကျွေးမယ်တော်တို့ဟာ သူ့သား၊ငါ့သား အငြင်းပွားပြီး၊ဗာရဏသီမင်းကြီးထံ အဆုံးအဖြတ်ခံဖို့ ရောက်သွားပါတယ်။

မင်းကြီးလည်း ဘယ်ဘက် ကိုမှ အသာပေးပြီးမဆုံးဖြတ်နိုင်တာမို့ “ဒီသူငယ်ဟာ ကောသမ္ဘီသူဌေးအိမ်၊ဗာရဏသီသူဌေးအိမ် နှစ်အိမ်လုံးရဲ့ အမွေခံသာဖြစ်စေ”လို့ ဆုံးဖြတ်ချက် ချမှတ်တော်မူပါတယ်။

အဲဒီအချိန်ကစပြီး သူငယ်တော်ဟာ သူဌေးကြီးနှစ်ဦးရဲ့အိမ်တော်တွေမှာပဲ အလှည့်ကျ နေထိုင်ကြီးပြင်းလာခဲ့ရသလိုသူငယ်တော်ရဲ့ နာမည်ဟာလည်း“ဗာကုလ သူဌေးသား”
လို့ အမည် တွင်ခဲ့ပါတယ်။(ဗာ=နှစ်ခုသော၊ ကုလ=မိသားစု၊အမျိုး။ဗာကုလ=မိသားစု အမျိုးနှစ်ခုရှိသူ)

ဗာကုလသူဌေးသားရဲ့ လူဘဘဝစည်းစိမ်ချမ်းသာတွေဟာအင်မတန် ကြီးကျယ် ခမ်းနားလှပါတယ်။ ဗာကုလသူဌေးသားအရွယ်ရောက်တဲ့အခါ ကောသမ္ဘီပြည်၊ ဗာရဏသီပြည်နှစ်ခုလုံးမှာရှိတဲ့ မယ်တော် ခမည်းတော်တွေကနွေ၊မိုး၊ဆောင်း ရာသီ သုံးမျိုးအတွက် စံအိမ်တော် ၃-ခုစီတည်ဆောက်ကြပြီး ကချေသည် မောင်းမ မိဿံအခြွေအရံ များစွာတွေကို ပြုစုဖျော်ဖြေ ခစားစေကြပါတယ်။

ဗာကုလသူဌေးသားဟာ တစ်မြို့တစ်မြို့မှာ လေးလ၊လေးလပဲ စံနေပါတယ်။ ကောသမ္ဘီပြည်မှာ လေးလပတ်လုံးသူဌေးစည်းစိမ်ကို ခံစားသုံးဆောင်နေထိုင်ပြီးတဲ့အခါကြီးကျယ်ခမ်းနားလှတဲ့ နန်းတော် ဆောင်ပါတဲ့ကရဝိတ်ဖောင်တော်ပေါ်မှာ ကချေသည်၊မောင်းမမိဿံတွေနဲ့တကွ ဗာကုလသူဌေးသားကိုသယ်ဆောင်ပြီး ဗာရာဏသီပြည်ကို ပို့ဆောင်ပေးပါတယ်။

ဗာကုလသူဌေးသားဟာ ဖောင်တော်ပေါ်မှာ ကြီးကျယ်တဲ့သူဌေးစည်းစိမ်ကို ပျှော်ရွှင် ချမ်းမြေ့စွာ ခံစားသုံးဆောင်ရင်း၊လေးလကြာမှ ဗာရဏသီကို ဆိုက်ရောက်ပါတယ်။အဲဒီလိုနည်းနဲ့ ကောသမ္ဘီမှာ လေးလ၊ လမ်းခရီးမှာ လေးလ၊ဗာရဏသီမှာ လေးလ စသည်ဖြင့် တစ်နှစ်တာကိုကုန်လွန်စေပြီး ချမ်းချမ်းသာသာ နေလာခဲ့တာ နှစ်ပေါင်းရှစ်ဆယ်တိုင်အောင် ဖြစ်ပါတယ်။

ဗာကုလသူဌေးသား အသက်(၈၀)အရွယ်ရောက်ချိန်မှာရှင်တော်ဘုရားဟာ ကောသမ္ဘီပြည်ကို ကြွချီတော်မူလာခဲ့ပါတယ်။ရှင်တော်ဘုရားရဲ့ တရားတော်ကိုနာယူရတဲ့အခါ ဗာကုလသဌေးသားဟာ သဒ္ဓါတရားကြီးမားစွာဖြစ်ပြီး၊သာသနာ့ဝန်ထမ်း ရှင်ရဟန်းပြုပါတယ်။

အရှင်ဗာကုလမထေရ်ဟာ ရဟန်းပြုတော်မူပြီးတဲ့နောက်(၇)ရက်မျှသာ ပုထုဇဉ်ဘဝနဲ့ နေရပြီး၊
(၈)ရက်မြောက်အရုဏ်မှာ“ဆဋ္ဌာဘိည၊ပိဋိသမ္ဘီဒါ ပတ္တ ရဟန္တာ”အရှင်မြတ်ဖြစ်တော်မူခဲ့ပါတယ်။ အရှင်ဗာကုလမထေရ်ဟာအရှင်သာရိပုတ္တရာ ၊ အရှင်မောဂ္ဂလာန်၊အရှင်မခေမာထေရီတို့နဲ့အတူ မဟာအဘိညဉ်ရပုဂ္ဂိုလ်(၄)ဦးထဲမှာ အဝင်အပါဖြစ်သလိုနှစ်သတ်မှတ်ချက်အလိုက် မကျိန်းစက်၊မအိပ်တော်မူကြတဲ့သာသနာ့ဝန်ထမ်း ရှင်ရဟန်းအာဇာနည်မထေရ်(၁၁)ပါး
ထဲမှာလည်း တစ်ပါးအပါအဝင်ဖြစ်တော်မူပါတယ်။

အရှင်ဗာကုလမထေရ်ဟာ ရဟန်းဖြစ်တော်မူချိန်ကစပြီးနှစ်ပေါင်း(၈၀)ကာလပတ်လုံး တံကဲပျဉ်၊ နံရံ၊ တိုင်ကိုမှီပြီးတစ်ခါမှ မကျိန်းစက်ဘူး။အိပ်ရာဝင်ကာ လဲလျောင်းပြီးတစ်ခါမှ မအိပ်ခဲ့ဘူးပါ။

အရှင်ဗာကုလမထေရ် ရဟန်းပြုချိန်ကစပြီး ကောသမ္ဘီပြည်၊ဗာရဏသီပြည်မှာ ရှိနေကြတဲ့ ရှေးလူဖြစ်စဉ်သူဌေးသားဘဝက အလုပ်အကျွေး၊အဖျော်အဖြေ၊ကချေသည်မောင်းမမိဿံတွေဟာ မိမိတို့ရဲ့ မိဘအိမ်သို့ ပြန်ကြကာမိမိတို့ရဲ့ မိဘအိမ်မှာ နေထိုင်ကြရင်းက သင်္ကန်း၊ ဆွမ်း
စတာတွေကို စီရင်ပြီး အရှင်ဗာကုလမထေရ်မြတ်ထံသို့လှူဒါန်းကြပါတယ်။

အရှင်ဗာကုလမထေရ်ဟာလဝက်=(၁၅-ရက်) ပတ်လုံး ကောသမ္ဘီနေသူတွေကပေးပို့လှူဒါန်းတဲ့ သင်္ကန်း၊ဆွမ်းတို့ကို သုံးဆောင်တော်မူပြီး၊နောက်လဝက်(၁၅-ရက်)ပတ်လုံး ဗာရာဏသီနေသူတွေက ပို့သလှူဒါန်းတဲ့ဆွမ်း၊ သင်္ကန်းတို့ကို ဘုဉ်းပေးသုံးဆောင်တော်မူပါတယ်။

အရှင်ဗာကုလမထေရ်ဟာ ရဟန်းပြုချိန်ကစပြီးနှစ်ပေါင်း(၈၀)ကာလအတွင်း ဒါယကာတွေ ပင့်ဖိတ်တဲ့ဆွမ်းကိုတစ်ကြိမ်မှ လက်မခံဖူးသလို၊“ဒါယကာတစ်ဦးဦးက ငါ့ကို ပင့်ဖိတ်ပါမူ ကောင်းလေစွ”လို့ စိတ်တောင်မှ မကူးမိဖူးသူ ဖြစ်တော်မူပါတယ်။

ရွာနီးကျောင်းမှာ ဝါမဆိုဘဲ၊အမြဲတောရဆောက်တည်တော်မူကာမြို့ရွာအတွင်း အိမ်တံစက်မြိတ်အောက်မှာ တစ်ကြိမ်တစ်ခါမျှဆွမ်းမစားဖူးသူလည်း ဖြစ်တော်မူပါတယ်။

ရဟန်းဝါတော်နဲ့အမျှ အရှင်ဗာကုလမထေရ်ဟာဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ဆေး ပစ္စည်းလေးပါးကိစ္စမှာ
တစ်စုံတစ်ရာ ကြောင့်ကြစိုက်မှု တစ်ခုမျှမရှိဘဲပံ့သကူသင်္ကန်း၊ ပဏ္ဍပတ်ဆွမ်း၊တေရာကျောင်းနဲ့ပဲ
ပျော်မွေ့တော်မူပါတယ်။

လူဘဝအနှစ်(၈၀)၊ရဟန်း ဘဝအနှစ်(၈၀)သက်တမ်း(၁၆၀)အတွင်း နွားနို့တစ်ညှစ်စာအချိန်ကလေးလောက်တောင်မှအနာရောဂါ မဖြစ်ပွားဘူးဘဲ ဆေးဖြစ်ဝါးဖြစ်ဆိုရင်
သျှိသျှားသီးတစ်စိတ်စာကိုတောင်မှ ဘုဉ်းပေးသုံးဆောင်ရဖူးခြင်း ရှိတော်မမူပါဘူး။

တစ်သက်တာပတ်လုံးညောင်းညာကိုက်ခဲခြင်းမျှ မဖြစ်ပေါ်ဘူးတာကြောင့်သီတင်းသုံးဖော် တစ်ဦးဦးကို တစ်ခါမျှ နှိပ်နယ်ခိုင်းခြင်းလည်းရှိတော်မမူပါ။ ရေချိုးခန်းမှာဝင်ပြီး၊ရေမချိုးဖူးသလို၊ ဆပ်ပြာအသုံးပြုပြီးတော့လည်း ရေချိုးတော်မမူဘူးပါ။ဒါကြောင့်မို့ ရှင်တော်ဘုရားဟာ အရှင်ဗာကုလမထေရ်ကိုကျန်းမာခြင်းအရာမှာ အသာလွန်ဆုံး ဧတဒဂ်ဘွဲ့ထူးကို
ပေးအပ်တော်မူခဲ့တာလည်း ဖြစ်ပါတယ်။

အရှင်ဗာကုလမထေရ်ဟာ ရဟန်းဖြစ်ပြီးချိန်ကစပြီးဝါတော်(၈၀)အတွင်းမှာ အမျိုးသမီးတွေကို တစ်ကြိမ်တစ်ခါမျှတရားမဟောဖူးသလို “မိန်းမဆိုတဲ့ အမှတ်လက္ခဏာနဲ့လည်းတစ်ကြိမ်တစ်ခါမျှ ကြည့်တော်မမူဖူးပါဘူး။

ရဟန်းအဖြစ်နဲ့နေစဉ်ကာလပတ်လုံး ကာမဂုဏ်အာရုံနဲ့ ပတ်သက်တဲ့စိတ်ကူးအကြံအစည်၊ အမှတ်သညာ တစ်ကြိမ်တစ်ခါမှလည်းဖြစ်ဖူးခြင်း လုံးဝရှိတော်မမူပါ။ အမျက်ဒေါသနဲ့ စပ်ပြီးတော့လည်းသူတစ်ပါးကို ပျက်စီးစေလိုတဲ့ နှိပ်စက်ညှဉ်းပန်းလိုတဲ့စိတ်ကူး၊ အကြံအစည်၊ အမှတ်သညာ တစ်ကြိမ်တစ်ခါမှဖြစ်ပေါ်ဖူးခြင်း ရှိတော်မမူခဲ့ပါ။ဒီအချက်တွေဟာ သူတစ်ပါးတွေနဲ့ ဘယ်လိုမှ မတူညီနိုင်တဲ့အရှင်ဗာကုလမထေရ်ရဲ့ အံ့ဖွယ်ရာတွေ ဖြစ်ပါတယ်။

အရှင်ဗာကုလမထေရ်ဟာ လူဝတ်ကြောင် အမျိုးသမီးတွေနဲ့ကင်းရှင်းရုံမျှမကဘဲ ရဟန်းဝတ် ဘိက္ခုနီ၊ သိက္ခမာန်၊သာမဏေမတွေနဲ့လည်း တွေ့ဆုံဆက်ဆံခြင်း အလျဉ်းရှိတော်မူပါဘူး။အမျိုးသားတွေကို လည်း ဥပဇ္ဈာယ်ဆရာအဖြစ်နဲ့ရှင်ပြုပေးခြင်း၊ရဟန်း ခံပေးခြင်း၊ တပည့်အဖြစ် လက်ခံခြင်း
လုံး၀ ပြုတော်မမူသလို ရှင်ငယ်၊ ရဟန်းငယ်တွေကိုလည်းအလုပ်အကျွေးအဖြစ် အနီးအပါးမှာ လုံးဝထားတော်မမူပါ။

ဝါတော်(၈၀)၊သက်တော်(၁၆၀) ပရိနိဗ္ဗာန်ဝင်စံချိန်အထိကိုယ့်ဘဝ၊ ကိုယ့်ခန္ဓာဝန်ကို ကိုယ့်ဘာသာ
ထမ်းရွက်တော်မူသွားတဲ့ အံ့ဖွယ်မထေရ်ကြီးတစ်ပါးဖြစ်တော်မူပါတယ်။

သက်တော်(၁၆၀)ပြည့်လို့ သက်တမ်းကုန်ဆုံးလုနီးတဲ့အခါအရှင်ဗာကုလမထေရ်ဟာ တစ်ကျောင်းဝင် တစ်ကျောင်းထွက်လှည့်လည်တော်မူကာ “အရှင်ဘုရားတို့ ညီမူရာတန်စောင်းအတွင်းသို့ ကြွတော်မူကြပါ။

ယနေ့ တပည့်တော်ရဲ့ ပရိနိဗ္ဗာန်ဝင်စံ ချုပ်ငြိမ်းမှုဖြစ်ပါလိမ့်မယ်။အရှင်ဘုရားတို့ ကြွတော်မူကြပါ”
လို့ ကိုယ်တော်တိုင် လျှောက်ထားဖိတ်ကြားပြီးသံဃာစုဝေးစေပါတယ်။သီတင်းသုံးဖော် သံဃာတော်များစုရုံးစည်းဝေးမိတဲ့အခါ “ငါဟာ အသက်ရှင်စဉ်မှာငါ့ရဲ့ ခန္ဓာကိုယ်အတွက် သူတစ်ပါးတွေကို တာဝန်မတက်စေခဲ့သလို၊ ယခုလို ပရိနိဗ္ဗာန် ဝင်စံချိန်မှာလည်း
ငါ့ရဲ့ ခန္ဓာကိုယ် ဟာ သီတင်းသုံးဖော် သံဃာတော်တွေအတွက်ပလိဗောဓ ကြောင့်ကြဖွယ် မဖြစ်ပေါ်ပါစေနဲ့”လို့ နှလုံးသွင်းဆင်ခြင်တော်မူကာ ဈာန်အဘိညာဉ်ကိုဝင်စားတော်မူပြီး ရဟန်းသံဃာတော်တွေရဲ့ အလယ်မှာထိုင်တော်မူလျက် ပရိနိဗ္ဗာန် ဝင်စံတော်မူပါတယ်။

ပရိနိဗ္ဗာန် ဝင်စံတော်မူတာနဲ့တစ်ပြိုင်နက် ထိုင်တော်မူဆဲရုပ်ကလာပ်တော်ဟာ သူ့အလိုလို မီးထတောက်ပြီး၊လောင်ကျွမ်းကာ မုလေးပန်းရုံ အဆင်းရှိတဲ့ဓာတ်တော်တွေသာ ကြွင်းကျန်ရစ်တော်မူပါတယ်။

အရှင်ဗာကုလမထေရဟာ လက်ဝဲတော်ရံမဟာသာဝကအပါး(၄၀)ထဲမှာ တစ်ပါးအပါအဝင်ဖြစ်သလို၊
ကျန်းမာခြင်း အရာမှာ ဧတဒဂ် ရတော်မူပြီး၊ တန်ခိုးကြီးတော်မူတဲ့သက်တော်ရှည် ရဟန္တာအ ရှင်မြတ်ကြီး တစ်ပါးလည်းဖြစ်တော်မူပါတယ်။ အရှင်ဗာကုလမထေရ်မြတ်ရဲ့ပါရမီခရီးမှာ အားကျကြည်ညိုဖွယ်ရာကောင်းသလို၊ကိုယ့်ဘ၀ ကိုယ့်ကံကြမ္မာကို ကိုယ်ဖြစ်ချင်တဲ့ပုံစံအတိုင်း
ကိုယ်ဖြစ်ချင်သလို ဖြစ်အောင် အကွက်ချစီမံတော်မူပုံဟာလည်း အတုယူ လိုက်နာဖွယ်
ကောင်းလှပါတယ်။

အရှင်မြတ်ဟာ သာသနာတော်နဲ့ကြုံတုန်းဆုံခိုက် လူ့ဘဝရဲ့ ရတောင့်ရခဲ အခွင့်အရေးအရင်းအမြစ် အသီးအပွင့်အားလုံးကို သိမ်းကျုံးထွေးပိုက်ရယူတော်မူလိုက်နိုင်ပါတယ်။

အရှင်မြတ်ရဲ့ လောကီ၊လောကုတ္တရာ ဘဝနှစ်ခုစလုံးဟာအောင်မြင်ကြွယ်ဝမှုတွေ ပြည့်လျှံနေတာပါ။
ဆွေကြီးမျိုးကြီး ၂-အုပ်စုရဲ့ကြား အခြွေအရံပရိသတ်တွေရဲ့အလယ်မှာ အသက်ရှည်ရှည် ကျန်းကျန်းမာမာချမ်းချမ်းသာသာ လိုတိုင်းရ၊ တတိုင်း ဖြစ်နေတဲ့အခြေအနေဟာ ပျော်မွေ့ဖွယ်ရာဖြစ်သလို၊ ရက်သတ္တပတ်မျှနဲ့ဆဋ္ဌာဘိည၊ ပဋိသမ္ဘီဒါပတ္တ၊ ဧတဒဂ်ရ၊ မဟာသာဝက
ရဟန္တာအရှင်မြတ်ဘဝကို တက်လှမ်းတော်မူနိုင်ခဲ့တာကလည်း အင်မတန်အားရကျေနပ်စရာ ကောင်းလှပါတယ်။

ဒါပေမယ့် တစ်ချို့ကတော့ အများအကျိုး သယ်ပိုးဆောင်ရွက်နိုင်မှု ရှုထောင့်ကကြည့်ကာ
အရှင်ဗာကုလမထေရ်ရဲ့ အံ့ချီးဖွယ်ရာတွေဟာပုဂ္ဂလိကအရာဝင်ပြီး၊တသီးတသန့် ဆန်တာမို့
အရှင်ဗာကုလမထေရ်မြတ်ကို “သူတော်ကောင်း”ဆိုတဲ့နာမဝိသေသနအစား “သူတောစင်”ဆိုတဲ့ ဝေါဟာရနဲ့ပူဇော်စေချင်ကြပါတယ်။

စာရေးသူအနေနဲ့ကတော့ “အလှတွင်၊ အယဉ်ဆင့်၊ပင်မြင့်ထက်က ပန်းပမာ” ဆိုတာလို အကြောင်းကောင်းခဲ့လို့၊အကျိုးပေး လှတော်မူတဲ့ အရှင်ဗာကုလမထေရ်မြတ်ရဲ့ နှလုံးသားဥယျာဉ်အတွင်းမှာ “မိမိအတွက်၊သူတစ်ပါးတို့တာဝန်တက်မှာ စိုးလှတယ်”ဆိုတဲ့ ချစ်မြတ်နိုးစရာအကြင်နာပန်းတစ်ပွင့် ငွားငွားစွင့်စွင့် ဖူးပွင့်နေတာကိုသူတော်ကောင်းရာဇဝင်မှာ ကမ္ပည်းတင်ပြီး၊ပူဇော်ချင်ခဲ့တာပါ။

တကယ်တော့ သူတော်ကောင်းပဲဆိုဆို၊သူတော်စင်ပဲဖြစ်ဖြစ် လောကကို ချစ်တဲ့နေရာမှာတော့
အတူတူပါပဲ။ သူတော်ကောင်းတွေရှိမှ လောကြီးလှပနိုင်သလို၊သူတော်စင်တွေရှိမှလည်း လောကကြီးအေးချမ်းနိုင်မှာပါ။ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော်မူသွားတဲ့အရှင်ဗာကုလမထေရ်မြတ်ကြီး ကို ဒီဆောင်းပါးတိုကလေးနဲ့ပဲရိုသေစွာ ဦးနှိပ်ချိုးပြီး ရှိခိုးကန်တော့လိုက်ပါတယ်။ ။

ဖိုးသူတော် (www.phothutaw.com)
Credit:ဆရာတော်တော်ဝင်နွယ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top