သတိထားမိသေလာက္ ကၽြန္ေတာ္တို႕ေယာက်ာ္းေတြကို ခဲြဲျခားလိုက္ရင္ အမ်ားအားျဖင့္ ၃ မ်ိဳး ၃ စား ရွိလိမ့္မယ္။

၁။ ေခတ္ဆန္တဲ့ ေယာက်ာ္း

သူ႕ရဲ႕ အမ်ိဳးသမီးေတြအေပၚ ရႈျမင္ပံုက သိပ္ေရွးရုိးမဆန္ဘူး။ သမားရုိးက် သတ္မွတ္ထားတဲ့ အစဥ္အလာေဘာင္ေတြကေန လြတ္သင့္သေလာက္ လြတ္ေနတယ္။

ကုိယ့္အေပၚ လံုးလံုးလ်ားလ်ား မွီခုိေနမယ့္ မိန္းကေလးမ်ိဳးထက္ ထက္ျမက္တယ္၊ ရင့္က်က္တယ္၊ ကုိယ္ပုိင္၀င္ေငြရွာႏုိင္တယ္၊ ကုိယ့္ေျခေထာက္ေပၚ ကုိယ္ရပ္ႏုိင္တယ္၊ ဒီလိုမိန္းကေလးမ်ိဳးကို ပုိေၾကြတယ္။

ကိုယ္တုိင္လည္း အရည္အခ်င္းရွိေအာင္ ၾကိဳးစားသလို၊ သူ႕မိန္းကေလးရဲ႕ အရည္အခ်င္းကုိလည္း ဂုဏ္ယူတတ္တယ္။ အဲ့လိုျဖစ္လာေအာင္လည္း တတ္ႏုိင္သေလာက္ ပံ့ပုိးကူညီေပးတယ္။ 24/7 ေတာ့ ရုိ မေနႏုိင္ေပမဲ့ေပါ့။

အပ်ိဳစစ္တာ၊ မစစ္တာထက္ ပတ္၀န္းက်င္ အသုိင္းအ၀ုိင္းအတြက္ တခုခု အက်ိဳးျပဳႏုိင္တာကို ပိုတန္ဖိုးထားတယ္။ အိမ္ေထာင္ရွိဖူးသူျဖစ္ျဖစ္၊ Single mother ျဖစ္ျဖစ္လည္း ဂရုမစိုက္ဘူး။ ပတ္၀န္းက်င္က ေျပာမယ့္ ဂ်ိဳေပါက္ေနျပီ ဆုိတဲ့ စကားေတြကုိလည္း ျပံဳးျပီး နားေထာင္ႏုိင္တယ္။

လိင္ကိစၥေတြနဲ႕ ပတ္သက္ခ်င္ ပတ္သက္မယ္။ ဒါေပမဲ့ ငါကေတာ့ သူ႕ရဲ႕ အပ်ိဳစင္ဘ၀ကို ရလုိက္ျပီဆုိျပီး ဂုဏ္ယူမေနဘူး။ မိန္းကေလးက နစ္နာသြားျပီ ဆုိတာမ်ိဳးလည္း မေတြးဘူး။ ဒီကိစၥ ျဖစ္ျပီးသြားတဲ့ ေနာက္ပုိင္းမွာ ျခိမ္းေျခာက္ျခင္း၊ အျမတ္ထုတ္ျခင္းေတြ မရွိဘူး။

တစ္ေယာက္ေယာက္က ရန္လာစတဲ့အခါ မိုက္ရူးရဲဆန္ဆန္ တံု႕ျပန္မေနဘူး။ ဦးေႏွာက္နဲ႕ ေျဖရွင္းတယ္။ သည္းခံတယ္ ဆုိတာကို ခံလာရတယ္၊ ေယာက်ာ္းျဖစ္ျပီး သတၱိမရွိဘူးလို႕ ျမင္တတ္ၾကတဲ့ အစဥ္အလာ သတ္မွတ္ခ်က္ေတြကို လက္ခံမထားဘူး။ ဘာပဲလုပ္လုပ္ ေနာက္ဆက္တြဲ ျဖစ္လာမွာေတြကို ၾကည္႕ျပီးမွ လုပ္တယ္။

Strong ျဖစ္တဲ့ မိန္းကေလးကို သေဘာက်တယ္ ဆုိျပီးလည္း ေနာက္ကြယ္မွာ ခၽြဲတတ္၊ ႏြဲ႕တတ္တဲ့ မိန္းကေလးေတြအေပၚ သာယာမေနဘူး။ ေခတ္ဆန္တယ္ ဆုိတာ ရႈပ္ေပြတာကုိ ေခၚတာမဟုတ္မွန္း ရွင္းရွင္းလင္းလင္း သေဘာေပါက္တယ္။ Integrity (ေျဖာင့္မတ္မႈ) ရွိတယ္။

၂။ ေယာက်ာ္းဆန္တဲ့ ေယာက်ာ္း

သူကေတာ့ အစဥ္အလာ သတ္မွတ္ခ်က္ေတြကို လက္ခံက်င့္သံုးတယ္။ အမ်ိဳးသမီးေတြအေပၚ အထင္မေသးေတာင္ ေတာ္ရုံတန္ရံု အထင္ၾကီးတဲ့အထဲေတာ့ မပါၾကဘူး။ မိန္းမေတြဟာ ဦးမေဆာင္ႏုိင္ဘူး၊ မျပတ္သားဘူး၊ သတၱိမရွိဘူး ဆိုတဲ့ တရားေသအျမင္ေတြကိုလည္း လက္ခံခ်င္ လက္ခံထားၾကလိမ့္မယ္။

ေယာက်ာ္းဆုိတာ ဦးေဆာင္ႏုိင္စြမ္း ရွိရမယ္၊ ေငြရွာႏုိင္ရမယ္၊ သူမ်ားသားသမီးကို ယူျပီးရင္ တင့္ေတာင့္တင့္တယ္ ထားႏုိင္ရမယ္၊ ခင္ပြန္းေကာင္း ပီသရမယ္၊ ဇနီးအေပၚ သစၥာရွိရမယ္၊ လုိေလေသးမရွိေအာင္ ထားႏုိင္ရမယ္ စတဲ့ အစဥ္အလာေတြကို လို္က္နာတယ္။ ရလဒ္အေနနဲ႕ အဲ့လိုျဖစ္လာေအာင္လည္း ၾကိဳးစားတယ္။ ခ်စ္သူအတြက္၊ ဇနီးအတြက္ အားကုိးရာ၊ ခုိနားရာ အရိပ္တစ္ခုအျဖစ္ ရပ္တည္တယ္။ သားသမီးေတြ ရလာရင္လည္း ဖခင္ေကာင္း ပီသတယ္။ ဇနီးမယားအေပၚ ၾကင္နာျပျခင္းျဖင့္ ခ်စ္ျခင္းေမတၱာ ဆုိတာ ဘာမွန္း သားသမီးေတြကို နားလည္ေစတယ္။

ရည္းစားထားရင္၊ အိမ္ေထာင္ျပဳရင္ သူတုိ႕ကုိ ပါရမီျဖည္႕ေပးႏုိင္မယ့္၊ နားလည္မႈေပးႏုိင္မယ့္၊ သားသမီးေတြအတြက္ မိခင္ေကာင္း ျဖစ္ႏုိင္မယ့္သူကို ေရြးတယ္။ မိန္းမျဖစ္သူရဲ႕ အလုိက္သိမႈေတြ၊ နားလည္ေပးမႈေတြကို သူငယ္ခ်င္း မိတ္ေဆြေတြၾကားထဲ ၾကြားတတ္သူ ျဖစ္တယ္။

သူကုိယ္တုိင္လည္း လိင္ကိစၥမွာ ေစာင့္ထိန္းသလို၊ သူ႕မိန္းကေလးကိုလည္း အပ်ိဳစင္ ျဖစ္ေနတာမ်ိဳးပဲ လုိခ်င္တယ္။ ရည္းစားသက္တမ္း ႏွစ္ေတြၾကာလာရင္၊ ဒါမွမဟုတ္ မေတာ္တဆ လြန္လြန္က်ဴးက်ဴး ျဖစ္သြားရင္ တာ၀န္ယူတယ္။ ဒီမိန္းကေလးကို မျဖစ္မေန လက္ထပ္တယ္။

၃။ လူမဆန္တဲ့ ေယာက်ာ္း

ဒီလုိလူမ်ိဳးက် ေယာက်ာ္းတစ္ေယာက္မွာ ရွိတဲ့ အားသာခ်က္ေတြကို တလြဲအသံုးခ်သူ ျဖစ္တယ္။

ရည္းစားထားတယ္၊ လိင္ကိစၥ ရယူလိုတဲ့ စိတ္သက္သက္နဲ႕ပဲ။ ဒီအေပၚ ဂုဏ္ယူတယ္။ လိုခ်င္တာ ရျပီးရင္ အလြယ္တကူ ထားသြားတယ္။ မေတာ္တဆ ကုိယ္၀န္မ်ားရွိခဲ့ရင္ တာ၀န္မယူတဲ့အျပင္ နင္ တျခားလူေတြနဲ႕ ျဖစ္ခဲ့တာ ေနမွာေပါ့ ဆုိျပီး ေစာ္ေစာ္ကားကား တံု႕ျပန္တတ္ေသးယ္။

မိန္းကေလးက အဆင္မေျပေတာ့လို႕ ျပတ္မယ္ ဆုိလည္း မျပတ္ေပးဘူး။ ဓါတ္ပံုေတြ၊ ဗီဒီယုိေတြ ျဖန္႕လိုက္ရမလား ဆုိျပီး ျခိမ္းေျခာက္တယ္။ အဲ့မိန္းကေလးရဲ႕ ေနာက္ရည္းစားကိုလည္း မင္းက ငါ့အက် တြဲရတဲ့ေကာင္ ဘာညာနဲ႕ သြားေျပာလိမ့္မယ္။ သူမ်ားကုိ ႏြား လို႕ ေျပာေနတဲ့ သူ႕စိတ္ဟာ ဘယ္ေလာက္ ေအာက္တန္းက်ေနလဲ ဆုိတာ မသိတဲ့သူေတြ ျဖစ္တယ္။

မိန္းကေလးေတြ သေဘာက်ေလာက္မယ့္ ရုပ္ပုိင္းဆုိင္ရာ အသြင္အျပင္နဲ႕ ေတာ္ကီအလန္းစားေတြကုိ လက္နက္တစ္ခုလို သံုးတယ္။ ကိုယ္ပုိင္အရည္အခ်င္း မရွိဘူး။ ခ်မ္းသာတဲ့ မိန္းကေလးကို ရွာတယ္။ ကပ္တယ္။ အရယူတယ္။ ျပီးရင္ သူ႕အေပၚလည္း သစၥာမရွိဘူး။

အျပင္မွာဆုိ ပါးစပ္သရမ္းတယ္။ လက္ေဆာ့တယ္။ ေဖ့စ္ဘြတ္မွာေတာ့ ကြန္မန္႕သရမ္းတယ္။

အိမ္ေထာင္က်သြားရင္လည္း ေယာက်ာ္း ဆုိတာ ေလွကား ၃ ထစ္ဆင္းရင္ လူပ်ိဳျပန္ျဖစ္တယ္ ဆုိတဲ့ အေတြးမ်ိဳး ရွိတယ္။ ကိုယ့္ခြန္အားကို အသံုးခ်ျပီး မိန္းမျဖစ္သူကို စိတ္ထင္တုိင္း ရို္က္တယ္၊ ႏွက္တယ္။ ျပီးသြားမွ ျပန္ေခ်ာ႕တယ္၊ ကေလးေတြမ်က္ႏွာ ေထာက္ပါဦး ဆုိျပီး စိတ္ယုိင္ေအာင္ ေျပာတယ္။ ေနာင္တရေနပါျပီ ဆုိျပီး အယံုသြင္းတယ္။ ျပီးရင္ေတာ့ ေနာက္ထပ္တစ္ခါ ရုိက္ႏွက္ျပန္တဲ့ လူမ်ိဳး ျဖစ္တယ္။

ဒီ ၃ မ်ိဳးမွာ ပထမ ၂ မ်ိဳးကေတာ့ သူ႕ဟာနဲ႕သူ ေကာင္းတယ္ ေျပာရမယ္။ ေယာက်ာ္း ဆုိတာ ဘယ္လို၊ မိန္းမ ဆုိတာ ဘယ္လို ဆိုတဲ့ သတ္မွတ္ခ်က္ေတြကို လက္ခံထားတုိင္း အသံုးမက်တဲ့၊ အျမင္က်ဥ္းတဲ့ ေယာက်ာ္းလို႕ ေျပာမရဘူး။ ကၽြန္ေတာ့္အျမင္အရေပါ့။ ဖုိ၀ါဒ စိုးမုိးတယ္ ဆုိေပမဲ့ ေယာက်ာ္းတစ္ေယာက္အေနနဲ႕ေတာ့ သူ႕တာ၀န္ သူယူတယ္။ ေယာက်ာ္းေကာင္းလို႕ သတ္မွတ္လို႕ရတယ္။

ဘယ္လုိမွ လက္ခံေပးလုိ႕ မရတဲ့အျပင္၊ မိန္းကေလးတုိင္း သတိိထားသင့္တဲ့၊ ကၽြန္ေတာ္တုိ႕ ေယာက်ာ္းခ်င္းလည္း ရံႈ႕ခ်တ့ဲ ေယာက်ာ္းမ်ိဳးက ေနာက္ဆံုးလူစားမ်ိဳးပဲ။

တကယ္ေတာ့ ေယာက်ာ္းနဲ႕ မိန္းမမွာ သဘာ၀အရ ျခားနားမႈေတြ အမ်ားၾကီးရွိတယ္။ ဥပမာ ခြန္အား ကြာတယ္။ ရင္သား ပါတာ မပါတာ၊ သားအိမ္ပါတာ မပါတာ ကြာတယ္။

ဒီေတာ့ ခြန္အားကို အသံုးခ်ျပီး ရုိက္ႏွက္တယ္၊ အႏုိင္က်င့္တယ္။

သားအိမ္ဆုိတာ မပါတဲ့အတြက္ အလြယ္တကူ အဓမၼက်င့္တယ္။ အလြယ္တကူ ဟိုတယ္သြားမယ္ ေခၚတယ္။ အလြယ္တကူ Sex ကိစၥကုိ ေတာင္းဆုိတယ္။

ဘာလို႕ဆုိေတာ့ သဘာ၀အရ လိင္ကိစၥတစ္ခုရဲ႕ ေနာက္ဆက္တြဲျပႆနာကို ၾကံဳရမွာက သားအိမ္ပါတဲ့ မိန္းကေလးပဲကိုး။ စဥ္းစားၾကည္႕၊ ေယာက်ာ္းေတြမွာသာ သားအိမ္ပါရင္ ဘယ္သူမွ အဓမၼက်င့္ေတာ့မွာ မဟုတ္ဘူး။ ဘယ္သူမွ အဲ့ေလာက္ ဟုိတယ္သြားဖို႕ အလြယ္တကူ ဆံုးျဖတ္ေတာ့မွာ မဟုတ္ဘူး။

အဲ့လုိကြာျခားရတဲ့ၾကားထဲ လူမႈပတ္၀န္းက်င္ရဲ႕ သတ္မွတ္ခ်က္ေတြက ေယာက်ာ္းေတြကို ပိုလို႕ တစ္ဆင့္ျမင့္ေစတယ္။

လိင္ကိစၥတစ္ခု ျဖစ္ျပီဆုိ စျပီး ေတာင္းဆုိတဲ့ ေယာက်ာ္းေလးက အျပစ္မရွိဘူး။ အညွာလြယ္တဲ့ မိန္းကေလးကသာ အျပစ္ရွိသတဲ့။

ရည္းစားသက္တမ္း ၾကာလာရင္၊ အိမ္ေထာင္ကြဲသြားရင္ ဒီမိန္းကေလး၊ ဒီအမ်ိဳးသမီးဟာ အထင္ေသးစရာ ျဖစ္သြားျပီ။

ေယာက်ာ္းေလးတစ္ေယာက္ လိင္အေတြ႕အၾကံဳ ရွိတယ္ဆုိတာ သိပ္မဆန္းေပမဲ့ မိန္းကေလးရဲ႕ တန္ဖုိးကေတာ့ အပ်ိဳစစ္ျခင္းပါတဲ့။

အဓမၼျပဳက်င့္မႈလို အင္မတန္ စက္ဆုပ္စရာေကာင္းတဲ့ ကိစၥမွာေတာင္ နင္တုိ႕က အခ်ိန္မေတာ္ၾကီး အျပင္သြားတာကုိး၊ ဘယ္လို၀တ္စားသြားမွန္းမွ မသိတာ ဆိုတာမ်ိဳးေတြနဲ႕ အျပစ္တင္တတ္ၾကေသးတာ။

ဆုိေတာ့ ေယာက်ာ္းေတြအေနနဲ႕ ေတာ္ေတာ္ေလးကိုမွ အႏုိင္က်င့္ရ သိပ္လြယ္ေနတယ္။ အဘက္ဘက္က အသာခ်ည္းပဲေလ။

ဒါျဖင့္ ေယာက်ာ္းတုိင္းက အဲ့လိုလုပ္ေနလား ဆိုေတာ့ မဟုတ္ဘူး။ တခ်ိဳ႕ကသာ လုပ္တာ။

သူတို႕က် ဘာလို႕ မလုပ္တာလဲ။ ခြန္အား မၾကီးလုိ႕လား၊ သူတို႕မွာက်မွ သားအိမ္ပါေနလို႕လား၊ ဒါမွမဟုတ္ လူ႕အသုိင္းအ၀ုိင္းက သတ္မွတ္ခ်က္ေတြေၾကာင့္ အသာရေနတဲ့ ေယာက်ာ္းေတြထဲမွာ သူတို႕က ကြက္က်န္ေနခဲ့လို႕လား။

မဟုတ္ပါဘူး။ သူတို႕မွာလည္း အဲ့ဒီအားသာခ်က္ေတြ၊ ပါ၀ါေတြ ရွိေနပါတယ္။

ဘာကြာတာလဲဆုိရင္ေတာ့ သူတုိ႕မွာ ရွိေနတဲ့ ပါ၀ါေတြကို အလြဲသံုးစား မလုပ္တာ (Power abuse မလုပ္တာ) ပါပဲ။

ေယာက်ာ္းနဲ႕ မိန္းမၾကားက သဘာ၀အရ ျခားနားခ်က္ေတြကို တူေအာင္ လုပ္လုိ႕ မရပါဘူး။ အဲ့လိုပဲ၊ လူ႕ပတ္၀န္းက်င္ အသို္င္းအ၀ိုင္းၾကားထဲမွာ ႏွစ္ေပါင္းမ်ားစြာ တည္တံ့ေနခဲ့တဲ့ အစဥ္အလာေတြကိုလည္း ခ်က္ခ်င္း ေျပာင္းလဲပစ္ဖုိ႕ရာ မလြယ္ေသးပါဘူး။

အဲ့လုိအေျခအေနမ်ိဳးမွာ ေယာက်ာ္းက မိန္းမကို အၾကမ္းဖက္ အႏုိင္က်င့္ အျမတ္ထုတ္ျခင္းေတြ မရွိေတာ့ဖုိ႕၊ ေလ်ာ႕နည္းသြားဖို႕ဆုိရင္ ေသခ်ာတာက ေယာက်ာ္းေတြရဲ႕ ဂုဏ္သိကၡာ ပိုေကာင္းလာဖို႕၊ တစ္နည္းအားျဖင့္ ကုိယ့္မွာရွိတဲ့ အားသာခ်က္ေတြ Power ေတြကို တလြဲမသံုးတတ္တဲ့ ေယာက်ာ္းေတြ ခပ္မ်ားမ်ား ရွိဖို႕ေတာ့ လိုပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာ ျဖိဳးသီဟ FB မွ
# Unicode Version # ျဖင့္ ဖတ္ပါ #

 သတိထားမိသလောက် ကျွန်တော်တို့ယောကျာ်းတွေကို ခွဲခြားလိုက်ရင် အများအားဖြင့် ၃ မျိုး ၃ စား ရှိလိမ့်မယ်။

၁။ ခေတ်ဆန်တဲ့ ယောကျာ်း

သူ့ရဲ့ အမျိုးသမီးတွေအပေါ် ရှုမြင်ပုံက သိပ်ရှေးရိုးမဆန်ဘူး။ သမားရိုးကျ သတ်မှတ်ထားတဲ့ အစဉ်အလာဘောင်တွေကနေ လွတ်သင့်သလောက် လွတ်နေတယ်။

ကိုယ့်အပေါ် လုံးလုံးလျားလျား မှီခိုနေမယ့် မိန်းကလေးမျိုးထက် ထက်မြက်တယ်၊ ရင့်ကျက်တယ်၊ ကိုယ်ပိုင်ဝင်ငွေရှာနိုင်တယ်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တယ်၊ ဒီလိုမိန်းကလေးမျိုးကို ပိုကြွေတယ်။

ကိုယ်တိုင်လည်း အရည်အချင်းရှိအောင် ကြိုးစားသလို၊ သူ့မိန်းကလေးရဲ့ အရည်အချင်းကိုလည်း ဂုဏ်ယူတတ်တယ်။ အဲ့လိုဖြစ်လာအောင်လည်း တတ်နိုင်သလောက် ပံ့ပိုးကူညီပေးတယ်။ 24/7 တော့ ရို မနေနိုင်ပေမဲ့ပေါ့။

အပျိုစစ်တာ၊ မစစ်တာထက် ပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွက် တခုခု အကျိုးပြုနိုင်တာကို ပိုတန်ဖိုးထားတယ်။ အိမ်ထောင်ရှိဖူးသူဖြစ်ဖြစ်၊ Single mother ဖြစ်ဖြစ်လည်း ဂရုမစိုက်ဘူး။ ပတ်ဝန်းကျင်က ပြောမယ့် ဂျိုပေါက်နေပြီ ဆိုတဲ့ စကားတွေကိုလည်း ပြုံးပြီး နားထောင်နိုင်တယ်။

လိင်ကိစ္စတွေနဲ့ ပတ်သက်ချင် ပတ်သက်မယ်။ ဒါပေမဲ့ ငါကတော့ သူ့ရဲ့ အပျိုစင်ဘဝကို ရလိုက်ပြီဆိုပြီး ဂုဏ်ယူမနေဘူး။ မိန်းကလေးက နစ်နာသွားပြီ ဆိုတာမျိုးလည်း မတွေးဘူး။ ဒီကိစ္စ ဖြစ်ပြီးသွားတဲ့ နောက်ပိုင်းမှာ ခြိမ်းခြောက်ခြင်း၊ အမြတ်ထုတ်ခြင်းတွေ မရှိဘူး။

တစ်ယောက်ယောက်က ရန်လာစတဲ့အခါ မိုက်ရူးရဲဆန်ဆန် တုံ့ပြန်မနေဘူး။ ဦးနှောက်နဲ့ ဖြေရှင်းတယ်။ သည်းခံတယ် ဆိုတာကို ခံလာရတယ်၊ ယောကျာ်းဖြစ်ပြီး သတ္တိမရှိဘူးလို့ မြင်တတ်ကြတဲ့ အစဉ်အလာ သတ်မှတ်ချက်တွေကို လက်ခံမထားဘူး။ ဘာပဲလုပ်လုပ် နောက်ဆက်တွဲ ဖြစ်လာမှာတွေကို ကြည့်ပြီးမှ လုပ်တယ်။

Strong ဖြစ်တဲ့ မိန်းကလေးကို သဘောကျတယ် ဆိုပြီးလည်း နောက်ကွယ်မှာ ချွဲတတ်၊ နွဲ့တတ်တဲ့ မိန်းကလေးတွေအပေါ် သာယာမနေဘူး။ ခေတ်ဆန်တယ် ဆိုတာ ရှုပ်ပွေတာကို ခေါ်တာမဟုတ်မှန်း ရှင်းရှင်းလင်းလင်း သဘောပေါက်တယ်။ Integrity (ဖြောင့်မတ်မှု) ရှိတယ်။

၂။ ယောကျာ်းဆန်တဲ့ ယောကျာ်း

သူကတော့ အစဉ်အလာ သတ်မှတ်ချက်တွေကို လက်ခံကျင့်သုံးတယ်။ အမျိုးသမီးတွေအပေါ် အထင်မသေးတောင် တော်ရုံတန်ရုံ အထင်ကြီးတဲ့အထဲတော့ မပါကြဘူး။ မိန်းမတွေဟာ ဦးမဆောင်နိုင်ဘူး၊ မပြတ်သားဘူး၊ သတ္တိမရှိဘူး ဆိုတဲ့ တရားသေအမြင်တွေကိုလည်း လက်ခံချင် လက်ခံထားကြလိမ့်မယ်။

ယောကျာ်းဆိုတာ ဦးဆောင်နိုင်စွမ်း ရှိရမယ်၊ ငွေရှာနိုင်ရမယ်၊ သူများသားသမီးကို ယူပြီးရင် တင့်တောင့်တင့်တယ် ထားနိုင်ရမယ်၊ ခင်ပွန်းကောင်း ပီသရမယ်၊ ဇနီးအပေါ် သစ္စာရှိရမယ်၊ လိုလေသေးမရှိအောင် ထားနိုင်ရမယ် စတဲ့ အစဉ်အလာတွေကို လိုက်နာတယ်။ ရလဒ်အနေနဲ့ အဲ့လိုဖြစ်လာအောင်လည်း ကြိုးစားတယ်။ ချစ်သူအတွက်၊ ဇနီးအတွက် အားကိုးရာ၊ ခိုနားရာ အရိပ်တစ်ခုအဖြစ် ရပ်တည်တယ်။ သားသမီးတွေ ရလာရင်လည်း ဖခင်ကောင်း ပီသတယ်။ ဇနီးမယားအပေါ် ကြင်နာပြခြင်းဖြင့် ချစ်ခြင်းမေတ္တာ ဆိုတာ ဘာမှန်း သားသမီးတွေကို နားလည်စေတယ်။

ရည်းစားထားရင်၊ အိမ်ထောင်ပြုရင် သူတို့ကို ပါရမီဖြည့်ပေးနိုင်မယ့်၊ နားလည်မှုပေးနိုင်မယ့်၊ သားသမီးတွေအတွက် မိခင်ကောင်း ဖြစ်နိုင်မယ့်သူကို ရွေးတယ်။ မိန်းမဖြစ်သူရဲ့ အလိုက်သိမှုတွေ၊ နားလည်ပေးမှုတွေကို သူငယ်ချင်း မိတ်ဆွေတွေကြားထဲ ကြွားတတ်သူ ဖြစ်တယ်။

သူကိုယ်တိုင်လည်း လိင်ကိစ္စမှာ စောင့်ထိန်းသလို၊ သူ့မိန်းကလေးကိုလည်း အပျိုစင် ဖြစ်နေတာမျိုးပဲ လိုချင်တယ်။ ရည်းစားသက်တမ်း နှစ်တွေကြာလာရင်၊ ဒါမှမဟုတ် မတော်တဆ လွန်လွန်ကျူးကျူး ဖြစ်သွားရင် တာဝန်ယူတယ်။ ဒီမိန်းကလေးကို မဖြစ်မနေ လက်ထပ်တယ်။

၃။ လူမဆန်တဲ့ ယောကျာ်း

ဒီလိုလူမျိုးကျ ယောကျာ်းတစ်ယောက်မှာ ရှိတဲ့ အားသာချက်တွေကို တလွဲအသုံးချသူ ဖြစ်တယ်။

ရည်းစားထားတယ်၊ လိင်ကိစ္စ ရယူလိုတဲ့ စိတ်သက်သက်နဲ့ပဲ။ ဒီအပေါ် ဂုဏ်ယူတယ်။ လိုချင်တာ ရပြီးရင် အလွယ်တကူ ထားသွားတယ်။ မတော်တဆ ကိုယ်ဝန်များရှိခဲ့ရင် တာဝန်မယူတဲ့အပြင် နင် တခြားလူတွေနဲ့ ဖြစ်ခဲ့တာ နေမှာပေါ့ ဆိုပြီး စော်စော်ကားကား တုံ့ပြန်တတ်သေးယ်။

မိန်းကလေးက အဆင်မပြေတော့လို့ ပြတ်မယ် ဆိုလည်း မပြတ်ပေးဘူး။ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ ဖြန့်လိုက်ရမလား ဆိုပြီး ခြိမ်းခြောက်တယ်။ အဲ့မိန်းကလေးရဲ့ နောက်ရည်းစားကိုလည်း မင်းက ငါ့အကျ တွဲရတဲ့ကောင် ဘာညာနဲ့ သွားပြောလိမ့်မယ်။ သူများကို နွား လို့ ပြောနေတဲ့ သူ့စိတ်ဟာ ဘယ်လောက် အောက်တန်းကျနေလဲ ဆိုတာ မသိတဲ့သူတွေ ဖြစ်တယ်။

မိန်းကလေးတွေ သဘောကျလောက်မယ့် ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်နဲ့ တော်ကီအလန်းစားတွေကို လက်နက်တစ်ခုလို သုံးတယ်။ ကိုယ်ပိုင်အရည်အချင်း မရှိဘူး။ ချမ်းသာတဲ့ မိန်းကလေးကို ရှာတယ်။ ကပ်တယ်။ အရယူတယ်။ ပြီးရင် သူ့အပေါ်လည်း သစ္စာမရှိဘူး။

အပြင်မှာဆို ပါးစပ်သရမ်းတယ်။ လက်ဆော့တယ်။ ဖေ့စ်ဘွတ်မှာတော့ ကွန်မန့်သရမ်းတယ်။

အိမ်ထောင်ကျသွားရင်လည်း ယောကျာ်း ဆိုတာ လှေကား ၃ ထစ်ဆင်းရင် လူပျိုပြန်ဖြစ်တယ် ဆိုတဲ့ အတွေးမျိုး ရှိတယ်။ ကိုယ့်ခွန်အားကို အသုံးချပြီး မိန်းမဖြစ်သူကို စိတ်ထင်တိုင်း ရိုက်တယ်၊ နှက်တယ်။ ပြီးသွားမှ ပြန်ချော့တယ်၊ ကလေးတွေမျက်နှာ ထောက်ပါဦး ဆိုပြီး စိတ်ယိုင်အောင် ပြောတယ်။ နောင်တရနေပါပြီ ဆိုပြီး အယုံသွင်းတယ်။ ပြီးရင်တော့ နောက်ထပ်တစ်ခါ ရိုက်နှက်ပြန်တဲ့ လူမျိုး ဖြစ်တယ်။

ဒီ ၃ မျိုးမှာ ပထမ ၂ မျိုးကတော့ သူ့ဟာနဲ့သူ ကောင်းတယ် ပြောရမယ်။ ယောကျာ်း ဆိုတာ ဘယ်လို၊ မိန်းမ ဆိုတာ ဘယ်လို ဆိုတဲ့ သတ်မှတ်ချက်တွေကို လက်ခံထားတိုင်း အသုံးမကျတဲ့၊ အမြင်ကျဉ်းတဲ့ ယောကျာ်းလို့ ပြောမရဘူး။ ကျွန်တော့်အမြင်အရပေါ့။ ဖိုဝါဒ စိုးမိုးတယ် ဆိုပေမဲ့ ယောကျာ်းတစ်ယောက်အနေနဲ့တော့ သူ့တာဝန် သူယူတယ်။ ယောကျာ်းကောင်းလို့ သတ်မှတ်လို့ရတယ်။

ဘယ်လိုမှ လက်ခံပေးလို့ မရတဲ့အပြင်၊ မိန်းကလေးတိုင်း သတိထားသင့်တဲ့၊ ကျွန်တော်တို့ ယောကျာ်းချင်းလည်း ရှုံ့ချတဲ့ ယောကျာ်းမျိုးက နောက်ဆုံးလူစားမျိုးပဲ။

တကယ်တော့ ယောကျာ်းနဲ့ မိန်းမမှာ သဘာဝအရ ခြားနားမှုတွေ အများကြီးရှိတယ်။ ဥပမာ ခွန်အား ကွာတယ်။ ရင်သား ပါတာ မပါတာ၊ သားအိမ်ပါတာ မပါတာ ကွာတယ်။

ဒီတော့ ခွန်အားကို အသုံးချပြီး ရိုက်နှက်တယ်၊ အနိုင်ကျင့်တယ်။

သားအိမ်ဆိုတာ မပါတဲ့အတွက် အလွယ်တကူ အဓမ္မကျင့်တယ်။ အလွယ်တကူ ဟိုတယ်သွားမယ် ခေါ်တယ်။ အလွယ်တကူ Sex ကိစ္စကို တောင်းဆိုတယ်။

ဘာလို့ဆိုတော့ သဘာဝအရ လိင်ကိစ္စတစ်ခုရဲ့ နောက်ဆက်တွဲပြဿနာကို ကြုံရမှာက သားအိမ်ပါတဲ့ မိန်းကလေးပဲကိုး။ စဉ်းစားကြည့်၊ ယောကျာ်းတွေမှာသာ သားအိမ်ပါရင် ဘယ်သူမှ အဓမ္မကျင့်တော့မှာ မဟုတ်ဘူး။ ဘယ်သူမှ အဲ့လောက် ဟိုတယ်သွားဖို့ အလွယ်တကူ ဆုံးဖြတ်တော့မှာ မဟုတ်ဘူး။

အဲ့လိုကွာခြားရတဲ့ကြားထဲ လူမှုပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေက ယောကျာ်းတွေကို ပိုလို့ တစ်ဆင့်မြင့်စေတယ်။

လိင်ကိစ္စတစ်ခု ဖြစ်ပြီဆို စပြီး တောင်းဆိုတဲ့ ယောကျာ်းလေးက အပြစ်မရှိဘူး။ အညှာလွယ်တဲ့ မိန်းကလေးကသာ အပြစ်ရှိသတဲ့။

ရည်းစားသက်တမ်း ကြာလာရင်၊ အိမ်ထောင်ကွဲသွားရင် ဒီမိန်းကလေး၊ ဒီအမျိုးသမီးဟာ အထင်သေးစရာ ဖြစ်သွားပြီ။

ယောကျာ်းလေးတစ်ယောက် လိင်အတွေ့အကြုံ ရှိတယ်ဆိုတာ သိပ်မဆန်းပေမဲ့ မိန်းကလေးရဲ့ တန်ဖိုးကတော့ အပျိုစစ်ခြင်းပါတဲ့။

အဓမ္မပြုကျင့်မှုလို အင်မတန် စက်ဆုပ်စရာကောင်းတဲ့ ကိစ္စမှာတောင် နင်တို့က အချိန်မတော်ကြီး အပြင်သွားတာကိုး၊ ဘယ်လိုဝတ်စားသွားမှန်းမှ မသိတာ ဆိုတာမျိုးတွေနဲ့ အပြစ်တင်တတ်ကြသေးတာ။

ဆိုတော့ ယောကျာ်းတွေအနေနဲ့ တော်တော်လေးကိုမှ အနိုင်ကျင့်ရ သိပ်လွယ်နေတယ်။ အဘက်ဘက်က အသာချည်းပဲလေ။

ဒါဖြင့် ယောကျာ်းတိုင်းက အဲ့လိုလုပ်နေလား ဆိုတော့ မဟုတ်ဘူး။ တချို့ကသာ လုပ်တာ။

သူတို့ကျ ဘာလို့ မလုပ်တာလဲ။ ခွန်အား မကြီးလို့လား၊ သူတို့မှာကျမှ သားအိမ်ပါနေလို့လား၊ ဒါမှမဟုတ် လူ့အသိုင်းအဝိုင်းက သတ်မှတ်ချက်တွေကြောင့် အသာရနေတဲ့ ယောကျာ်းတွေထဲမှာ သူတို့က ကွက်ကျန်နေခဲ့လို့လား။

မဟုတ်ပါဘူး။ သူတို့မှာလည်း အဲ့ဒီအားသာချက်တွေ၊ ပါဝါတွေ ရှိနေပါတယ်။

ဘာကွာတာလဲဆိုရင်တော့ သူတို့မှာ ရှိနေတဲ့ ပါဝါတွေကို အလွဲသုံးစား မလုပ်တာ (Power abuse မလုပ်တာ) ပါပဲ။

ယောကျာ်းနဲ့ မိန်းမကြားက သဘာဝအရ ခြားနားချက်တွေကို တူအောင် လုပ်လို့ မရပါဘူး။ အဲ့လိုပဲ၊ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြားထဲမှာ နှစ်ပေါင်းများစွာ တည်တံ့နေခဲ့တဲ့ အစဉ်အလာတွေကိုလည်း ချက်ချင်း ပြောင်းလဲပစ်ဖို့ရာ မလွယ်သေးပါဘူး။

အဲ့လိုအခြေအနေမျိုးမှာ ယောကျာ်းက မိန်းမကို အကြမ်းဖက် အနိုင်ကျင့် အမြတ်ထုတ်ခြင်းတွေ မရှိတော့ဖို့၊ လျော့နည်းသွားဖို့ဆိုရင် သေချာတာက ယောကျာ်းတွေရဲ့ ဂုဏ်သိက္ခာ ပိုကောင်းလာဖို့၊ တစ်နည်းအားဖြင့် ကိုယ့်မှာရှိတဲ့ အားသာချက်တွေ Power တွေကို တလွဲမသုံးတတ်တဲ့ ယောကျာ်းတွေ ခပ်များများ ရှိဖို့တော့ လိုပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာ ဖြိုးသီဟ FB မှ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top