မေပ်ာ္႐ႊင္ရျခင္းရဲ႕ အႀကီးမားဆုံးေသာ အေၾကာင္းရင္းေတြထဲက တစ္ခ်က္က အေတြးလြန္ျခင္းေၾကာင့္ပါ။ အေတြးလြန္ျခင္းက တကယ့္လက္ေတြ႕မွာျဖစ္မလာႏိုင္တဲ့ ျပႆနာေတြကို ဖန္တီးေနတာပါပဲ။

ကၽြန္မတို႔စိတ္ကူးထဲမွာ အေတြးလြန္ေနမိတဲ့ ျပႆနာေတြဆိုတာ စိုးရိမ္ပူပန္မႈကို အေျချပဳတာေတြျဖစ္လို႔ ဘာတစ္ခုမွ အကူအညီမျဖစ္ေစပါဘူး။ ႀကိဳတင္ပူပန္ေတြးေတာတာက တစ္နည္းနည္းနဲ႔ အေထာက္အကူရမွာပါလို႔ ေတြးေနေပမဲ့ တကယ္ေတာ့ ကိုယ့္စိတ္ကို ဒုကၡေပးေနတာနဲ႔တူပါတယ္။

အေတြးဆိုတာ စၿပီးေတြးလိုက္တာနဲ႔ ရပ္တန္႔လို႔ မရေတာ့ပါဘူး။ ဒါေၾကာင့္ အေတြးလြန္ျခင္းကို ရပ္တန္႔ဖို႔ ႐ိုးရွင္းတဲ့ နည္းလမ္း (၄) သြယ္ေပးပါရေစ။

၁။ အေတြးဆိုးေတြရပ္တန္႔ၿပီး လက္ရွိ မွာ အေကာင္းေတြျဖစ္လာဖို႔ပဲ အာ႐ုံစိုက္ပါ

ကၽြန္မတို႔က အေတြးလြန္ျခင္းကို ခြင့္ျပဳၿပီး မေကာင္းတဲ့ အေတြးေတြ ကိုလက္ခံထားတဲ့ အသိုက္အဝန္းလို ျဖစ္ေနပါတယ္။ ေပ်ာ္႐ႊင္ေစၿပီး ေက်းဇူးတင္စရာေကာင္းတဲ့ အရာေတြအေပၚမွာပဲ အာ႐ုံထားရင္ ကိုယ့္ရဲ႕စိတ္ကို အေကာင္းျမင္ေတြးေစဖို႔ သင္ၾကားေပးရာ ေရာက္ပါတယ္။ တျဖည္းျဖည္းနဲ႔ေတာ့ ဒီလိုမ်ိဳးက်င့္သားရေအာင္ က်င့္ယူရမွာပါ။ ဒါဆိုရင္ အတြင္းစိတ္မွာျဖစ္ေနတဲ့ အျမင္ဆိုးေတြက ၾကာရွည္မရွိေတာ့တာေၾကာင့္ အေတြးလြန္တာေတြရပ္ၿပီး ေအးခ်မ္းမႈကို ခံစားရမွာပါ။

၂။ တစ္ေန႔တာမွာ ေအးခ်မ္းမႈရွိတဲ့ စကားလုံးေတြကို ထပ္ခါထပ္ခါေျပာပါ

အေတြးလြန္ျခင္းအမ်ားစုက ဒီေန႔လုပ္စရာရွိတဲ့ အရာေတြ ၊ စိတ္ဆိုးရေအာင္ အျခားတစ္ေယာက္က လုပ္လိုက္တာေတြ ၊ ကိုယ့္ကိုယ္ကို တန္ဖိုးက်တဲ့ အေတြးေတြေတြးတာရယ္ ေၾကာင့္ျဖစ္တာပါ။ ဒါေၾကာင့္ အႏႈတ္သေဘာေဆာင္တဲ့ အေတြးေတြ မေတြးပါနဲ႔။ စိတ္လႈပ္ရွားေဒါသထြက္လာတိုင္း “အသက္မွန္မွန္႐ႉ” “စိတ္ထိန္းစိတ္ထိန္း” ၊ “ေပါ့ေပါ့ပါးပါး” ၊ “ေမတၱာထား” ဆိုတဲ့ စကားလုံးေတြကို မိမိကိုယ္ကိုေျပာေပးပါ။

၃။ ပစၥဳပၸန္မွာပဲစိတ္ထားပါ

အလုပ္ၿပီးတဲ့ေနာက္ မနက္ျဖန္ လုပ္စရာရွိတဲ့ အရာေတြ ၊ ေနာက္လအတြက္ေပးစရာရွိတဲ့ စရိတ္စကေတြ ၊ မေတြ႕ႀကဳံရေသးတဲ့ အနာဂတ္အေၾကာင္း ဟိုဟိုဒီဒီ ေလၽွာက္ေတြးေနတာေတြရပ္ပါ။ ဒီလိုမ်ိဳးေတြးလိုက္ၿပီဆိုတာနဲ႔ ခႏၶာကိုယ္မွာ စိတ္ဖိစီးျခင္း ၊ စိတ္ဓာတ္က်ျခင္း နဲ႔ နာတာရွည္ ေရာဂါ ေတြျဖစ္ေစပါတယ္။ စိတ္လႈပ္ရွားရျခင္း အမ်ားစုက လက္ရွိပစၥဳပၸန္မွာ စိတ္မရွိဘဲ အနာဂတ္ကိုပဲေတြးေတာေနလို႔ပါ။ ဒါေၾကာင့္အေတြးေတြ မျပန္႔ဖို႔ စိတ္ကို ပစၥဳပၸန္မွာထားပါ။

၄။ သဘာဝႀကီးကိုခံစားပါ

သဘာဝအလွတရားဆိုတာ ႐ႈပ္ေထြးေနတဲ့စိတ္ကို ၿငိမ္သက္ေစတဲ့ အေကာင္းဆုံးေသာ နည္းလမ္းပါ။ စေန၊ တနဂၤေႏြ အားလပ္ရက္မွာပဲျဖစ္ျဖစ္ ၊ အလုပ္မွာ ေန႔လည္စာ ခဏနားတဲ့ အခ်ိန္ျဖစ္ျဖစ္ အနီးအနားက ပန္းၿခံတစ္ခုခုမွာ သြားေရာက္အပန္းေျဖပါ။ မြန္းက်ပ္မႈေတြ အရမ္းမ်ားလာတယ္လို႔ ခံစားရတဲ့ အခါ အားလုံးရဲ႕ အေဝး လွပတဲ့ ေနရာေတြဆီ ခရီးထြက္လိုက္ပါ။

အမွန္စင္စစ္ကေတာ့ ၿငိမ္းခ်မ္းမႈ ဆိုတာ ႏွလုံးသားထဲမွာ ျဖစ္တည္ေနၿပီးသားပါ။ ဒါကို ေမ့ေလ်ာ့ေနတဲ့ စိတ္ကို ေျဖေလ်ာ့ေပးဖို႔ အေကာင္းဆုံးကူညီႏိုင္တာက တရားထိုင္ျခင္းပါပဲ။ လြန္ေနတဲ့ အေတြးေတြကို ဘရိတ္အုပ္ၿပီး စိတ္ရဲ႕ၿငိမ္းခ်မ္းမႈကို ရွာေဖြပါလို႔ တိုက္တြန္းပါရေစ ႐ိုးရာေလးပရိသတ္ႀကီးေရ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မူရင္းေရးသားသူ
# Unicode Version # ျဖင့္ ဖတ္ပါ #

မပျော်ရွှင်ရခြင်းရဲ့ အကြီးမားဆုံးသော အကြောင်းရင်းတွေထဲက တစ်ချက်က အတွေးလွန်ခြင်းကြောင့်ပါ။ အတွေးလွန်ခြင်းက တကယ့်လက်တွေ့မှာဖြစ်မလာနိုင်တဲ့ ပြဿနာတွေကို ဖန်တီးနေတာပါပဲ။

ကျွန်မတို့စိတ်ကူးထဲမှာ အတွေးလွန်နေမိတဲ့ ပြဿနာတွေဆိုတာ စိုးရိမ်ပူပန်မှုကို အခြေပြုတာတွေဖြစ်လို့ ဘာတစ်ခုမှ အကူအညီမဖြစ်စေပါဘူး။ ကြိုတင်ပူပန်တွေးတောတာက တစ်နည်းနည်းနဲ့ အထောက်အကူရမှာပါလို့ တွေးနေပေမဲ့ တကယ်တော့ ကိုယ့်စိတ်ကို ဒုက္ခပေးနေတာနဲ့တူပါတယ်။

အတွေးဆိုတာ စပြီးတွေးလိုက်တာနဲ့ ရပ်တန့်လို့ မရတော့ပါဘူး။ ဒါကြောင့် အတွေးလွန်ခြင်းကို ရပ်တန့်ဖို့ ရိုးရှင်းတဲ့ နည်းလမ်း (၄) သွယ်ပေးပါရစေ။

၁။ အတွေးဆိုးတွေရပ်တန့်ပြီး လက်ရှိ မှာ အကောင်းတွေဖြစ်လာဖို့ပဲ အာရုံစိုက်ပါ

ကျွန်မတို့က အတွေးလွန်ခြင်းကို ခွင့်ပြုပြီး မကောင်းတဲ့ အတွေးတွေ ကိုလက်ခံထားတဲ့ အသိုက်အဝန်းလို ဖြစ်နေပါတယ်။ ပျော်ရွှင်စေပြီး ကျေးဇူးတင်စရာကောင်းတဲ့ အရာတွေအပေါ်မှာပဲ အာရုံထားရင် ကိုယ့်ရဲ့စိတ်ကို အကောင်းမြင်တွေးစေဖို့ သင်ကြားပေးရာ ရောက်ပါတယ်။ တဖြည်းဖြည်းနဲ့တော့ ဒီလိုမျိုးကျင့်သားရအောင် ကျင့်ယူရမှာပါ။ ဒါဆိုရင် အတွင်းစိတ်မှာဖြစ်နေတဲ့ အမြင်ဆိုးတွေက ကြာရှည်မရှိတော့တာကြောင့် အတွေးလွန်တာတွေရပ်ပြီး အေးချမ်းမှုကို ခံစားရမှာပါ။

၂။ တစ်နေ့တာမှာ အေးချမ်းမှုရှိတဲ့ စကားလုံးတွေကို ထပ်ခါထပ်ခါပြောပါ

အတွေးလွန်ခြင်းအများစုက ဒီနေ့လုပ်စရာရှိတဲ့ အရာတွေ ၊ စိတ်ဆိုးရအောင် အခြားတစ်ယောက်က လုပ်လိုက်တာတွေ ၊ ကိုယ့်ကိုယ်ကို တန်ဖိုးကျတဲ့ အတွေးတွေတွေးတာရယ် ကြောင့်ဖြစ်တာပါ။ ဒါကြောင့် အနှုတ်သဘောဆောင်တဲ့ အတွေးတွေ မတွေးပါနဲ့။ စိတ်လှုပ်ရှားဒေါသထွက်လာတိုင်း “အသက်မှန်မှန်ရှူ” “စိတ်ထိန်းစိတ်ထိန်း” ၊ “ပေါ့ပေါ့ပါးပါး” ၊ “မေတ္တာထား” ဆိုတဲ့ စကားလုံးတွေကို မိမိကိုယ်ကိုပြောပေးပါ။

၃။ ပစ္စုပ္ပန်မှာပဲစိတ်ထားပါ

အလုပ်ပြီးတဲ့နောက် မနက်ဖြန် လုပ်စရာရှိတဲ့ အရာတွေ ၊ နောက်လအတွက်ပေးစရာရှိတဲ့ စရိတ်စကတွေ ၊ မတွေ့ကြုံရသေးတဲ့ အနာဂတ်အကြောင်း ဟိုဟိုဒီဒီ လျှောက်တွေးနေတာတွေရပ်ပါ။ ဒီလိုမျိုးတွေးလိုက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်မှာ စိတ်ဖိစီးခြင်း ၊ စိတ်ဓာတ်ကျခြင်း နဲ့ နာတာရှည် ရောဂါ တွေဖြစ်စေပါတယ်။ စိတ်လှုပ်ရှားရခြင်း အများစုက လက်ရှိပစ္စုပ္ပန်မှာ စိတ်မရှိဘဲ အနာဂတ်ကိုပဲတွေးတောနေလို့ပါ။ ဒါကြောင့်အတွေးတွေ မပြန့်ဖို့ စိတ်ကို ပစ္စုပ္ပန်မှာထားပါ။

၄။ သဘာဝကြီးကိုခံစားပါ

သဘာဝအလှတရားဆိုတာ ရှုပ်ထွေးနေတဲ့စိတ်ကို ငြိမ်သက်စေတဲ့ အကောင်းဆုံးသော နည်းလမ်းပါ။ စနေ၊ တနင်္ဂနွေ အားလပ်ရက်မှာပဲဖြစ်ဖြစ် ၊ အလုပ်မှာ နေ့လည်စာ ခဏနားတဲ့ အချိန်ဖြစ်ဖြစ် အနီးအနားက ပန်းခြံတစ်ခုခုမှာ သွားရောက်အပန်းဖြေပါ။ မွန်းကျပ်မှုတွေ အရမ်းများလာတယ်လို့ ခံစားရတဲ့ အခါ အားလုံးရဲ့ အဝေး လှပတဲ့ နေရာတွေဆီ ခရီးထွက်လိုက်ပါ။

အမှန်စင်စစ်ကတော့ ငြိမ်းချမ်းမှု ဆိုတာ နှလုံးသားထဲမှာ ဖြစ်တည်နေပြီးသားပါ။ ဒါကို မေ့လျော့နေတဲ့ စိတ်ကို ဖြေလျော့ပေးဖို့ အကောင်းဆုံးကူညီနိုင်တာက တရားထိုင်ခြင်းပါပဲ။ လွန်နေတဲ့ အတွေးတွေကို ဘရိတ်အုပ်ပြီး စိတ်ရဲ့ငြိမ်းချမ်းမှုကို ရှာဖွေပါလို့ တိုက်တွန်းပါရစေ ရိုးရာလေးပရိသတ်ကြီးရေ…

ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်းရေးသားသူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top