ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီးရဲ႕တရားတစ္ပုဒ္ထဲမွာ နာၾကားဖူးတာက အမ်ိဳးသားတစ္ေယာက္ဟာ ဘယ္ေနရာမဆို အေကာင္းျမင္စိတ္ပဲ ထားတတ္ပါသတဲ့။ ဘယ္လိုအခက္အခဲ ဒုကၡေတြနဲ႔ၾကံဳၾကံဳ အေကာင္းျမင္စိတ္နဲ႔ပဲ ေျပာဆိုတတ္တာေၾကာင့္ သူ႔သူငယ္ခ်င္းေတြကပါ ၾကာေတာ့အျမင္ကတ္လာၾကပါသတဲ့။ တစ္ေန႔ၾကေတာ့ သူဟာ အက္ဆီးဒင့္တစ္ခုေၾကာင့္ ေျခတစ္ဖက္ျဖတ္လိုက္ရေတာ့ သူ႔သူငယ္ခ်င္းေတြက " သူငယ္ခ်င္း... မင္းဟာအၿမဲတမ္းအေကာင္းျမင္စိတ္ပဲရွိတယ္၊ ကဲ..ခုေတာ့ ဘာေျပာခ်င္ေသးလဲ" လို႔ဆိုၾကေတာ့ သူက " သူငယ္ခ်င္းတို႔ေရ...ခုေတာ့ ငါ့မွာ ဖိနပ္တစ္ဖက္ဖိုး သက္သာသြားၿပီကြ" လို႔ ဆိုေလသတဲ့။ ခ်ီးက်ဴးစရာစိတ္ဓာတ္ပါပဲ။

ေနာက္ၿပီး မင္းတုန္းမင္းလက္ထက္က အေကာင္းျမင္စိတ္ရွိတဲ့ေနရာမွာ (၂)ပါးမရွိေလာက္ဘူးလို႔ ေျပာရေလာက္ေအာင္ ၾကည္ညိဳစရာေကာင္းလွတဲ့ မတၱရာဆရာေတာ္ႀကီးဆိုတာ ရွိခဲ့ဖူးတယ္။ တစ္ခါေတာ့ ရွင္ဘုရင္က ဆရာေတာ္စိတ္ကို စမ္းခ်င္လို႔ သူ႔မင္းခ်င္းေတြကို ကပၸိယလုပ္ေစၿပီး ဆြမ္းကို ေကာ္ေရေတြလိုေပ်ာ့ၿပဲေနေအာင္ခ်က္ၿပီးကပ္ေစသတဲ့။ အဲဒီအခါ ဆရာေတာ္ႀကီးက" ေပ်ာ့ေပ်ာ့ေလးဆိုေတာ့ အဝါးရသက္သာတာေပါ့" ဆိုၿပီး ဘုန္းေပးေလသတဲ့။ မာမာေတာင့္ေတာင့္ခ်က္ၿပီး ကပ္ေလျပန္ေတာ့ " မာမာေတာင့္ေတာင့္ေလးဆိုေတာ့ အရသာေပၚတာေပါ့" လို႔ပဲ မိန္႔ေလသတဲ့။ ေနာက္တစ္ခါ ဆားငန္ငန္ေတြခ်က္ကပ္ေတာ့ ေသြးသန္႔တာေပါ့လို႔မိန္႔ၿပီး ဆားမပါပဲ ေပါ့ရႊတ္ရႊတ္ေတြကပ္ျပန္ေတာ့ "ေရငတ္ေျပတာေပါ့၊ ေသြးတိုးေရာဂါကို ကာကြယ္ၿပီးသားျဖစ္တာေပါ့" လို႔ပဲ မိန္႔ေလသတဲ့။

အဲဒီမတၱရာဆရာေတာ္ႀကီးဟာ သက္ေတာ္(၆၅) ဝါေတာ္(၄၅)ေလာက္အရြယ္မွာ တပည့္ဦးဇင္းေတြက ဝတ္ျဖည့္ႏွိပ္နယ္ေပးတဲ့အခါ ဆရာေတာ္ႀကီးရဲ႕ေျခေထာက္က ဆတ္ခနဲ႔ ဆတ္ခနဲ႔လႈပ္လႈပ္ေနလို႔ ဆရာေတာ္ႀကီးရဲ႕သင္းပိုင္ကို ဦးဇင္းေတြက လွန္ၾကည့္တဲ့အခါ ေျခသလံုးမွာ လက္သီးဆုပ္ေလာက္ရွိတဲ့အနာႀကီးကို ေလာက္ေတြတဖြားဖြားနဲ႔ ေတြ႕ရေလသတဲ့။ တပည့္ေတြက အနာကိုရွင္းဖို႔လုပ္တဲ့အခါ
"ေမာင္ပဥၨင္းတို႔ သူ႔တို႔အိုးအိမ္ကို မဖ်က္ဆီးၾကပါနဲ႔ သည္းခံၾကပါ"လို႔ေျပာၿပီး အရွင္းမခံပဲ သည္းခံေနသြားခဲ့တာ တစ္လေက်ာ္အၾကာေတာ့ အနာေၾကာင့္ ပ်ံလြန္ေတာ္မူသြားခဲ့ပါသတဲ့။ ၾကည္ညိဳစရာေကာင္းလွပါဘိ။

ျမတ္စြာဘုရားလက္ထက္ေတာ္က အရွင္ပုဏၰမေထရ္ႀကီးရဲ႕ အေကာင္းျမင္စိတ္ဆိုတာကလည္း စံနမူနာ ယူေလာက္ပါေပတယ္။
တစ္ခါမွာေတာ့ အရွင္ပုဏၰမေထရ္ျမတ္က ျမတ္စြာဘုရားရွင္ဆီကေန ကမၼ႒ာန္းေတာင္းၿပီးေတာ့ သုနာပရႏၲတိုင္းကို သြားေနပါမည္အေၾကာင္း ေလွ်ာက္ထားေလတယ္။ အဲဒီအခါ ျမတ္စြာဘုရားရွင္က " ခ်စ္သား...သုနာပရႏၲတိုင္းသားေတြဟာ အလြန္ၾကမ္းတမ္းၾကေလတယ္ သင့္ကို ဆဲေရးလႊတ္ၾကလွ်င္ ဘယ္လိုလုပ္မလဲ" လို႔ေမးေလေတာ့" အရွင္ဘုရား... သုနာပရႏၲတိုင္းသားေတြဟာ အလြန္ေတာ္ၾကေလတယ္ တပည့္ေတာ္ကို ဆဲသာဆဲၿပီး လက္ျဖင့္ပုတ္ခတ္မႈကို မျပဳၾကေလဘူးလို႔" ႏွလံုးသြင္းဆင္ျခင္ပါမယ္လို႔ဆိုေလတယ္။

အဲဒီေနာက္ ျမတ္စြာဘုရားရွင္က " သူတို႔ဟာ လက္နဲ႔ပုတ္ခတ္ရင္ေရာဆိုေတာ့၊ သူတို႔ဟာ လက္နဲ႔သာပုတ္ခတ္တာ ခဲနဲ႔ေတာ့ မပစ္ေသးဘူးလို႔ စိတ္ထားပါ့မယ္လို႔ ျပန္ေလွ်ာက္ၾကားေလတယ္။

ခဲနဲ႔ပစ္ရင္ ဘယ္လိုလုပ္မလဲဆိုေတာ့ သုနာပရႏၲတိုင္းသားေတြဟာ ခဲနဲ႔သာပစ္ၾကေလတယ္ တုတ္နဲ႔မ႐ိုက္ၾကေလေသး၊ တုတ္နဲ႔႐ိုက္ရင္လည္း သူတို႔ဟာ တုတ္နဲ႔သာ ႐ိုက္ၾကေလတယ္ ဓားနဲ႔မခုတ္ၾကေသး၊ ဓားနဲ႔ခုတ္ၾကလ်င္လည္း သူတို႔ဟာ အလြန္ေတာ္ၾကေလတယ္ ဓားနဲ႔သာခုတ္ၾကတာ အသက္ေသေအာင္ေတာ့ မသတ္ၾကေသးဘူး" လို႔ တပည့္ေတာ္ ဆင္ျခင္ႏွလံုးသြင္းပါ့မယ္လို႔ ေလွ်ာက္ထားခဲ့ေလတယ္။

တကယ္လို႔ သူတို႔က အေသသတ္ခဲ့လွ်င္ေကာလို႔ ေမးျမန္းတဲ့အခါ အရွင္ပုဏၰမေထရ္ျမတ္ႀကီးက " ခႏၶာမွလည္းေကာင္း အသက္မွလည္းေကာင္း ၿငီးေငြ႕စက္ဆုပ္၍ ဓားလက္နက္ရွာၿပီး သတ္ေသၾကကုန္ေသာ ျမတ္စြာဘုရားရွင္၏ တပည့္သာဝကတို႔သည္ ရွိၾကေပကုန္၏ ငါ့မွာေတာ့ လက္နက္ရွာေဖြစရာမလိုေတာ့ပဲ ကိစၥၿငိမ္းၿပီ" ဟု ႏွလံုးသြင္းေနထိုင္ပါမည္ဘုရားဟု ေလွ်ာက္ထားေလေတာ့ ဘုရားရွင္က "ေကာင္းေပစြ ေကာင္းေပစြ" ဟု သာဓုေခၚခဲ့ေလတယ္။

အထက္ပါ အေထာက္အထားေတြအရ လူအခ်ိဳ႕နဲ႔ ဆရာေတာ္ မေထရ္ျမတ္ႀကီးေတြမွာ အတုယူဖြယ္ အားက်ဖြယ္ သည္းခံစိတ္ အေကာင္းျမင္တတ္စိတ္ေတြကို ၾကက္သီးထဖြယ္ ေတြ႕ရေလတယ္။ မိမိတို႔ သာမန္လူေတြမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ သည္းခံႏိုင္မႈ အေကာင္းျမင္စိတ္ထားႏိုင္မႈ အလြန္အင္မတန္အားနည္းၾကေလတယ္။ တစ္ခုခုျဖစ္ရင္ ငါ့ေၾကာင့္လို႔မျမင္ႏိုင္ပဲ သူ႔ေၾကာင့္ သူတို႔ေၾကာင့္လို႔သာ ျမင္တတ္ၾကေလတယ္။ တစ္ဦးခ်င္းဆီကေန အဖြဲ႕လိုက္ အဲဒီကေနအင္အားႀကီးအဖြဲ႕အစည္းႀကီးအထိ အဲလိုပဲ ျမင္တတ္ၾကေလတယ္။ အရွင္ပုဏၰမေထရ္ျမတ္ႀကီးတို႔က်ေတာ့ မိမိကို ႐ိုက္ႏွက္ပုတ္ခတ္ သတ္ျဖတ္မဲ့သူကိုေတာင္ အျပစ္မျမင္ေတာ့ပဲ အေကာင္းျမင္စိတ္ထားႏိုင္ေပမဲ့ သာမန္လူမ်ားက်ေတာ့ "ဒီလူ ငါ့ကို ဘယ္တုန္းက ဘယ္လိုေျပာဖူးထားတယ္ ဘယ္လိုေၾကာသြားတယ္၊ ခုမ်က္ေစာင္းထိုးၾကည့္ေနတယ္၊ ဂ်ိဳျကည့္ၾကည့္ေနတယ္၊ ငါ့ပုခံုးတိုက္သြားတယ္ စသျဖင့္ စိတ္ဆိုးမာန္ဆိုးျဖင့္ ေဒါသထြက္ ရန္ရွာ ရန္ျဖစ္ ကိုယ္က်ိဳးနည္းရေလေတာ့တယ္။

ျမန္မာစကားအရ " လူ႔အႀကိဳက္ ဆယ္ခါလိုက္လဲ မလိုက္တစ္ခါ ရွိခဲ့ပါမူ ႀကီးစြာရန္သူ မွတ္ယူထင္၏" တဲ့။ သူတို႔အႀကိဳက္ ဆယ္ခါေလာက္လိုက္ေလ်ာကူညီခဲ့ေပမဲ့လည္း တစ္ခါေလာက္ မကူညီႏိုင္ေတာ့ဘူးဆိုလွ်င္ ဆယ္ခါကူညီခဲ့ဖူးတဲ့ေက်းဇူးကို ေမ့ၿပီး ရန္သူတစ္ေယာက္ပမာ ဆက္ဆံတတ္ၾကေလတယ္။ သံေဝဂ ယူစရာေကာင္းလွ၏။

အထက္ပါသာဓကပုဂၢိဳလ္ ဆရာေတာ္ႀကီး မေထရ္ႀကီးတို႔လို႔ သည္းခံႏိုင္ေသာ အေကာင္းျမင္ဝါဒမ်ား ေနရာတိုင္း သတၱဝါတိုင္းမွာ ထြန္းကားႏိုင္ပါေစသတည္း။

ေယာနိေသာမနသိကာရ ရွိၾကပါေစ။

ေနရာတိုင္း လူတိုင္းမွာ အေကာင္းျမင္ဝါဒ ထြန္းကားၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Monywa Javana Ashin FB မွ
# Unicode Version # ျဖင့္ ဖတ္ပါ #

ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့တရားတစ်ပုဒ်ထဲမှာ နာကြားဖူးတာက အမျိုးသားတစ်ယောက်ဟာ ဘယ်နေရာမဆို အကောင်းမြင်စိတ်ပဲ ထားတတ်ပါသတဲ့။ ဘယ်လိုအခက်အခဲ ဒုက္ခတွေနဲ့ကြုံကြုံ အကောင်းမြင်စိတ်နဲ့ပဲ ပြောဆိုတတ်တာကြောင့် သူ့သူငယ်ချင်းတွေကပါ ကြာတော့အမြင်ကတ်လာကြပါသတဲ့။ တစ်နေ့ကြတော့ သူဟာ အက်ဆီးဒင့်တစ်ခုကြောင့် ခြေတစ်ဖက်ဖြတ်လိုက်ရတော့ သူ့သူငယ်ချင်းတွေက " သူငယ်ချင်း... မင်းဟာအမြဲတမ်းအကောင်းမြင်စိတ်ပဲရှိတယ်၊ ကဲ..ခုတော့ ဘာပြောချင်သေးလဲ" လို့ဆိုကြတော့ သူက " သူငယ်ချင်းတို့ရေ...ခုတော့ ငါ့မှာ ဖိနပ်တစ်ဖက်ဖိုး သက်သာသွားပြီကွ" လို့ ဆိုလေသတဲ့။ ချီးကျူးစရာစိတ်ဓာတ်ပါပဲ။

နောက်ပြီး မင်းတုန်းမင်းလက်ထက်က အကောင်းမြင်စိတ်ရှိတဲ့နေရာမှာ (၂)ပါးမရှိလောက်ဘူးလို့ ပြောရလောက်အောင် ကြည်ညိုစရာကောင်းလှတဲ့ မတ္တရာဆရာတော်ကြီးဆိုတာ ရှိခဲ့ဖူးတယ်။ တစ်ခါတော့ ရှင်ဘုရင်က ဆရာတော်စိတ်ကို စမ်းချင်လို့ သူ့မင်းချင်းတွေကို ကပ္ပိယလုပ်စေပြီး ဆွမ်းကို ကော်ရေတွေလိုပျော့ပြဲနေအောင်ချက်ပြီးကပ်စေသတဲ့။ အဲဒီအခါ ဆရာတော်ကြီးက" ပျော့ပျော့လေးဆိုတော့ အဝါးရသက်သာတာပေါ့" ဆိုပြီး ဘုန်းပေးလေသတဲ့။ မာမာတောင့်တောင့်ချက်ပြီး ကပ်လေပြန်တော့ " မာမာတောင့်တောင့်လေးဆိုတော့ အရသာပေါ်တာပေါ့" လို့ပဲ မိန့်လေသတဲ့။ နောက်တစ်ခါ ဆားငန်ငန်တွေချက်ကပ်တော့ သွေးသန့်တာပေါ့လို့မိန့်ပြီး ဆားမပါပဲ ပေါ့ရွှတ်ရွှတ်တွေကပ်ပြန်တော့ "ရေငတ်ပြေတာပေါ့၊ သွေးတိုးရောဂါကို ကာကွယ်ပြီးသားဖြစ်တာပေါ့" လို့ပဲ မိန့်လေသတဲ့။

အဲဒီမတ္တရာဆရာတော်ကြီးဟာ သက်တော်(၆၅) ဝါတော်(၄၅)လောက်အရွယ်မှာ တပည့်ဦးဇင်းတွေက ဝတ်ဖြည့်နှိပ်နယ်ပေးတဲ့အခါ ဆရာတော်ကြီးရဲ့ခြေထောက်က ဆတ်ခနဲ့ ဆတ်ခနဲ့လှုပ်လှုပ်နေလို့ ဆရာတော်ကြီးရဲ့သင်းပိုင်ကို ဦးဇင်းတွေက လှန်ကြည့်တဲ့အခါ ခြေသလုံးမှာ လက်သီးဆုပ်လောက်ရှိတဲ့အနာကြီးကို လောက်တွေတဖွားဖွားနဲ့ တွေ့ရလေသတဲ့။ တပည့်တွေက အနာကိုရှင်းဖို့လုပ်တဲ့အခါ
"မောင်ပဉ္ဇင်းတို့ သူ့တို့အိုးအိမ်ကို မဖျက်ဆီးကြပါနဲ့ သည်းခံကြပါ"လို့ပြောပြီး အရှင်းမခံပဲ သည်းခံနေသွားခဲ့တာ တစ်လကျော်အကြာတော့ အနာကြောင့် ပျံလွန်တော်မူသွားခဲ့ပါသတဲ့။ ကြည်ညိုစရာကောင်းလှပါဘိ။

မြတ်စွာဘုရားလက်ထက်တော်က အရှင်ပုဏ္ဏမထေရ်ကြီးရဲ့ အကောင်းမြင်စိတ်ဆိုတာကလည်း စံနမူနာ ယူလောက်ပါပေတယ်။
တစ်ခါမှာတော့ အရှင်ပုဏ္ဏမထေရ်မြတ်က မြတ်စွာဘုရားရှင်ဆီကနေ ကမ္မဋ္ဌာန်းတောင်းပြီးတော့ သုနာပရန္တတိုင်းကို သွားနေပါမည်အကြောင်း လျှောက်ထားလေတယ်။ အဲဒီအခါ မြတ်စွာဘုရားရှင်က " ချစ်သား...သုနာပရန္တတိုင်းသားတွေဟာ အလွန်ကြမ်းတမ်းကြလေတယ် သင့်ကို ဆဲရေးလွှတ်ကြလျှင် ဘယ်လိုလုပ်မလဲ" လို့မေးလေတော့" အရှင်ဘုရား... သုနာပရန္တတိုင်းသားတွေဟာ အလွန်တော်ကြလေတယ် တပည့်တော်ကို ဆဲသာဆဲပြီး လက်ဖြင့်ပုတ်ခတ်မှုကို မပြုကြလေဘူးလို့" နှလုံးသွင်းဆင်ခြင်ပါမယ်လို့ဆိုလေတယ်။

အဲဒီနောက် မြတ်စွာဘုရားရှင်က " သူတို့ဟာ လက်နဲ့ပုတ်ခတ်ရင်ရောဆိုတော့၊ သူတို့ဟာ လက်နဲ့သာပုတ်ခတ်တာ ခဲနဲ့တော့ မပစ်သေးဘူးလို့ စိတ်ထားပါ့မယ်လို့ ပြန်လျှောက်ကြားလေတယ်။

ခဲနဲ့ပစ်ရင် ဘယ်လိုလုပ်မလဲဆိုတော့ သုနာပရန္တတိုင်းသားတွေဟာ ခဲနဲ့သာပစ်ကြလေတယ် တုတ်နဲ့မရိုက်ကြလေသေး၊ တုတ်နဲ့ရိုက်ရင်လည်း သူတို့ဟာ တုတ်နဲ့သာ ရိုက်ကြလေတယ် ဓားနဲ့မခုတ်ကြသေး၊ ဓားနဲ့ခုတ်ကြလျင်လည်း သူတို့ဟာ အလွန်တော်ကြလေတယ် ဓားနဲ့သာခုတ်ကြတာ အသက်သေအောင်တော့ မသတ်ကြသေးဘူး" လို့ တပည့်တော် ဆင်ခြင်နှလုံးသွင်းပါ့မယ်လို့ လျှောက်ထားခဲ့လေတယ်။

တကယ်လို့ သူတို့က အသေသတ်ခဲ့လျှင်ကောလို့ မေးမြန်းတဲ့အခါ အရှင်ပုဏ္ဏမထေရ်မြတ်ကြီးက " ခန္ဓာမှလည်းကောင်း အသက်မှလည်းကောင်း ငြီးငွေ့စက်ဆုပ်၍ ဓားလက်နက်ရှာပြီး သတ်သေကြကုန်သော မြတ်စွာဘုရားရှင်၏ တပည့်သာဝကတို့သည် ရှိကြပေကုန်၏ ငါ့မှာတော့ လက်နက်ရှာဖွေစရာမလိုတော့ပဲ ကိစ္စငြိမ်းပြီ" ဟု နှလုံးသွင်းနေထိုင်ပါမည်ဘုရားဟု လျှောက်ထားလေတော့ ဘုရားရှင်က "ကောင်းပေစွ ကောင်းပေစွ" ဟု သာဓုခေါ်ခဲ့လေတယ်။

အထက်ပါ အထောက်အထားတွေအရ လူအချို့နဲ့ ဆရာတော် မထေရ်မြတ်ကြီးတွေမှာ အတုယူဖွယ် အားကျဖွယ် သည်းခံစိတ် အကောင်းမြင်တတ်စိတ်တွေကို ကြက်သီးထဖွယ် တွေ့ရလေတယ်။ မိမိတို့ သာမန်လူတွေမှာတော့ တစ်ယောက်နဲ့တစ်ယောက် သည်းခံနိုင်မှု အကောင်းမြင်စိတ်ထားနိုင်မှု အလွန်အင်မတန်အားနည်းကြလေတယ်။ တစ်ခုခုဖြစ်ရင် ငါ့ကြောင့်လို့မမြင်နိုင်ပဲ သူ့ကြောင့် သူတို့ကြောင့်လို့သာ မြင်တတ်ကြလေတယ်။ တစ်ဦးချင်းဆီကနေ အဖွဲ့လိုက် အဲဒီကနေအင်အားကြီးအဖွဲ့အစည်းကြီးအထိ အဲလိုပဲ မြင်တတ်ကြလေတယ်။ အရှင်ပုဏ္ဏမထေရ်မြတ်ကြီးတို့ကျတော့ မိမိကို ရိုက်နှက်ပုတ်ခတ် သတ်ဖြတ်မဲ့သူကိုတောင် အပြစ်မမြင်တော့ပဲ အကောင်းမြင်စိတ်ထားနိုင်ပေမဲ့ သာမန်လူများကျတော့ "ဒီလူ ငါ့ကို ဘယ်တုန်းက ဘယ်လိုပြောဖူးထားတယ် ဘယ်လိုကြောသွားတယ်၊ ခုမျက်စောင်းထိုးကြည့်နေတယ်၊ ဂျိုကြည့်ကြည့်နေတယ်၊ ငါ့ပုခုံးတိုက်သွားတယ် စသဖြင့် စိတ်ဆိုးမာန်ဆိုးဖြင့် ဒေါသထွက် ရန်ရှာ ရန်ဖြစ် ကိုယ်ကျိုးနည်းရလေတော့တယ်။

မြန်မာစကားအရ " လူ့အကြိုက် ဆယ်ခါလိုက်လဲ မလိုက်တစ်ခါ ရှိခဲ့ပါမူ ကြီးစွာရန်သူ မှတ်ယူထင်၏" တဲ့။ သူတို့အကြိုက် ဆယ်ခါလောက်လိုက်လျောကူညီခဲ့ပေမဲ့လည်း တစ်ခါလောက် မကူညီနိုင်တော့ဘူးဆိုလျှင် ဆယ်ခါကူညီခဲ့ဖူးတဲ့ကျေးဇူးကို မေ့ပြီး ရန်သူတစ်ယောက်ပမာ ဆက်ဆံတတ်ကြလေတယ်။ သံဝေဂ ယူစရာကောင်းလှ၏။

အထက်ပါသာဓကပုဂ္ဂိုလ် ဆရာတော်ကြီး မထေရ်ကြီးတို့လို့ သည်းခံနိုင်သော အကောင်းမြင်ဝါဒများ နေရာတိုင်း သတ္တဝါတိုင်းမှာ ထွန်းကားနိုင်ပါစေသတည်း။

ယောနိသောမနသိကာရ ရှိကြပါစေ။

နေရာတိုင်း လူတိုင်းမှာ အကောင်းမြင်ဝါဒ ထွန်းကားကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:Monywa Javana Ashin FB မှ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top