ကြၽန္ေတာ္တို႔ဟာ ေန႔စဥ္ ေန႔တိုင္း အိပ္စက္ေနၾကတယ္။ အထူးသျဖင့္ ညဖက္မွာ လူတိုင္း အိပ္စက္အနားယူၾကတယ္။ ကြၽန္ေတာ္တို႔ ဘာေၾကာင့္ အိပ္စက္အနားယူရပါသလဲ။ တကယ္ေတာ့ လက္ရွိခ်ိန္ထိ အိပ္စက္ျခင္းအေၾကာင္းကို ေသေသခ်ာခ်ာမသိရွိရဘူး။

သိထားသမွ်က ဦးေႏွာက္လုပ္ေဆာင္ႏိုင္စြမ္း ေကာင္းမြန္ေစဖို႔သာ ထင္မွတ္ရတယ္။ ေလ့လာမႈေတြအရ ေန႔စဥ္ ၈နာရီေလာက္ အိပ္စက္ျခင္းေၾကာင့္ အပိုထြက္လာတဲ့စြမ္းအင္ပမာဏဟာ 50kcalေလာက္သာ ရွိတယ္ဆိုတာ ေတြ႕ရတယ္။ ဒါ့ေၾကာင့္ အားအင္သစ္ေတြျဖစ္ထြန္းဖို႔ဆိုတဲ့ အယူအဆဟာလည္း အျပည့္အဝ မမွန္ကန္တာ ေတြ႕ရတယ္။

အိပ္စက္ျခင္းကို လူတခ်ိဳ႕က အပိုအလုပ္ေတြအျဖစ္ ထင္မွတ္ၾကတယ္။ မာဂရက္သက္ခ်ာ၊ ႏိုင္တင္ေဂးနဲ႔ နပိုလီယမ္စသူေတြက အိပ္စက္ျခင္းကို အခ်ိန္ျဖဳန္းတီးတယ္လို႔ ယူဆခဲ့ၾကတယ္။ လက္ေတြ႕က်က် ေျပာရရင္ အိပ္စက္ျခင္းဟာ လူသားေတြကို ေကာင္းက်ိဳးျပဳတယ္။

စိတ္ကို ၾကည္လင္လန္းဆန္းေစတယ္။ အားအင္သစ္ေတြ ျဖစ္ထြန္းေစတယ္။ ဦးေႏွာက္လုပ္ေဆာင္ႏိုင္စြမ္းေကာင္းဖို႔ လုံေလာက္ေအာင္ အိပ္စက္အနားယူဖို႔ လိုအပ္တယ္။ သိပၸံနည္းက် ေလ့လာမႈေတြအရ လူတေယာက္ဟာ ၆ – ၈နာရီထိ အိပ္စက္ဖို႔ လိုအပ္တယ္လို႔ ေတြ႕ရွိရတယ္။ လူ႔ဘဝရဲ႕ ေလးပုံ (သို႔) သုံးပုံ တစ္ပုံကို အိပ္စက္ျခင္းနဲ႔ ျဖတ္သန္းေနၾကရတယ္။
လူေတြဘာ့ေၾကာင့္ အိပ္ရသလဲ

အိပ္စက္ျခင္းကို အဓိက ျဖစ္ေစတာ ဦးေႏွာက္ေစစားမႈေၾကာင့္ပါ။ ပိုတိက်ေအာင္ေျပာရရင္ melatoninေခၚတဲ့ ေဟာ္မုန္းတမ်ိဳးေၾကာင့္ ျဖစ္ပါတယ္။ လူ၊ တိရိစာၦန္နဲ႔ အပင္ေတြမွာလည္း ဒီလိုေဟာ္မုန္းမ်ိဳးကို ေတြ႕ရွိရတယ္။ melatonin ေဟာ္မုန္းကို ဦးေႏွာက္ေအာက္ေျခမွာရွိတဲ့ pineal glandကေန ထုတ္ေပးေနတယ္။

ဒါတင္လားဆိုေတာ့ မဟုတ္ေသးဘူး။ အေရျပားဆဲလ္၊ ႐ိုးတြင္းျခင္ဆီနဲ႔ lymphocyte ေတြမွာလည္း melatonin ဓာတ္ေတြ ရွိေသးတယ္။ ဆဲလ္ထဲမွာရွိတဲ့ ပမာဏဟာ ေသြးေၾကာရွိတဲ့ ပမာဏထက္ ပိုမ်ားတာ ေတြ႕ရတယ္။ အိပ္စက္မႈကို ျဖစ္ေစတဲ့ circadian cycleထဲမွာ melatoninရဲ႕ အခန္းက႑က အေရးႀကီးတယ္။

ညအခ်ိန္ အိပ္စက္ျခင္းကို ျဖစ္ေစတာလည္း ဒီေဟာ္မုန္းေၾကာင့္ပါပဲ။ အိပ္စက္ျခင္း အေၾကာင္းကို ဆက္ေျပာရရင္ သာမန္အားျဖင့္ လူေတြဟာ ညအခ်ိန္မွာသာ အိပ္တတ္ၾကတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ညအခ်ိန္မွာ အိပ္စက္ျခင္းကို တားဆီးေပးတဲ့ blue light (460-480nm)ေတြ ေလွ်ာ့နည္းသြားလို႔ပဲ။

ဒါ့ေၾကာင့္ လူေတြဟာ blue light အလင္းေရာင္ရွိတဲ့ ေန႔ခင္းဖက္မွာ မအိပ္ပဲ အလင္းေရာင္မရွိတဲ့ ညအခ်ိန္ေတြမွာ အိပ္စက္ၾကတာျဖစ္တယ္။ ညေန ေနေစာင္းၿပီဆိုတာနဲ႔ melatonin ေဟာ္မုန္းေတြက စတင္ ထြက္ရွိလာတယ္။ စာလိုေျပာရရင္ Dim-light melatonin onsetလို႔ ေခၚပါတယ္။

wavelength 530nm ေက်ာ္တာနဲ႔ ေဟာ္မုန္း စတင္ထြက္ရွိလာတယ္။ တခ်ိဳ႕အလင္းေရာင္ ရွိရင္ မအိပ္တတ္ဘူးဆိုတာ ဒီသေဘာပါဘဲ။ အိပ္ဖို႔ မ်က္စိကို တခုခုအုပ္ေပးတဲ့အခါ blue lightေတြ မဝင္ေရာက္ႏိုင္ေတာ့ဘဲ melatonin ထြက္လာၿပီး အိပ္စက္ျခင္းကို ပိုမို လြယ္ကူေစတာ ေတြ႕ရတယ္။

ေန႔၊ ည အခ်ိန္နရီစည္းခ်က္ကို ျမင္လႊာမွာရွိတဲ့ photosensitive ganglion က အာ႐ုံခံေပးၿပီး ဦးေႏွာက္မွာ ရွိတဲ့ suprachiasmatic nuclei ကို ပို႔ေဆာင္ေပးတယ္။ အဲဒီကတဆင့္ လိုအပ္တဲ့ေဟာ္မုန္းေတြ ေပၚထြက္လာေအာင္ လႉံ႔ေဆာ္ေပးပါတယ္။

ဒီျဖစ္စဥ္ကို circadian cycleလို႔ နာမည္ေပးထားတယ္။ ဒါ့ေၾကာင့္ မိုး႐ြာတဲ့ရက္ေတြ၊ ႏွင္းထူတဲ့ရက္ေတြမွာ ရာသီေအးေအး၊ခပ္ေကြးေကြး အိပ္ခ်င္တာ အလင္းေရာင္အားနည္းတဲ့အခါ ထြက္လာတဲ့ melatoninရဲ႕အာနိသင္ေၾကာင့္ ျဖစ္ပါတယ္။
မအိပ္မေန အသက္ရွည္လား

မအိပ္စက္ပဲ အခ်ိန္ၾကာဆုံး ေနႏိုင္သူအျဖစ္ နာမည္ႀကီးသူက Randy Gardner ျဖစ္ပါတယ္။ ၁၉၆၅ခုႏွစ္ အသက္ ၁၇ႏွစ္အ႐ြယ္ ေက်ာင္းသားဘဝမွာ (၁၁)ရက္လုံးလုံး မအိပ္စက္ဘဲေနျပခဲ့တယ္။ ၄ရက္ေျမာက္ေန႔မွာ ထင္ေရာင္ထင္မွား စျဖစ္လာတယ္။ ၅ရက္ေျမာက္ေန႔မွာ သူ႔ကိုယ္သူ နာမည္ေက်ာ္ ေဘာလုံးသမားလို႔ ထင္ျမင္လာတယ္။

အံ့ၾသစရာတခုက (၁၁)ရက္လုံးလုံး မအိပ္ဘဲ ေနႏိုင္ခဲ့တာ ျဖစ္ပါတယ္။ စံခ်ိန္ခ်ိဳးၿပီး ေနာက္ပိုင္းမွာ ၁၄နာရီေက်ာ္ၾကာ အိပ္စက္ အနားယူခဲ့ရတယ္။ ေနာက္ပိုင္းမွာ ၁၈ရက္ေက်ာ္ၾကာ မအိပ္စက္ဘဲ ေနႏိုင္တဲ့ စံခ်ိန္ရွင္ေတြ ထပ္မံေပၚေပါက္လာခဲ့တယ္။

သို႔ေသာ္ ၁၉၈၉ခုႏွစ္ ေနာက္ပိုင္းကစၿပီး က်န္းမာေရးအတြက္ ေကာင္းက်ိဳးမေပးတဲ့ စံခ်ိန္ေတြကို အားေပးရာ ေရာက္မွာ စိုးတဲ့အတြက္ ဖယ္ရွားပစ္ခဲ့တယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ အိပ္ေရးဝဝလင္လင္ မအိပ္ရသူေတြဟာ စိတ္က်ေရာဂါ၊ အဝလြန္ေရာဂါေတြအျပင္ ေရာဂါထူေျပာၿပီး အသက္တိုေစႏိုင္တာ ေတြ႕ရလို႔ပဲျဖစ္ပါတယ္။
အိပ္စက္ျခင္းက ေပးတဲ့ အက်ိဳးေက်းဇူးမ်ား

အိပ္စက္ျခင္းဟာ ကိုယ္က်န္းမာေရး၊ စိတ္က်န္းမာေရး ႏွစ္မ်ိဳးလုံးကို အေထာက္အကူျပဳတာ ေတြ႕ရတယ္။ မွတ္ဉာဏ္စြမ္းအား ျမႇင့္မားေစတယ္။ အာ႐ုံစူးစိုက္မႈ အားေကာင္းေစတယ္။ လူ႔စိတ္ကို ပိုမိုလန္းဆန္းေစတယ္။ မိမိကိုယ္ကို ယုံၾကည္ခ်က္ ျမင့္မားေစတယ္။ အားသစ္အင္သစ္နဲ႔ ေန႔စဥ္အလုပ္ေတြ ေဆာင္႐ြက္ႏိုင္တယ္။

အသားအေရ ၾကည္လင္ၿပီး အေရးအေၾကာင္း ကင္းစင္ေစတယ္။ အိုမင္းရင့္ေရာ္မႈကို တားဆီးတယ္။ ခုခံအား တက္ေစတယ္။ ခႏၶာကိုယ္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို ပုံမွန္ လုပ္ကိုင္ႏိုင္တယ္။ သက္လုံပိုင္း ပိုေကာင္းလာတယ္။ အဝလြန္ေရာဂါျဖစ္ျခင္းမွ ကာကြယ္ေပးတယ္။

စိတ္က်ျခင္း၊ စိတ္ကစဥ့္ကလ်ားျဖစ္ျခင္းမွ ကာကြယ္ႏိုင္တယ္။ ႏွလုံး၊ ေသြးတိုးနဲ႔ ေလျဖတ္ႏိုင္ေခ် က်ဆင္းေစတယ္။အိပ္စက္ျခင္းကို ျဖစ္ေပၚေစတဲ့ melatonin ဓာတ္က ကင္ဆာက်ိတ္အခ်ိဳ႕ကို ကာကြယ္ေပးတယ္လို႔ ယုံၾကည္ၾကတယ္။ အိပ္ေရးဝဝ အိပ္ရသူေတြဟာ ေကာင္းေကာင္း မအိပ္ရသူေတြထက္ အသက္ပိုရွည္တာ ေတြ႕ရတယ္။
သဘာဝရဲ႕ လက္ေဆာင္မြန္

လူေတာ္ေတာ္မ်ားမ်ားဟာ ေကာင္းေကာင္း အိပ္စက္ခ်င္ၾကတယ္။ သို႔ေသာ္ အမ်ားစုဟာ အသက္ႀကီးလာတာနဲ႔အမွ် အိပ္မေပ်ာ္ၾကဘူး။ အိပ္စက္ျခင္းတန္ဖိုးကို အသက္ႀကီးမွ တျဖည္းျဖည္း ပိုသိလာၾကတယ္။ အိပ္စက္ျခင္းဆိုတာ က်န္းမာေရးအတြက္ သဘာဝကေပးတဲ့ လက္ေဆာင္တခုပါ။

ဒီလက္ေဆာင္ကို အမိအရယူႏိုင္ဖို႔ လိုအပ္ပါတယ္။ အိပ္စက္ျခင္းတန္ဖိုး နားလည္ၿပီး လက္ေတြ႕ အသုံးခ်တတ္ဖို႔လည္း အေရးႀကီးတယ္။ သင္ေကာေန႔စဥ္ ဘယ္ႏွနာရီ အိပ္စက္အနားယူပါသလဲ။

အိပ္စက္ခ်ိန္အနည္းဆုံး ၆နာရီျပည့္ဖို႔ လိုအပ္တာ မေမ့ေလွ်ာ့ပါနဲ႔။ သဘာဝရဲ႕ လက္ေဆာင္မြန္ကို အမိအရအသုံးခ်ႏိုင္ဖို႔ ႀကိဳးစားပါ။ လူတိုင္း အိပ္ေရးဝဝအိပ္စက္ၿပီး က်န္းမာေပ်ာ္႐ြင္ေသာ ဘဝကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေဒါက္တာ ေအးမင္းထူး
# Unicode Version # ျဖင့္ ဖတ္ပါ #

ကျွန်တော်တို့ဟာ နေ့စဉ် နေ့တိုင်း အိပ်စက်နေကြတယ်။ အထူးသဖြင့် ညဖက်မှာ လူတိုင်း အိပ်စက်အနားယူကြတယ်။ ကျွန်တော်တို့ ဘာကြောင့် အိပ်စက်အနားယူရပါသလဲ။ တကယ်တော့ လက်ရှိချိန်ထိ အိပ်စက်ခြင်းအကြောင်းကို သေသေချာချာမသိရှိရဘူး။

သိထားသမျှက ဦးနှောက်လုပ်ဆောင်နိုင်စွမ်း ကောင်းမွန်စေဖို့သာ ထင်မှတ်ရတယ်။ လေ့လာမှုတွေအရ နေ့စဉ် ၈နာရီလောက် အိပ်စက်ခြင်းကြောင့် အပိုထွက်လာတဲ့စွမ်းအင်ပမာဏဟာ 50kcalလောက်သာ ရှိတယ်ဆိုတာ တွေ့ရတယ်။ ဒါ့ကြောင့် အားအင်သစ်တွေဖြစ်ထွန်းဖို့ဆိုတဲ့ အယူအဆဟာလည်း အပြည့်အဝ မမှန်ကန်တာ တွေ့ရတယ်။

အိပ်စက်ခြင်းကို လူတချို့က အပိုအလုပ်တွေအဖြစ် ထင်မှတ်ကြတယ်။ မာဂရက်သက်ချာ၊ နိုင်တင်ဂေးနဲ့ နပိုလီယမ်စသူတွေက အိပ်စက်ခြင်းကို အချိန်ဖြုန်းတီးတယ်လို့ ယူဆခဲ့ကြတယ်။ လက်တွေ့ကျကျ ပြောရရင် အိပ်စက်ခြင်းဟာ လူသားတွေကို ကောင်းကျိုးပြုတယ်။

စိတ်ကို ကြည်လင်လန်းဆန်းစေတယ်။ အားအင်သစ်တွေ ဖြစ်ထွန်းစေတယ်။ ဦးနှောက်လုပ်ဆောင်နိုင်စွမ်းကောင်းဖို့ လုံလောက်အောင် အိပ်စက်အနားယူဖို့ လိုအပ်တယ်။ သိပ္ပံနည်းကျ လေ့လာမှုတွေအရ လူတယောက်ဟာ ၆ – ၈နာရီထိ အိပ်စက်ဖို့ လိုအပ်တယ်လို့ တွေ့ရှိရတယ်။ လူ့ဘဝရဲ့ လေးပုံ (သို့) သုံးပုံ တစ်ပုံကို အိပ်စက်ခြင်းနဲ့ ဖြတ်သန်းနေကြရတယ်။
လူတွေဘာ့ကြောင့် အိပ်ရသလဲ

အိပ်စက်ခြင်းကို အဓိက ဖြစ်စေတာ ဦးနှောက်စေစားမှုကြောင့်ပါ။ ပိုတိကျအောင်ပြောရရင် melatoninခေါ်တဲ့ ဟော်မုန်းတမျိုးကြောင့် ဖြစ်ပါတယ်။ လူ၊ တိရိစ္ဆာန်နဲ့ အပင်တွေမှာလည်း ဒီလိုဟော်မုန်းမျိုးကို တွေ့ရှိရတယ်။ melatonin ဟော်မုန်းကို ဦးနှောက်အောက်ခြေမှာရှိတဲ့ pineal glandကနေ ထုတ်ပေးနေတယ်။

ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ အရေပြားဆဲလ်၊ ရိုးတွင်းခြင်ဆီနဲ့ lymphocyte တွေမှာလည်း melatonin ဓာတ်တွေ ရှိသေးတယ်။ ဆဲလ်ထဲမှာရှိတဲ့ ပမာဏဟာ သွေးကြောရှိတဲ့ ပမာဏထက် ပိုများတာ တွေ့ရတယ်။ အိပ်စက်မှုကို ဖြစ်စေတဲ့ circadian cycleထဲမှာ melatoninရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။

ညအချိန် အိပ်စက်ခြင်းကို ဖြစ်စေတာလည်း ဒီဟော်မုန်းကြောင့်ပါပဲ။ အိပ်စက်ခြင်း အကြောင်းကို ဆက်ပြောရရင် သာမန်အားဖြင့် လူတွေဟာ ညအချိန်မှာသာ အိပ်တတ်ကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ ညအချိန်မှာ အိပ်စက်ခြင်းကို တားဆီးပေးတဲ့ blue light (460-480nm)တွေ လျှော့နည်းသွားလို့ပဲ။

ဒါ့ကြောင့် လူတွေဟာ blue light အလင်းရောင်ရှိတဲ့ နေ့ခင်းဖက်မှာ မအိပ်ပဲ အလင်းရောင်မရှိတဲ့ ညအချိန်တွေမှာ အိပ်စက်ကြတာဖြစ်တယ်။ ညနေ နေစောင်းပြီဆိုတာနဲ့ melatonin ဟော်မုန်းတွေက စတင် ထွက်ရှိလာတယ်။ စာလိုပြောရရင် Dim-light melatonin onsetလို့ ခေါ်ပါတယ်။

wavelength 530nm ကျော်တာနဲ့ ဟော်မုန်း စတင်ထွက်ရှိလာတယ်။ တချို့အလင်းရောင် ရှိရင် မအိပ်တတ်ဘူးဆိုတာ ဒီသဘောပါဘဲ။ အိပ်ဖို့ မျက်စိကို တခုခုအုပ်ပေးတဲ့အခါ blue lightတွေ မဝင်ရောက်နိုင်တော့ဘဲ melatonin ထွက်လာပြီး အိပ်စက်ခြင်းကို ပိုမို လွယ်ကူစေတာ တွေ့ရတယ်။

နေ့၊ ည အချိန်နရီစည်းချက်ကို မြင်လွှာမှာရှိတဲ့ photosensitive ganglion က အာရုံခံပေးပြီး ဦးနှောက်မှာ ရှိတဲ့ suprachiasmatic nuclei ကို ပို့ဆောင်ပေးတယ်။ အဲဒီကတဆင့် လိုအပ်တဲ့ဟော်မုန်းတွေ ပေါ်ထွက်လာအောင် လှူံ့ဆော်ပေးပါတယ်။

ဒီဖြစ်စဉ်ကို circadian cycleလို့ နာမည်ပေးထားတယ်။ ဒါ့ကြောင့် မိုးရွာတဲ့ရက်တွေ၊ နှင်းထူတဲ့ရက်တွေမှာ ရာသီအေးအေး၊ခပ်ကွေးကွေး အိပ်ချင်တာ အလင်းရောင်အားနည်းတဲ့အခါ ထွက်လာတဲ့ melatoninရဲ့အာနိသင်ကြောင့် ဖြစ်ပါတယ်။
မအိပ်မနေ အသက်ရှည်လား

မအိပ်စက်ပဲ အချိန်ကြာဆုံး နေနိုင်သူအဖြစ် နာမည်ကြီးသူက Randy Gardner ဖြစ်ပါတယ်။ ၁၉၆၅ခုနှစ် အသက် ၁၇နှစ်အရွယ် ကျောင်းသားဘဝမှာ (၁၁)ရက်လုံးလုံး မအိပ်စက်ဘဲနေပြခဲ့တယ်။ ၄ရက်မြောက်နေ့မှာ ထင်ရောင်ထင်မှား စဖြစ်လာတယ်။ ၅ရက်မြောက်နေ့မှာ သူ့ကိုယ်သူ နာမည်ကျော် ဘောလုံးသမားလို့ ထင်မြင်လာတယ်။

အံ့သြစရာတခုက (၁၁)ရက်လုံးလုံး မအိပ်ဘဲ နေနိုင်ခဲ့တာ ဖြစ်ပါတယ်။ စံချိန်ချိုးပြီး နောက်ပိုင်းမှာ ၁၄နာရီကျော်ကြာ အိပ်စက် အနားယူခဲ့ရတယ်။ နောက်ပိုင်းမှာ ၁၈ရက်ကျော်ကြာ မအိပ်စက်ဘဲ နေနိုင်တဲ့ စံချိန်ရှင်တွေ ထပ်မံပေါ်ပေါက်လာခဲ့တယ်။

သို့သော် ၁၉၈၉ခုနှစ် နောက်ပိုင်းကစပြီး ကျန်းမာရေးအတွက် ကောင်းကျိုးမပေးတဲ့ စံချိန်တွေကို အားပေးရာ ရောက်မှာ စိုးတဲ့အတွက် ဖယ်ရှားပစ်ခဲ့တယ်။ ဘာ့ကြောင့်လဲဆိုတော့ အိပ်ရေးဝဝလင်လင် မအိပ်ရသူတွေဟာ စိတ်ကျရောဂါ၊ အဝလွန်ရောဂါတွေအပြင် ရောဂါထူပြောပြီး အသက်တိုစေနိုင်တာ တွေ့ရလို့ပဲဖြစ်ပါတယ်။
အိပ်စက်ခြင်းက ပေးတဲ့ အကျိုးကျေးဇူးများ

အိပ်စက်ခြင်းဟာ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး နှစ်မျိုးလုံးကို အထောက်အကူပြုတာ တွေ့ရတယ်။ မှတ်ဉာဏ်စွမ်းအား မြှင့်မားစေတယ်။ အာရုံစူးစိုက်မှု အားကောင်းစေတယ်။ လူ့စိတ်ကို ပိုမိုလန်းဆန်းစေတယ်။ မိမိကိုယ်ကို ယုံကြည်ချက် မြင့်မားစေတယ်။ အားသစ်အင်သစ်နဲ့ နေ့စဉ်အလုပ်တွေ ဆောင်ရွက်နိုင်တယ်။

အသားအရေ ကြည်လင်ပြီး အရေးအကြောင်း ကင်းစင်စေတယ်။ အိုမင်းရင့်ရော်မှုကို တားဆီးတယ်။ ခုခံအား တက်စေတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန် လုပ်ကိုင်နိုင်တယ်။ သက်လုံပိုင်း ပိုကောင်းလာတယ်။ အဝလွန်ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးတယ်။

စိတ်ကျခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်းမှ ကာကွယ်နိုင်တယ်။ နှလုံး၊ သွေးတိုးနဲ့ လေဖြတ်နိုင်ချေ ကျဆင်းစေတယ်။အိပ်စက်ခြင်းကို ဖြစ်ပေါ်စေတဲ့ melatonin ဓာတ်က ကင်ဆာကျိတ်အချို့ကို ကာကွယ်ပေးတယ်လို့ ယုံကြည်ကြတယ်။ အိပ်ရေးဝဝ အိပ်ရသူတွေဟာ ကောင်းကောင်း မအိပ်ရသူတွေထက် အသက်ပိုရှည်တာ တွေ့ရတယ်။
သဘာဝရဲ့ လက်ဆောင်မွန်

လူတော်တော်များများဟာ ကောင်းကောင်း အိပ်စက်ချင်ကြတယ်။ သို့သော် အများစုဟာ အသက်ကြီးလာတာနဲ့အမျှ အိပ်မပျော်ကြဘူး။ အိပ်စက်ခြင်းတန်ဖိုးကို အသက်ကြီးမှ တဖြည်းဖြည်း ပိုသိလာကြတယ်။ အိပ်စက်ခြင်းဆိုတာ ကျန်းမာရေးအတွက် သဘာဝကပေးတဲ့ လက်ဆောင်တခုပါ။

ဒီလက်ဆောင်ကို အမိအရယူနိုင်ဖို့ လိုအပ်ပါတယ်။ အိပ်စက်ခြင်းတန်ဖိုး နားလည်ပြီး လက်တွေ့ အသုံးချတတ်ဖို့လည်း အရေးကြီးတယ်။ သင်ကောနေ့စဉ် ဘယ်နှနာရီ အိပ်စက်အနားယူပါသလဲ။

အိပ်စက်ချိန်အနည်းဆုံး ၆နာရီပြည့်ဖို့ လိုအပ်တာ မမေ့လျှော့ပါနဲ့။ သဘာဝရဲ့ လက်ဆောင်မွန်ကို အမိအရအသုံးချနိုင်ဖို့ ကြိုးစားပါ။ လူတိုင်း အိပ်ရေးဝဝအိပ်စက်ပြီး ကျန်းမာပျော်ရွင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:ဒေါက်တာ အေးမင်းထူး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top