ေခြးတစ္ေကာင္ဟာ အိမ္မွာေနတာ ၾကာလာတဲ့အခါ လူနဲ႔ သူ႔ရဲ႕ သံေယာဇဥ္က မိသားစုလိုျဖစ္လာပါတယ္ ။ ေခြးတစ္ေကာင္ကို သားသမီးလို ခ်စ္တဲ့လူေတြေတာင္ ရွိပါတယ္ ။ တကယ္လို႔ သင္ခ်စ္ရတဲ့ ေခြးတစ္ေကာင္ဟာ အသက္အ႐ြယ္ ႀကီးရင့္တာေၾကာင့္ ေသဆုံးေတာ့မယ္ဆိုရင္ ဘယ္လို သိႏိုင္မလဲ ။ ဒီလိုခြဲခြာရမယ့္ အခ်ိန္မ်ိဳးကို ေရာက္လာရင္ ေခြးေတြအမ်ားစုမွာ ျပသတတ္တဲ့ လကၡဏာေတြဟာ တူညီတတ္ပါတယ္ ။ ဒီ လကၡဏာေတြကို သိထားတဲ့ အခါ သင္က ပိုၿပီး ဂ႐ုစိုက္ေပးႏိုင္မွာ ျဖစ္ပါတယ္ ။

၁ – ပူးေပါင္းမႈ

လက္ဟန္ ေျခဟန္ျပၿပီး ခိုင္းေစတဲ့အခါ လိုက္လံ လုပ္ေဆာင္တာမ်ိဳး နည္းပါးလာပါတယ္ ။ လိုက္လံ လုပ္ေဆာင္ရင္လည္း ေႏွးေကြးပါတယ္ ။ သခင္ ျဖစ္သူနဲ႔ မ်က္လုံးခ်င္း ဆုံရင္လည္း ယခင္လို တက္ႂကြ နားလည္ေနတဲ့ ပုံမ်ိဳး မရွိဘဲ ႐ုတ္တရက္ တစ္ေနရာရာကို ထြက္သြားတတ္ပါတယ္ ။

၂ – ေလးလံမႈ

ေခြးေတြမွာလည္း အသက္ႀကီးတဲ့အခါ သြားလာမႈေတြ ေႏွးေကြးလာပါတယ္ ။ ယခင္က ၁၅ မိနစ္ေလာက္ ဆက္တိုက္လုပ္တဲ့ ကိစၥမ်ိဳးကို ၄ မိနစ္ေလာက္ေက်ာ္ရင္ ေမာလာပါတယ္ ။ ဒီအခါမွာ ဟိုအရင္လို မဟုတ္ေတာ့တဲ့သူ႔ကို သင္က နားလည္ေပးဖို႔ လိုပါတယ္ ။

၃ – အသက္ရႈမႈ

ခက္ခက္ခဲခဲ အၾကာႀကီး အသက္ရႈေနရတာတာဟာ ေခြးေတြအတြက္ ေကာင္းမြန္တဲ့လကၡဏာ မဟုတ္ပါဘူး ။ သူတို႔ အသက္ရႈရတာဟာ လုပ္ငန္းႀကီး တစ္ခုလို လုပ္ေနရတယ္ဆိုတဲ့ လကၡဏာမ်ိဳးပါ ။ ဘယ္လိုပဲျဖစ္ျဖစ္ တိရိစာၦန္ကု ဆရာဝန္နဲ႔ ျပေပးသင့္ပါတယ္ ။

၄ – စားခ်င္စိတ္ေပ်ာက္

ခ်က္ခ်င္းႀကီး စားခ်င္စိတ္ ေပ်ာက္သြားတာ မဟုတ္ပါဘူး ။ စားတာ နည္းနည္းလာတာ ျဖစ္ပါတယ္ ။ သိသိသာသာႀကီး သူတို႔မစားေတာ့တဲ့ အခ်ိန္က်မွ သင္ သတိထားမိလာပါတယ္ ။

၅ – ေျဖသိမ့္မႈ

အသက္အ႐ြယ္ ႀကီးရင့္တဲ့ ေခြးေတြဟာ သူတို႔ ေနာက္ဆုံးေန႔ရက္ေတြ နီးလာရင္ သူတို႔ခ်စ္တဲ့ လူေတြနားမွာ ပိုေနလာေလ့ ရွိပါတယ္ ။ အနားမွာ မလိုအပ္ဘဲ ပုံမွန္ထက္ ပိုကပ္တြယ္လာတယ္ဆိုရင္ သူတို႔ကို ေမာင္းထုတ္တာမ်ိဳး အတင္း မလုပ္သင့္ပါဘူး ။

၆ – ေခ်ာင္တစ္ေခ်ာင္မွာ

တိတ္ဆိတ္တဲ့ ေခ်ာင္တစ္ေခ်ာင္မွာ အၿမဲတမ္း ေခြေနပါတယ္ ။ ဟိုေျပးဒီေျပး လုပ္ေနတာမ်ိဳးေတြ မရွိေတာ့ပါဘူး ။ အရင္လို ေတာ္႐ုံနဲ႔ ေဟာင္တာမ်ိဳးလည္း မရွိေတာ့ပါဘူး ။ သူဘာမွ မလုပ္ဘဲ ၿငိမ္ေနတာကို သင္ သတိျပဳမိပါလိမ့္မယ္ ။ သူႀကိဳက္တဲ့ အစားအစာ ၊ သူႀကိဳက္တဲ့ လႈပ္ရွားမႈေတြနဲ႔ ေတြ႕ရင္ေတာင္မွ သူက မလႈပ္ေတာ့ပါဘူး ။

၇ – အၾကည့္

အၾကည့္က ေတာက္ပမႈ မရွိပါဘူး ။ အိမ္ထဲဝင္လာလို႔ သင့္ကိုျမင္ရင္ သူတို႔ ျဖစ္သြားတဲ့ မ်က္လုံးအေရာင္မ်ိဳးေတြ ေပ်ာက္သြားပါတယ္ ။ အၿမဲတမ္း မႈိးမႈိင္းေတြေတြနဲ႔ပဲ ၾကည့္ေနပါေတာ့တယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bahututaa
# Unicode Version # ျဖင့္ ဖတ္ပါ #

ခွေးတစ်ကောင်ဟာ အိမ်မှာနေတာ ကြာလာတဲ့အခါ လူနဲ့ သူ့ရဲ့ သံယောဇဉ်က မိသားစုလိုဖြစ်လာပါတယ် ။ ခွေးတစ်ကောင်ကို သားသမီးလို ချစ်တဲ့လူတွေတောင် ရှိပါတယ် ။ တကယ်လို့ သင်ချစ်ရတဲ့ ခွေးတစ်ကောင်ဟာ အသက်အရွယ် ကြီးရင့်တာကြောင့် သေဆုံးတော့မယ်ဆိုရင် ဘယ်လို သိနိုင်မလဲ ။ ဒီလိုခွဲခွာရမယ့် အချိန်မျိုးကို ရောက်လာရင် ခွေးတွေအများစုမှာ ပြသတတ်တဲ့ လက္ခဏာတွေဟာ တူညီတတ်ပါတယ် ။ ဒီ လက္ခဏာတွေကို သိထားတဲ့ အခါ သင်က ပိုပြီး ဂရုစိုက်ပေးနိုင်မှာ ဖြစ်ပါတယ် ။

၁ – ပူးပေါင်းမှု

လက်ဟန် ခြေဟန်ပြပြီး ခိုင်းစေတဲ့အခါ လိုက်လံ လုပ်ဆောင်တာမျိုး နည်းပါးလာပါတယ် ။ လိုက်လံ လုပ်ဆောင်ရင်လည်း နှေးကွေးပါတယ် ။ သခင် ဖြစ်သူနဲ့ မျက်လုံးချင်း ဆုံရင်လည်း ယခင်လို တက်ကြွ နားလည်နေတဲ့ ပုံမျိုး မရှိဘဲ ရုတ်တရက် တစ်နေရာရာကို ထွက်သွားတတ်ပါတယ် ။

၂ – လေးလံမှု

ခွေးတွေမှာလည်း အသက်ကြီးတဲ့အခါ သွားလာမှုတွေ နှေးကွေးလာပါတယ် ။ ယခင်က ၁၅ မိနစ်လောက် ဆက်တိုက်လုပ်တဲ့ ကိစ္စမျိုးကို ၄ မိနစ်လောက်ကျော်ရင် မောလာပါတယ် ။ ဒီအခါမှာ ဟိုအရင်လို မဟုတ်တော့တဲ့သူ့ကို သင်က နားလည်ပေးဖို့ လိုပါတယ် ။

၃ – အသက်ရှုမှု

ခက်ခက်ခဲခဲ အကြာကြီး အသက်ရှုနေရတာတာဟာ ခွေးတွေအတွက် ကောင်းမွန်တဲ့လက္ခဏာ မဟုတ်ပါဘူး ။ သူတို့ အသက်ရှုရတာဟာ လုပ်ငန်းကြီး တစ်ခုလို လုပ်နေရတယ်ဆိုတဲ့ လက္ခဏာမျိုးပါ ။ ဘယ်လိုပဲဖြစ်ဖြစ် တိရိစ္ဆာန်ကု ဆရာဝန်နဲ့ ပြပေးသင့်ပါတယ် ။

၄ – စားချင်စိတ်ပျောက်

ချက်ချင်းကြီး စားချင်စိတ် ပျောက်သွားတာ မဟုတ်ပါဘူး ။ စားတာ နည်းနည်းလာတာ ဖြစ်ပါတယ် ။ သိသိသာသာကြီး သူတို့မစားတော့တဲ့ အချိန်ကျမှ သင် သတိထားမိလာပါတယ် ။

၅ – ဖြေသိမ့်မှု

အသက်အရွယ် ကြီးရင့်တဲ့ ခွေးတွေဟာ သူတို့ နောက်ဆုံးနေ့ရက်တွေ နီးလာရင် သူတို့ချစ်တဲ့ လူတွေနားမှာ ပိုနေလာလေ့ ရှိပါတယ် ။ အနားမှာ မလိုအပ်ဘဲ ပုံမှန်ထက် ပိုကပ်တွယ်လာတယ်ဆိုရင် သူတို့ကို မောင်းထုတ်တာမျိုး အတင်း မလုပ်သင့်ပါဘူး ။

၆ – ချောင်တစ်ချောင်မှာ

တိတ်ဆိတ်တဲ့ ချောင်တစ်ချောင်မှာ အမြဲတမ်း ခွေနေပါတယ် ။ ဟိုပြေးဒီပြေး လုပ်နေတာမျိုးတွေ မရှိတော့ပါဘူး ။ အရင်လို တော်ရုံနဲ့ ဟောင်တာမျိုးလည်း မရှိတော့ပါဘူး ။ သူဘာမှ မလုပ်ဘဲ ငြိမ်နေတာကို သင် သတိပြုမိပါလိမ့်မယ် ။ သူကြိုက်တဲ့ အစားအစာ ၊ သူကြိုက်တဲ့ လှုပ်ရှားမှုတွေနဲ့ တွေ့ရင်တောင်မှ သူက မလှုပ်တော့ပါဘူး ။

၇ – အကြည့်

အကြည့်က တောက်ပမှု မရှိပါဘူး ။ အိမ်ထဲဝင်လာလို့ သင့်ကိုမြင်ရင် သူတို့ ဖြစ်သွားတဲ့ မျက်လုံးအရောင်မျိုးတွေ ပျောက်သွားပါတယ် ။ အမြဲတမ်း မှိုးမှိုင်းတွေတွေနဲ့ပဲ ကြည့်နေပါတော့တယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:bahututaa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top