.
.
.
ဆိုပါတယ်.. .....။
.
.
ထုထောင်းရောနှော၍ ရေနွေးကျက်ကျက်ဆူထည့်ထားသော အအေးခံအရည်ကို ငုံပေးပါက သွားနှင့်ပတ်သက်သောဝေဒနာအမျိုးမျိုး သက်သာပျောက်ကင်းသွားစေတယ်လို့
ဆိုပါတယ်........။
# Unicode Version # ဖြင့် ဖတ်ပါ #
သွားကိုက် သွားနာ သွားပိုးစား ရေစီးကမ်းပြို စသည့်သွားဝေဒနာအမျိုးမျိုးကို
သက်သာပျောက်ကင်းစေရန် ဖန်းခါးသီးအစို{သို့မဟုတ် }
ဖန်းခါးသီးအခြောက်{၃}လုံးခန့်ကိုထုထောင်းပါ..။
.
လေးညှင်းပွင့် {၃}ပွင့်ခန့်ရော၍ထုထောင်းပါ။
ဆားအနည်းငယ်လ ဲထည့်ပေးပါ။ ဖန်းခါးသီး လေးညှင်းပွင့်
ထုထောင်းပြီးသား အဖတ်များကို ဖန်ခွက်ကြီးတွင်ထည့်၍
ရေနွေးကျက်ကျက်ဆူ လောင်းထည့်ပါ။
.
ဖန်ခွက်ကြီးတစ်ဝက်ခန့် ရေနွေးလောင်းထည့်ပါ။
ဖန်ခွက်အဖုံးပိတ်ထားပါ။ အနည်းငယ်အအေးခံကာ
ပလုတ်ကျင်း၍ ရလောက်သောအချိန်တွင် ဖန်းခါးသီး လေးညှင်းပွင့်
ဆား ရောစပ်ထားသော ရေနွေးဖြင့် ပလုတ်ကျင်းပေးပါ။
.
မကြာခဏပြုလုပ်ပေးခြင်းအားဖြင့် သွားကိုက် သွားနာ ရေစီးကမ်းပြို
သွားပိုးစားခြင်းဝေဒနာများ သက်သာပျောက်ကင်းစေတယ်လို့
ဆိုပါတယ်.. .....။
.
သွားပိုးပေါက်အတွင်းသို့ ဖန်ခါးသီး လေးညှင်းပွင့် ဆားရောစပ်ထားသော ပြုတ်ဖတ်ကလေးများကို {၃}မိနစ်ခန့်ထည့်ပေးပါ။ ကျောက်ချဉ်မှုန့်ထည့်ပေးထားပါက
သွားပိုးစား သွားကိုက် ဝေဒနာပျောက်ကင်းစေတယ် လို့ဆိုပါတယ်။
.
ဖန်းခါးသီး လေးညှင်းပွင့် ဆား ကျောက်ချဉ်မှုန့်ကလေးများကို
ထုထောင်းရောနှော၍ ရေနွေးကျက်ကျက်ဆူ ူထည့်ထားသော အအေးခံအရည်ကို ငုံပေးပါက သွားနှင့်ပတ်သက်သောဝေဒနာအမျိုးမျိုး သက်သာပျောက်ကင်းသွားစေတယ်လို့
ဆိုပါတယ်........။
ဖိုးသူတော် (www.phothutaw.com)
Credit:ကျန်းမာရေးအတွက် ဆေးတစ်ခွက် fb မှ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top