မိန္းမ တစ္ေယာက္က ေယာက်ာ္းတစ္ေယာက္ကို အမွန္တကယ္ ခ်စ္တဲ့အတြက္သာ ထိုေယာက်ာ္းနဲ႔ တစ္ဘဝသာ ျဖတ္သန္းဖို႔အတြက္ လက္ထပ္ လိုက္ၾကတာပါ ။ လက္ထပ္လိုက္တဲ့အခါ သူမ အပ်ိဳဘဝက ဝတ္ခဲ့တဲ့ ေဒါက္ျမင့္ ဖိနပ္ကိုလည္း ခြၽတ္ခ်သြားႏိုင္ၿပီး ဖိနပ္ပါးေလးနဲ႔လည္း လမ္းၾကမ္းၾကမ္းမွာ ေလွ်ာက္ရဲပါတယ္ ။

မ်က္ႏွာျပင္မွာ မိတ္ကပ္မရွိ ႏႈတ္ခမ္းနီလည္း မရွိပဲ အဆီ တဝင္းဝင္းနဲ႔ မီးဖိုေခ်ာင္ထဲမွာ တကုပ္ကုပ္ အလုပ္ရႈပ္ရင္း သူမရဲ႕ ေယာက်ာ္း အိမ္ျပန္လာခ်ိန္ကို ထမင္းဝိုင္း ျပင္ၿပီး ေစာင့္ေမွ်ာ္ေန မိပါလိမ့္မယ္ ။ လက္မထပ္ခင္က အိမ္က မင္းသမီးတစ္ပါးလို ဖူးဖူးမႈတ္ခံခဲ့ရၿပီး ဘာမွ မလုပ္တတ္ခဲ့ရင္ေတာင္ သူမရဲ႕ ေယာက်ာ္းကို ခ်စ္တဲ့အတြက္ အိမ္အလုပ္ေတြကို သင္ယူၿပီး အိမ္ေဖၚတစ္ေယာက္လို က်ိဳးႏြံစြာ ျပဳစုၾက ပါလိမ့္မယ္ ။

သူမဟာ ခဝါသည္တစ္ေယာက္ မဟုတ္ေပမဲ့ သူမခ်စ္တဲ့ ေယာက်ာ္းရဲ႕ အဝတ္စားကိုကိုယ္တိုင္ကိုယ္က် ေလွ်ာ္ဖြတ္ မီးပူတိုက္ ျပင္ဆင္ေပးပါလိမ့္မယ္ ။ အပ်ိဳဘဝက ဝမွာစိုးလို႔ ထိန္းထိန္းသိမ္းသိမ္း ျပဳစု ဂ႐ုစိုက္ခဲ့တဲ့ ပိန္သြယ္ေနတဲ့ ခႏၶာကိုယ္ကိုေတာင္ ပုံပ်က္သြားမွာကိုလည္း မမႈပဲ သူခ်စ္တဲ့ ေယာက်ာ္းအတြက္ သားသမီး ရတနာေလးေတြ ေမြးဖြားေပး ပါလိမ့္မယ္ ။

နာနီ တစ္ေယာက္လို လခေတြ မရေပမဲ့လည္း သူမခ်စ္တဲ့ ေယာက်ာ္းနဲ႔ ေမြးဖြားလားတဲ့ ရင္ေသြးအတြက္ ေန႔မအိပ္ ညမအိပ္ ပိုးေမြးသလို ေကြၽးေမြး ေစာင့္ေရွာက္ေပးပါလိမ့္မယ္ ။ သားသမီးေတြကို ထိန္းေက်ာင္းရင္း အလွျပင္ခ်ိန္ မရွိေတာ့လို႔ သူမ်ား မိန္းမေတြေလာက္ မလွေတာ့ေပမဲ့ သူမခ်စ္တဲ့ ေယာက်ာ္းနဲ႔ ကေလးေတြအတြက္ ေက်နပ္ေနမိတာက မိန္းမေတြပါ ။

မိန္းမေတြ ဒီလိုအစြန႔္လႊတ္ အနစ္နာ ခံေပးလိုက္ရတာက သူမတို႔မွာ ေယာက်ာ္းရွားလို႔ မဟုတ္ပါဘူး ။ သူမခ်စ္တဲ့ ေယာက်ာ္း တစ္ဦးတစ္ေယာက္အတြက္ သာဒီလိုမ်ိဳး ေဆာင္႐ြက္ အနစ္နာ ခံေပးႏိုင္တာပါ ။

ဒါကိုမွ ပုံပ်က္လို႔ ၊ မလွေတာ့လို႔ ၊ အိုလာလို႔ ၊ တျခား ေကာင္မေလးေတြေလာက္ မလွေတာ့လို႔ စိတ္ကုန္သြားမယ္ဆိုရင္ သင္ဟာ ဘယ္လို ေယာက္်ားမ်ိဳး ျဖစ္သြားမလဲဆိုတာ ကိုယ္တိုင္သာ ေတြးၾကည့္လိုက္ပါ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မူရင္းေရးသားသူ
# Unicode Version # ျဖင့္ ဖတ္ပါ #

မိန်းမ တစ်ယောက်က ယောကျာ်းတစ်ယောက်ကို အမှန်တကယ် ချစ်တဲ့အတွက်သာ ထိုယောကျာ်းနဲ့ တစ်ဘဝသာ ဖြတ်သန်းဖို့အတွက် လက်ထပ် လိုက်ကြတာပါ ။ လက်ထပ်လိုက်တဲ့အခါ သူမ အပျိုဘဝက ဝတ်ခဲ့တဲ့ ဒေါက်မြင့် ဖိနပ်ကိုလည်း ချွတ်ချသွားနိုင်ပြီး ဖိနပ်ပါးလေးနဲ့လည်း လမ်းကြမ်းကြမ်းမှာ လျှောက်ရဲပါတယ် ။

မျက်နှာပြင်မှာ မိတ်ကပ်မရှိ နှုတ်ခမ်းနီလည်း မရှိပဲ အဆီ တဝင်းဝင်းနဲ့ မီးဖိုချောင်ထဲမှာ တကုပ်ကုပ် အလုပ်ရှုပ်ရင်း သူမရဲ့ ယောကျာ်း အိမ်ပြန်လာချိန်ကို ထမင်းဝိုင်း ပြင်ပြီး စောင့်မျှော်နေ မိပါလိမ့်မယ် ။ လက်မထပ်ခင်က အိမ်က မင်းသမီးတစ်ပါးလို ဖူးဖူးမှုတ်ခံခဲ့ရပြီး ဘာမှ မလုပ်တတ်ခဲ့ရင်တောင် သူမရဲ့ ယောကျာ်းကို ချစ်တဲ့အတွက် အိမ်အလုပ်တွေကို သင်ယူပြီး အိမ်ဖေါ်တစ်ယောက်လို ကျိုးနွံစွာ ပြုစုကြ ပါလိမ့်မယ် ။

သူမဟာ ခဝါသည်တစ်ယောက် မဟုတ်ပေမဲ့ သူမချစ်တဲ့ ယောကျာ်းရဲ့ အဝတ်စားကိုကိုယ်တိုင်ကိုယ်ကျ လျှော်ဖွတ် မီးပူတိုက် ပြင်ဆင်ပေးပါလိမ့်မယ် ။ အပျိုဘဝက ဝမှာစိုးလို့ ထိန်းထိန်းသိမ်းသိမ်း ပြုစု ဂရုစိုက်ခဲ့တဲ့ ပိန်သွယ်နေတဲ့ ခန္ဓာကိုယ်ကိုတောင် ပုံပျက်သွားမှာကိုလည်း မမှုပဲ သူချစ်တဲ့ ယောကျာ်းအတွက် သားသမီး ရတနာလေးတွေ မွေးဖွားပေး ပါလိမ့်မယ် ။

နာနီ တစ်ယောက်လို လခတွေ မရပေမဲ့လည်း သူမချစ်တဲ့ ယောကျာ်းနဲ့ မွေးဖွားလားတဲ့ ရင်သွေးအတွက် နေ့မအိပ် ညမအိပ် ပိုးမွေးသလို ကျွေးမွေး စောင့်ရှောက်ပေးပါလိမ့်မယ် ။ သားသမီးတွေကို ထိန်းကျောင်းရင်း အလှပြင်ချိန် မရှိတော့လို့ သူများ မိန်းမတွေလောက် မလှတော့ပေမဲ့ သူမချစ်တဲ့ ယောကျာ်းနဲ့ ကလေးတွေအတွက် ကျေနပ်နေမိတာက မိန်းမတွေပါ ။

မိန်းမတွေ ဒီလိုအစွန့်လွှတ် အနစ်နာ ခံပေးလိုက်ရတာက သူမတို့မှာ ယောကျာ်းရှားလို့ မဟုတ်ပါဘူး ။ သူမချစ်တဲ့ ယောကျာ်း တစ်ဦးတစ်ယောက်အတွက် သာဒီလိုမျိုး ဆောင်ရွက် အနစ်နာ ခံပေးနိုင်တာပါ ။

ဒါကိုမှ ပုံပျက်လို့ ၊ မလှတော့လို့ ၊ အိုလာလို့ ၊ တခြား ကောင်မလေးတွေလောက် မလှတော့လို့ စိတ်ကုန်သွားမယ်ဆိုရင် သင်ဟာ ဘယ်လို ယောက်ျားမျိုး ဖြစ်သွားမလဲဆိုတာ ကိုယ်တိုင်သာ တွေးကြည့်လိုက်ပါ ။

ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်းရေးသားသူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top