႐ုပ္႐ွင္ကားေတြမ်ားစြာ ဗီဒီယုိကားေတြမ်ားစြာနဲ႔ ပရိသတ္အားေပးမႈကုိ ရယူထားႏုိင္သလုိ ျမန္မာႏုိင္ငံရဲ႕ ပုရိသေယာက္်ားေတြ မက္ေမာရေလာက္တဲ့ မိန္းကေလးေတြလည္း အားက်ရေလာက္ Sexy က်တဲ့ အမုိက္စား ကုိယ္ခႏၶာကုိယ္ကုိ ပုိင္ဆုိင္ထားျပီး ဝတ္စားဆင္ယင္ပုံေၾကာင့္ ေဝဖန္ခံရမႈ မ်ားေနတဲ့ မင္းသမီးသင္ဇာဝင့္ေက်ာ္ကေတာ့ လတ္တေလာအခ်ိန္မွာ ခ်စ္သူနဲ႔ လမ္းခြဲလုိက္တာေၾကာင့္ ပရိသတ္ေတြက ဘာေၾကာင့္ လမ္းခြဲလဲဆုိတာကုိ အရမ္းသိခ်င္ေနၾကပါတယ္။ ဒါေၾကာင့္ MC နဲ႔ အင္တာဗ်ဴးတစ္ခုမွာ လမ္းခဲ ျဖစ္ရတဲ့အေၾကာင္းကုိ အခုလုိပဲ ေျပာပါတယ္။

သင္ဇာဝင့္ေက်ာ္က “ေျပာရမယ္ဆုိရင္ ေပ်ာ္ေပ်ာ္ေနတတ္လုိ႔လည္းပါမယ္ ၿပီးရင္ သင္ဇာက ဘာကုိမီ စြဲစြဲလမ္းလမ္းလည္း မထားတတ္ဘူး။ ေနာက္ဆုံးပ်က္သြားတဲ့ Relationship နဲ႔ဆုိရင္ သူနဲ႔သိတာ ၆လ တကယ္တမ္းတြဲျဖစ္တာ ၃လ ပဲဆုိေတာ့ ၿပီးေတာ့ အတူတူ ရန္ကုန္မွာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီးေတာ့ အေနနီးတဲ့ Relationship မ်ိဳးလည္း မဟုတ္ဘူး Distance Relationship ဆုိေတာ့ အေနလည္း ေဝးလုိ႔ပါမွာေပါ့ သံေယာဇဥ္လည္း သိပ္မ႐ွိေသးလုိ႔ပါမွာေပါ့။

လမ္းခြဲလုိက္တယ္ဆုိတာလည္း ႏွစ္ဦးသေဘာတူ သူရဲ႕တစ္ခ်ိဳ႕ေတာင္းဆုိမႈေတြကုိ သင္ဇာဘက္က မလုိက္ေလ်ာေပးႏုိင္ေတာ့လုိ႔ေပါ့ေနာ္ လမ္းခြဲလုိက္တာပါ။”လုိ႔ေျပာသြားခဲ့ပါတယ္။



ႏွစ္ေယာက္ကသြားတဲ့လမ္းမတူလုိ႔ အခုလုိလမ္းခြဲ ျဖစ္ၾကတာလားလုိ႔ေမးျမန္းရာ “ဟုတ္တယ္ တစ္ေယာက္နဲ႔တစ္ေယပ္ အဓိက အခ်ိန္ေပးဖုိ႔ေပါ့ေနာ္ သူ႔ကုိ သင္ဇာ အခ်ိန္ေပးရမယ္ဆုိရင္ ဒီကေန အလုပ္ေတြနားၿပီး ခရီးထြက္ထြက္ၿပီးေတြ႔ရတယ္ အခုေနာက္ဆုံး ဖူးခက္မွာ သြားေတြ႔တယ္ဆုိရင္ သင္ဇာပြဲႏွစ္ပြဲ လြတ္သြားတယ္ေပါ့ေနာ္။ ပြဲႏွစ္ပြဲဆုိတာ သင္ဇာအတြက္ ဆုံး႐ႈံးမႈအမ်ားႀကီးပဲ။ မိဘကသိတဲ့ အခါက်ေတာ့လည္း ကုိယ္ဘယ္ေလာက္ပဲ သေဘာက်တဲ့သူပဲ ျဖစ္ျဖစ္ သူတုိ႔လည္း ၾကာရင္ အျမင္ၾကည္မွာ မဟုတ္ဘူး။

ေနာက္တစ္ခု႐ွိတာက သူတုိ႔ ႏုိင္ငံျခားသားေတြက Relationship တစ္ခုကုိ ထားလုိက္ၿပီဆုိရင္ Decision ခ်တာ အရမ္းျမန္တယ္။ သူသင္ဇာကုိ ေတာင္းဆုိထားတာေပါ့ေနာ္။ သူ Resign တင္ထားတယ္ နိုဝင္ဘာမွာ အလုပ္ထြက္မယ္ေပါ့။



ႏွစ္ကုန္ရင္ သင္ဇာနဲ႔အတူတူ ကမၻာပတ္မယ္ေပါ့။ အဲ့လုိေတာင္းဆုိထားတာေပါ့ေနာ္။ ဒါေပမဲ့ ကမၻာပတ္မယ္ဆုိရင္ အခ်ိန္က ၃လ ၄လ ေလာက္ေပးရမွာေလ ကိုယ့္အလုပ္ေတြကုိ ထားခဲ့ၿပီးေတာ့ သြားဖုိ႔ဆုိတာ မျဖစ္ႏုိင္ဘူး။

ယူၿပီးမွသြားတယ္ဆုိလည္း တစ္မ်ိဳးေပါ့ေနာ္ မယူရေသးဘဲ သြားမယ္ဆုိေတာ့ အားလုံးက တစ္မ်ိဳးတစ္မည္ေတြ ထင္ၾကမွာဆုိေတာ့ အဲ့တာလည္းပါတယ္ေပါ့ေနာ္။ တခ်ိဳ႕အခ်ိန္ေတြမွာ အလုပ္႐ႈပ္ေနရင္ Video Call မေခၚျဖစ္ဘူး သူကပဲစေခၚရတယ္ ဖုန္းဆုိလည္း သူကပဲ စေခၚရတယ္ အဲ့လုိေလးေတြေပါ့ေနာ္။

တစ္ခါတစ္ေလ သူသိခ်င္တဲ့အရာေတြ နက္နက္နဲနဲေမးလာတဲ့အခါ ကုိယ္က အခ်ိန္မ႐ွိတဲ့ အခါက်ေတာ့ ဂဃနဏ မ႐ွင္းျပႏုိင္ဘူး အဲ့လုိေလးေတြေၾကာင့္ေပါ့ေနာ္ အေသးအဖြဲအေသးအဖြဲေလးေတြ စုစုၿပီး ေနာက္ဆုံး ဒီလုိ Decision ခ်ဖုိ႔အတြက္ျဖစ္သြားတာေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

ရုပ်ရှင်ကားတွေများစွာ ဗီဒီယိုကားတွေများစွာနဲ့ ပရိသတ်အားပေးမှုကို ရယူထားနိုင်သလို မြန်မာနိုင်ငံရဲ့ ပုရိသယောက်ျားတွေ မက်မောရလောက်တဲ့ မိန်းကလေးတွေလည်း အားကျရလောက် Sexy ကျတဲ့ အမိုက်စား ကိုယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဝတ်စားဆင်ယင်ပုံကြောင့် ဝေဖန်ခံရမှု များနေတဲ့ မင်းသမီးသင်ဇာဝင့်ကျော်ကတော့ လတ်တလောအချိန်မှာ ချစ်သူနဲ့ လမ်းခွဲလိုက်တာကြောင့် ပရိသတ်တွေက ဘာကြောင့် လမ်းခွဲလဲဆိုတာကို အရမ်းသိချင်နေကြပါတယ်။ ဒါကြောင့် MC နဲ့ အင်တာဗျူးတစ်ခုမှာ လမ်းခဲ ဖြစ်ရတဲ့အကြောင်းကို အခုလိုပဲ ပြောပါတယ်။

သင်ဇာဝင့်ကျော်က “ပြောရမယ်ဆိုရင် ပျော်ပျော်နေတတ်လို့လည်းပါမယ် ပြီးရင် သင်ဇာက ဘာကိုမီ စွဲစွဲလမ်းလမ်းလည်း မထားတတ်ဘူး။ နောက်ဆုံးပျက်သွားတဲ့ Relationship နဲ့ဆိုရင် သူနဲ့သိတာ ၆လ တကယ်တမ်းတွဲဖြစ်တာ ၃လ ပဲဆိုတော့ ပြီးတော့ အတူတူ ရန်ကုန်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးတော့ အနေနီးတဲ့ Relationship မျိုးလည်း မဟုတ်ဘူး Distance Relationship ဆိုတော့ အနေလည်း ဝေးလို့ပါမှာပေါ့ သံယောဇဉ်လည်း သိပ်မရှိသေးလို့ပါမှာပေါ့။

လမ်းခွဲလိုက်တယ်ဆိုတာလည်း နှစ်ဦးသဘောတူ သူရဲ့တစ်ချို့တောင်းဆိုမှုတွေကို သင်ဇာဘက်က မလိုက်လျောပေးနိုင်တော့လို့ပေါ့နော် လမ်းခွဲလိုက်တာပါ။”လို့ပြောသွားခဲ့ပါတယ်။

နှစ်ယောက်ကသွားတဲ့လမ်းမတူလို့ အခုလိုလမ်းခွဲ ဖြစ်ကြတာလားလို့မေးမြန်းရာ “ဟုတ်တယ် တစ်ယောက်နဲ့တစ်ယေပ် အဓိက အချိန်ပေးဖို့ပေါ့နော် သူ့ကို သင်ဇာ အချိန်ပေးရမယ်ဆိုရင် ဒီကနေ အလုပ်တွေနားပြီး ခရီးထွက်ထွက်ပြီးတွေ့ရတယ် အခုနောက်ဆုံး ဖူးခက်မှာ သွားတွေ့တယ်ဆိုရင် သင်ဇာပွဲနှစ်ပွဲ လွတ်သွားတယ်ပေါ့နော်။ ပွဲနှစ်ပွဲဆိုတာ သင်ဇာအတွက် ဆုံးရှုံးမှုအများကြီးပဲ။ မိဘကသိတဲ့ အခါကျတော့လည်း ကိုယ်ဘယ်လောက်ပဲ သဘောကျတဲ့သူပဲ ဖြစ်ဖြစ် သူတို့လည်း ကြာရင် အမြင်ကြည်မှာ မဟုတ်ဘူး။

နောက်တစ်ခုရှိတာက သူတို့ နိုင်ငံခြားသားတွေက Relationship တစ်ခုကို ထားလိုက်ပြီဆိုရင် Decision ချတာ အရမ်းမြန်တယ်။ သူသင်ဇာကို တောင်းဆိုထားတာပေါ့နော်။ သူ Resign တင်ထားတယ် နိုဝင်ဘာမှာ အလုပ်ထွက်မယ်ပေါ့။

နှစ်ကုန်ရင် သင်ဇာနဲ့အတူတူ ကမ္ဘာပတ်မယ်ပေါ့။ အဲ့လိုတောင်းဆိုထားတာပေါ့နော်။ ဒါပေမဲ့ ကမ္ဘာပတ်မယ်ဆိုရင် အချိန်က ၃လ ၄လ လောက်ပေးရမှာလေ ကိုယ့်အလုပ်တွေကို ထားခဲ့ပြီးတော့ သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ယူပြီးမှသွားတယ်ဆိုလည်း တစ်မျိုးပေါ့နော် မယူရသေးဘဲ သွားမယ်ဆိုတော့ အားလုံးက တစ်မျိုးတစ်မည်တွေ ထင်ကြမှာဆိုတော့ အဲ့တာလည်းပါတယ်ပေါ့နော်။ တချို့အချိန်တွေမှာ အလုပ်ရှုပ်နေရင် Video Call မခေါ်ဖြစ်ဘူး သူကပဲစခေါ်ရတယ် ဖုန်းဆိုလည်း သူကပဲ စခေါ်ရတယ် အဲ့လိုလေးတွေပေါ့နော်။

တစ်ခါတစ်လေ သူသိချင်တဲ့အရာတွေ နက်နက်နဲနဲမေးလာတဲ့အခါ ကိုယ်က အချိန်မရှိတဲ့ အခါကျတော့ ဂဃနဏ မရှင်းပြနိုင်ဘူး အဲ့လိုလေးတွေကြောင့်ပေါ့နော် အသေးအဖွဲအသေးအဖွဲလေးတွေ စုစုပြီး နောက်ဆုံး ဒီလို Decision ချဖို့အတွက်ဖြစ်သွားတာပေါ့။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top