မုိးေဟကုိက ဇြန္လ ၂၄ ရက္ေန႔ မနက္ပုိင္းက သီလရွင္ ဝတ္ခဲ့တယ္လုိ႔ ဆရာျဖစ္သူ Star & Model Agency မွ ဂၽြန္လြင္က ေျပာပါတယ္။ သူမဟာ ဇြန္လ ၂၆ ရက္ေန႔မွာ ေမြးေန႔က်ေရာက္မွာ ျဖစ္ပါတယ္။

မုိးေဟကုိ သာသနာ့ေဘာင္တြင္းသို႔ဝင္ တရားထူးတရားျမတ္ရွာေတြ႕ၿပီးဘဝမွာၿငိမ္းခ်မ္း သာယာစြာျဖတ္သန္းႏိုင္ပါေစ’’ ဆိုၿပီးေတာ့ မုိးေဟကုိရဲ႕ ဆရာတစ္ဦးျဖစ္သူ ဂၽြန္လြင္ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ဇြန္လ ၂၄ ရက္ေန႔ မနက္ ၁၀ နာရီ ၄၉ မိနစ္က ေရးသားထားတာ ျဖစ္ပါတယ္။

အဲဒီေနာက္ သာသာနာ့ေဘာင္ဝင္ခဲ့တဲ့ မုိးေဟကုိရဲ႕ အမွတ္တရ ဓာတ္ပုံေတြကုိလည္း တင္ခဲ့ပါေသးတယ္။ မိုးေဟကုိနဲ႔ အတူ ဇာတ္ပုိ႔သရုပ္ေဆာင္ ယြန္းေရႊရည္ကလည္း သာသနာ့ေဘာင္ထဲ ဝင္ခဲ့တာျဖစ္ပါတယ္။

သရုပ္ေဆာင္ မုိးေဟကုိက သူမရဲ႕ ေမြးေန႔ မတုိင္ခင္မွာ အလွဴအတန္းေတြ လုပ္ေနတာ ေတြ႔ရပါတယ္။ ဇြန္လ ၁၇ ရက္ေန႔ မနက္ပုိင္းမွာလည္း ရန္ကုန္ေဆးရုံႀကီးမွာ အလွဴေတြ လုပ္ခဲ့ပါတယ္။ သူမရဲ႕ ေမြးေန႔ကေတာ့ ဇြန္လ ၂၆ ရက္ေန႔ ျဖစ္ပါတယ္။

မိုးရဲ႕ေမြးေန႔နားနီးေတာ့ ေမြးေန႔ အလွဴဒါနအျဖစ္ မနက္ပိုင္းေစာေစာ ရန္ကုန္ေဆးရံုႀကီးမွာ လူ၆၀၀စာ မနက္စာဆန္ျပဳတ္ နဲ႔ ေန႔လည္စာ ၾကက္ေၾကာ္နဲ႔ထမင္း မ်ားကို ေရႊၾကာပရဟိတလူမႈကူညီေရးအဖြဲ႕မွ တာဝန္ရွိသူမ်ားရဲ႕ ကူညီေပးမႈနဲ႔အတူ ကိုယ္တိုင္သြားေရာက္ လႉဒါန္းျဖစ္ခဲ့တယ္’’ ဆုိၿပီးေတာ့ ဇြန္လ ၁၇ ရက္ေန႔ မနက္ ၉ နာရီေက်ာ္က သူ႔ရဲ႕ Facebook Page မွာ ေရးသားခဲ့ပါတယ္။

မုိးေဟကုိက မိခင္ရဲ႕ က်န္းမာေရးေၾကာင့္ အႏုပညာအလုပ္ေတြ ရပ္နားထားတဲ့အေပၚ ပရိသတ္ေတြ နားလည္ေပးၾကဖုိ႔ ေတာင္းဆုိခဲ့ပါတယ္။ က်န္းမာေရး ျပန္ေကာင္းတဲ့အခ်ိန္က်ရင္ အႏုပညာအလုပ္ေတြ ဆက္လုပ္သြားမယ္လုိ႔ ဆိုပါတယ္။



အေမ့ရဲ႕ က်န္းမာေရးကေတာ့ ေသခ်ာဂရုစုိက္ေနရတုန္းေပါ့ေနာ္။ အရမ္းႀကီးေကာင္းတဲ့အထဲမွာေတာ့ မပါဘူး။ အခုထက္ေတာ့ မဆုိးသြားေအာင္ ေသခ်ာ ဂရုစုိက္ေနရတာေပါ့။ အလုပ္ေတြ သိပ္မလုပ္ျဖစ္တာကလည္း မိဘရဲ႕ က်န္းမာေရးအေၾကာင္းေၾကာင့္ နားလည္ေပးၾကပါ။ ဒါေလးေၾကာင့္ ကားရုိက္ေတြနဲ႔ ေဝးကြာေနတယ္။ ေနာက္ပုိင္းေတာ့ အခ်ိန္ျပန္ေပးျဖစ္မွာပါ’’ လုိ႔ မီဒီယာအင္တာဗ်ဴးေတြမွာ ေျဖဆုိခဲ့ပါတယ္။

မိုးေဟကုိဟာ အႏုပညာအလုပ္နဲ႔ ပတ္သက္ၿပီး တီဗီေၾကာ္ျငာေတြပဲ ရိုက္ကူးေနရတာကုိ ေတြ႔ရပါတယ္။ သူ႔ရဲ႕ ကုိယ္ပုိင္ရုပ္ရွင္ထုတ္လုပ္ေရး ျဖစ္တဲ့ မုိးရုပ္ရွင္ထုတ္လုပ္ေရးကေန ဇာတ္ကားေကာင္းေတြ ထြက္ရွိႏုိင္ဖုိ႔ ႀကိဳးစားေနတယ္ လုိ႔ သိရပါတယ္။

 ေနာက္ထပ္ ပုိးထည္ဆိုင္ဘက္မွာ လည္း ဦးေဆာင္ေနရတယ္လုိ႔ ဆုိပါတယ္။ မၾကာခင္မွာလည္း သရုပ္ေဆာင္ ေနတုိးနဲ႔ အတူ ”ကၽြန္ေတာ့္ရဲ႕ သူ” ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးကုိ ရုိက္ကူးသြားမယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #

မိုးဟေကိုက ဇွန်လ ၂၄ ရက်နေ့ မနက်ပိုင်းက သီလရှင် ဝတ်ခဲ့တယ်လို့ ဆရာဖြစ်သူ Star & Model Agency မှ ဂျွန်လွင်က ပြောပါတယ်။ သူမဟာ ဇွန်လ ၂၆ ရက်နေ့မှာ မွေးနေ့ကျရောက်မှာ ဖြစ်ပါတယ်။

မိုးဟေကို သာသနာ့ဘောင်တွင်းသို့ဝင် တရားထူးတရားမြတ်ရှာတွေ့ပြီးဘဝမှာငြိမ်းချမ်း သာယာစွာဖြတ်သန်းနိုင်ပါစေ’’ ဆိုပြီးတော့ မိုးဟေကိုရဲ့ ဆရာတစ်ဦးဖြစ်သူ ဂျွန်လွင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇွန်လ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ၄၉ မိနစ်က ရေးသားထားတာ ဖြစ်ပါတယ်။

အဲဒီနောက် သာသာနာ့ဘောင်ဝင်ခဲ့တဲ့ မိုးဟေကိုရဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။ မိုးဟေကိုနဲ့ အတူ ဇာတ်ပို့သရုပ်ဆောင် ယွန်းရွှေရည်ကလည်း သာသနာ့ဘောင်ထဲ ဝင်ခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် မိုးဟေကိုက သူမရဲ့ မွေးနေ့ မတိုင်ခင်မှာ အလှူအတန်းတွေ လုပ်နေတာ တွေ့ရပါတယ်။ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာလည်း ရန်ကုန်ဆေးရုံကြီးမှာ အလှူတွေ လုပ်ခဲ့ပါတယ်။ သူမရဲ့ မွေးနေ့ကတော့ ဇွန်လ ၂၆ ရက်နေ့ ဖြစ်ပါတယ်။

မိုးရဲ့မွေးနေ့နားနီးတော့ မွေးနေ့ အလှူဒါနအဖြစ် မနက်ပိုင်းစောစော ရန်ကုန်ဆေးရုံကြီးမှာ လူ၆၀၀စာ မနက်စာဆန်ပြုတ် နဲ့ နေ့လည်စာ ကြက်ကြော်နဲ့ထမင်း များကို ရွှေကြာပရဟိတလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူများရဲ့ ကူညီပေးမှုနဲ့အတူ ကိုယ်တိုင်သွားရောက် လှူဒါန်းဖြစ်ခဲ့တယ်’’ ဆိုပြီးတော့ ဇွန်လ ၁၇ ရက်နေ့ မနက် ၉ နာရီကျော်က သူ့ရဲ့ Facebook Page မှာ ရေးသားခဲ့ပါတယ်။

မိုးဟေကိုက မိခင်ရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတဲ့အပေါ် ပရိသတ်တွေ နားလည်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ကျန်းမာရေး ပြန်ကောင်းတဲ့အချိန်ကျရင် အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

အမေ့ရဲ့ ကျန်းမာရေးကတော့ သေချာဂရုစိုက်နေရတုန်းပေါ့နော်။ အရမ်းကြီးကောင်းတဲ့အထဲမှာတော့ မပါဘူး။ အခုထက်တော့ မဆိုးသွားအောင် သေချာ ဂရုစိုက်နေရတာပေါ့။ အလုပ်တွေ သိပ်မလုပ်ဖြစ်တာကလည်း မိဘရဲ့ ကျန်းမာရေးအကြောင်းကြောင့် နားလည်ပေးကြပါ။ ဒါလေးကြောင့် ကားရိုက်တွေနဲ့ ဝေးကွာနေတယ်။ နောက်ပိုင်းတော့ အချိန်ပြန်ပေးဖြစ်မှာပါ’’ လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။

 နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ မကြာခင်မှာလည်း သရုပ်ဆောင် နေတိုးနဲ့ အတူ ”ကျွန်တော့်ရဲ့ သူ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top