လုပ္ငန္းခြင္မွာပဲျဖစ္ျဖစ္ မိသားစုုတြင္းမွာပဲ ျဖစ္ျဖစ္ အျပစ္တင္ခံဖူးၾကမွာပါ။

ကို္ယ္မွားလို႕ျဖစ္ေစ၊ ကိုယ္က မမွားပါဘဲနဲ႕ မွားတယ္လို႕ ထင္မွတ္ၿပီး ကိုိယ္႔ကို အျပစ္တင္တာမ်ိဳးလဲ လူတိုုင္း ၾကံဳႏိုင္ပါတယ္။

တစ္ခါတစ္ရံမွာေတာ႕ မမွားပါဘဲနဲ႕ အသားလြတ္ၾကီး မွားတယ္လို႕ ျပစ္တင္စြပ္စြဲတာမ်ိဳးေတာင္ ၾကံဳႏိုင္ေသးတယ္။

အဲဒီလို မ်ားၾကံဳခဲ႕ရင္ ၀မ္းနည္းတာေတြ၊ အားငယ္သြားတာေတြ နာက်င္တာေတြ ခံစားရမွာပါပဲ။ ခံစားပါ၊ ဒါေပမဲ႕ ဒါက ကိုုယ္႔ဘ၀ကိုု ခ်ိနဲ႕သြားေအာင္ လုုပ္ႏိုုင္တဲ႕ကိစၥမ်ိဳး မဟုုတ္ပါဘူ။

ဘာေၾကာင္႔လဲ ဆိုုေတာ႕ လူတိုုင္းလူတိုုင္းမွာ အားနည္းခ်က္ ကိုုယ္စီ ရွိၾကလိုု႕ပါပဲ။

လူတိုုင္း အားနည္းခ်က္ကိုုယ္စီရွိၾကေပမဲ႕ ကၽြန္မတိုု႕ရဲ႕ပတ္၀န္းက်င္မွာ ရွိတဲ႕လူ ၁၀ ဦးမွာ ၉ ဦးကေတာ႕ ကိုုယ္႔အားနည္းခ်က္ကိုု ဖံုုးကြယ္ထားႏိုုင္ဖိုု႕အတြက္ အျခားသူေတြကိုု အျပစ္တင္တတ္တယ္။

လူေတြရဲ႕အျပစ္တင္တတ္ျခင္းနဲ႕ပတ္သက္ၿပီး စိတ္ပညာရွင္တစ္ဦးျဖစ္တဲ႕ေဟာ႔မန္းကေတာ႕ အျခားသူေတြကိုု အျပစ္တင္တတ္တဲ႕သူေတြက စိတ္ပိုုင္းဆိုုင္ရာ လံုုျခံဳမႈမဲ႕ ေနတဲ႕သူ၊ ကိုုယ္႔ကိုုယ္ကိုု ယံုုၾကည္မႈအားနည္းတတ္တဲ႕သူလိုု႕…ဆိုုပါတယ္။

ကိုုယ္႔မွာ အားနည္းခ်က္ရွိလာတဲ႕အခါ ကိုုယ္႔ရဲ႕အားနည္းခ်က္၊ မျပည္႔စံုုမႈ၊ အဆင္မေျပမႈ စတာေတြကိုု ဖံုုးကြယ္ဖိုု႕အတြက္ အျခားသူတစ္ဦးဦးရဲ႕အားနည္းခ်က္ကိုု ရွာၿပီး အျပစ္တင္ၾကတာလိုု႕စိတ္ပညာရွင္ ေဟာ႔မန္းက ေရးသားခဲ႕တာပါ။

အျခားသူတစ္ဦးကိုု အျပစ္တင္လိုုက္မွ ကိုုယ္႔ရဲ႕အားနည္းခ်က္ကိုု အာရံုုမစိုုက္မိမွာလိုု႕သေဘာထားၿပီး အျခားသူရဲ႕အားနည္းခ်က္ကိုု ရွာေဖြတာလည္း အဲဒီသေဘာပါပဲလိုု႕ စိတ္ပညာရွင္က သံုုးသပ္ပါတယ္။

ဒါေၾကာင္႕ အဆင္မေျပမႈ တစ္ခုုခုုၾကံဳတိုုင္း စဥ္းစားတယ္။ ငါ …သူမ်ားေတြကိုု အျပစ္တင္မွာလား၊ ျပႆာနာကိုု ေျဖရွင္းမွာလား ဆိုုတာကိုု ကၽြန္မ အရင္စဥ္းစားပါတယ္။

ႏုုစဥ္တုုန္းကေတာ႕ကၽြန္မလည္း အျပစ္တင္တတ္တဲ႕သူေတြထဲမွာ ပါခဲ႕တာပါပဲ။ ဒါေပမဲ႕ အျပစ္တင္ျခင္းရဲ႕အက်ိဳးဆက္ကိုု သိလာတဲ႕အခါ ကိုုယ္႔ကိုုယ္ကိုု ေျပာင္းလဲဖိုု႕သင္ယူလာမိပါတယ္။

ျပႆာနာတိုုင္း၊ အဆင္မေျပမႈတိုုင္းမွာ အျပစ္တင္တဲ႕သူေတြ ေပါေပါမ်ားမ်ားရွိေနၿပီး၊ ဘယ္သူ႕ကိုုမွ အျပစ္မတင္ဘဲ လုုပ္စရာရွိတာကိုုပဲ တည္တည္ျငိမ္ျငိမ္နဲ႕လုုပ္ေလ႔ရွိတဲ႕သူက တစ္ဦးေတာ႕ရွိေနတတ္တာပါပဲ။

ဒါကိုုၾကည္႔ျခင္းအားျဖင္႔ အျပစ္တင္တတ္သူနဲ႕ကိုုယ္႔ကိုုယ္ကိုု ယံုုၾကည္မႈရွိသူ ဆိုုတာကိုု ခြဲျခားတတ္လာႏုုိင္ပါတယ္။

အဲဒီလိုု စဥ္းစားတဲ႕အခါ အဆင္မေျပမႈ တစ္ခုုခုုနဲ႕ ၾကံဳလာတိုုင္း သူမ်ားကိုု အျပစ္တင္ဖိုု႕ထက္ ျပႆနာကိုု ေျဖရွင္းဖိုု႕ပဲ ေတြးလာေတာ႕တယ္။ တကယ္လည္း အဆင္ေျပေအာင္ ေျဖရွင္းလိုုက္ႏိုုင္တဲ႕ အခါတိုုင္း ကိုုယ္႔ရဲ႕စြမ္းရည္ အရည္အေသြးဟာ တက္လာတတ္ပါတယ္။

ဒါဆိုု ဘာေၾကာင္႕မ်ား ကိုုယ္႔ရဲ႕စြမ္းရည္တက္လာမဲ႕ကိစၥအတြက္အျခားသူေတြကိုု အျပစ္တင္ေနမွာလဲ ၊ အျခားသူကိုု အျပစ္တင္မဲ႕အစား ကိုုယ္႔ရ႕ဲအရည္အေသြးတက္ေစမဲ႕ လုုပ္ရပ္ေပၚမွာ အာရံုစိုုက္ၿပီး ေျဖရွင္းတာက ကိုုယ္႔အတြက္ အေကာင္းဆံုုးပဲလိုု႕ေတာင္ ဆိုုႏုုိင္ပါေသးတယ္။

ဒါေၾကာင္႕ လူအမ်ားစုုက အျပစ္တင္ေနခ်ိန္မွာ အျပံဳးမပ်က္ ေရွ႕ဆက္ႏိုုင္ဖိုု႕ပဲ အာရံုုစိုုက္သင္႔တာလိုု႕ နားလည္ယူဆမိပါတယ္။

တကယ္လို႕မ်ား အျပစ္တင္ခံလုိက္ရတယ္ဆိုဲအဲဒီအတြက္ သူတိုု႕ကိုု ေက်းဇူးပါပဲလိုု႕ေတာင္ဆိုုႏိုုင္ၿပီး လက္ဆြဲႏႈတ္ဆက္ႏိုုင္ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မူရင္းေရးသားသူ
# Unicode Version # ျဖင့္ ဖတ္ပါ #

လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် မိသားစုတွင်းမှာပဲ ဖြစ်ဖြစ် အပြစ်တင်ခံဖူးကြမှာပါ။

ကိုယ်မှားလို့ဖြစ်စေ၊ ကိုယ်က မမှားပါဘဲနဲ့ မှားတယ်လို့ ထင်မှတ်ပြီး ကိုယ့်ကို အပြစ်တင်တာမျိုးလဲ လူတိုင်း ကြုံနိုင်ပါတယ်။

တစ်ခါတစ်ရံမှာတော့ မမှားပါဘဲနဲ့ အသားလွတ်ကြီး မှားတယ်လို့ ပြစ်တင်စွပ်စွဲတာမျိုးတောင် ကြုံနိုင်သေးတယ်။

အဲဒီလို များကြုံခဲ့ရင် ဝမ်းနည်းတာတွေ၊ အားငယ်သွားတာတွေ နာကျင်တာတွေ ခံစားရမှာပါပဲ။ ခံစားပါ၊ ဒါပေမဲ့ ဒါက ကိုယ့်ဘဝကို ချိနဲ့သွားအောင် လုပ်နိုင်တဲ့ကိစ္စမျိုး မဟုတ်ပါဘူ။

ဘာကြောင့်လဲ ဆိုတော့ လူတိုင်းလူတိုင်းမှာ အားနည်းချက် ကိုယ်စီ ရှိကြလို့ပါပဲ။

လူတိုင်း အားနည်းချက်ကိုယ်စီရှိကြပေမဲ့ ကျွန်မတို့ရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့လူ ၁၀ ဦးမှာ ၉ ဦးကတော့ ကိုယ့်အားနည်းချက်ကို ဖုံးကွယ်ထားနိုင်ဖို့အတွက် အခြားသူတွေကို အပြစ်တင်တတ်တယ်။

လူတွေရဲ့အပြစ်တင်တတ်ခြင်းနဲ့ပတ်သက်ပြီး စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ဟော့မန်းကတော့ အခြားသူတွေကို အပြစ်တင်တတ်တဲ့သူတွေက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမဲ့ နေတဲ့သူ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းတတ်တဲ့သူလို့…ဆိုပါတယ်။

ကိုယ့်မှာ အားနည်းချက်ရှိလာတဲ့အခါ ကိုယ့်ရဲ့အားနည်းချက်၊ မပြည့်စုံမှု၊ အဆင်မပြေမှု စတာတွေကို ဖုံးကွယ်ဖို့အတွက် အခြားသူတစ်ဦးဦးရဲ့အားနည်းချက်ကို ရှာပြီး အပြစ်တင်ကြတာလို့စိတ်ပညာရှင် ဟော့မန်းက ရေးသားခဲ့တာပါ။

အခြားသူတစ်ဦးကို အပြစ်တင်လိုက်မှ ကိုယ့်ရဲ့အားနည်းချက်ကို အာရုံမစိုက်မိမှာလို့သဘောထားပြီး အခြားသူရဲ့အားနည်းချက်ကို ရှာဖွေတာလည်း အဲဒီသဘောပါပဲလို့ စိတ်ပညာရှင်က သုံးသပ်ပါတယ်။

ဒါကြောင့် အဆင်မပြေမှု တစ်ခုခုကြုံတိုင်း စဉ်းစားတယ်။ ငါ …သူများတွေကို အပြစ်တင်မှာလား၊ ပြဿာနာကို ဖြေရှင်းမှာလား ဆိုတာကို ကျွန်မ အရင်စဉ်းစားပါတယ်။

နုစဉ်တုန်းကတော့ကျွန်မလည်း အပြစ်တင်တတ်တဲ့သူတွေထဲမှာ ပါခဲ့တာပါပဲ။ ဒါပေမဲ့ အပြစ်တင်ခြင်းရဲ့အကျိုးဆက်ကို သိလာတဲ့အခါ ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့သင်ယူလာမိပါတယ်။

ပြဿာနာတိုင်း၊ အဆင်မပြေမှုတိုင်းမှာ အပြစ်တင်တဲ့သူတွေ ပေါပေါများများရှိနေပြီး၊ ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ လုပ်စရာရှိတာကိုပဲ တည်တည်ငြိမ်ငြိမ်နဲ့လုပ်လေ့ရှိတဲ့သူက တစ်ဦးတော့ရှိနေတတ်တာပါပဲ။

ဒါကိုကြည့်ခြင်းအားဖြင့် အပြစ်တင်တတ်သူနဲ့ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူ ဆိုတာကို ခွဲခြားတတ်လာနိုင်ပါတယ်။

အဲဒီလို စဉ်းစားတဲ့အခါ အဆင်မပြေမှု တစ်ခုခုနဲ့ ကြုံလာတိုင်း သူများကို အပြစ်တင်ဖို့ထက် ပြဿနာကို ဖြေရှင်းဖို့ပဲ တွေးလာတော့တယ်။ တကယ်လည်း အဆင်ပြေအောင် ဖြေရှင်းလိုက်နိုင်တဲ့ အခါတိုင်း ကိုယ့်ရဲ့စွမ်းရည် အရည်အသွေးဟာ တက်လာတတ်ပါတယ်။

ဒါဆို ဘာကြောင့်များ ကိုယ့်ရဲ့စွမ်းရည်တက်လာမဲ့ကိစ္စအတွက်အခြားသူတွေကို အပြစ်တင်နေမှာလဲ ၊ အခြားသူကို အပြစ်တင်မဲ့အစား ကိုယ့်ရဲ့အရည်အသွေးတက်စေမဲ့ လုပ်ရပ်ပေါ်မှာ အာရုံစိုက်ပြီး ဖြေရှင်းတာက ကိုယ့်အတွက် အကောင်းဆုံးပဲလို့တောင် ဆိုနိုင်ပါသေးတယ်။

ဒါကြောင့် လူအများစုက အပြစ်တင်နေချိန်မှာ အပြုံးမပျက် ရှေ့ဆက်နိုင်ဖို့ပဲ အာရုံစိုက်သင့်တာလို့ နားလည်ယူဆမိပါတယ်။

တကယ်လို့များ အပြစ်တင်ခံလိုက်ရတယ်ဆိုဲအဲဒီအတွက် သူတို့ကို ကျေးဇူးပါပဲလို့တောင်ဆိုနိုင်ပြီး လက်ဆွဲနှုတ်ဆက်နိုင်ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်းရေးသားသူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top