လမ္းသြားေနရင္း ေခြးေတြ တစ္ေကာင္နဲ႔တစ္ေကာင္ ေနာက္ဘက္ကို နမ္းေနတာ ျမင္ရင္ ရယ္မိတတ္ၾကပါတယ္။ တစ္ခါတေလ ကိုယ့္ေခြးဆုိရင္ေတာ့ မာန္မဲျပီး ျပန္ေခၚဖို႔ ၾကိဳးစားတတ္ၾကတယ္။ ဒါေပမယ့္ သိပၸံနည္းက်ေလ့လာတဲ့အခါမွာေတာ့ ေခြးေတြရဲ႕ ဓေလ့ဟာ လူေတြထင္သလို ညစ္တီးညစ္ပတ္ မဟုတ္ဘူးလို႔ ဆုိလာပါတယ္။

ေခြးေတြဟာ တစ္ေကာင္နဲ႔တစ္ေကာင္ေတြ႕ရင္ တင္ပါးကိုသာ နမ္းရႈံ႕တတ္ၾကၿပီး အဲဒီလို ျပဳမူရျခင္းက သူတုိ႔ရဲ႕သဘာဝအေၾကာင္းျပခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ အဲ့ဒီထဲကမွ ပထမဆုံးအေၾကာင္းျပခ်က္ကေတာ့ ဒီလိုျပဳမူျခင္းဟာ သူတုိ႔အတြက္ တစ္ေကာင္နဲ႔တစ္ေကာင္ႏႈတ္ဆက္တာ၊ ဆက္သြယ္ဖို႔ႀကိဳးစားတာ ျဖစ္ပါတယ္။

ဒါဟာ လူေတြလက္ဆြဲႏႈတ္ဆက္သလုိ အျပဳအမူတစ္ခုပဲလုိ႔ဆုိၿပီး ဒီလိုျပဳမူရာကေနလည္း တစ္ဖက္ေခြးရဲ႕ အခ်က္အလက္တခ်ဳိ႕ကို သိရွိႏုိင္ပါတယ္။ Mental Floss ဝက္ဆုိက္မွာ ေခြးေတြရဲ႕အနံ႔ခံအာရုံဟာ လူသားေတြထက္ အဆေထာင္ေပါင္းမ်ားစြာ ပိုေကာင္းၿပီး သူတုိ႔ရဲ႕ႏွာေခါင္းမွာပါဝင္တဲ့ Jacobson’s Organ လို႔ ေခၚတဲ့ အစိတ္အပုိင္းတစ္ခုေၾကာင့္ မစင္ရဲ႕အနံ႔ဆုိးကို လ်စ္လ်ဴရႈထားႏုိင္စြမ္းလည္း ရွိတယ္လို႔ဆုိပါတယ္။

အဲ့ဒီ အနံ႔ခံအဂၤါဟာ ပိုအေရးႀကီးတဲ့အရာကို ေထာက္လွမ္းေပးတာပါ။ ေခြးေတြရဲ႕တင္ပါးမွာ ခႏၶာကိုယ္ကို ဖြံ႕ျဖဳိးေစၿပီး ဟန္ခ်က္ခ်ိန္ညွိေပးတဲ့ ဂလင္း တစ္မ်ဳိးရွိပါတယ္။ သူတုိ႔အတြက္ ဒီအရာက ပိုၿပီးအေရးၾကီးတာပါ။



အဆုိပါဂလင္းကေနထုတ္ေပးတဲ့ဓါတုပစၥည္းက ေခြးေတြကို သူတုိ႔အေၾကာင္း အလြယ္တကူသိရွိႏုိင္ေအာင္ ကူညီေပးတယ္လို႔ ဆုိပါတယ္။ ဒီေနရာကို နမ္းရႈပ္ျခင္းအားျဖင့္ အထီးလားအမလား၊ အသက္ဘယ္ေလာက္ရွိၿပီလဲ၊ ေနေကာင္းက်န္းမာရဲ႕လား စတဲ့ အေျခခံအခ်က္ေတြကေန ဘယ္လို မုဒ္ရွိေနလဲ ဆုိတာအထိပါ သိရတယ္လို႔ ဆုိတယ္။ ဒါ့အျပင္ အရင္က ေတြ႕ဆုံဖူးတဲ့ ေခြးလား၊ သူစိမ္းတစ္ေယာက္လားဆုိတာကိုလည္း သူတုိ႔ဘာသာ သိရွိႏုိင္တယ္လို႔ ေျပာပါတယ္။

ဒီေတာ့ ေနာက္တစ္ခါ ေခြးေတြ အလားတူျပဳမူေနတာေတြ႕ရင္ သူတုိ႔ဟာ ညစ္တီးညစ္ပတ္ေနထိုင္တာ မဟုတ္ဘူးဆုိတာ သိႏုိင္ေလာက္ပါၿပီ။ သူတုိ႔အတြက္လည္း တစ္ေကာင္နဲ႔တစ္ေကာင္ သိနားလည္ဖို႔ ဆက္သြယ္တဲ့ပုံစံတစ္ခုေတာ့ လိုအပ္တာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

လမ်းသွားနေရင်း ခွေးတွေ တစ်ကောင်နဲ့တစ်ကောင် နောက်ဘက်ကို နမ်းနေတာ မြင်ရင် ရယ်မိတတ်ကြပါတယ်။ တစ်ခါတလေ ကိုယ့်ခွေးဆိုရင်တော့ မာန်မဲပြီး ပြန်ခေါ်ဖို့ ကြိုးစားတတ်ကြတယ်။ ဒါပေမယ့် သိပ္ပံနည်းကျလေ့လာတဲ့အခါမှာတော့ ခွေးတွေရဲ့ ဓလေ့ဟာ လူတွေထင်သလို ညစ်တီးညစ်ပတ် မဟုတ်ဘူးလို့ ဆိုလာပါတယ်။

ခွေးတွေဟာ တစ်ကောင်နဲ့တစ်ကောင်တွေ့ရင် တင်ပါးကိုသာ နမ်းရှုံ့တတ်ကြပြီး အဲဒီလို ပြုမူရခြင်းက သူတို့ရဲ့သဘာဝအကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲကမှ ပထမဆုံးအကြောင်းပြချက်ကတော့ ဒီလိုပြုမူခြင်းဟာ သူတို့အတွက် တစ်ကောင်နဲ့တစ်ကောင်နှုတ်ဆက်တာ၊ ဆက်သွယ်ဖို့ကြိုးစားတာ ဖြစ်ပါတယ်။

ဒါဟာ လူတွေလက်ဆွဲနှုတ်ဆက်သလို အပြုအမူတစ်ခုပဲလို့ဆိုပြီး ဒီလိုပြုမူရာကနေလည်း တစ်ဖက်ခွေးရဲ့ အချက်အလက်တချို့ကို သိရှိနိုင်ပါတယ်။ Mental Floss ဝက်ဆိုက်မှာ ခွေးတွေရဲ့အနံ့ခံအာရုံဟာ လူသားတွေထက် အဆထောင်ပေါင်းများစွာ ပိုကောင်းပြီး သူတို့ရဲ့နှာခေါင်းမှာပါဝင်တဲ့ Jacobson’s Organ လို့ ခေါ်တဲ့ အစိတ်အပိုင်းတစ်ခုကြောင့် မစင်ရဲ့အနံ့ဆိုးကို လျစ်လျူရှုထားနိုင်စွမ်းလည်း ရှိတယ်လို့ဆိုပါတယ်။

အဲ့ဒီ အနံ့ခံအင်္ဂါဟာ ပိုအရေးကြီးတဲ့အရာကို ထောက်လှမ်းပေးတာပါ။ ခွေးတွေရဲ့တင်ပါးမှာ ခန္ဓာကိုယ်ကို ဖွံ့ဖြိုးစေပြီး ဟန်ချက်ချိန်ညှိပေးတဲ့ ဂလင်း တစ်မျိုးရှိပါတယ်။ သူတို့အတွက် ဒီအရာက ပိုပြီးအရေးကြီးတာပါ။

အဆိုပါဂလင်းကနေထုတ်ပေးတဲ့ဓါတုပစ္စည်းက ခွေးတွေကို သူတို့အကြောင်း အလွယ်တကူသိရှိနိုင်အောင် ကူညီပေးတယ်လို့ ဆိုပါတယ်။ ဒီနေရာကို နမ်းရှုပ်ခြင်းအားဖြင့် အထီးလားအမလား၊ အသက်ဘယ်လောက်ရှိပြီလဲ၊ နေကောင်းကျန်းမာရဲ့လား စတဲ့ အခြေခံအချက်တွေကနေ ဘယ်လို မုဒ်ရှိနေလဲ ဆိုတာအထိပါ သိရတယ်လို့ ဆိုတယ်။ ဒါ့အပြင် အရင်က တွေ့ဆုံဖူးတဲ့ ခွေးလား၊ သူစိမ်းတစ်ယောက်လားဆိုတာကိုလည်း သူတို့ဘာသာ သိရှိနိုင်တယ်လို့ ပြောပါတယ်။

ဒီတော့ နောက်တစ်ခါ ခွေးတွေ အလားတူပြုမူနေတာတွေ့ရင် သူတို့ဟာ ညစ်တီးညစ်ပတ်နေထိုင်တာ မဟုတ်ဘူးဆိုတာ သိနိုင်လောက်ပါပြီ။ သူတို့အတွက်လည်း တစ်ကောင်နဲ့တစ်ကောင် သိနားလည်ဖို့ ဆက်သွယ်တဲ့ပုံစံတစ်ခုတော့ လိုအပ်တာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top