“အရွင္ဘုရား—အသက္ကလည္း ငယ္ငယ္၊ ႐ုပ္ကလည္းေခ်ာေခ်ာ၊ က်န္းမာေရးလည္း ေကာင္းပါလ်က္နဲ႔၊ ဘာျဖစ္လို႔ သကၤန္းဝတ္ေနတာလဲ ” “ဒကာႀကီးက ဘယ္လိုထင္လို႔လဲ ”

“စီးပြားပ်က္ၿပီး စားစရာမရွိလို႔ ဝတ္လာတာလား၊ ဒါမွမဟုတ္ ေဆြမ်ိဳးသားခ်င္းေတြက ပစ္ထားခဲ့လို႔ ငတ္ၿပီးဝတ္လာ တာမ်ားလား၊ အင္း—ေရာဂါတစ္ခုခုရွိေနလို႔ လူေတြၾကားမွာေနမရတာနဲ႔ သကၤန္းဝတ္လာတာလည္း ျဖစ္ႏိုင္တာပဲ ”

“မဟုတ္ဘူးဒကာႀကီး၊ ဒကာႀကီးထင္တာေတြ တစ္ခုမွမဟုတ္ပါဘူး၊ စီးပြားပ်က္ဖို႔ေနေနသာသာ သကၤန္းမဝတ္ဘဲ ထိုင္စားရင္ေတာင္ ႏွစ္ေပါင္းမ်ားစြာ စားလို႔မကုန္တဲ့ပိုင္ဆိုင္တဲ့ ကိုယ္ပိုင္ပစၥည္းဥစၥာေတြကို ထားပစ္ခဲ့တာ၊ ေဆြမ်ိဳး သားခ်င္းေတြ ပစ္ထားခဲ့တယ္ဆိုရေအာင္ကလည္း ဦးဇင္းမွာ မိဘႏွစ္ပါးလုံးေရာ၊ ေဆြမ်ိဳးသားခ်င္းေတြေရာရွိပါတယ္ဗ်ာ၊ ႏွစ္ေပါင္းမ်ားစြာထိုင္စားရင္ေတာင္မကုန္တဲ့ စည္းစိမ္ေတြပိုင္ထားတာပဲဗ်၊ ဒီလိုလူကို ေဆြမ်ိဳးသားခ်င္းေတြက ပစ္ထား ၾကပါ့မလား၊ ၿပီးေတာ့ ဦးဇင္းရဲ႕အသားအရည္နဲ႔ မ်က္ႏွာသြင္ျပင္ကို ေသခ်ာၾကည့္စမ္းပါဦး၊ ဒကာႀကီးထင္သလို ေရာဂါ တစ္ခုခုခံစားေနရတဲ့ပုံ ေပါက္ေနလို႔လား ”

“အင္း—ေပါက္ေတာ့မေပါက္ပါဘူး၊ အခ်ိဳ႕ေတြ ကေတာ့ အသက္ႀကီးလို႔ အိုမင္းမစြမ္းျဖစ္လာၿပီး အိမ္အတြက္ အသုံးမက် ေတာ့ဘူး၊ သူတို႔အတြက္ အလုပ္ပိုလာတယ္လို႔ထင္ရင္ အိုႀကီးအိုမ,ေတြကို က်န္တဲ့သားသမီး ေျမးျမစ္ေတြက သကၤန္း ဝတ္ေပးလိုက္ၾကတာပဲ၊ အခု ကိုယ္ေတာ့္အသက္က ငယ္ငယ္ေလးဆိုေတာ့ အဲ့ဒီအခ်က္က မျဖစ္ႏိုင္ေတာ့ဘူး၊ ဒါဆို ေျပာစမ္းပါဦးဘုရာ့၊ အရွင္ဘုရားက ဘာလို႔ သကၤန္းဝတ္လာတာလဲ၊ အသက္လည္ငယ္ေသး၊ ႐ုပ္ကေလးကလည္းရွိ၊ ပစၥည္းဥစၥာလည္း ခ်မ္းသာ၊ က်န္းမာေရးကလည္း ေကာင္းပါလ်က္နဲ႔ လူ႔ဘဝမွာဆို အေပ်ာ္အပါးေတြနဲ႔ ဇိမ္ခံလို႔ အေကာင္းဆုံးအ႐ြယ္ေတြပါ့ ”

“ဒကာႀကီးအေနနဲ႔ ပထမဆုံးမွတ္ထားရမယ့္ အခ်က္က ရဟန္းျပဳ(သကၤန္းဝတ္)လာတယ္ဆိုတဲ့ လူတိုင္းကို “စီးပြားပ်က္လို႔၊ ငတ္လို႔၊ ေရာဂါရွိၿပီး လူေတာမတိုးလို႔၊ အိုႀကီးအိုမ ျဖစ္ၿပီး လူေလာကအတြက္အသုံးမက်ေတာ့လို႔”ဆိုတဲ့ အေတြးဟာ မွားတယ္ဆိုတာပဲ ”

“အံမယ္—မဟုတ္လို႔လား ကိုယ္ေတာ္ရယ္” “မဟုတ္ဘူးဆိုတာကို အခုျမင္ေနရၿပီ မဟုတ္လား ”

“ထားပါ ထားပါ ဆက္ေျပာပါဦး ” ” ဦးဇင္းရဟန္းျပဳလာတဲ့ရည္႐ြယ္ခ်က္က ေလးခ်က္ပဲရွိပါတယ္။ နံပတ္တစ္အခ်က္က မတည္ၿငိမ္တဲ့ေလာကႀကီးထဲမွာ တည္ၿငိမ္ခ်င္လို႔ ”

“ဘယ္လိုအရွင္ဘုရား ”

“ဟုတ္တယ္ေလ—တစ္ကမာၻလုံးကိုလွည့္ပတ္ၾကည့္လိုက္၊ လူေတြကိုၾကည့္လိုက္၊ လူမ်ိဳးေရး၊ဘာသာေရး ပဋိပကၡေတြ၊ နယ္ေျမလုစစ္ပြဲေတြ၊ စီးပြားေရး ၿပိဳင္ဆိုင္မႈေတြနဲ႔ မိသားစုဝမ္းေရးတိုက္ပြဲေတြနဲ႔ အားလုံးဟာ လႈပ္ရွားေနၾကရတယ္၊ ဘယ္မွာ တည္ၿငိမ္တာရွိလို႔လဲ၊ လိုခ်င္တက္မက္မႈ၊ အမုန္းတရားနဲ႔ အသိပညာမဲ့မႈေတြ တစ္ေန႔တျခား တိုးပြားလာေလေလ ကမာၻႀကီးဟာ မတည္ၿငိမ္ေလေလပါပဲ၊ အဲ့ဒါေၾကာင့္ ဗုဒၶရဲ႕တရားေတာ္ေတြကို လိုက္နာၿပီး လိုခ်င္တပ္မက္မႈနည္းေအာင္၊ အမုန္းတရားေလ်ာ့ပါးေအာင္၊ အသိဉာဏ္ပညာ ျမင့္မားေအာင္ႀကိဳးစားၿပီး ကိုယ့္ကိုယ္ကို တည္ၿငိမ္ေအာင္လုပ္ဖို႔ ရဟန္းျပဳလာတာပဲ ”

” အင္း—အေတာ္ေကာင္းမြန္တဲ့ရည္႐ြယ္ခ်က္ပါ၊ ဒါျဖင့္ ေနာက္တစ္ခုကေရာ ” ” ေနာက္တစ္ခုက ပူေလာင္ေနတဲ့ ေလာကႀကီးထဲမွာ ေအးျမခ်င္လို႔”

“ရွင္းျပပါဦးဘုရား၊ အဲ့ဒါကေရာ ဘယ္လိုလဲ ”  “ဒါကေတာ့ ရွင္းပါတယ္ေလ၊ လူေတြဟာ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ျခင္းနဲ႔ေႏွာင္ဖြဲ႕ ၾကတယ္၊ သံေယာဇဥ္နဲ႔ ရစ္ပတ္ၾကတယ္၊ ပိုင္ဆိုင္လိုမႈနဲ႔ ေမွ်ာ္လင့္ပတ္သက္ၾကတယ္၊ အဲ့ဒီအတြက္ ခ်စ္ခ်င္တာမခ်စ္ရရင္ပူၾကတယ္၊ ျဖစ္ခ်င္တာမျဖစ္ရရင္ပူၾကတယ္၊ ပိုင္ဆိုင္ခ်င္တာ မပိုင္ရရင္ပူၾကတယ္၊ မိဘက သားသမီးကို၊ အစ္ကို အစ္မေတြက ညီ ညီမေတြကို၊ ဆရာက တပည့္ကို၊ ခ်စ္သူက အခ်စ္ခံရသူကို၊ အလုပ္ရွင္က အလုပ္သမားကို—စသျဖင့္ တစ္နည္းနည္းနဲ႔ ပူေနၾကရတယ္၊ ခ်စ္တဲ့စိတ္ေၾကာင့္လည္းပူရသလို၊ မုန္းတဲ့စိတ္ေၾကာင့္လည္း ပူရတာပဲ၊ ဘယ္မွာ အပူလြတ္လို႔လဲဒကာႀကီးရဲ႕၊ ရဟန္းဘဝမွာ အဲ့ဒါေတြမရွိေအာင္ႀကိဳးစားေနတာဟာ အပူထဲမွာ ေအးျမေအာင္ႀကိဳးစားေနတာေပါ့”

” တင္ပါ့—ဒါလည္း ဟုတ္သားပဲဘုရား၊ လူေတြမွာေတာ့ လိုၿပီးရင္းလို၊ ပူၿပီးရင္းပူကိုး—ဒါဆို ေနာက္တစ္ခ်က္ကေရာ” “ရဟန္းျပဳလာရတဲ့ ေနာက္ထပ္ရည္႐ြယ္ခ်က္ တစ္ခုကေတာ့ လိုအပ္မႈမ်ားတဲ့ေလာကႀကီးထဲမွာ လိုအပ္မႈနည္းခ်င္လို႔ပဲ”

“ဘာေတြမ်ားလိုအပ္ေနလို႔လဲ အရွင္ဘုရားရယ္ ” ” ေၾသာ္ ဒကာႀကီးရယ္ လူေတြမွာ အလိုေလာဘ ဆိုတာ ျပည့္တယ္လို႔မွ မရွိတာဘဲ၊ ကိုယ့္လိုအပ္မႈတစ္ခုရၿပီးတာနဲ႔ ေနာက္တစ္ခုလိုခ်င္ျပန္တာပဲမဟုတ္လား ”

“တင္ပါ့—အဲ့ဒါေတာ့ ဟုတ္တယ္ဘုရာ့ ”

“လိုအပ္မႈ၊ လိုခ်င္မႈေတြကို ျပည့္ေအာင္ျဖည့္ဖို႔ ႀကိဳးစားရင္းနဲ႔ ကိုယ္လိုတာမရတဲ့အခါ ေဒါသထြက္မယ္၊ တစ္ဖက္သားကို မုန္းတီးမယ္၊ အၿငိဳးထားမယ္၊ ၿပီးေတာ့ ေနာက္ဆက္တြဲ ဒုကၡေတြပါ ပါလာေတာ့မယ္၊

ဆာေလာင္ေနတဲ့လူ အစားအေသာက္လိုခ်င္သလို၊ အဝတ္အထည္မရွိသူေတြက အဝတ္အထည္လိုခ်င္တယ္၊ အဲ့ဒီလိုပဲ အာဏာကိုတပ္မက္သူက အာဏာကိုလိုခ်င္တယ္၊ ဥစၥာတပ္မက္သူက ဥစၥာကိုလိုခ်င္တယ္၊ ကာမဂုဏ္ကိုတပ္မက္သူက ကာမဂုဏ္ကိုလိုခ်င္တယ္၊ ေအာင္ျမင္ေက်ာ္ၾကားမႈကိုတပ္မက္တဲ့လူကလည္း ေအာင္ျမင္ေက်ာ္ၾကားမႈကို လိုခ်င္မွာပဲ။ ဒါဟာ သဘာဝပါပဲေလ၊

ရဟန္းဘဝမွာ အာဏာမလိုဘူး၊ စည္းစိမ္မလိုဘူး၊ ကာမဂုဏ္မလိုဘူး၊ ေအာင္ျမင္ေက်ာ္ၾကားမႈမလိုဘူး၊ ဝတ္ေကာင္းစားလွ ေတြ မလိုဘူး၊ ဒါေၾကာင့္ လိုခ်င္မႈ လိုအပ္မႈမမ်ားဘူး၊ အဲ့ဒီေတာ့ လူေတြေလာက္ အလုပ္မရႈပ္ဘူး၊ ဒုကၡမမ်ားဘူး ”

“တင္ပါ့၊ ဟုတ္တယ္ဘုရာ့၊ တပည့္ေတာ္တို႔မွာက တစ္ခုရၿပီးရင္း တစ္ခုလိုခ်င္ျပန္ရင္းနဲ႔ ျပည့္တယ္လို႔ကိုမရွိဘူး၊ ဒါနဲ႔ ေနာက္ဆုံးတစ္ခ်က္ကို ဆက္ေျပာပါဦးဘုရာ့ ”

“ေနာက္ဆုံးတစ္ခ်က္ကေတာ့ ဘာတစ္ခုမွ ကိုယ္မပိုင္တဲ့ေလာကႀကီးမွာ ကိုယ္ပိုင္ဥစၥာရွာခ်င္လို႔ပဲ ဒကာႀကီး ”

“ဒါကေတာ့ အဆန္းပါလားဘုရား၊ ကိုယ္ရွာထားတဲ့ ပစၥည္းဥစၥာ ကိုယ္မပိုင္လို႔ ဘယ္သူပိုင္ရမွာလဲဘုရာ့”

“ဒကာႀကီး-အသက္ရွည္လွ အလြန္းဆုံး ႏွစ္တစ္ရာေပါ့၊ ႏွစ္တစ္ရာအတြင္းမွာ အရာအားလုံးေျပာင္းလဲ ပ်က္စီးသြားႏိုင္ တယ္၊ ဒကာႀကီးလည္း တားမရသလို၊ ဘယ္တန္ခိုးရွင္ ဘယ္ဖန္ဆင္းရွင္မွလည္း တားမရဘူး၊ ဒကာႀကီးရွာထားလို႔ ကိုယ့္ပစၥည္းဥစၥာ ကိုယ္ပိုင္တယ္ထင္ရင္ ေရႀကီးတဲ့အခါ၊ မီးေလာင္တဲ့အခါ၊ သူခိုးခိုး ဓားျပအတိုက္ခံရ တဲ့အခါေတြမွာ ပါမသြား ပ်က္စီးမသြားေအာင္၊ သားသမီးေတြသုံးျဖဳန္းပစ္လည္း ကုန္မသြားေအာင္၊ ႏိုင္ငံေတာ္က ျပည္သူပိုင္အျဖစ္ မသိမ္းေအာင္ လုပ္ၾကည့္ေပါ့”

“အဲ့ဒါေတာ့ ဘယ္လိုလုပ္ ရမလဲဘုရာ့ ” “ဘာလို႔မရတာလဲ ” “———————-”

“ပိုင္တယ္ဆိုတာ ခဏပါပဲ ဒကာႀကီး၊ ၿပီးရင္ အကုန္ထားပစ္ခဲ့ရမွာ၊ ကိုယ္ထားပစ္ခဲ့ရလို႔ ဆက္ခံပိုင္ဆိုင္တဲ့သူေတြလည္း ကိုယ့္လိုထားခဲ့ရဦးမွာပဲ၊ ဒကာႀကီးမွာ ပိုင္တာ အစိုးရတာ တည္ၿမဲတာ ဘာရွိလဲ ”ဘာမွမရွိေတာ့ပါဘုရာ့ ”

“ဟုတ္တယ္၊ အဲ့ဒါေၾကာင့္ ဦးဇင္းလည္း ပိုင္ဆိုင္ေအာင္ႀကိဳးစားေနတာ၊ ႐ုပ္ဝတၳဳပစၥည္း ေတြကို ပိုင္ဆိုင္ေအာင္လုပ္လို႔ မရေပမယ့္ ကိုယ္က်င့္တရား၊ စိတ္တည္ၿငိမ္မႈ၊ အသိဉာဏ္ပညာနဲ႔ အျခားကိုယ္လုပ္သမွ် ေကာင္းကံဆိုးကံေတြကိုေတာ့ ပိုင္ဆိုင္ေအာင္လုပ္လို႔ရတယ္ ဒကာႀကီး၊ ဗုဒၶရဲ႕တရားေတာ္ေတြကို လိုက္နာက်င့္ႀကံရင္း ကိုယ္ဘက္က ဆိုးကံေတြနည္းႏိုင္ သမွ် နည္း ေအာင္ ေကာင္းကံေတြမ်ားႏိုင္သမွ်မ်ားေအာင္လုပ္ထားၾကမယ္ဆိုရင္ ကိုယ္ပိုင္ဥစၥာေတြရွာေတြ႕ၿပီေပါ့ ”

“တင္ပါ့ တပည့္ေတာ္ရွင္းပါၿပီဘုရာ့ ”

“မွတ္ထားပါ ဒကာႀကီး၊ သကၤန္းဝတ္ပုဂၢိဳလ္ကိုျမင္တိုင္း၊ ရဟန္းျပဳလာတဲ့ပုဂၢိဳလ္ေတြကိုေတြ႕တိုင္း စီးပြားပ်က္လို႔၊ ငတ္လို႔၊ ေဆြမ်ိဳးသားခ်င္းပစ္ထားခဲ့လို႔၊ အိုးႀကီးအိုမ အသုံးမက်ေတာ့လို႔ ဆိုတဲ့အေတြးမ်ိဳးကို ေဖ်ာက္ပါ၊ ေနာင္ရဟန္းျပဳလာမယ့္ သကၤန္းဝတ္လာမယ့္ ပုဂၢိဳလ္ေတြကို ေတြ႕ရင္လည္း အခုဦးဇင္းေျပာျပတဲ့ ရဟန္းျပဳရျခင္းရဲ႕ရည္႐ြယ္ခ်က္ကိုေျပာျပလိုက္ပါ”

“သာသနာေတာ္ကို ပရမ္းပတာရည္မွန္းခ်က္နဲ႔ ဝင္လာရင္ ပရမ္းပတာအထင္ျမင္ခံရမွာပါပဲ၊ ေသခ်ာတဲ့ရည္႐ြယ္ခ်က္၊ ခိုင္မာတဲ့ဆုံးျဖတ္ခ်က္ခ် ၿပီးမွသာ သာသနာ့ေဘာင္ကိုဝင္ၿပီး ရဟန္းျပဳၾကတာ ပိုေကာင္းပါတယ္ ဒကာႀကီး ”

“တင္ပါ့၊ တပည့္ေတာ္နားလည္ပါၿပီဘုရား၊ တပည့္ေတာ္ရဲ႕ အထင္ျမင္လြဲၿပီး ေျပာမွား ဆိုမွားျဖစ္ခဲ့တာေတြအတြက္ ခြင့္လႊတ္ေတာ္မူပါဘုရာ့၊ အရွင္ဘုရားလည္း ျမတ္ဗုဒၶရဲ႕ ေျခေတာ္ရင္းမွာ တရားထူးတရားျမတ္အျမန္ဆုံး ရွာေဖြေတြ႕ရွိ ႏိုင္ပါေစဘုရား ”

“သာဓုပါ ဒကာႀကီး၊ သာဓု သာဓု ”

(ဝန္ခံခ်က္။ ကိုယ္ေတြ႕မဟုတ္။ ဇာတ္ေတာ္ထဲက ရ႒ပါလရဟန္းႏွင့္ ေကာရဗ်ဘုရင္ႀကီးတို႔ အေမး အေျဖကို မွီျငမ္းျပဳထားပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nyin tay za

#Unicode Version# ျဖင့္ဖတ္ပါ ။

“အရှင်ဘုရား—အသက်ကလည်း ငယ်ငယ်၊ ရုပ်ကလည်းချောချော၊ ကျန်းမာရေးလည်း ကောင်းပါလျက်နဲ့၊ ဘာဖြစ်လို့ သင်္ကန်းဝတ်နေတာလဲ ” “ဒကာကြီးက ဘယ်လိုထင်လို့လဲ ”

“စီးပွားပျက်ပြီး စားစရာမရှိလို့ ဝတ်လာတာလား၊ ဒါမှမဟုတ် ဆွေမျိုးသားချင်းတွေက ပစ်ထားခဲ့လို့ ငတ်ပြီးဝတ်လာ တာများလား၊ အင်း—ရောဂါတစ်ခုခုရှိနေလို့ လူတွေကြားမှာနေမရတာနဲ့ သင်္ကန်းဝတ်လာတာလည်း ဖြစ်နိုင်တာပဲ ”

“မဟုတ်ဘူးဒကာကြီး၊ ဒကာကြီးထင်တာတွေ တစ်ခုမှမဟုတ်ပါဘူး၊ စီးပွားပျက်ဖို့နေနေသာသာ သင်္ကန်းမဝတ်ဘဲ ထိုင်စားရင်တောင် နှစ်ပေါင်းများစွာ စားလို့မကုန်တဲ့ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေကို ထားပစ်ခဲ့တာ၊ ဆွေမျိုး သားချင်းတွေ ပစ်ထားခဲ့တယ်ဆိုရအောင်ကလည်း ဦးဇင်းမှာ မိဘနှစ်ပါးလုံးရော၊ ဆွေမျိုးသားချင်းတွေရောရှိပါတယ်ဗျာ၊ နှစ်ပေါင်းများစွာထိုင်စားရင်တောင်မကုန်တဲ့ စည်းစိမ်တွေပိုင်ထားတာပဲဗျ၊ ဒီလိုလူကို ဆွေမျိုးသားချင်းတွေက ပစ်ထား ကြပါ့မလား၊ ပြီးတော့ ဦးဇင်းရဲ့အသားအရည်နဲ့ မျက်နှာသွင်ပြင်ကို သေချာကြည့်စမ်းပါဦး၊ ဒကာကြီးထင်သလို ရောဂါ တစ်ခုခုခံစားနေရတဲ့ပုံ ပေါက်နေလို့လား ”

“အင်း—ပေါက်တော့မပေါက်ပါဘူး၊ အချို့တွေ ကတော့ အသက်ကြီးလို့ အိုမင်းမစွမ်းဖြစ်လာပြီး အိမ်အတွက် အသုံးမကျ တော့ဘူး၊ သူတို့အတွက် အလုပ်ပိုလာတယ်လို့ထင်ရင် အိုကြီးအိုမ,တွေကို ကျန်တဲ့သားသမီး မြေးမြစ်တွေက သင်္ကန်း ဝတ်ပေးလိုက်ကြတာပဲ၊ အခု ကိုယ်တော့်အသက်က ငယ်ငယ်လေးဆိုတော့ အဲ့ဒီအချက်က မဖြစ်နိုင်တော့ဘူး၊ ဒါဆို ပြောစမ်းပါဦးဘုရာ့၊ အရှင်ဘုရားက ဘာလို့ သင်္ကန်းဝတ်လာတာလဲ၊ အသက်လည်ငယ်သေး၊ ရုပ်ကလေးကလည်းရှိ၊ ပစ္စည်းဥစ္စာလည်း ချမ်းသာ၊ ကျန်းမာရေးကလည်း ကောင်းပါလျက်နဲ့ လူ့ဘဝမှာဆို အပျော်အပါးတွေနဲ့ ဇိမ်ခံလို့ အကောင်းဆုံးအရွယ်တွေပါ့ ”

“ဒကာကြီးအနေနဲ့ ပထမဆုံးမှတ်ထားရမယ့် အချက်က ရဟန်းပြု(သင်္ကန်းဝတ်)လာတယ်ဆိုတဲ့ လူတိုင်းကို “စီးပွားပျက်လို့၊ ငတ်လို့၊ ရောဂါရှိပြီး လူတောမတိုးလို့၊ အိုကြီးအိုမ ဖြစ်ပြီး လူလောကအတွက်အသုံးမကျတော့လို့”ဆိုတဲ့ အတွေးဟာ မှားတယ်ဆိုတာပဲ ”

“အံမယ်—မဟုတ်လို့လား ကိုယ်တော်ရယ်” “မဟုတ်ဘူးဆိုတာကို အခုမြင်နေရပြီ မဟုတ်လား ”

“ထားပါ ထားပါ ဆက်ပြောပါဦး ” ” ဦးဇင်းရဟန်းပြုလာတဲ့ရည်ရွယ်ချက်က လေးချက်ပဲရှိပါတယ်။ နံပတ်တစ်အချက်က မတည်ငြိမ်တဲ့လောကကြီးထဲမှာ တည်ငြိမ်ချင်လို့ ”

“ဘယ်လိုအရှင်ဘုရား ”

“ဟုတ်တယ်လေ—တစ်ကမ္ဘာလုံးကိုလှည့်ပတ်ကြည့်လိုက်၊ လူတွေကိုကြည့်လိုက်၊ လူမျိုးရေး၊ဘာသာရေး ပဋိပက္ခတွေ၊ နယ်မြေလုစစ်ပွဲတွေ၊ စီးပွားရေး ပြိုင်ဆိုင်မှုတွေနဲ့ မိသားစုဝမ်းရေးတိုက်ပွဲတွေနဲ့ အားလုံးဟာ လှုပ်ရှားနေကြရတယ်၊ ဘယ်မှာ တည်ငြိမ်တာရှိလို့လဲ၊ လိုချင်တက်မက်မှု၊ အမုန်းတရားနဲ့ အသိပညာမဲ့မှုတွေ တစ်နေ့တခြား တိုးပွားလာလေလေ ကမ္ဘာကြီးဟာ မတည်ငြိမ်လေလေပါပဲ၊ အဲ့ဒါကြောင့် ဗုဒ္ဓရဲ့တရားတော်တွေကို လိုက်နာပြီး လိုချင်တပ်မက်မှုနည်းအောင်၊ အမုန်းတရားလျော့ပါးအောင်၊ အသိဉာဏ်ပညာ မြင့်မားအောင်ကြိုးစားပြီး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်ဖို့ ရဟန်းပြုလာတာပဲ ”

” အင်း—အတော်ကောင်းမွန်တဲ့ရည်ရွယ်ချက်ပါ၊ ဒါဖြင့် နောက်တစ်ခုကရော ” ” နောက်တစ်ခုက ပူလောင်နေတဲ့ လောကကြီးထဲမှာ အေးမြချင်လို့”

“ရှင်းပြပါဦးဘုရား၊ အဲ့ဒါကရော ဘယ်လိုလဲ ”  “ဒါကတော့ ရှင်းပါတယ်လေ၊ လူတွေဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းနဲ့နှောင်ဖွဲ့ ကြတယ်၊ သံယောဇဉ်နဲ့ ရစ်ပတ်ကြတယ်၊ ပိုင်ဆိုင်လိုမှုနဲ့ မျှော်လင့်ပတ်သက်ကြတယ်၊ အဲ့ဒီအတွက် ချစ်ချင်တာမချစ်ရရင်ပူကြတယ်၊ ဖြစ်ချင်တာမဖြစ်ရရင်ပူကြတယ်၊ ပိုင်ဆိုင်ချင်တာ မပိုင်ရရင်ပူကြတယ်၊ မိဘက သားသမီးကို၊ အစ်ကို အစ်မတွေက ညီ ညီမတွေကို၊ ဆရာက တပည့်ကို၊ ချစ်သူက အချစ်ခံရသူကို၊ အလုပ်ရှင်က အလုပ်သမားကို—စသဖြင့် တစ်နည်းနည်းနဲ့ ပူနေကြရတယ်၊ ချစ်တဲ့စိတ်ကြောင့်လည်းပူရသလို၊ မုန်းတဲ့စိတ်ကြောင့်လည်း ပူရတာပဲ၊ ဘယ်မှာ အပူလွတ်လို့လဲဒကာကြီးရဲ့၊ ရဟန်းဘဝမှာ အဲ့ဒါတွေမရှိအောင်ကြိုးစားနေတာဟာ အပူထဲမှာ အေးမြအောင်ကြိုးစားနေတာပေါ့”

” တင်ပါ့—ဒါလည်း ဟုတ်သားပဲဘုရား၊ လူတွေမှာတော့ လိုပြီးရင်းလို၊ ပူပြီးရင်းပူကိုး—ဒါဆို နောက်တစ်ချက်ကရော” “ရဟန်းပြုလာရတဲ့ နောက်ထပ်ရည်ရွယ်ချက် တစ်ခုကတော့ လိုအပ်မှုများတဲ့လောကကြီးထဲမှာ လိုအပ်မှုနည်းချင်လို့ပဲ”

“ဘာတွေများလိုအပ်နေလို့လဲ အရှင်ဘုရားရယ် ” ” သြော် ဒကာကြီးရယ် လူတွေမှာ အလိုလောဘ ဆိုတာ ပြည့်တယ်လို့မှ မရှိတာဘဲ၊ ကိုယ့်လိုအပ်မှုတစ်ခုရပြီးတာနဲ့ နောက်တစ်ခုလိုချင်ပြန်တာပဲမဟုတ်လား ”

“တင်ပါ့—အဲ့ဒါတော့ ဟုတ်တယ်ဘုရာ့ ”

“လိုအပ်မှု၊ လိုချင်မှုတွေကို ပြည့်အောင်ဖြည့်ဖို့ ကြိုးစားရင်းနဲ့ ကိုယ်လိုတာမရတဲ့အခါ ဒေါသထွက်မယ်၊ တစ်ဖက်သားကို မုန်းတီးမယ်၊ အငြိုးထားမယ်၊ ပြီးတော့ နောက်ဆက်တွဲ ဒုက္ခတွေပါ ပါလာတော့မယ်၊

ဆာလောင်နေတဲ့လူ အစားအသောက်လိုချင်သလို၊ အဝတ်အထည်မရှိသူတွေက အဝတ်အထည်လိုချင်တယ်၊ အဲ့ဒီလိုပဲ အာဏာကိုတပ်မက်သူက အာဏာကိုလိုချင်တယ်၊ ဥစ္စာတပ်မက်သူက ဥစ္စာကိုလိုချင်တယ်၊ ကာမဂုဏ်ကိုတပ်မက်သူက ကာမဂုဏ်ကိုလိုချင်တယ်၊ အောင်မြင်ကျော်ကြားမှုကိုတပ်မက်တဲ့လူကလည်း အောင်မြင်ကျော်ကြားမှုကို လိုချင်မှာပဲ။ ဒါဟာ သဘာဝပါပဲလေ၊

ရဟန်းဘဝမှာ အာဏာမလိုဘူး၊ စည်းစိမ်မလိုဘူး၊ ကာမဂုဏ်မလိုဘူး၊ အောင်မြင်ကျော်ကြားမှုမလိုဘူး၊ ဝတ်ကောင်းစားလှ တွေ မလိုဘူး၊ ဒါကြောင့် လိုချင်မှု လိုအပ်မှုမများဘူး၊ အဲ့ဒီတော့ လူတွေလောက် အလုပ်မရှုပ်ဘူး၊ ဒုက္ခမများဘူး ”

“တင်ပါ့၊ ဟုတ်တယ်ဘုရာ့၊ တပည့်တော်တို့မှာက တစ်ခုရပြီးရင်း တစ်ခုလိုချင်ပြန်ရင်းနဲ့ ပြည့်တယ်လို့ကိုမရှိဘူး၊ ဒါနဲ့ နောက်ဆုံးတစ်ချက်ကို ဆက်ပြောပါဦးဘုရာ့ ”

“နောက်ဆုံးတစ်ချက်ကတော့ ဘာတစ်ခုမှ ကိုယ်မပိုင်တဲ့လောကကြီးမှာ ကိုယ်ပိုင်ဥစ္စာရှာချင်လို့ပဲ ဒကာကြီး ”

“ဒါကတော့ အဆန်းပါလားဘုရား၊ ကိုယ်ရှာထားတဲ့ ပစ္စည်းဥစ္စာ ကိုယ်မပိုင်လို့ ဘယ်သူပိုင်ရမှာလဲဘုရာ့”

“ဒကာကြီး-အသက်ရှည်လှ အလွန်းဆုံး နှစ်တစ်ရာပေါ့၊ နှစ်တစ်ရာအတွင်းမှာ အရာအားလုံးပြောင်းလဲ ပျက်စီးသွားနိုင် တယ်၊ ဒကာကြီးလည်း တားမရသလို၊ ဘယ်တန်ခိုးရှင် ဘယ်ဖန်ဆင်းရှင်မှလည်း တားမရဘူး၊ ဒကာကြီးရှာထားလို့ ကိုယ့်ပစ္စည်းဥစ္စာ ကိုယ်ပိုင်တယ်ထင်ရင် ရေကြီးတဲ့အခါ၊ မီးလောင်တဲ့အခါ၊ သူခိုးခိုး ဓားပြအတိုက်ခံရ တဲ့အခါတွေမှာ ပါမသွား ပျက်စီးမသွားအောင်၊ သားသမီးတွေသုံးဖြုန်းပစ်လည်း ကုန်မသွားအောင်၊ နိုင်ငံတော်က ပြည်သူပိုင်အဖြစ် မသိမ်းအောင် လုပ်ကြည့်ပေါ့”

“အဲ့ဒါတော့ ဘယ်လိုလုပ် ရမလဲဘုရာ့ ” “ဘာလို့မရတာလဲ ” “———————-”

“ပိုင်တယ်ဆိုတာ ခဏပါပဲ ဒကာကြီး၊ ပြီးရင် အကုန်ထားပစ်ခဲ့ရမှာ၊ ကိုယ်ထားပစ်ခဲ့ရလို့ ဆက်ခံပိုင်ဆိုင်တဲ့သူတွေလည်း ကိုယ့်လိုထားခဲ့ရဦးမှာပဲ၊ ဒကာကြီးမှာ ပိုင်တာ အစိုးရတာ တည်မြဲတာ ဘာရှိလဲ ”ဘာမှမရှိတော့ပါဘုရာ့ ”

“ဟုတ်တယ်၊ အဲ့ဒါကြောင့် ဦးဇင်းလည်း ပိုင်ဆိုင်အောင်ကြိုးစားနေတာ၊ ရုပ်ဝတ္ထုပစ္စည်း တွေကို ပိုင်ဆိုင်အောင်လုပ်လို့ မရပေမယ့် ကိုယ်ကျင့်တရား၊ စိတ်တည်ငြိမ်မှု၊ အသိဉာဏ်ပညာနဲ့ အခြားကိုယ်လုပ်သမျှ ကောင်းကံဆိုးကံတွေကိုတော့ ပိုင်ဆိုင်အောင်လုပ်လို့ရတယ် ဒကာကြီး၊ ဗုဒ္ဓရဲ့တရားတော်တွေကို လိုက်နာကျင့်ကြံရင်း ကိုယ်ဘက်က ဆိုးကံတွေနည်းနိုင် သမျှ နည်း အောင် ကောင်းကံတွေများနိုင်သမျှများအောင်လုပ်ထားကြမယ်ဆိုရင် ကိုယ်ပိုင်ဥစ္စာတွေရှာတွေ့ပြီပေါ့ ”

“တင်ပါ့ တပည့်တော်ရှင်းပါပြီဘုရာ့ ”

“မှတ်ထားပါ ဒကာကြီး၊ သင်္ကန်းဝတ်ပုဂ္ဂိုလ်ကိုမြင်တိုင်း၊ ရဟန်းပြုလာတဲ့ပုဂ္ဂိုလ်တွေကိုတွေ့တိုင်း စီးပွားပျက်လို့၊ ငတ်လို့၊ ဆွေမျိုးသားချင်းပစ်ထားခဲ့လို့၊ အိုးကြီးအိုမ အသုံးမကျတော့လို့ ဆိုတဲ့အတွေးမျိုးကို ဖျောက်ပါ၊ နောင်ရဟန်းပြုလာမယ့် သင်္ကန်းဝတ်လာမယ့် ပုဂ္ဂိုလ်တွေကို တွေ့ရင်လည်း အခုဦးဇင်းပြောပြတဲ့ ရဟန်းပြုရခြင်းရဲ့ရည်ရွယ်ချက်ကိုပြောပြလိုက်ပါ”

“သာသနာတော်ကို ပရမ်းပတာရည်မှန်းချက်နဲ့ ဝင်လာရင် ပရမ်းပတာအထင်မြင်ခံရမှာပါပဲ၊ သေချာတဲ့ရည်ရွယ်ချက်၊ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချ ပြီးမှသာ သာသနာ့ဘောင်ကိုဝင်ပြီး ရဟန်းပြုကြတာ ပိုကောင်းပါတယ် ဒကာကြီး ”

“တင်ပါ့၊ တပည့်တော်နားလည်ပါပြီဘုရား၊ တပည့်တော်ရဲ့ အထင်မြင်လွဲပြီး ပြောမှား ဆိုမှားဖြစ်ခဲ့တာတွေအတွက် ခွင့်လွှတ်တော်မူပါဘုရာ့၊ အရှင်ဘုရားလည်း မြတ်ဗုဒ္ဓရဲ့ ခြေတော်ရင်းမှာ တရားထူးတရားမြတ်အမြန်ဆုံး ရှာဖွေတွေ့ရှိ နိုင်ပါစေဘုရား ”

“သာဓုပါ ဒကာကြီး၊ သာဓု သာဓု ”

(ဝန်ခံချက်။ ကိုယ်တွေ့မဟုတ်။ ဇာတ်တော်ထဲက ရဋ္ဌပါလရဟန်းနှင့် ကောရဗျဘုရင်ကြီးတို့ အမေး အဖြေကို မှီငြမ်းပြုထားပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:nyin tay za
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top