မ်ားေသာအားျဖင့္ ေရယုန္ဆိုတာ လိင္အဂၤါတစ္ဝိုက္မွာ ေပါက္တတ္ျပီး HSV-1 နဲ႔ HSV-2 ေရယုန္ဗိုင္းရပ္စ္ပိုး ၂မ်ိဳး ကူးစက္ခံရျခင္းေၾကာင့္ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဗိုင္းရပ္စ္ပိုးေတြဟာ လိင္အဂၤါမွာသာမက တျခားအေရျပားေပၚမွာလည္း ကူးစက္ႏုိင္ပါတယ္။ HIV နဲ႔ မတူဘဲ တံေတြးကတစ္ဆင့္ ကူးစက္ႏုိင္တဲ့အတြက္ ေရယုန္ေပါက္ေနတဲ့ သူနဲ႔ နမ္းမိတာ၊ လိင္အဂၤါကို ပါးစပ္နဲ႔ ႏႈိးဆြေပးတဲ့အခါ ေရယုန္ဗိုင္းရပ္စ္က တံေတြးကေန ကိုယ္ထဲကိုကူးစက္ျပီး ႏႈတ္ခမ္းတစ္ဝိုက္မွာ ေရယုန္ေပါက္လာေစပါတယ္။

တျခားေရာ ဘယ္ကေနတစ္ဆင့္ ကူးစက္ႏုိင္လဲ။

ေရယုန္ဗိုင္းရပ္စ္ပိုးကို ေရာဂါပိုးရွိသူနဲ႔ ပါးစပ္၊ မိန္းမကိုယ္၊ စအိုအတြင္း ထိုးသြင္းဆက္ဆံျခင္း၊ တံေတြးခ်င္း ဖလွယ္မိျခင္း၊ နမ္းျခင္း၊ မုန္႔တစ္ခုတည္းကို မွ်စားျခင္း၊ ပိုက္၊ ဇြန္းစတာေတြကို အတူသံုးစြဲျခင္း စတဲ့နည္းလမ္းေတြနဲ႔ ကူးစက္ပါတယ္။ တံေတြး၊ သုက္ရည္၊ မိန္းမကိုယ္မွ ဆင္းေသာအရည္၊ အနာ၊ အနာေပါက္သြားတဲ့အခါ ထြက္လာတဲ့ ေသြး၊ အရည္ၾကည္၊ ျပည္ကေန ကူးစက္ပါတယ္။
ပိုးဝင္ကာစမွာ ဘယ္လိုလကၡဏာေတြ ေတြ႔ရမလဲ။

အေအးမိလကၡဏာေတြ ျဖစ္တဲ့ အဖ်ားတက္တာ၊ ကိုယ္လက္ကိုက္ခဲတာ၊ ႏွာေစးႏွာပိတ္တာ၊ ေခ်ာင္းဆိုးတာအျပင္၊ လည္ေခ်ာင္းထဲမွာရွိတဲ့ lymph node ေတြ ေရာင္တာအစရွိတဲ့ လကၡဏာေတြကို စတင္ေတြ႔ရပါတယ္။ တစ္ဆက္တည္းမွာပဲ ေရယုန္လကၡဏာေတြျဖစ္တဲ့ အရည္ၾကည္ဖုေတြ ေပါက္လာမယ္။ ေပါက္သြားတဲ့အခါ အရမ္းစပ္ျပီး အနာအျဖစ္က်န္ခဲ့မွာပါ။ အရည္ၾကည္ဖုေတြကို လိင္အဂၤါပတ္လည္၊ ႏႈတ္ခမ္း၊ ပါးစပ္အတြင္းထဲေတြမွာ ေတြ႔ႏိုင္ျပီး ေမးေစ့၊ လည္ပင္းအထိပါ ေရာက္လာႏိုင္ပါတယ္။

ႏႈတ္ခမ္းမွာေပါက္တဲ့ ေရယုန္ကိုေတာ့ Oral Herpes လို႔ေခၚပါတယ္။ အရည္ၾကည္ဖု၊ အနာေတြကို ႏႈတ္ခမ္းနဲ႔ ပါးစပ္ပတ္လည္မွာ ေတြ႔ရတတ္ျပီး ယားယံတာ၊ ပူစပ္ပူေလာင္ျဖစ္တာ၊ အသားထဲက စူးေနသလို ခံစားရႏိုင္ပါတယ္။
လကၡဏာေတြဟာ ဘယ္ေလာက္ၾကာမွ ေပ်ာက္မွာလဲ။

အေအးမိလကၡဏာ အမ်ားစုကေတာ့ တစ္ပတ္ေလာက္ဆိုရင္ ေပ်ာက္သြားတတ္ျပီး အရည္ၾကည္ဖုကေန ျဖစ္လာတဲ့ အနာေတြေပ်ာက္ဖို႔ကေတာ့ ၁ပတ္ကေန ၂ပတ္ေလာက္ထိ ၾကာႏိုင္ပါတယ္။ နာက်င္ကိုက္ခဲမႈ သက္သာေစဖို႔ လိမ္းေဆးလိမ္းေပးလို႔ ရပါတယ္။ လကၡဏာအားလံုး ေပ်ာက္သြားတဲ့တိုင္ေအာင္ ေရယုန္လကၡဏာက ကိုယ္ခႏၶာထဲမွာ ရွွိေနမွာျဖစ္ျပီး ဒီလိုလကၡဏာေတြ ထပ္ျပီးေတာ့လည္း ျဖစ္လာႏုိင္ပါတယ္။ ထပ္ျဖစ္တဲ့ လကၡဏာေတြကေတာ့ ပထမဆံုးအၾကိမ္ေလာက္ နာက်င္မႈျဖစ္ေစမွာ မဟုတ္ပါဘူး။
HSV ဗိုင္းရပ္စ္ပိုးကို ဘယ္လိုစစ္ေဆးမလဲ။

အကာအကြယ္မဲ့ လိင္ဆက္ဆံျပီး ၃လမွ ၆လအတြင္း စစ္ေဆးၾကည့္လို႔ရပါတယ္။ လိင္မွတစ္ဆင့္ ကူးစက္ေရာဂါအမ်ားစုဟာ ေသြးေဖာက္ထုတ္ျပီး ဓာတ္ခြဲခန္းမွာ ေသခ်ာစမ္းသပ္စစ္ေဆးရံုနဲ႔ ေရာဂါပိုးရွိ၊ မရွိကို သိႏိုင္ပါတယ္။ ေရယုန္ျဖစ္ေစတဲ့ ဗိုင္းရပ္စ္ပိုး ၂ မ်ိဳးရွိတဲ့အတြက္ ေသြးစစ္တဲ့အခါ HSV-1 ေရာ HSV-2 ကိုပါ စစ္ဖို႔ လိုအပ္ပါတယ္။ ေဆးစစ္ခ်က္အေျဖကို အေစာဆံုး နာရီပိုင္းအတြင္း၊ ေနာက္အက်ဆံုး ရက္အနည္းငယ္အတြင္းမွာ သိရွိႏိုင္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ေရယုန္ဗိုင္းရပ္စ္ပိုးကို လံုးဝေသေစႏုိင္တဲ့ ေဆးဝါးမ်ား မေပၚလာေသးပါဘူး။
ေရယုန္အနာအတြက္ ဘယ္လိုေဆးဝါးေတြ အသံုးျပဳသင့္လဲ။

Acyclovir, Famciclovir, Valacyclovir ပါဝင္တဲ့ ဗိုင္းရပ္စ္ပိုးသတ္ေဆးေတြဟာ ေရယုန္ေၾကာင့္ ျဖစ္တဲ့အနာအတြက္ အေကာင္းဆံုးပါပဲ။ ေဆးေတြကို ကိုယ့္သေဘာနဲ႔ ကိုယ္ဝယ္တာထက္ ဆရာဝန္နဲ႔ အရင္ဆံုးျပျပီး တိုင္ပင္ၾကည့္တာ ပိုေကာင္းပါတယ္။ ဒီေဆးေတြဟာ ေရာဂါလကၡဏာကို အျမန္ဆံုး သက္သာေစဖို႔ ကူညီေပးႏုိင္တာျဖစ္ျပီး ကိုယ္ထဲမွာရွိေနတဲ့ ဗိုင္းရပ္စ္ပိုးကိုေတာ့ ေသေစႏိုင္ျခင္း မရွိပါဘူး။

အေကာင္းဆံုးကေတာ့ သူစိမ္းေတြနဲ႔ လိင္ဆက္္ဆံတဲ့အခါ အကာအကြယ္ (ကြန္ဒံုး) အသံုးျပဳဖို႔၊ နမ္းျခင္း၊ တံေတြးခ်င္း ထိေတြ႔ျခင္းကို ေရွာင္ၾကဥ္ဖို႔ေတာ့ လိုပါမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #

များသောအားဖြင့် ရေယုန်ဆိုတာ လိင်အင်္ဂါတစ်ဝိုက်မှာ ပေါက်တတ်ပြီး HSV-1 နဲ့ HSV-2 ရေယုန်ဗိုင်းရပ်စ်ပိုး ၂မျိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗိုင်းရပ်စ်ပိုးတွေဟာ လိင်အင်္ဂါမှာသာမက တခြားအရေပြားပေါ်မှာလည်း ကူးစက်နိုင်ပါတယ်။ HIV နဲ့ မတူဘဲ တံတွေးကတစ်ဆင့် ကူးစက်နိုင်တဲ့အတွက် ရေယုန်ပေါက်နေတဲ့ သူနဲ့ နမ်းမိတာ၊ လိင်အင်္ဂါကို ပါးစပ်နဲ့ နှိုးဆွပေးတဲ့အခါ ရေယုန်ဗိုင်းရပ်စ်က တံတွေးကနေ ကိုယ်ထဲကိုကူးစက်ပြီး နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ပေါက်လာစေပါတယ်။
တခြားရော ဘယ်ကနေတစ်ဆင့် ကူးစက်နိုင်လဲ။

ရေယုန်ဗိုင်းရပ်စ်ပိုးကို ရောဂါပိုးရှိသူနဲ့ ပါးစပ်၊ မိန်းမကိုယ်၊ စအိုအတွင်း ထိုးသွင်းဆက်ဆံခြင်း၊ တံတွေးချင်း ဖလှယ်မိခြင်း၊ နမ်းခြင်း၊ မုန့်တစ်ခုတည်းကို မျှစားခြင်း၊ ပိုက်၊ ဇွန်းစတာတွေကို အတူသုံးစွဲခြင်း စတဲ့နည်းလမ်းတွေနဲ့ ကူးစက်ပါတယ်။ တံတွေး၊ သုက်ရည်၊ မိန်းမကိုယ်မှ ဆင်းသောအရည်၊ အနာ၊ အနာပေါက်သွားတဲ့အခါ ထွက်လာတဲ့ သွေး၊ အရည်ကြည်၊ ပြည်ကနေ ကူးစက်ပါတယ်။
ပိုးဝင်ကာစမှာ ဘယ်လိုလက္ခဏာတွေ တွေ့ရမလဲ။

အအေးမိလက္ခဏာတွေ ဖြစ်တဲ့ အဖျားတက်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ နှာစေးနှာပိတ်တာ၊ ချောင်းဆိုးတာအပြင်၊ လည်ချောင်းထဲမှာရှိတဲ့ lymph node တွေ ရောင်တာအစရှိတဲ့ လက္ခဏာတွေကို စတင်တွေ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ ရေယုန်လက္ခဏာတွေဖြစ်တဲ့ အရည်ကြည်ဖုတွေ ပေါက်လာမယ်။ ပေါက်သွားတဲ့အခါ အရမ်းစပ်ပြီး အနာအဖြစ်ကျန်ခဲ့မှာပါ။ အရည်ကြည်ဖုတွေကို လိင်အင်္ဂါပတ်လည်၊ နှုတ်ခမ်း၊ ပါးစပ်အတွင်းထဲတွေမှာ တွေ့နိုင်ပြီး မေးစေ့၊ လည်ပင်းအထိပါ ရောက်လာနိုင်ပါတယ်။

နှုတ်ခမ်းမှာပေါက်တဲ့ ရေယုန်ကိုတော့ Oral Herpes လို့ခေါ်ပါတယ်။ အရည်ကြည်ဖု၊ အနာတွေကို နှုတ်ခမ်းနဲ့ ပါးစပ်ပတ်လည်မှာ တွေ့ရတတ်ပြီး ယားယံတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ အသားထဲက စူးနေသလို ခံစားရနိုင်ပါတယ်။
လက္ခဏာတွေဟာ ဘယ်လောက်ကြာမှ ပျောက်မှာလဲ။

အအေးမိလက္ခဏာ အများစုကတော့ တစ်ပတ်လောက်ဆိုရင် ပျောက်သွားတတ်ပြီး အရည်ကြည်ဖုကနေ ဖြစ်လာတဲ့ အနာတွေပျောက်ဖို့ကတော့ ၁ပတ်ကနေ ၂ပတ်လောက်ထိ ကြာနိုင်ပါတယ်။ နာကျင်ကိုက်ခဲမှု သက်သာစေဖို့ လိမ်းဆေးလိမ်းပေးလို့ ရပါတယ်။ လက္ခဏာအားလုံး ပျောက်သွားတဲ့တိုင်အောင် ရေယုန်လက္ခဏာက ကိုယ်ခန္ဓာထဲမှာ ရှိနေမှာဖြစ်ပြီး ဒီလိုလက္ခဏာတွေ ထပ်ပြီးတော့လည်း ဖြစ်လာနိုင်ပါတယ်။ ထပ်ဖြစ်တဲ့ လက္ခဏာတွေကတော့ ပထမဆုံးအကြိမ်လောက် နာကျင်မှုဖြစ်စေမှာ မဟုတ်ပါဘူး။
HSV ဗိုင်းရပ်စ်ပိုးကို ဘယ်လိုစစ်ဆေးမလဲ။

အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၃လမှ ၆လအတွင်း စစ်ဆေးကြည့်လို့ရပါတယ်။ လိင်မှတစ်ဆင့် ကူးစက်ရောဂါအများစုဟာ သွေးဖောက်ထုတ်ပြီး ဓာတ်ခွဲခန်းမှာ သေချာစမ်းသပ်စစ်ဆေးရုံနဲ့ ရောဂါပိုးရှိ၊ မရှိကို သိနိုင်ပါတယ်။ ရေယုန်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ၂ မျိုးရှိတဲ့အတွက် သွေးစစ်တဲ့အခါ HSV-1 ရော HSV-2 ကိုပါ စစ်ဖို့ လိုအပ်ပါတယ်။ ဆေးစစ်ချက်အဖြေကို အစောဆုံး နာရီပိုင်းအတွင်း၊ နောက်အကျဆုံး ရက်အနည်းငယ်အတွင်းမှာ သိရှိနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ ရေယုန်ဗိုင်းရပ်စ်ပိုးကို လုံးဝသေစေနိုင်တဲ့ ဆေးဝါးများ မပေါ်လာသေးပါဘူး။
ရေယုန်အနာအတွက် ဘယ်လိုဆေးဝါးတွေ အသုံးပြုသင့်လဲ။

Acyclovir, Famciclovir, Valacyclovir ပါဝင်တဲ့ ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေဟာ ရေယုန်ကြောင့် ဖြစ်တဲ့အနာအတွက် အကောင်းဆုံးပါပဲ။ ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ်ဝယ်တာထက် ဆရာဝန်နဲ့ အရင်ဆုံးပြပြီး တိုင်ပင်ကြည့်တာ ပိုကောင်းပါတယ်။ ဒီဆေးတွေဟာ ရောဂါလက္ခဏာကို အမြန်ဆုံး သက်သာစေဖို့ ကူညီပေးနိုင်တာဖြစ်ပြီး ကိုယ်ထဲမှာရှိနေတဲ့ ဗိုင်းရပ်စ်ပိုးကိုတော့ သေစေနိုင်ခြင်း မရှိပါဘူး။

အကောင်းဆုံးကတော့ သူစိမ်းတွေနဲ့ လိင်ဆက်ဆံတဲ့အခါ အကာအကွယ် (ကွန်ဒုံး) အသုံးပြုဖို့၊ နမ်းခြင်း၊ တံတွေးချင်း ထိတွေ့ခြင်းကို ရှောင်ကြဉ်ဖို့တော့ လိုပါမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top