#Unicode Version# ဖြင့်ဖတ်ပါ ။
ရှေးလူကြီးများ ပြောခဲ့တဲ့ စုန်း (၇) မျိုးနှင့် ယင်းတို့၏ ဖမ်းစားပုံများ - Baganthar
About Bagan Thar View all posts by Bagan Thar →
2-3 minutes
ရှေးလူကြီးများ ပြောခဲ့တဲ့ စုန်း (၇) မျိုးနှင့် ယင်းတို့၏ ဖမ်းစားပုံများ
စုန်း (၇) မျိုးနဲ့ ယင်းတို့ရဲ့ ဖမ်းစားပုံများကို အောက်မှာ ဖော်ပြ လိုက်ပါတယ်-
(၁) ဆင်ကွပ်။…။မစင် ချေးခြောက် ကိုစားသည်။ ခြေရာကိုသော်လည်းကောင်း၊ အရိပ်ကိုသော်လည်းကောင်း၊ ကိုယ်ကိုသော်လည်းကောင်း၊ ကိုယ်တိုင် ထိရမှ ဖမ်းစားနိုင်သည်။
(၂) နဖားတပ်။….။သစ်သီးမှည့် အချို အချဉ်ကို စားသည်။ အရိပ်ကိုသော်လည်းကောင်း၊ ခြေရာကိုသော်လည်းကောင်း၊
ကိုယ်တိုင် ထိရမှ ဖမ်းစားနိုင်သည်။
(၃) ရွာသူ။…..။သစ်သီးသစ်ပွင့်ကိုစားသည်။ ခြေကိုလည်းကောင်း၊ ခြေရာကိုသော်လည်းကောင်း၊ ကိုယ်တိုင် ကိုင်ရမှ ဖမ်းစားနိုင်သည် ..။
(၄) ရွာသမီး။…။ အသွေး အသား အရေကို စားသည်။ ကိုယ်တိုင် မြင်ရ၊ ထိရ၊ နန်းရှုပ်ရမှ ဖမ်းစားနိုင်သည်။
(၅) ကဝေ။…။လူသွေး လူသား လူရိုးတို့ကို စားသည်။ အမည်နာမကို သိက မိမိလက်အောက်ရှိ နတ်တို့ကို စေခိုင်း ဖမ်းစား နိုင်သည်။
(၆) အိမ်တလိမ့်။…။အူ အသည်း အမြစ်တို့ကို စားသည်။ ကိုယ်တိုင် မြင်ရ၊ ထိရ၊ နမ်းရှုပ်ရမှ ဖမ်းစားနိုင်သည်။
(၇) ဇောဂိနီ ။…။အကြော်အလှော် အဆိမ့် အအိမ့်တို့ကို စားသည်။ အမည်နာမကို သိမှ၊ မိမိလက်အောက်ရှိ ၃၇-မင်း နတ်တို့ကို စေခိုင်းဖမ်းစားနိုင်သည်။
လူကိုယ်ထဲကို စုန်းဝင် ပူး တော့မယ်ဆိုရင် အရင်ဆုံး လူ့နှလုံးကိုနှောက်ပြီးသော်လည်းကောင်း..။ နှလုံးသွေးကို ဖောက်ပြန်စေပြီးသော်လည်းကောင်း စိတ်ကို အားနည်းအောင်ပြု ပြီးမှ ဝင်ပူးလို့ရတာပါ..။
ဝင်ပူးခံရမည့်သူမှာ အသိမဲ့သွားတဲ့အခါမှာ သူတို့၏ဝိညာဉ်ကိုပျော့ပျောင်းအောင် ပြုပြင်ပြီး လူကိုယ်လုံးအတွင်းကို ဝင်ပူးပါတယ်။ အဲ့ဝင်ပူးနေတဲ့စုန်း မထွက်မချင်း လူစိတ်ကအသိမဲ့ နေရတယ် ဆိုလိုတာက ဘဝင်စိတ်ဖြစ်နေရတယ်ပေါ့..။ အဲ့အချိန် စုန်းဝိညဉ်က စေသမျှ အပူးခံရတဲ့လူက လိုက်လုပ်နေရတာပေါ့..။အဲ့လိုဝင်ပူးတဲ့နေရာမှာလည်း .. လူတိုင်းကိုပူးနိုင်တာမျိုးမဟုတ်ပဲ လိပ်ပြာငယ်တဲ့သူတွေ စိတ်အင်အား နည်းတဲ့လူတွေ လောက်ပဲ ဝင်ပူးနိုင်တာပါ…
ဒါကြောင့်အများအားဖြင့် ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ ကိုပူးတာ များပါတယ်..။ စုန်းဝင်ပူးရာ ကနေ ပြန်ထွက်သွားတဲ့အခါ အပုူး ခံရသူမှာ မောပန်းပြီးကျန်ခဲ့ပါတယ်.. ဘာကြောင့်ဆို မိမိရဲ့ ဝိညာဉ်ကို အခြားတစ်ပါး ဝိညာဉ်က ဝင်ရောက်ဖိနှိပ်ပြီး စေခိုင်းတဲ့အတွက် အဲ့လူမှာ မော ပြီးကျန်ခဲ့တယ်လို့ ဆိုပါတယ်..။
စုန်းတွေမှာ ကမ္မဇိဒ္ဓိ တန်ခိုး ရှိတဲ့အတွက် လူရဲ့စိတ်ကို နှောက်ယှက်နိုင်ပါတယ်..။ စိတ်ကို မေ့နေအောင် ပြုနိုင်တယ်..။ ကိုယ်ပျောက်နိုင်တယ် လဒယောင် ခွေးယောင်ဆောင်နိုင်တယ် သူ့အကြောင်းအတင်းပြောရင် အဝေးကြီးက ကြားရတယ် ကောင်းကင်မှာ ပျံနိုင်တယ် ဆိုသဗျ…။ ကမ္မဇိဒ္ဓိတန်းခိုး ရှိတာကိုဗျ..။ ….
ဖိုးသူတော် (www.phothutaw.com)
Credit: ပေတလောကသားများအကြောင်း
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top