ၿငိမ္​း​ေမာင္​တစ္​​ေယာက္​ မိဘကိုလုပ္​​ေကြၽးလာတာ အခုဆို သူ႔အသက္​​ေတာင္​ႏွစ္​ဆယ္​​ေက်ာ္​​ေရာ​ေပါ့ … ။ မိသားစုကလည္​း ဆင္​းရဲ႐ွာသျဖင္​့ လုပ္​ႏိုင္​သူတစ္​​ေယာက္​ထဲက ကုန္​း႐ုန္း႐ွာရသည္​ ။  လူ႔ျပည္​တြင္​ သူ​ေတာ္​​ေကာင္​းတစ္​​ေယာက္​​ေပၚထြန္​း ၍လားမသိ သိၾကားမင္​း၏ ျမ​ေက်ာက္​ဖ်ာႀကီး တင္​း​ေလသည္​ … ။ (အယ္​နီညိဳ ​(အပူလြန္​ျခင္​း) ​ေၾကာင္​့လား​ေတာ့မ​ေျပာတတ္​)

​ေက်ာက္​ဖ်ာတင္​းၿပီျဖစ္​၍ ဆင္​းရဲ႐ွာ​ေသာ သူ႔အားကူညီရန္​ျပင္​ရ​ေတာ့၏ ​။  ၿငိမ္​း​ေမာင္​ ျပန္​လာရာလမ္​းတြင္​ အဘိုးအို​ေယာင္​​ေဆာင္​ကာ ​ေစာင္​့​ေနလိုက္​သည္​ ။  “ၿငိမ္​း​ေမာင္​ ဆိုတာ လူ​ေလးလားကြဲ႔”  “လူမို႔လို႔မတ္​တပ္​ရပ္​​ေလွ်ာက္​တာ​ေပါ့​ဗ်  လူမဟုတ္​ရ​ေအာင္​ က်ဳပ္​က ခ်င္​ပန္​န္​ဇီလား ”  “ဟမ္​့ … ​”  သိၾကားမင္​းနည္​းနည္​းလန္​႔သြား၏ ။

ၿငိမ္​း​ေမာင္​က စိတ္​ဆတ္​သည္​ … (အ​ေႂကြး​ေတာ့မဆပ္​ ) ထို႔​ေၾကာင္​့ ျဖစ္​ရမည္​​ေတြးကာ … သည္​းခံလိုက္​သည္​ …  “ဒီ​ေတာ့ အခုဘယ္​သြားမွာတုန္​းၿငိမ္​း​ေမာင္​ ”  “ညီ​ေလးအတြက္​ ​ေဆးဝယ္​ဖို႔ပါ … ”  “ဖ်ား​ေနတာလား ”  “မဟုတ္​ဘူး​ဗ်ိဳ႕ … ဒဘလ်ဴဝိုင္​ … ဒဘလ်ဴဝိုင္​ ”  “အိုင္​့ခ္​ … ”  သူက ရြဲ႔​ေျပာတတ္​၍ျဖစ္​ရမည္​ ။ တကယ္​မဟုတ္​​ေလာက္​ပါ​ေပ … ။ ထို႔​ေၾကာင္​့ သည္​းခံလိုက္​၏ ​ေက်ာက္​ဖ်ာက​ေတာ့ သတ္​သတ္​မဲ့တင္​းလိမ္​့မည္​မဟုတ္​ပါ။

“မိခင္​အိုႀကီးကို လုပ္​​ေကြၽး​ေနတာဆို ”  “ဒါမ်ိဳး​ေတြ႐ိုး​ေနၿပီအဖိုးႀကီး ”  “ခီး … ဘာလို႔တုန္​း ”  “အသက္​ႀကီးမွ … ​ေဆး​ေပးမီးယူဆိုၿပီး က်ဳပ္​အ​ေမကို ​ေၾကာင္​​ေတာင္​ႏိႈက္​မယ္​မွတ္​လား ​ေဝး​ေဝး​ေနပါ​ဗ်ာ ”  “ငိမ္​့ ”  သည္​တစ္​ခါ​ေတာ့ သိၾကားမင္​း ခံလိုက္​ရ၏ ။ မိဖုရားမ်ားစြာ႐ွိသည္​့သူ႔အား ​ေသ​ေတာ့မည္​့အဖြားႀကီးႏွင္​့ သမုတ္​ခံရသည္​ ။ သိကၡာလံုးလံုးက်​ေလ၏ ။

“မဟုတ္​ပါဘူးကြာ … မိဘကိုလုပ္​​ေကြၽးတဲ့မင္​းအတြက္​ ငါ့မွာလက္​​ေဆာင္​ပါတယ္​ ”  ဟုဆိုကာ သူ၏​ေဒၚလာ​သံုး​ေသာင္​း တန္​ အိတ္​ထဲမွ  အိုး​ေလးတစ္​လံုးဆြဲထုတ္​လိုက္​သည္​ ။  “ခြၽင္​ … ”  (အိုးက​ေတာ့ အဲသလိုမျမည္​ဘူး​ေနာ္​ …  ျမင္​သာ​ေအာင္​​ေရးတာ )

“ဒါ လိုတရအိုး​ေလးပဲ ၿငိမ္​း​ေမာင္​ ”  “ဘာလုပ္​ရမွာလည္​း ”  “မင္​းလိုခ်င္​တဲ့ ဆုတစ္​ခုကို​ေတာင္​း လို႔ရတယ္​ကြ ”  ၿငိမ္​း​ေမာင္​က ဦးထုပ္​ကိုဆြဲခြၽတ္​လိုက္​သည္​ ။  ​ေခါင္​း​ေပၚမွ ႏွစ္​ရာတန္​အစုတ္​​ေလးတစ္​ရြက္​ ထြက္​လာ၏ ။  “​ေရာ့​ဗ်ာ …က်ဳပ္​မွာလည္​း ဒါပဲပါတယ္​  ​ေတာင္​းစားတာ ႐ိုး႐ိုးလဲရပါတယ္​ ”  “ဖီ ”  သိၾကားမင္​းမွာ သူ​ေတာင္​းစားျဖစ္​ရျပန္​ၿပီ ။  ဒူဘိုင္​းလိုႏိုင္​ငံမ်ိဳးမွ သူ​ေတာင္​းစားဆိုလွ်င္​အ​ေၾကာင္​း မဟုတ္​ … ဝင္​​ေငြ​ေကာင္​း​ေသးသည္​ ။ ျမန္​မာႏိုင္​ငံတြင္​ ​ေတာင္​းစားပါက ထမင္​းငတ္​ႏိုင္​ဖြယ္​႐ွိ၏ ။

႐ွိ​ေစ​ေတာ့ …  “ၿငိမ္​း​ေမာင္​ … ယူပါကြ ”  “မယူပါဘူး​​ဗ်ာ … ​ေပါက္​ကရ​ေတြလုပ္​ဖို႔အခ်ိန္​မ႐ွိဘူး  ​ေဆးသြားဝယ္​ရမွာ … လမ္​း​ေၾကာင္​း႐ွိရင္​ နားကားၿပီ ”  “ငီ … ယူပါကြာ”  “ကဲ​ဗ်ာ … ယူတယ္​  ဒါကသာ လိုတရအိုးျဖစ္​ရင္​ … ဟိုနားကရဲစခန္​းထဲကို ဒဘလ်ဴဝိုင္​ ​ေဆးျပားထုပ္​ကိုင္​ၿပီး ခင္​​ဗ်ားတစ္​​ေယာက္​ထဲ ​ေရာက္​သြားပါ​ေစ​ဗ်ာ … ”  ၿငိမ္​​း​ေမာင္​က ရြဲ႔တဲ့တဲ့ျဖင္​့ ဆု​ေတာင္​းခ်လိုက္​ရာ  သိၾကားမင္​းမွာ ​ေဆးထုပ္​ပိုက္​​၍ ရဲအဖမ္​းခံရ​ေလ​ေတာ့သည္​ ။

ေဆးမႈႏွင္​့​ေထာင္​ဆယ္​ႏွစ္​က်ၿပီး​ေနာက္​ …  တာဝတႎသာသို႔ျပန္​​ေလသည္​ ။ ထိုကတည္​းက အယ္​နီညိဳျဖစ္​မည္​ဟု ဦးထြန္​း လြင္​က ​ေၾကညာပါက ခဏခဏတင္​းတတ္​သည္​့ ျမ​ေက်ာက္​ဖ်ာအား သိမ္​းကာ ပလတ္​စတစ္​ခံုျဖင္​့ အုပ္​ခ်ဳပ္​​ေတာ္​မူ​ေလ​ေတာ့သည္​ … ။  ထိုကတည္​းက ​ေက်ာက္​ဖ်ာတင္​းလည္​း သိၾကားမင္​းကား ဆင္​းမလာရဲ​ေတာ့​ေပ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မူရင္းေရးသားသူ
# Unicode Version # ျဖင့္ ဖတ္ပါ #

ငြိမ်းမောင်တစ်ယောက် မိဘကိုလုပ်ကျွေးလာတာ အခုဆို သူ့အသက်တောင်နှစ်ဆယ်ကျော်ရောပေါ့ … ။ မိသားစုကလည်း ဆင်းရဲရှာသဖြင့် လုပ်နိုင်သူတစ်ယောက်ထဲက ကုန်းရုန်းရှာရသည် ။  လူ့ပြည်တွင် သူတော်ကောင်းတစ်ယောက်ပေါ်ထွန်း ၍လားမသိ သိကြားမင်း၏ မြကျောက်ဖျာကြီး တင်းလေသည် … ။ (အယ်နီညို (အပူလွန်ခြင်း) ကြောင့်လားတော့မပြောတတ်)

ကျောက်ဖျာတင်းပြီဖြစ်၍ ဆင်းရဲရှာသော သူ့အားကူညီရန်ပြင်ရတော့၏ ။  ငြိမ်းမောင် ပြန်လာရာလမ်းတွင် အဘိုးအိုယောင်ဆောင်ကာ စောင့်နေလိုက်သည် ။  “ငြိမ်းမောင် ဆိုတာ လူလေးလားကွဲ့”  “လူမို့လို့မတ်တပ်ရပ်လျှောက်တာပေါ့ဗျ  လူမဟုတ်ရအောင် ကျုပ်က ချင်ပန်န်ဇီလား ”  “ဟမ့် … ”  သိကြားမင်းနည်းနည်းလန့်သွား၏ ။

ငြိမ်းမောင်က စိတ်ဆတ်သည် … (အကြွေးတော့မဆပ် ) ထို့ကြောင့် ဖြစ်ရမည်တွေးကာ … သည်းခံလိုက်သည် …  “ဒီတော့ အခုဘယ်သွားမှာတုန်းငြိမ်းမောင် ”  “ညီလေးအတွက် ဆေးဝယ်ဖို့ပါ … ”  “ဖျားနေတာလား ”  “မဟုတ်ဘူးဗျို့ … ဒဘလျူဝိုင် … ဒဘလျူဝိုင် ”  “အိုင့်ခ် … ”  သူက ရွဲ့ပြောတတ်၍ဖြစ်ရမည် ။ တကယ်မဟုတ်လောက်ပါပေ … ။ ထို့ကြောင့် သည်းခံလိုက်၏ ကျောက်ဖျာကတော့ သတ်သတ်မဲ့တင်းလိမ့်မည်မဟုတ်ပါ။

“မိခင်အိုကြီးကို လုပ်ကျွေးနေတာဆို ”  “ဒါမျိုးတွေရိုးနေပြီအဖိုးကြီး ”  “ခီး … ဘာလို့တုန်း ”  “အသက်ကြီးမှ … ဆေးပေးမီးယူဆိုပြီး ကျုပ်အမေကို ကြောင်တောင်နှိုက်မယ်မှတ်လား ဝေးဝေးနေပါဗျာ ”  “ငိမ့် ”  သည်တစ်ခါတော့ သိကြားမင်း ခံလိုက်ရ၏ ။ မိဖုရားများစွာရှိသည့်သူ့အား သေတော့မည့်အဖွားကြီးနှင့် သမုတ်ခံရသည် ။ သိက္ခာလုံးလုံးကျလေ၏ ။

“မဟုတ်ပါဘူးကွာ … မိဘကိုလုပ်ကျွေးတဲ့မင်းအတွက် ငါ့မှာလက်ဆောင်ပါတယ် ”  ဟုဆိုကာ သူ၏ဒေါ်လာသုံးသောင်း တန် အိတ်ထဲမှ  အိုးလေးတစ်လုံးဆွဲထုတ်လိုက်သည် ။  “ချွင် … ”  (အိုးကတော့ အဲသလိုမမြည်ဘူးနော် …  မြင်သာအောင်ရေးတာ )

“ဒါ လိုတရအိုးလေးပဲ ငြိမ်းမောင် ”  “ဘာလုပ်ရမှာလည်း ”  “မင်းလိုချင်တဲ့ ဆုတစ်ခုကိုတောင်း လို့ရတယ်ကွ ”  ငြိမ်းမောင်က ဦးထုပ်ကိုဆွဲချွတ်လိုက်သည် ။  ခေါင်းပေါ်မှ နှစ်ရာတန်အစုတ်လေးတစ်ရွက် ထွက်လာ၏ ။  “ရော့ဗျာ …ကျုပ်မှာလည်း ဒါပဲပါတယ်  တောင်းစားတာ ရိုးရိုးလဲရပါတယ် ”  “ဖီ ”  သိကြားမင်းမှာ သူတောင်းစားဖြစ်ရပြန်ပြီ ။  ဒူဘိုင်းလိုနိုင်ငံမျိုးမှ သူတောင်းစားဆိုလျှင်အကြောင်း မဟုတ် … ဝင်ငွေကောင်းသေးသည် ။ မြန်မာနိုင်ငံတွင် တောင်းစားပါက ထမင်းငတ်နိုင်ဖွယ်ရှိ၏ ။

ရှိစေတော့ …  “ငြိမ်းမောင် … ယူပါကွ ”  “မယူပါဘူးဗျာ … ပေါက်ကရတွေလုပ်ဖို့အချိန်မရှိဘူး  ဆေးသွားဝယ်ရမှာ … လမ်းကြောင်းရှိရင် နားကားပြီ ”  “ငီ … ယူပါကွာ”  “ကဲဗျာ … ယူတယ်  ဒါကသာ လိုတရအိုးဖြစ်ရင် … ဟိုနားကရဲစခန်းထဲကို ဒဘလျူဝိုင် ဆေးပြားထုပ်ကိုင်ပြီး ခင်ဗျားတစ်ယောက်ထဲ ရောက်သွားပါစေဗျာ … ”  ငြိမ်းမောင်က ရွဲ့တဲ့တဲ့ဖြင့် ဆုတောင်းချလိုက်ရာ  သိကြားမင်းမှာ ဆေးထုပ်ပိုက်၍ ရဲအဖမ်းခံရလေတော့သည် ။

ဆေးမှုနှင့်ထောင်ဆယ်နှစ်ကျပြီးနောက် …  တာဝတိံသာသို့ပြန်လေသည် ။ ထိုကတည်းက အယ်နီညိုဖြစ်မည်ဟု ဦးထွန်း လွင်က ကြေညာပါက ခဏခဏတင်းတတ်သည့် မြကျောက်ဖျာအား သိမ်းကာ ပလတ်စတစ်ခုံဖြင့် အုပ်ချုပ်တော်မူလေတော့သည် … ။  ထိုကတည်းက ကျောက်ဖျာတင်းလည်း သိကြားမင်းကား ဆင်းမလာရဲတော့ပေ ။

ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်းရေးသားသူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top