အထူးသျဖင့္ မနက္ခင္း အိပ္ယာထခ်ိန္မွာ ၀မ္းဗိုက္ထဲမွာ ဘာအစားအစာမွမရွိခ်ိန္မွာ တခ်ိဳ႕အစားအစာေတြက သူ႔ခ်ည္းပဲ စားသံုးလို႔မသင့္ပါဘူး။

ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးမွာ Tannic အက္ဆစ္ပါ၀င္တာေၾကာင့္ အစာအိမ္ထဲမွာ အစာမရွိရင္ အစာအိမ္ထဲက အက္ဆစ္ အဆင့္ကိုျမင့္တက္ေစပါတယ္။ အစာအိမ္မွာ အနာျဖစ္တတ္ပါတယ္။

သခြားသီး

သခြားသီး အစိမ္းေတြမွာ အမိုင္ႏို အက္ဆစ္ေတြပါ၀င္တတ္ပါတယ္။ အစာအိမ္ထဲမွာ အစာမရွိခ်ိန္မွာ သခြားသီးခ်ည္းဘဲ စားလိုက္ရင္ အစာအိမ္နာတာ၊ ေလထိုးေလေအာင့္တာေတြ စတဲ့ အစာအိမ္နဲ႔ ပတ္သက္တဲ့ ျပႆနာေတြျဖစ္တတ္ပါတယ္။

ငွက္ေပ်ာသီး

ကၽြန္မတို႔ မနက္ခင္း အိပ္ယာထတာေနာက္က်လို႔ မနက္စာမစားႏိုင္ခဲ့ရင္ ငွက္ေပ်ာသီး တစ္လံုးေလာက္ စားသြားေလ့ရွိပါတယ္။

တကယ္ေတာ့ အစာအိမ္ထဲမွာ ဘာမွမဟုတ္ရွိခင္မွာ သူ႔ခ်ည္းစားဖို႔ မသင့္ပါဘူး။ အစာအိမ္ထဲမွာ ဘာအစာမွမရွိခင္မွာ ငွက္ေပ်ာသီးကို စားလိုက္ရင္ ခႏၶာကုိယ္အတြင္း၊ ေသြးအတြင္းမွာ မဂၢနီဆီယမ္ဓာတ္ေတြ ရုတ္တရပ္ တိုးျမင့္သြားကာ ႏွလံုးက်န္းမာေရးကို ထိခိုက္ေစပါတယ္။

စပ္တဲ့ အစားအစာေတြ

ပူစပ္ေလာင္ေနတဲ့ အစားအစာေတြက အစာအိမ္ထဲက အက္ဆစ္ဓာတ္ေတြကို ျမင့္ေစၿပီး အစာအိမ္ကို ထိခိုက္ေစပါတယ္။

ကာဘိုဟိုက္ဒရိုတ္ ပါတဲ့ အခ်ိဳရည္

ကာဘိုဟိုက္ဒရိုတ္ပါတဲ့ အခ်ိဳရည္ေတြက အစာအိမ္က Mucous Membranes ေတြကို ပ်က္စီးေစၿပီး အစာအိမ္ကို သြားတဲ့ ေသြးေၾကာေတြကို ထိခိုက္ပ်က္စီးေစပါတယ္။ ဒါေၾကာင့္ အစာေျခတဲ့ ႏႈန္းလည္း က်ဆင္းသြားၿပီး အစာေၾကညက္ဖို႔ ခက္ခဲတာေတြ ျဖစ္ႏိုင္ပါတယ္။

အခ်ဥ္ဓာတ္ပါတဲ့ အသီးမ်ား

အခ်ဥ္ဓာတ္ပါတဲ့ အသီးေတြကို အစာအိမ္ထဲမွာ အစာမရွိဘဲ စားရင္ အစာအိမ္အခ်ဥ္ေတြ အေပၚ ဆန္တက္တာတို႔၊ အစာအိမ္နာတာတို႔ ျဖစ္တတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:myfoodmyanmar
# Unicode Version # ျဖင့္ ဖတ္ပါ #

အထူးသဖြင့် မနက်ခင်း အိပ်ယာထချိန်မှာ ဝမ်းဗိုက်ထဲမှာ ဘာအစားအစာမှမရှိချိန်မှာ တချို့အစားအစာတွေက သူ့ချည်းပဲ စားသုံးလို့မသင့်ပါဘူး။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ Tannic အက်ဆစ်ပါဝင်တာကြောင့် အစာအိမ်ထဲမှာ အစာမရှိရင် အစာအိမ်ထဲက အက်ဆစ် အဆင့်ကိုမြင့်တက်စေပါတယ်။ အစာအိမ်မှာ အနာဖြစ်တတ်ပါတယ်။

သခွားသီး

သခွားသီး အစိမ်းတွေမှာ အမိုင်နို အက်ဆစ်တွေပါဝင်တတ်ပါတယ်။ အစာအိမ်ထဲမှာ အစာမရှိချိန်မှာ သခွားသီးချည်းဘဲ စားလိုက်ရင် အစာအိမ်နာတာ၊ လေထိုးလေအောင့်တာတွေ စတဲ့ အစာအိမ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။

ငှက်ပျောသီး

ကျွန်မတို့ မနက်ခင်း အိပ်ယာထတာနောက်ကျလို့ မနက်စာမစားနိုင်ခဲ့ရင် ငှက်ပျောသီး တစ်လုံးလောက် စားသွားလေ့ရှိပါတယ်။

တကယ်တော့ အစာအိမ်ထဲမှာ ဘာမှမဟုတ်ရှိခင်မှာ သူ့ချည်းစားဖို့ မသင့်ပါဘူး။ အစာအိမ်ထဲမှာ ဘာအစာမှမရှိခင်မှာ ငှက်ပျောသီးကို စားလိုက်ရင် ခန္ဓာကိုယ်အတွင်း၊ သွေးအတွင်းမှာ မဂ္ဂနီဆီယမ်ဓာတ်တွေ ရုတ်တရပ် တိုးမြင့်သွားကာ နှလုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။

စပ်တဲ့ အစားအစာတွေ

ပူစပ်လောင်နေတဲ့ အစားအစာတွေက အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေကို မြင့်စေပြီး အစာအိမ်ကို ထိခိုက်စေပါတယ်။

ကာဘိုဟိုက်ဒရိုတ် ပါတဲ့ အချိုရည်

ကာဘိုဟိုက်ဒရိုတ်ပါတဲ့ အချိုရည်တွေက အစာအိမ်က Mucous Membranes တွေကို ပျက်စီးစေပြီး အစာအိမ်ကို သွားတဲ့ သွေးကြောတွေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် အစာခြေတဲ့ နှုန်းလည်း ကျဆင်းသွားပြီး အစာကြေညက်ဖို့ ခက်ခဲတာတွေ ဖြစ်နိုင်ပါတယ်။

အချဉ်ဓာတ်ပါတဲ့ အသီးများ

အချဉ်ဓာတ်ပါတဲ့ အသီးတွေကို အစာအိမ်ထဲမှာ အစာမရှိဘဲ စားရင် အစာအိမ်အချဉ်တွေ အပေါ် ဆန်တက်တာတို့၊ အစာအိမ်နာတာတို့ ဖြစ်တတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top