လူ႔အလို နတ္မလိုက္ႏိုင္ ဆိုတဲ့ စကားက ေသြးထြက္ေအာင္ကို မွန္လြန္းလွပါတယ္။ ျပည့္ျပည့္ၿဖိဳးၿဖိဳးေလးနဲ႔ လွပေနတဲ့ပ်ိဳေမေလးေတြက်ေတာ့လည္း ဝိတ္က်ခ်င္လြန္းလို႔ အစားေတြ ေလ်ာ့စားရ Gym ေဆာ့ရနဲ႔ ဝိတ္က်ေအာင္ ႀကိဳးစားေနစဥ္မွာ ဝါးျခမ္းျပားေလးလို ျပားကပ္ေနတဲ့ မိန္းကေလးေတြက်ေတာ့လည္း ဘယ္ေလာက္စားစား ဝမလာလို႔ စိတ္ညစ္ေနၾကတာပါ။

ဒီတစ္ေခါက္မွာေတာ့ ဝိတ္တက္ခ်င္ပါတယ္ဆိုတဲ့ ပ်ိဳေမေလးေတြအတြက္ နည္းလမ္းေကာင္းေလးေတြ ေဝမွ်ေပးခ်င္ပါတယ္။

သဘာဝအဆီဓာတ္ၾကြယ္ဝတဲ့ အစားအစာမ်ား စားသံုးပါ

ကာဗိုဟိုက္ၿဒိဳက္နဲ႔ အဆီဓာတ္ၾကြယ္ဝတဲ့ အစားအစာမ်ား စားသံုးျခင္းက ဝိတ္တက္ျမန္ေစတဲ့ နည္းလမ္းပဲျဖစ္ပါတယ္။ ထမင္း၊ အေစ့အဆံမ်ား၊ ဒိန္ခ်ဥ္၊ ခ်ိစ္၊ ေထာပတ္သီး၊ ၾကက္ဥ၊ ေရႊဖ႐ံုေစ့နဲ႔ ေနၾကာေစ့တို႔ကို စားသံုးေပးလိုက္ပါ။

ကယ္လိုရီမ်ားတဲ့ အစားအစာေလးေတြ စားသံုးေပးပါ

ကိုယ္အေလးခ်ိန္ က်ခ်င္တဲ့သူေတြကေတာ့ ကယ္လိုရီနည္းနည္းပဲ စားသံုးသင့္ပါတယ္။ ဆန္႔က်င္ဘက္အေနနဲ႔ ဝိတ္တက္ခ်င္သူေတြကေတာ့ တစ္ေန႔ကို ကယ္လိုရီ ၅၀၀ ခန္႔ စားသံုးသင့္ပါတယ္။

ပ႐ိုတင္းဓာတ္ မ်ားမ်ား မွီဝဲပါ

သင့္ရဲ႕ ၾကြက္သားေတြက ပ႐ိုတင္းဓာတ္ေတြနဲ႔ အမ်ားဆံုးဖြဲ႔စည္းထားတာပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ပ႐ိုတင္းဓာတ္ မ်ားမ်ားစားသံုးေပးျခင္းက အဆီေတြ တက္လာမယ့္အစား ၾကြက္သားေတြ တက္လာေအာင္ ကူညီေပးမွာပဲျဖစ္ပါတယ္။ ပ႐ိုတင္းဓာတ္ၾကြယ္ဝတဲ့ အစားအစာေတြကေတာ့ အဆီဓာတ္ၾကြယ္ဝေသာ ငါးမ်ား၊ အနီေရာင္ အသားမ်ား၊ ဥအမ်ိဳးမ်ိဳး၊ ႏို႔ႏွင့္ ႏို႔ထြက္ပစၥည္းမ်ား၊ အေစ့အဆံတို႔ပဲျဖစ္ပါတယ္။ ဒါ့အျပင္ ပ႐ိုတင္း ျဖည့္စြက္စာတို႔ကိုလည္း မွီဝဲေပးႏိုင္ပါတယ္။

အားကစားျပဳလုပ္ပါ

ၾကြက္သားေတြ က်စ္လ်စ္ၿပီး ကိုယ္အေလးခ်ိန္တက္ဖို႔အတြက္ဆိုရင္ Gym သြားၿပီး အေလးမတဲ့ေလ့က်င့္ခန္းေတြ ျပဳလုပ္ဖို႔ လိုအပ္ပါတယ္။ တစ္ပတ္မွာ ၄ ရက္ေလာက္ Gym သြားေဆာ့ေပးလိုက္ပါ။

အာလူးစားပါ

ဝိတ္တက္ခ်င္သူေတြအေနနဲ႔ အာလူးကို ေန႔တိုင္း စားသံုးေပးႏိုင္ပါတယ္။ ေန႔တိုင္းစားရမွာ ႐ိုးအီတယ္ဆိုရင္ေတာ့ ၂ ရက္ျခားတစ္ခါ ၃ ရက္ျခားတစ္ခါ စားသံုးေပးႏိုင္ပါတယ္။

ႏြားႏို႔မွန္မွန္ေသာက္ပါ

တစ္ေန႔ကို ႏြားႏို႔တစ္ခြက္ (သို႔မဟုတ္) ႏြားႏို႔ ႏွစ္ခြက္ေသာက္သံုးေပးလိုက္ပါ။ ဒါေပမဲ့ ႏွစ္ခြက္ထက္ပိုၿပီး မေသာက္သံုးမိပါေစနဲ႔။ ဒီနည္းလမ္းကလည္း ဝိတ္တက္ခ်င္သူေတြအတြက္ နည္းလမ္းေကာင္းတစ္ခုပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mystylemyanmar

#Unicode Version# ျဖင့္ဖတ္ပါ ။

လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့ စကားက သွေးထွက်အောင်ကို မှန်လွန်းလှပါတယ်။ ပြည့်ပြည့်ဖြိုးဖြိုးလေးနဲ့ လှပနေတဲ့ပျိုမေလေးတွေကျတော့လည်း ဝိတ်ကျချင်လွန်းလို့ အစားတွေ လျော့စားရ Gym ဆော့ရနဲ့ ဝိတ်ကျအောင် ကြိုးစားနေစဉ်မှာ ဝါးခြမ်းပြားလေးလို ပြားကပ်နေတဲ့ မိန်းကလေးတွေကျတော့လည်း ဘယ်လောက်စားစား ဝမလာလို့ စိတ်ညစ်နေကြတာပါ။

ဒီတစ်ခေါက်မှာတော့ ဝိတ်တက်ချင်ပါတယ်ဆိုတဲ့ ပျိုမေလေးတွေအတွက် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးချင်ပါတယ်။

သဘာဝအဆီဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားသုံးပါ

ကာဗိုဟိုက်ဒြိုက်နဲ့ အဆီဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားသုံးခြင်းက ဝိတ်တက်မြန်စေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ထမင်း၊ အစေ့အဆံများ၊ ဒိန်ချဉ်၊ ချိစ်၊ ထောပတ်သီး၊ ကြက်ဥ၊ ရွှေဖရုံစေ့နဲ့ နေကြာစေ့တို့ကို စားသုံးပေးလိုက်ပါ။

ကယ်လိုရီများတဲ့ အစားအစာလေးတွေ စားသုံးပေးပါ

ကိုယ်အလေးချိန် ကျချင်တဲ့သူတွေကတော့ ကယ်လိုရီနည်းနည်းပဲ စားသုံးသင့်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ဝိတ်တက်ချင်သူတွေကတော့ တစ်နေ့ကို ကယ်လိုရီ ၅၀၀ ခန့် စားသုံးသင့်ပါတယ်။

ပရိုတင်းဓာတ် များများ မှီဝဲပါ

သင့်ရဲ့ ကြွက်သားတွေက ပရိုတင်းဓာတ်တွေနဲ့ အများဆုံးဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ပရိုတင်းဓာတ် များများစားသုံးပေးခြင်းက အဆီတွေ တက်လာမယ့်အစား ကြွက်သားတွေ တက်လာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အဆီဓာတ်ကြွယ်ဝသော ငါးများ၊ အနီရောင် အသားများ၊ ဥအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အစေ့အဆံတို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ပရိုတင်း ဖြည့်စွက်စာတို့ကိုလည်း မှီဝဲပေးနိုင်ပါတယ်။

အားကစားပြုလုပ်ပါ

ကြွက်သားတွေ ကျစ်လျစ်ပြီး ကိုယ်အလေးချိန်တက်ဖို့အတွက်ဆိုရင် Gym သွားပြီး အလေးမတဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ တစ်ပတ်မှာ ၄ ရက်လောက် Gym သွားဆော့ပေးလိုက်ပါ။

အာလူးစားပါ

ဝိတ်တက်ချင်သူတွေအနေနဲ့ အာလူးကို နေ့တိုင်း စားသုံးပေးနိုင်ပါတယ်။ နေ့တိုင်းစားရမှာ ရိုးအီတယ်ဆိုရင်တော့ ၂ ရက်ခြားတစ်ခါ ၃ ရက်ခြားတစ်ခါ စားသုံးပေးနိုင်ပါတယ်။

နွားနို့မှန်မှန်သောက်ပါ

တစ်နေ့ကို နွားနို့တစ်ခွက် (သို့မဟုတ်) နွားနို့ နှစ်ခွက်သောက်သုံးပေးလိုက်ပါ။ ဒါပေမဲ့ နှစ်ခွက်ထက်ပိုပြီး မသောက်သုံးမိပါစေနဲ့။ ဒီနည်းလမ်းကလည်း ဝိတ်တက်ချင်သူတွေအတွက် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top