


Credit:Myo Myat Min
# Unicode Version # ဖြင့် ဖတ်ပါ #

စိတ္တဇဆေးရုံရှေ့မှာ  ကားတစီး ဘီးပေါက်သွားလို့ စပါယ်ယာဘီးနဲ့လဲပြီးတပ်နေတာ  ဘီးတွေဖြုတ်လဲပြီးလို့ ပြန်တပ်မယ့် အချိန်မှာ မူလီနတ်ခါင်းတွေအကုန်လုံး ရေမြောင်းအပေါက်ထဲကျကုန်လို့ တလုံးမှမကျန်တော့ဘူး။

ကားဆရာလည်း စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ပတ်ဝန်းကျင်မှာ အကူညီတောင်းဖို့ လိုက်ကြည့်နေ ချိန် ဆေးရုံထဲက စိတ်ဝေဒနာသည်တဦးက  ” ကျန်တဲ့ဘီးသုံးလုံးက နတ်ခေါင်း တလုံးစီဖြုတ်ပြီး စပါယ်ယာဘီးကို ပြန်တပ်လိုက်လေကွာ၊ ကားအပို ပစ္စည်းရောင်းတဲ့ဆိုင်ရောက် တဲ့ထိတော့ မောင်းသွားလို့ရပါတယ် ကွ ” ဆိုတော့  ကားဆရာလည်း သူပြောတဲ့ အတိုင်းလုပ်ပြီး ကျေးဇူးတင် စကားပြောတာပေါ့။

“ကျွန်တော် မတွေးမိတာကို ပြောပြပေးလို့  ကျေးဇူးအများကြီးတင်ပါတယ် ” ” ဒါပေမဲ့ ခင်ဗျားလို လူက ဒီလို စိတ္တဇ ဆေးရုံ ကို ရောက်နေတာ ကျွန်တော် ဘယ်လိုမှနားမလည်နိုင်ဘူး ဗျာ ” ဆိုတော့  ကျေးဇူးရှင် စိတ်ဝေဒနာသည်ပြန်ပြောတာက  “ဟ ! ငါက ရူးနေလို့သာ ဒီဆေးရုံရောက်လာတာ မင်းလိုတော့ ညဏ်မတုံးဘူး ကွ ”  တဲ့

ဖိုးသူတော် (www.phothutaw.com)
Credit:Myo Myat Min
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top