လြန္ခဲ့ေသာ ၁၀ႏွစ္ေက်ာ္ကာလမ်ားကေပါ့ဗ်ာ။ ဘဝရဲ့ တစ္ဆစ္ခ်ိဳးအေကြ႕ေလးမွာ ၾကဳံေတြ႕ ခဲ့တာေလးေတြကို ေပတ စာဖတ္ပရိတ္သတ္ၾကီးကို ေဝမ်ွခ်င္တာေလးပါ။ အဲဒီတုန္းကေပါ့ဗ်ာ မေလးရွားႏိုင္ငံရဲ့ ကြာလမ္လမ္ပူကေန တစ္နာရီ သာသာ ကားေမာင္းသြားရင္ေရာက္တဲ့ ကာဂ်န္း(Kajang) ဆိုတဲ့ ျမိဳ႕ေလးတစ္ျမိဳ႕ကို ေရာက္ခဲ့ဖူးတယ္။

အဲဒီ႕ျမိဳ႕ေလးမွာ ဆြန္ဂိုင္းေခ်ာက္ ဆိုတဲ့ ရပ္ကြက္ကေလးကို အလုပ္လုပ္ဖို႕အသြားမွာေပါ့ဗ်ာ။ ဇာတ္လမ္းက အဲဒီမွာ စတာပဲဗ်။ အဲဒီ႕မွာ ညအိပ္ဖို႕ အေၾကာင္းဖန္လာတယ္ဗ်ာ။ တကယ္က ကြၽန္ေတာ္တို႕အားလုံး ပို႕ဒဇင္ ကမ္းေျခ (PD) မွာသြားျပီးေတာ့ အလုပ္လုပ္ဖို႕ခရီးဆက္ရမွာဗ်။

ဒါေပမယ္႕ လာေခၚမယ္႕ မန္ေနဂ်ာက ေနာက္သုံးရက္ေလာက္မွအားတာရယ္၊ အတူတူ သြားလုပ္ရမယ္႕ တျခားသူေတြ ကိုေစာင္႕ရမွာရယ္က ဆြန္ဂိုင္းေခ်ာက္မွာ ၄ညေလာက္အိပ္ဖို႕ ျဖစ္လာတယ္ဗ်ာ။

ေအာ္ ကြၽန္ေတာ္တို႕အားလုံးဆိုလို႕ ဆြန္ဂိုင္းေခ်ာက္ကို ေရာက္ေတာ့ ကြၽန္ေတာ္အပါအဝင္ တျခားျမန္မာ လူမ်ိဳး ႏွစ္ေယာက္ရယ္ပါ။ ကြၽန္ေတာ္ရယ္၊ ေတာင္ေပၚသားေလး ကိုစိုင္းရယ္၊ သရဲဆိုရင္ အင္မတန္ ေၾကာက္တတ္တဲ့ ဆင္တဲ သား ၾကည္မိုး (ေခၚ) ကပၸလီမ တို႕ေပါ့ဗ်ာ။

ပထမညမွာ ဆြန္ဂိုင္းေခ်ာက္ကို ေရာက္ေတာ့ ကြၽန္ေတာ္တို႕ကို ခဏတည္းဖို႕ သူေဌးက စားေသာက္ဆိုင္အေပၚထပ္မွာ ေပးေနတယ္ဗ်။ ေျပာရအံုးမယ္ အဲဒီ စားေသာက္ဆိုင္က ပိတ္ ထားတာဗ်။

 ေအာက္ထပ္မွာ ဘယ္သူမွမသုံး၊ မေနပဲနဲ႕ ဖံုေတြ၊ စားပြဲခုံေဟာင္းေတြကို မလံုတဲ့ တံခါးၾကားက အတိုင္းသားေတာ့ ျမင္ေန ရတယ္ေလ။ အေပၚထပ္မွာေတာ့ အခန္းကေဟာတိုက္ ပံုစံေပါ့ဗ်ာ။ ေအာက္ထပ္ေလွကားကေန တက္လာရင္ ၾကားမွာ တံခါးေလးတစ္ခ်ပ္ပဲျခား တယ္ဗ်ာ။

ေရာက္ေရာက္ျခင္းညကအိပ္မယ္လုပ္ေတာ့ ဒီလိုဘဲသုံးေယာက္ နံရံကို ေခါင္းထား အဝင္ေလွကားဖက္ကို ေျခဆင္းျပီး အိပ္မယ္ေပါ့ဗ်ာ။ အဲဒီမွာ ၾကည္မိုး (ေခၚ) ကပၸလီမက သူက ကြၽန္ေတာ္တို႕ ႏွစ္ေယာက္ၾကား အလယ္မွာသူ အိပ္ပါရေစဆိုျပီး အဆိုတင္သြင္းလာေလရဲ့။

ကြၽန္ေတာ္တို႕လည္း ဪ၊ ေအး အိပ္ခ်င္လည္း အိပ္ေပါ့ကြာဆိုျပီး ေမာေမာနဲ႕ ခရီးပန္းျပီးေတာ့အိပ္လိုက္တာ သိုးလို႕ မနက္မွႏိုးတယ္ဗ်ာ။ ညကလူသံသဲ့သဲ့ေတာ့ ၾကားတယ္။ ဒါေပမယ္႕စိတ္ထဲမွာ ေဘးအိမ္ေတြက အသံေတြပဲလို႕ ထင္မိ တာေပါ့ေနာ္။

ဒါနဲ႕ မိုးလင္းေတာ့ လဘႅက္ရည္ဆိုင္မွာဝါးတီးသြားဆြဲၾကတယ္ဗ်ာ။ အဲဒီမွာ စားလို႕အေတာ္ ေလးေကာင္း ေနေတာ့မွ ၾကည္မိုး (ေခၚ) ကပၸလီမက ေဟ့ေရာင္ေတြ ဟာဘာေတြလည္း ငါ့ကိုယ္မွာဆိုျပီးေတာ့ သူ႕ခႏၵာကိုယ္က အနီကြက္ေတြထေနတာမ်ားဗ်ာ မ်က္ႏွာမွာလည္းရွိရဲ့ မသိရင္ လူတစ္ေယာက္ေယာက္က ပါးစပ္နဲ႕ တစ္ကိုယ္လုံး အႏွံ႕လိုက္စုတ္ခံထားရသလို ပံုစံမ်ိဳးနဲ႕ ပါးစပ္ရာဆန္ဆန္ေတြ ေတြ႕ရတယ္ဗ်ာ။

ကြၽန္ေတာ္လည္း ဟာ မင္းကိုယ္က အလတ္ဂ်စ္ (အင္ျပင္) ထြက္တာေနမွာပါကြာဆိုျပီးေတာ့ သူ အလတ္ဂ်စ္ထြက္တာ လို႕ပဲ ထင္မိတယ္ဗ်ာ။ ကိုစိုင္းလည္း ကြၽန္ေတာ္ထင္သလိုပဲထင္တယ္ေပါ့ဗ်ာ။ ကြၽန္ေတာ္တို႕ႏွစ္ေယာက္လုံးကလည္း အလတ္ဂ်စ္ (အင္ျပင္)သမားေတြဗ်။

အရက္ကေလးမ်ားနဲနဲ မေသာက္လိုက္နဲ႕ ေသာက္မိရင္ တစ္ကိုယ္လုံး ကို နီရဲေန တဲ့လူစားမ်ိဳးေတြဗ်။ ဒီလိုနဲ႕ တစ္ေနကုန္ ေန႕လည္ေလွ်ာက္လည္ရင္းနဲ႕ မုန္႕စား၊ ဓာတ္ပံု႐ိုက္နဲ႕ ညက ကိစၥကို ေမ႕ေမ႕ ေပ်ာက္ေပ်ာက္နဲ႕ေပါ့ဗ်ာ။

ဒါနဲ႕ညေရာက္လာေတာ့ အိပ္မယ္ေပါ့ဗ်ာ ၾကည္မိုး (ေခၚ) ကပၸလီမ ထုံးစံအတိုင္းအလယ္ ကေပါ့ဗ်ာ။ အဲဒီ႕ဒုတိယညမွာ ကြၽန္ေတာ္လည္း ေရွ႕ေရး၊ ေနာက္ေရးေတြ စဥ္းစားမိရင္း ည ဘက္ေတာ္ေတာ္နဲ႕ မအိပ္ေပ်ာ္ ဖူးဗ်။ ညလည္ေလာက္မွ ေမွးကနဲတစ္ခ်က္ျဖစ္သြားတယ္။

ခဏပဲ ဆတ္ကနဲျပန္ႏိုးလာတာကိုးဗ်။ အဲဒီမွာ ေအာက္ထပ္ ကေန အေပၚထပ္ကို တက္လာ တဲ့ ေျခသံကိုစၾကားရတယ္ဗ်။

ညဘက္ ၁၂ခြဲေလာက္ လူေျခတိတ္တဲ့အခ်ိန္ ဆိုေတာ့ ေျခသံ ၾကီးက အတိုင္းသားၾကီးၾကားေနရတယ္ဗ်။ ေျခသံက လူတစ္ေယာက္ ေအာက္ထပ္ကေန မွန္မွန္ၾကီးတက္လာေနတဲ့ ေျခသံဗ်။

တံခါးနားေရာက္ေတာ့ ေျခသံမၾကားရေတာ့ဖူးဗ်။ ခဏေလာက္ေနေတာ့ ျပန္ဆင္းသြားတဲ့ ေျခသံၾကီးကို အတိုင္းသားၾကီးၾကားေနရတယ္ဗ်။ ကြၽန္ေတာ္လည္း ဟိုလူေတြကို ၾကည့္လိုက္ေတာ့ ကိုစိုင္းကႏိုးေနတယ္ဗ်။ ကြၽန္ေတာ့ကို မ်က္ခုံးပင့္ျပတယ္။

ဘယ္လိုလဲ ဆိုတဲ့သေဘာေပါ့ဗ်ာ။ ကြၽန္ေတာ္ လည္း လမ္းေပၚက အိမ္မွားလာတဲ့ အရက္မူးသမားတစ္ေယာက္ေယာက္ လို႕ထင္မိတယ္လို႕၊ ကပၸလီမကေတာ့ ကြၽန္ေတာ္ တို႕ႏွစ္ေယာက္ၾကားမွာ အိပ္ေနတာမ်ား ေဟာက္သံသဲ႕သဲ့ေတာင္ထြက္လို႕ဗ်ာ။

ဒါနဲ႕မိုးလင္းေတာ့ ထိုင္ေနက် လဘႅက္ရည္ဆိုင္မွာ ထိုင္ရင္းညကေျခသံေတြအေၾကာင္းေျပာမိတယ္။ ခဏေလာက္ေနေတာ့ ကိုစိုင္းက ဟာဆိုျပီး ဟိုေကာင္ကပၸလီမရဲ့ မ်က္ႏွာကိုၾကည့္ျပီး အံ့အားသင့္သြားတယ္။

ကြၽန္ေတာ္လည္း သူ႕မ်က္ႏွာကို ၾကည့္လိုက္ေတာ့ အပ္ခ်ဖို႕ေနရာလပ္မရွိေအာင္ကို အနီကြက္ေတြနဲ႕ဗ်ာ။ သူ႕ ခႏၵာကိုယ္မွာလည္း မေန႕ကထက္ ပိုဆိုး တယ္ဗ်။ နီရဲေရာင္ကိုင္းေနတာပဲ။ ကပၸလီမလည္း သူ႕ကိုယ္သူျပန္ၾကည့္ျပီးေတာ့ မ်က္စိ မ်က္ႏွာပ်က္ေနတုန္း လဘႅက္ ရည္ဆိုင္ပိုင္ရွင္ ထြက္လာျပီးေတာ့ ကြၽန္ေတာ့တို႕နဲ႕ လာမိတ္ ဆက္ရင္း၊ မင္းတို႕ဘယ္မွာေနလဲ ေမးေတာ့ ၊ ေနာက္ႏွစ္ လမ္းေက်ာ္က စားေသာက္ ဆိုင္ေဟာင္းအေပၚထပ္ေပါ့ဆိုေတာ့။ ဟာ မင္းတို႕မေၾကာက္ဖူးလား အဲဒီမွာ (အန္သူ႕ အဒါး) သူရဲရွိတယ္တဲ႕။

ကပၸလီမကေတာ့ မေလး လိုေျပာတာကိုနားမလည္လိုက္လို႕ ဘာမွမသိရွာဖူး။ ကိုစိုင္းကေတာ့မ်က္ႏွာက ပ်က္ လာျပီ။ ဒီလိုနဲ႕ညေရာက္လာေတာ့ ကိုစိုင္းနဲ႕ကြၽန္ေတာ္စကားေျပာျဖစ္တယ္။ ကပၸလီမကိုေတာ့ မေျပာနဲ႕ေပါ့ေနာ္။

သူရဲရွိတယ္ ဘာညာဆိုရင္ ညဘက္ၾကီး ေသြးပ်က္ျပီးေတာ့ထြက္ေျပးသြားမွာစိုးရတယ္ေပါ့။ ျပီးေတာ့ညကေျခသံဟာ သူခိုးလား၊ တို႕ကိုဒုကၡေပးမယ္႕သူလားဆို ေစာင္႕ၾကည့္ရမယ္ေပါ့ဗ်ာ။ မိရင္ေတာ့ေကာင္းေကာင္းတီးလြတ္မယ္ေပါ့ဗ်ာ။

အဲဒါနဲ႕ သုံးေယာက္ သားတိုင္ပင္ျပီးေတာ့ ဒီညမအိပ္ဖူးေပါ့ဗ်ာ။ ေစာင္႕မယ္ေပါ့။ မလာမခ်င္းေပါ့ ဗ်ာ။ ေျပာရအံုးမယ္ ကြၽန္ေတာ္တို႕ သုံးေယာက္မွာ ကိုစိုင္းက ဖိုက္တာဗ်။ သူက ရွမ္းသိုင္းကို ၂ဝိုင္း၊ ၃ဝိုင္း ထြက္ထားတာဆိုေတာ့ ေတာ္႐ံုလူ သံုး၊ေလးေယာက္ေလာက္ေတာ့ မမူတဲ့အ စားထဲ ကဗ်။

ကြၽန္ေတာ္နဲ႕ ကပၸလီမကလည္း ရန္ပြဲဆိုရင္ လက္သြက္သြက္ အစားထဲကဗ်။ ကပၸလီမကေတာ့ ခြၽင္းခ်က္ လူကိုခ်ရဲေပမယ္႕ သူရဲေတာ့ အလြန္ေၾကာက္အစားထဲကေပါ့ဗ်ာ။

ကြၽန္ေတာ္တို႕ရဲ့ အၾကံက ညဘက္တက္လာတဲ့သူမွာ တံခါးေသာ့ရွိရမယ္။ အဲဒီေကာင္ ငါတို႕ အိပ္ေနတုံး ပစၥည္းကို ခိုး မယ္လို႕ ဒါမွမဟုတ္ တို႕ကိုဒုကၡေပးမယ္႕သူလို႕ ထင္ထားတာကို ဗ်။ ဒါနဲ႕ဟုတ္ျပီ အဲဒီေကာင္ဝင္လာရင္ ငါတို႕ဘယ္လိုမ်ိဳး ေဆာ္ပေလာ္တီးမလဲေပါ့ဗ်ာ။

အဲဒီမွာ သိုင္းဆရာၾကီး ကိုစိုင္းက အၾကံျပဳလာတယ္။ ငါတို႕ သိုင္းပညာမွာ အလစ္အငိုက္ ခ်က္ေကာင္း ကို အပိုင္တြယ္ရတယ္ေပါ့ဗ်ာ။ ဒီေကာင္ ညဘက္ၾကီးဝင္လာမွေတာ့မညႇာနဲ႕ တီးျပစ္၊ ဘာ ညာေပါ့ဗ်ာ။

ဒါနဲ႕ ကြၽန္ေတာ္တို႕ဇတ္တိုက္ထားတာကေတာ့ သုံးေယာက္လုံး မအိပ္ပဲနဲ႕ ေစာင္တစ္ခု မွာေပါင္းျပီးျခံဳအိပ္မယ္။ မအိပ္ပဲ ေစာင္႕မယ္။ ေစာင္ထဲမွာလည္း တုတ္ကိုယ္စီနဲ႕ေပါ့ဗ်ာ။ အကယ္၍တစ္ေယာက္ေယာက္ အိပ္ေပ်ာ္သြားရင္ လက္ကုပ္ျပီး ေတာ့ ႏိုးေၾကးေပါ့ေနာ္။ မီးလည္းဖြင့္ထားမယ္ေပါ့။

ဟိုေကာင္ဝင္လာရင္ သုံးေယာက္လုံးတစ္ေယာက္လက္ကို တစ္ေယာက္ ၃ခ်က္တိတိကုပ္ျပီးေတာ့ ေစာင္ကို သံုးေယာက္ျပိဳင္တူခြါျပီးေတာ့ ေဟး လို႕ေအာ္ရင္း ဝိုင္း႐ိုက္မယ္ေပါ့ဗ်ာ။ အဟဲ ကိုယ္ အၾကံ နဲ႕ ကိုယ္ေတာ့ ျဖဴးေနတာပဲ။ ဒီလိုနဲ႕ ညဘက္ၾကေတာ့ လာႏိုးႏိုးနဲ႕ ေစာင္႕ေနရင္ ေမွးသြားရင္ တစ္ေယာက္နဲ႕ တစ္ေယာက္ လက္ ကုပ္ေပါ့ဗ်ာ။ ဒါနဲ႕ စိတ္တထင့္ထင့္နဲ႕ ေစာင္႕ေနတုံး ၁၂ နာရီေက်ာ္ေက်ာ္ ေလာက္လဲက်ေရာ …… ။

 ေဒါက္၊ ေဒါက္၊ ေဒါက္ ေဟာ အသံေတာ့စၾကား ရျပီ ။ ေျခသံက ေလွကားကေန တက္လာေနသံဗ်။ မေန႕ကအတိုင္းပဲ။ ကြၽန္ေတာ္တို႕လည္း လက္ကုပ္ျပီးေတာ့အခ်က္ေပးက်ေပါ့။ ၾကားလား။ ၾကားတယ္ေပါ့။ ေျခသံကေလွကားထိပ္ တံခါးဝနားမွာ ရပ္သြားတယ္။

ဘာလို႕လည္းမသိဖူး တံခါးဖြင့္သံကို မၾကားလိုက္ရဖူး ဒါေပမယ္႕ လူတစ္ေယာက္ ကြၽန္ေတာ္တို႕ေျခေထာက္နားမွာ လာျပီး ေတာ့ မတ္တပ္ရပ္ျပီးလာငုံု႕ၾကည့္ေနတယ္လို႕ စိတ္ကေန ခံစားလာရတယ္။ ကြၽန္ေတာ္တို႕ အားလုံးလည္း သတိ ရွိရွိနဲ႕ ေဟာတစ္ခ်က္ လက္ကုပ္၊ ႏွစ္ခ်က္၊ သုံးခ်က္ လည္းေရာက္ေရာ ေဟးဆိုျပီးေအာ္ ရင္း ေစာင္ကိုခြါျပီး တုတ္ကိုယ္စီနဲ႕ ဝိုင္း႐ိုက္ဖို႕ ရန္သူကိုၾကည့္လိုက္မိတယ္။

ကြၽန္ေတာ္တို႕ထင္မိတာက ရန္သူက ေျခရင္းဘက္မွာေပါ့ေနာ္။ လားလား ကြၽန္ေတာ္တို႕ေခါင္းေပၚမွာ ေရာက္ေနတာဗ်။ အတိအက်ေျပာရရင္ ကပၸလီမရဲ့ မ်က္ႏွာတဲ့တဲ့အေပၚမွာဗ်ာ။

မ်က္ႏွာကတစ္သက္မေမ႕ႏိုင္စရာၾကီးဗ်ာ။ အသက္ၾကီး ၾကီးမိန္းမ တစ္ေယာက္ရဲ့မ်က္ႏွာမ်ိဳးဗ်။ ဒါေပမယ္႕ မ်က္လုံး၊ ႏွာေခါင္း၊ အဲဒါေတြက ခပ္ေရးေရး ပဲဗ်။ ဆံပင္ရွည္ရွည္နဲ႕ဗ်ာ။ ေစာေစာကေျပာသလိုမ်ိဳး ကြၽန္ေတာ္တို႕ က ေဟးဆိုျပီး ေအာ္ရင္းထ လိုက္က်ေတာ့ သူလည္းခဏေတာ့ ေၾကာင္ ၾကည့္ေနေသးတယ္ဗ်။

ကြၽန္ေတာ္နဲ႕၊ ကိုစိုင္းလည္း တုတ္နဲ႕ အားပါးတရ လႊဲ႐ိုက္လိုက္ေတာ့ ခံစားမိတာက ဖြယ္တယ္တယ္ ေပ်ာ့စိစိနဲ႕ ဟိုေခါင္းအံုး ထက္ပိုေပ်ာ့တဲ့ သားေရ အစားမ်ိဳး ဗ်ာ။ ခဏပဲ အဲဒီဟာၾကီး ဒုန္းဒုန္းဆိုျပီးေတာ့ ေနာက္ျပန္ လွည့္ေျပးေရာဗ်ာ။

 ကြၽန္ေတာ္နဲ႕ ကိုစိုင္းလည္း ေရာင္ေတာင္ ေပါင္ေတာင္နဲ႕ ေနာက္ကေန တုတ္နဲ႕လိုက္႐ိုက္မိ တယ္ဗ်။ တံခါးဝနားေရာက္ေတာ့ မိျပီအေသပဲဆိုျပီး အားရပါးရ လႊဲ႐ိုက္ လိုက္တာ လားလား ဒုံး၊ခြမ္းဆိုျပီး တံခါးကိုပဲ႐ိုက္မိတယ္ဗ်။

ဟိုေကာင္ၾကီးေတာ့လစ္ျပီ။ ကြၽန္ေတာ္နဲ႕ ကိုစိုင္းလည္း ခဏေတာ့ ေၾကာင္ေနမိေသးတယ္ဗ်။ ေနာက္မွေသခ်ာၾကည့္မိ ေတာ့ အခန္းတံခါးက ပိတ္ရက္ သားၾကီးဗ်။ တံခါးကိုဘယ္လိုလူကေဖာက္ဝင္လို႕ရမွာလဲ၊ ဒါ သူရဲဆိုျပီး ကပၸလီမ ကေတာ့ သတိ တက္တခ်က္၊ ရတခ်က္နဲ႕ မနဲကိုေျခမခ်ိဳးျပီး ႏွာႏွပ္ယူထားရတယ္။

ကြၽန္ေတာ္ နဲ႕ ကိုစိုင္းလည္း ၾကက္သိမ္းေတြထ အခုမွေၾကာက္စိတ္ဝင္ျပီး တုတ္ကိုယ္စီကိုင္ရင္း မ်က္လုံးေၾကာင္ေတာင္နဲ႕ မနက္မိုးလင္းခဲ့ရတာေပါ့ဗ်ာ။ မနက္မိုးလင္း ေတာ့ သူေဌးကိုဖုံးဆက္ ငါတို႕ဒီမွာမေနႏိုင္ေတာ့ဖူး သူရဲေခ်ာက္တယ္ေပါ့ဗ်ာ။

သိပ္မၾကာဖူး သူေဌးရဲ့ညီေရာက္လာတယ္။ မ်က္ႏွာက စပ္ျဖဲျဖဲနဲ႕။ ေတာ္ေတာ္ေသာက္က်င့္ မေကာင္တဲ့ေကာင္ေတြဗ်ာ၊ ေနာက္မွသိရတာက အဲဒီအေပၚထပ္မွာ ဘယ္သူမွ မေနရဲေၾကာင္း၊ သူစိမ္းဆိုရင္ ပိုေနွေျခာတ္ေၾကာင္း၊ စုန္းစုပ္တတ္ေၾကာင္းေတြပါ။

 ကြၽန္ေတာ္တို႕ လည္းအဲဒိ ညေနပဲ မန္ေနဂ်ာလာေခၚလို႕ ပို႕ဒဇင္ကမ္းေျခ (PD)ကို ခရီးဆက္ခဲ့ရပါေတာ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မူရင္းေရးသားသူ
# Unicode Version # ျဖင့္ ဖတ္ပါ #

လွန်ခဲ့သော ၁၀နှစ်ကျော်ကာလများကပေါ့ဗျာ။ ဘဝရဲ့ တစ်ဆစ်ချိုးအကွေ့လေးမှာ ကြုံတွေ့ ခဲ့တာလေးတွေကို ပေတ စာဖတ်ပရိတ်သတ်ကြီးကို ဝေမျှချင်တာလေးပါ။ အဲဒီတုန်းကပေါ့ဗျာ မလေးရှားနိုင်ငံရဲ့ ကွာလမ်လမ်ပူကနေ တစ်နာရီ သာသာ ကားမောင်းသွားရင်ရောက်တဲ့ ကာဂျန်း(Kajang) ဆိုတဲ့ မြို့လေးတစ်မြို့ကို ရောက်ခဲ့ဖူးတယ်။

အဲဒီ့မြို့လေးမှာ ဆွန်ဂိုင်းချောက် ဆိုတဲ့ ရပ်ကွက်ကလေးကို အလုပ်လုပ်ဖို့အသွားမှာပေါ့ဗျာ။ ဇာတ်လမ်းက အဲဒီမှာ စတာပဲဗျ။ အဲဒီ့မှာ ညအိပ်ဖို့ အကြောင်းဖန်လာတယ်ဗျာ။ တကယ်က ကျွန်တော်တို့အားလုံး ပို့ဒဇင် ကမ်းခြေ (PD) မှာသွားပြီးတော့ အလုပ်လုပ်ဖို့ခရီးဆက်ရမှာဗျ။

ဒါပေမယ့် လာခေါ်မယ့် မန်နေဂျာက နောက်သုံးရက်လောက်မှအားတာရယ်၊ အတူတူ သွားလုပ်ရမယ့် တခြားသူတွေ ကိုစောင့်ရမှာရယ်က ဆွန်ဂိုင်းချောက်မှာ ၄ညလောက်အိပ်ဖို့ ဖြစ်လာတယ်ဗျာ။

အော် ကျွန်တော်တို့အားလုံးဆိုလို့ ဆွန်ဂိုင်းချောက်ကို ရောက်တော့ ကျွန်တော်အပါအဝင် တခြားမြန်မာ လူမျိုး နှစ်ယောက်ရယ်ပါ။ ကျွန်တော်ရယ်၊ တောင်ပေါ်သားလေး ကိုစိုင်းရယ်၊ သရဲဆိုရင် အင်မတန် ကြောက်တတ်တဲ့ ဆင်တဲ သား ကြည်မိုး (ခေါ်) ကပ္ပလီမ တို့ပေါ့ဗျာ။

ပထမညမှာ ဆွန်ဂိုင်းချောက်ကို ရောက်တော့ ကျွန်တော်တို့ကို ခဏတည်းဖို့ သူဌေးက စားသောက်ဆိုင်အပေါ်ထပ်မှာ ပေးနေတယ်ဗျ။ ပြောရအုံးမယ် အဲဒီ စားသောက်ဆိုင်က ပိတ် ထားတာဗျ။

 အောက်ထပ်မှာ ဘယ်သူမှမသုံး၊ မနေပဲနဲ့ ဖုံတွေ၊ စားပွဲခုံဟောင်းတွေကို မလုံတဲ့ တံခါးကြားက အတိုင်းသားတော့ မြင်နေ ရတယ်လေ။ အပေါ်ထပ်မှာတော့ အခန်းကဟောတိုက် ပုံစံပေါ့ဗျာ။ အောက်ထပ်လှေကားကနေ တက်လာရင် ကြားမှာ တံခါးလေးတစ်ချပ်ပဲခြား တယ်ဗျာ။

ရောက်ရောက်ခြင်းညကအိပ်မယ်လုပ်တော့ ဒီလိုဘဲသုံးယောက် နံရံကို ခေါင်းထား အဝင်လှေကားဖက်ကို ခြေဆင်းပြီး အိပ်မယ်ပေါ့ဗျာ။ အဲဒီမှာ ကြည်မိုး (ခေါ်) ကပ္ပလီမက သူက ကျွန်တော်တို့ နှစ်ယောက်ကြား အလယ်မှာသူ အိပ်ပါရစေဆိုပြီး အဆိုတင်သွင်းလာလေရဲ့။

ကျွန်တော်တို့လည်း ဪ၊ အေး အိပ်ချင်လည်း အိပ်ပေါ့ကွာဆိုပြီး မောမောနဲ့ ခရီးပန်းပြီးတော့အိပ်လိုက်တာ သိုးလို့ မနက်မှနိုးတယ်ဗျာ။ ညကလူသံသဲ့သဲ့တော့ ကြားတယ်။ ဒါပေမယ့်စိတ်ထဲမှာ ဘေးအိမ်တွေက အသံတွေပဲလို့ ထင်မိ တာပေါ့နော်။

ဒါနဲ့ မိုးလင်းတော့ လဘ္လက်ရည်ဆိုင်မှာဝါးတီးသွားဆွဲကြတယ်ဗျာ။ အဲဒီမှာ စားလို့အတော် လေးကောင်း နေတော့မှ ကြည်မိုး (ခေါ်) ကပ္ပလီမက ဟေ့ရောင်တွေ ဟာဘာတွေလည်း ငါ့ကိုယ်မှာဆိုပြီးတော့ သူ့ခန္ဒာကိုယ်က အနီကွက်တွေထနေတာများဗျာ မျက်နှာမှာလည်းရှိရဲ့ မသိရင် လူတစ်ယောက်ယောက်က ပါးစပ်နဲ့ တစ်ကိုယ်လုံး အနှံ့လိုက်စုတ်ခံထားရသလို ပုံစံမျိုးနဲ့ ပါးစပ်ရာဆန်ဆန်တွေ တွေ့ရတယ်ဗျာ။

ကျွန်တော်လည်း ဟာ မင်းကိုယ်က အလတ်ဂျစ် (အင်ပြင်) ထွက်တာနေမှာပါကွာဆိုပြီးတော့ သူ အလတ်ဂျစ်ထွက်တာ လို့ပဲ ထင်မိတယ်ဗျာ။ ကိုစိုင်းလည်း ကျွန်တော်ထင်သလိုပဲထင်တယ်ပေါ့ဗျာ။ ကျွန်တော်တို့နှစ်ယောက်လုံးကလည်း အလတ်ဂျစ် (အင်ပြင်)သမားတွေဗျ။

အရက်ကလေးများနဲနဲ မသောက်လိုက်နဲ့ သောက်မိရင် တစ်ကိုယ်လုံး ကို နီရဲနေ တဲ့လူစားမျိုးတွေဗျ။ ဒီလိုနဲ့ တစ်နေကုန် နေ့လည်လျှောက်လည်ရင်းနဲ့ မုန့်စား၊ ဓာတ်ပုံရိုက်နဲ့ ညက ကိစ္စကို မေ့မေ့ ပျောက်ပျောက်နဲ့ပေါ့ဗျာ။

ဒါနဲ့ညရောက်လာတော့ အိပ်မယ်ပေါ့ဗျာ ကြည်မိုး (ခေါ်) ကပ္ပလီမ ထုံးစံအတိုင်းအလယ် ကပေါ့ဗျာ။ အဲဒီ့ဒုတိယညမှာ ကျွန်တော်လည်း ရှေ့ရေး၊ နောက်ရေးတွေ စဉ်းစားမိရင်း ည ဘက်တော်တော်နဲ့ မအိပ်ပျော် ဖူးဗျ။ ညလည်လောက်မှ မှေးကနဲတစ်ချက်ဖြစ်သွားတယ်။

ခဏပဲ ဆတ်ကနဲပြန်နိုးလာတာကိုးဗျ။ အဲဒီမှာ အောက်ထပ် ကနေ အပေါ်ထပ်ကို တက်လာ တဲ့ ခြေသံကိုစကြားရတယ်ဗျ။

ညဘက် ၁၂ခွဲလောက် လူခြေတိတ်တဲ့အချိန် ဆိုတော့ ခြေသံ ကြီးက အတိုင်းသားကြီးကြားနေရတယ်ဗျ။ ခြေသံက လူတစ်ယောက် အောက်ထပ်ကနေ မှန်မှန်ကြီးတက်လာနေတဲ့ ခြေသံဗျ။

တံခါးနားရောက်တော့ ခြေသံမကြားရတော့ဖူးဗျ။ ခဏလောက်နေတော့ ပြန်ဆင်းသွားတဲ့ ခြေသံကြီးကို အတိုင်းသားကြီးကြားနေရတယ်ဗျ။ ကျွန်တော်လည်း ဟိုလူတွေကို ကြည့်လိုက်တော့ ကိုစိုင်းကနိုးနေတယ်ဗျ။ ကျွန်တော့ကို မျက်ခုံးပင့်ပြတယ်။

ဘယ်လိုလဲ ဆိုတဲ့သဘောပေါ့ဗျာ။ ကျွန်တော် လည်း လမ်းပေါ်က အိမ်မှားလာတဲ့ အရက်မူးသမားတစ်ယောက်ယောက် လို့ထင်မိတယ်လို့၊ ကပ္ပလီမကတော့ ကျွန်တော် တို့နှစ်ယောက်ကြားမှာ အိပ်နေတာများ ဟောက်သံသဲ့သဲ့တောင်ထွက်လို့ဗျာ။

ဒါနဲ့မိုးလင်းတော့ ထိုင်နေကျ လဘ္လက်ရည်ဆိုင်မှာ ထိုင်ရင်းညကခြေသံတွေအကြောင်းပြောမိတယ်။ ခဏလောက်နေတော့ ကိုစိုင်းက ဟာဆိုပြီး ဟိုကောင်ကပ္ပလီမရဲ့ မျက်နှာကိုကြည့်ပြီး အံ့အားသင့်သွားတယ်။

ကျွန်တော်လည်း သူ့မျက်နှာကို ကြည့်လိုက်တော့ အပ်ချဖို့နေရာလပ်မရှိအောင်ကို အနီကွက်တွေနဲ့ဗျာ။ သူ့ ခန္ဒာကိုယ်မှာလည်း မနေ့ကထက် ပိုဆိုး တယ်ဗျ။ နီရဲရောင်ကိုင်းနေတာပဲ။ ကပ္ပလီမလည်း သူ့ကိုယ်သူပြန်ကြည့်ပြီးတော့ မျက်စိ မျက်နှာပျက်နေတုန်း လဘ္လက် ရည်ဆိုင်ပိုင်ရှင် ထွက်လာပြီးတော့ ကျွန်တော့တို့နဲ့ လာမိတ် ဆက်ရင်း၊ မင်းတို့ဘယ်မှာနေလဲ မေးတော့ ၊ နောက်နှစ် လမ်းကျော်က စားသောက် ဆိုင်ဟောင်းအပေါ်ထပ်ပေါ့ဆိုတော့။ ဟာ မင်းတို့မကြောက်ဖူးလား အဲဒီမှာ (အန်သူ့ အဒါး) သူရဲရှိတယ်တဲ့။

ကပ္ပလီမကတော့ မလေး လိုပြောတာကိုနားမလည်လိုက်လို့ ဘာမှမသိရှာဖူး။ ကိုစိုင်းကတော့မျက်နှာက ပျက် လာပြီ။ ဒီလိုနဲ့ညရောက်လာတော့ ကိုစိုင်းနဲ့ကျွန်တော်စကားပြောဖြစ်တယ်။ ကပ္ပလီမကိုတော့ မပြောနဲ့ပေါ့နော်။

သူရဲရှိတယ် ဘာညာဆိုရင် ညဘက်ကြီး သွေးပျက်ပြီးတော့ထွက်ပြေးသွားမှာစိုးရတယ်ပေါ့။ ပြီးတော့ညကခြေသံဟာ သူခိုးလား၊ တို့ကိုဒုက္ခပေးမယ့်သူလားဆို စောင့်ကြည့်ရမယ်ပေါ့ဗျာ။ မိရင်တော့ကောင်းကောင်းတီးလွတ်မယ်ပေါ့ဗျာ။

အဲဒါနဲ့ သုံးယောက် သားတိုင်ပင်ပြီးတော့ ဒီညမအိပ်ဖူးပေါ့ဗျာ။ စောင့်မယ်ပေါ့။ မလာမချင်းပေါ့ ဗျာ။ ပြောရအုံးမယ် ကျွန်တော်တို့ သုံးယောက်မှာ ကိုစိုင်းက ဖိုက်တာဗျ။ သူက ရှမ်းသိုင်းကို ၂ဝိုင်း၊ ၃ဝိုင်း ထွက်ထားတာဆိုတော့ တော်ရုံလူ သုံး၊လေးယောက်လောက်တော့ မမူတဲ့အ စားထဲ ကဗျ။

ကျွန်တော်နဲ့ ကပ္ပလီမကလည်း ရန်ပွဲဆိုရင် လက်သွက်သွက် အစားထဲကဗျ။ ကပ္ပလီမကတော့ ချွင်းချက် လူကိုချရဲပေမယ့် သူရဲတော့ အလွန်ကြောက်အစားထဲကပေါ့ဗျာ။

ကျွန်တော်တို့ရဲ့ အကြံက ညဘက်တက်လာတဲ့သူမှာ တံခါးသော့ရှိရမယ်။ အဲဒီကောင် ငါတို့ အိပ်နေတုံး ပစ္စည်းကို ခိုး မယ်လို့ ဒါမှမဟုတ် တို့ကိုဒုက္ခပေးမယ့်သူလို့ ထင်ထားတာကို ဗျ။ ဒါနဲ့ဟုတ်ပြီ အဲဒီကောင်ဝင်လာရင် ငါတို့ဘယ်လိုမျိုး ဆော်ပလော်တီးမလဲပေါ့ဗျာ။

အဲဒီမှာ သိုင်းဆရာကြီး ကိုစိုင်းက အကြံပြုလာတယ်။ ငါတို့ သိုင်းပညာမှာ အလစ်အငိုက် ချက်ကောင်း ကို အပိုင်တွယ်ရတယ်ပေါ့ဗျာ။ ဒီကောင် ညဘက်ကြီးဝင်လာမှတော့မညှာနဲ့ တီးပြစ်၊ ဘာ ညာပေါ့ဗျာ။

ဒါနဲ့ ကျွန်တော်တို့ဇတ်တိုက်ထားတာကတော့ သုံးယောက်လုံး မအိပ်ပဲနဲ့ စောင်တစ်ခု မှာပေါင်းပြီးခြုံအိပ်မယ်။ မအိပ်ပဲ စောင့်မယ်။ စောင်ထဲမှာလည်း တုတ်ကိုယ်စီနဲ့ပေါ့ဗျာ။ အကယ်၍တစ်ယောက်ယောက် အိပ်ပျော်သွားရင် လက်ကုပ်ပြီး တော့ နိုးကြေးပေါ့နော်။ မီးလည်းဖွင့်ထားမယ်ပေါ့။

ဟိုကောင်ဝင်လာရင် သုံးယောက်လုံးတစ်ယောက်လက်ကို တစ်ယောက် ၃ချက်တိတိကုပ်ပြီးတော့ စောင်ကို သုံးယောက်ပြိုင်တူခွါပြီးတော့ ဟေး လို့အော်ရင်း ဝိုင်းရိုက်မယ်ပေါ့ဗျာ။ အဟဲ ကိုယ် အကြံ နဲ့ ကိုယ်တော့ ဖြူးနေတာပဲ။ ဒီလိုနဲ့ ညဘက်ကြတော့ လာနိုးနိုးနဲ့ စောင့်နေရင် မှေးသွားရင် တစ်ယောက်နဲ့ တစ်ယောက် လက် ကုပ်ပေါ့ဗျာ။ ဒါနဲ့ စိတ်တထင့်ထင့်နဲ့ စောင့်နေတုံး ၁၂ နာရီကျော်ကျော် လောက်လဲကျရော …… ။

 ဒေါက်၊ ဒေါက်၊ ဒေါက် ဟော အသံတော့စကြား ရပြီ ။ ခြေသံက လှေကားကနေ တက်လာနေသံဗျ။ မနေ့ကအတိုင်းပဲ။ ကျွန်တော်တို့လည်း လက်ကုပ်ပြီးတော့အချက်ပေးကျပေါ့။ ကြားလား။ ကြားတယ်ပေါ့။ ခြေသံကလှေကားထိပ် တံခါးဝနားမှာ ရပ်သွားတယ်။

ဘာလို့လည်းမသိဖူး တံခါးဖွင့်သံကို မကြားလိုက်ရဖူး ဒါပေမယ့် လူတစ်ယောက် ကျွန်တော်တို့ခြေထောက်နားမှာ လာပြီး တော့ မတ်တပ်ရပ်ပြီးလာငုံ့ကြည့်နေတယ်လို့ စိတ်ကနေ ခံစားလာရတယ်။ ကျွန်တော်တို့ အားလုံးလည်း သတိ ရှိရှိနဲ့ ဟောတစ်ချက် လက်ကုပ်၊ နှစ်ချက်၊ သုံးချက် လည်းရောက်ရော ဟေးဆိုပြီးအော် ရင်း စောင်ကိုခွါပြီး တုတ်ကိုယ်စီနဲ့ ဝိုင်းရိုက်ဖို့ ရန်သူကိုကြည့်လိုက်မိတယ်။

ကျွန်တော်တို့ထင်မိတာက ရန်သူက ခြေရင်းဘက်မှာပေါ့နော်။ လားလား ကျွန်တော်တို့ခေါင်းပေါ်မှာ ရောက်နေတာဗျ။ အတိအကျပြောရရင် ကပ္ပလီမရဲ့ မျက်နှာတဲ့တဲ့အပေါ်မှာဗျာ။

မျက်နှာကတစ်သက်မမေ့နိုင်စရာကြီးဗျာ။ အသက်ကြီး ကြီးမိန်းမ တစ်ယောက်ရဲ့မျက်နှာမျိုးဗျ။ ဒါပေမယ့် မျက်လုံး၊ နှာခေါင်း၊ အဲဒါတွေက ခပ်ရေးရေး ပဲဗျ။ ဆံပင်ရှည်ရှည်နဲ့ဗျာ။ စောစောကပြောသလိုမျိုး ကျွန်တော်တို့ က ဟေးဆိုပြီး အော်ရင်းထ လိုက်ကျတော့ သူလည်းခဏတော့ ကြောင် ကြည့်နေသေးတယ်ဗျ။

ကျွန်တော်နဲ့၊ ကိုစိုင်းလည်း တုတ်နဲ့ အားပါးတရ လွှဲရိုက်လိုက်တော့ ခံစားမိတာက ဖွယ်တယ်တယ် ပျော့စိစိနဲ့ ဟိုခေါင်းအုံး ထက်ပိုပျော့တဲ့ သားရေ အစားမျိုး ဗျာ။ ခဏပဲ အဲဒီဟာကြီး ဒုန်းဒုန်းဆိုပြီးတော့ နောက်ပြန် လှည့်ပြေးရောဗျာ။

 ကျွန်တော်နဲ့ ကိုစိုင်းလည်း ရောင်တောင် ပေါင်တောင်နဲ့ နောက်ကနေ တုတ်နဲ့လိုက်ရိုက်မိ တယ်ဗျ။ တံခါးဝနားရောက်တော့ မိပြီအသေပဲဆိုပြီး အားရပါးရ လွှဲရိုက် လိုက်တာ လားလား ဒုံး၊ခွမ်းဆိုပြီး တံခါးကိုပဲရိုက်မိတယ်ဗျ။

ဟိုကောင်ကြီးတော့လစ်ပြီ။ ကျွန်တော်နဲ့ ကိုစိုင်းလည်း ခဏတော့ ကြောင်နေမိသေးတယ်ဗျ။ နောက်မှသေချာကြည့်မိ တော့ အခန်းတံခါးက ပိတ်ရက် သားကြီးဗျ။ တံခါးကိုဘယ်လိုလူကဖောက်ဝင်လို့ရမှာလဲ၊ ဒါ သူရဲဆိုပြီး ကပ္ပလီမ ကတော့ သတိ တက်တချက်၊ ရတချက်နဲ့ မနဲကိုခြေမချိုးပြီး နှာနှပ်ယူထားရတယ်။

ကျွန်တော် နဲ့ ကိုစိုင်းလည်း ကြက်သိမ်းတွေထ အခုမှကြောက်စိတ်ဝင်ပြီး တုတ်ကိုယ်စီကိုင်ရင်း မျက်လုံးကြောင်တောင်နဲ့ မနက်မိုးလင်းခဲ့ရတာပေါ့ဗျာ။ မနက်မိုးလင်း တော့ သူဌေးကိုဖုံးဆက် ငါတို့ဒီမှာမနေနိုင်တော့ဖူး သူရဲချောက်တယ်ပေါ့ဗျာ။

သိပ်မကြာဖူး သူဌေးရဲ့ညီရောက်လာတယ်။ မျက်နှာက စပ်ဖြဲဖြဲနဲ့။ တော်တော်သောက်ကျင့် မကောင်တဲ့ကောင်တွေဗျာ၊ နောက်မှသိရတာက အဲဒီအပေါ်ထပ်မှာ ဘယ်သူမှ မနေရဲကြောင်း၊ သူစိမ်းဆိုရင် ပိုနှေခြောတ်ကြောင်း၊ စုန်းစုပ်တတ်ကြောင်းတွေပါ။

 ကျွန်တော်တို့ လည်းအဲဒိ ညနေပဲ မန်နေဂျာလာခေါ်လို့ ပို့ဒဇင်ကမ်းခြေ (PD)ကို ခရီးဆက်ခဲ့ရပါတော့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်းရေးသားသူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top