ကုန္းတိုက္တယ္ဆိုတာ ခ်စ္ျခင္းကိုခြဲတာပါ။ ကုန္းစကားဆိုတာ အခ်စ္ခြဲစကားပါ။ ခ်စ္သူ၊ ခင္သူ ၊ျမတ္ႏိုးသူ အခ်င္းခ်င္းအခ်စ္အခင္ပ်က္ အျမတ္ႏိုးပ်က္ေအာင္မလိုတမာ ၾကားဝင္ၿပီး အပိုရွာစကား ဆင္တာကို ကုန္းတိုက္တယ္ေခၚပါတယ္။သူမ်ားခ်စ္ျခင္းကိုခြဲရင္ ကိုယ့္ခ်စ္ျခင္းကြဲမွာပါပဲ။ ဒါဟာေသခ်ာတဲ့ကမၼနိယာမပါ။ သူမ်ားခ်စ္ျခင္းခြဲခဲ့တဲ့သူေတြ၊ ခြဲေနတဲ့သူေတြဟာ အခ်စ္ကံေခ တတ္ပါတယ္။

“ခ်စ္ျခင္းကိုမခြဲပါနဲ႔”ဆိုတဲ့ ဝစီသုစ႐ိုက္သိကၡာပုဒ္(ပိသုဏဝါစာဝိရတိသိကၡာပုဒ္)ဟာ ခ်စ္သူရည္းစားခ်င္း၊ဇနီးခင္ပြန္းခ်င္ရဲ႕ ခ်စ္ျခင္းကိုသာ မခြဲဖို႔ေျပာတာမဟုတ္ပါဘူး။မိဘနဲသားသမီး၊ ဆရာနဲ႔တပည့္၊ ဆရာနဲ႔တကာ၊ညီအစ္ကိုေမာင္ႏွအခ်င္းခ်င္း၊ ေဆြမ်ိဳးေသြးသား အခ်င္းခ်င္း၊မိတ္ေဆြသူငယ္ခ်င္းအခ်င္းခ်င္းရဲ႕ဘယ္ခ်စ္ျခင္းကိုမဆို မခြဲဖို႔ေျပာတာပါ။

ဒီဘက္လူအေၾကာင္း ဟိုဘက္မွာ မေကာင္းေျပာ၊ဟိုဘက္လူအေၾကာင္း ဒီဘက္မွာ မေကာင္းေျပာမွကုန္းတိုက္တာ မဟုတ္ဘူး။ တစ္နည္းနည္းနဲ႔ဆက္ဆံေရးပ်က္ျပားသြားေအာင္ လုပ္ရင္ခ်စ္ျခင္းကိုခြဲတာပဲ။ ပါးစပ္နဲ႔ ကုန္းတိုက္စကားေျပာဆိုမွ ခ်စ္ျခင္းကိုခြဲရာ ေရာက္တာမဟုတ္ပါဘူး။

တစ္ေယာက္အေပၚတစ္ေယာက္ အထင္အျမင္လြဲသြားေစႏိုင္တဲ့ အျပဳအမူမ်ိဳး၊ ျဖစ္ရပ္မ်ိဳးကိုဖန္တီးျပဳလုပ္ရင္လည္း ခ်စ္ျခင္းကိုခြဲရာေရာက္တယ္။ပိသုဏဝါစာ ဒုစ႐ိုက္အကုသိုလ္ျဖစ္တယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ခင္ေပါင္းသင္းေနရာကေနထသတ္ေအာင္လုပ္လိုက္မွ ကုန္းသတ္တာမဟုတ္ပါဘူး။ကုန္းတိုက္တဲ့ကိစၥမွာ ရန္ျဖစ္တာ မျဖစ္တာ၊ျပႆာနာတက္တာ မတက္တာ၊ အဓိကမဟုတ္ဘူး။ရန္ျဖစ္ျဖစ္ မျဖစ္ျဖစ္ျပႆာနာတက္တက္ မတက္တက္တစ္ေယာက္နဲ႔တစ္ေယာက္ မခ်စ္ခင္ေတာ့ဘူးမေပါင္းသင္းေတာ့ဘူးဆိုရင္ အဲဒီလိုျဖစ္ေအာင္လုပ္တဲ့သူဟာ ကုန္းတိုက္တဲ့လူပဲ။

တခ်ိဳ႕မိဘေတြက ကိုယ့္သားသမီးေတြကိုယ္သေဘာမတူတဲ့သူနဲ႔ ခ်စ္သူရည္းစားျဖစ္ေနၾကၿပီ၊လက္ထပ္ဖို႔ ရည္႐ြယ္ၾကၿပီဆိုရင္ သားသမီးေတြရဲ႕ခ်စ္ျခင္းကို မရ ရတဲ့နည္းနဲ႔ ခြဲၾကပါတယ္။တကယ့္ကို မသင့္ေတာ္တဲ့သူ၊တကယ့္ကိုအက်ိဳးပ်က္စီးေစမယ့္ သူမို႔ခ်စ္ျခင္းကိုခြဲတာဆိုရင္ေတာ့ “မေကာင္းျမစ္တာ”ဆိုတဲ့မိဘဝတၱရားအရ အျပစ္မရွိေပမယ့္ကိုယ့္ရဲ႕ အတၱ၊မာနလြန္ကဲမူ၊ ဂုဏ္ရွိန္ေမာက္မာမူနဲ႔ကိုယ့္ဘက္သူ႔ဘက္ရန္ၿငိဳးဖြဲ႕ ကလဲ့စားေခ်မူေတြေၾကာင့္သားသမီးေတြရဲ႕ခ်စ္ျခင္းကို ခြဲပစ္တာဆိုရင္ေတာ့မိဘေတြအေနနဲ႔ ဂုဏ္တိုက္ျခင္းအမူကိုက်ဴးလြန္ရာေရာက္သြားပါၿပီ။

စကားေတြစာေတြနဲ႔ ခ်စ္ျခင္းခြဲလိုက္တဲ့အတြက္သားသမီးေတြရဲ႕ဘဝပ်က္စီးသြားရၿပီဆိုရင္ေတာ့ ဝစီဒုစ႐ိုက္ အကုသိုလ္ထုပ္ႀကီးကိုမိဘေတြရင္ဝယ္ပိုက္မိသြားပါၿပီ။“ေကာင္းေစခ်င္လို႔ပါ”လို႔ စကားလွလွေတြနဲ႔ကာကြယ္မေနပါနဲ႔ေတာ့။

အပိုပါပဲ။ျမတ္စြာဘုရားလက္ထက္တုန္းကအရွင္ဓာနလို႔ေခၚတဲ့ ရဟန္းတစ္ပါးရွိခဲ့ဖူးတယ္။သူရဟန္းျဖစ္တဲ့ေနကစၿပီး သူ႔ေနာက္ပါးမွာအမ်ိဳးသမီးတစ္ေယာက္ ထပ္ၾကပ္မကြာလိုက္ပါေနခဲ့ပါတယ္။

သြားလည္းသူ႔နားမွာ၊ရပ္လည္းသူ႔အနားမွာ၊ထိုင္လည္းသူ႔အနားမွာ၊အိပ္လည္းသူ႔အနားမွာ အဲဒီအမ်ိဳးသမီးဟာသူ႔အနားက တစ္ဖဝါးမွမကြာ သူနဲ႔တပူးတြဲတြဲအၿမဲရွိေနခဲ့ပါတယ္။

ဘယ္ေလာက္ထိ တပူးတြဲတြဲရွိသလဲဆိုရင္အရွင္ဓာန ၿမိဳ႕ထဲဆြမ္းခံႂကြရင္ေတာင္သူ႔ေနာက္ပါးက အရိပ္ပမာ လိုက္ပါေနတဲ့အထိပါပဲ။ဆြမ္းေလာင္းတဲ့အမ်ိဳးသမီးေတြက“ဒါက အရွင္ဘုရားအတြက္ တစ္ဇြန္း၊ဒါကအရွင္ဘုရား အမ်ိဳးသမီးအတြက္တစ္ဇြန္း” လို႔ျပက္ရယ္ေလွာင္ေျပာင္ၿပီး ဆြမ္းႏွစ္ဇြန္း ႏွစ္ဇြန္းေလာင္းေလ့ရွိပါတယ္။

ၿမိဳ႕ထဲ႐ြာထဲသြားရင္ၿမိဳ႕သူၿမိဳ႕သားေတြရဲ႕ ျပက္ရယ္ေလွာင္ေျပာင္ခံရသလိုကိုယ့္ေက်ာင္းမွာ ကိုယ္ေနရင္လဲ ရဟန္းငယ္၊ကိုရင္ငယ္ေတြရဲ႕ အရွင္ဓာန မိန္းမၾကဴး၊မိန္းမၾကဴး အရွင္ဓါနလို႔ ေလွာင္ေျပာင္အၿမဲစေနာက္က်ပါတယ္။

အရွင္ဓာနရဲ႕ ေနာက္ပါးက တစ္ဖဝါးမွမခြာ လိုက္ေနတဲ့အမ်ိဳးသမီးဟာ တစ္ကယ္ေတာ့ လူသားစစ္စစ္အမ်ိဳးသမီး မဟုတ္ပါဘူး။ အတိတ္က မေကာင္းမူအကုသိုလ္ကံတစ္ခုေၾကာင့္ အလိုေလ်ာက္ျဖစ္ေပၚေနတဲ့အမ်ိဳးသမီး႐ုပ္တစ္ခုမွ်သာ ျဖစ္ပါတယ္။

ဝဋၬ္ေႂကြးေၾကာင့္ျဖစ္တဲ့ အမ်ိဴးသမီးအ႐ုပ္ျဖစ္လို႔အမ်ိဳးသမီးဝဋၬ္ေႂကြး႐ုပ္လို႔ပဲ ဆိုရမွာပါပဲ။သူ႔အပါးမွာရွိေနတဲ့ ဝဋၬ္ေႂကြး႐ုပ္ကို အရွင္ဓာနလုံးဝမျမင္ေတြ႕ရပါဘူး။ တျခားသူေတြကသာ တကယ့္အမ်ိဳးသမီး တစ္ေယာက္အေနနဲ႔ ျမင္ေတြ႕က်ရတာပါ။

တကယ့္အမ်ိဳးသမီး အစစ္လို႔ပဲထင္ၿပီး စၾကေနာက္ၾကေလွာင္ေျပာင္ၾကတာမို႔ အရွင္ဓာနဟာ ၿမိဳ႕ထဲသြားလဲစိတ္ဆင္းရဲရ ေက်ာင္းကန္ထဲမွာေနလဲစိတ္ဆင္းရဲရနဲ႔ အၿမဲတမ္း စိတ္ဆင္းရဲေနရပါတယ္။

တစ္ဖက္သား အထင္အျမင္လြဲမွားစရာအျဖစ္အပ်က္ေတြနဲ႔ လူတကာ၊ ရွင္တကာရဲ႕အမုန္းခံျဖစ္ၿပီး အၿမဲစိတ္ဆင္းရဲေနရတဲ့ဘဝေရာက္ေအာင္တြန္းပို႔လိုက္တဲ့ သူ႔ရဲ႕အတိတ္ကံကေတာ့သူတစ္ပါးခ်စ္ျခင္းကို ခြဲခဲ့တဲ့အကုသိုလ္ကံပါပဲ။

ကႆပျမတ္စြာဘုရားလက္ထက္တုန္းကအရွင္ဓာနဟာ ဘုမၼဇိုဝ္းနတ္ ျဖစ္ခဲ့ပါတယ္။ကႆပျမတ္စြာဘုရားရွင္ရဲ႕ သာသနာေတာ္မွာတစ္ပါးနဲ႔တစ္ပါး သိပ္ခ်စ္ၾကတဲ့ ရဟန္းႏွစ္ပါးဟာသြားအတူ၊ လာအတူ၊ စားအတူ၊ ေနအတူ၊တရား အားထုတ္ေတာ့လဲ အတူတူ၊ တစ္ပါးနဲ႔တစ္ပါးသိပ္ခ်စ္ခင္ရင္ႏွီးၾကပါတယ္။

“တစ္ပါးမခြဲတဲ့ ႏွစ္ပါးအတြဲ”ရယ္လို႔ေတာင္
ထင္ရွားေက်ာ္ၾကား သိပ္ခ်စ္ၾကပါတယ္။ တစ္ခုေသာ ဥပုသ္ေန႔မွာ ဥပုသ္ျပဳဖို႔အတြက္ကႆပျမတ္စြာဘုရားရွင္ရွိရာ အရပ္ကိုအတူသြားၾကပါတယ္။ ဘုမၼဇိုဝ္းနတ္လဲ သူတို႔နဲ႔မနီးမေဝးကေနလိုက္လာပါတယ္။

“ဒီကိုယ္ေတာ္ႏွစ္ပါးက သိပ္ခ်စ္ၾကတယ္။သူတို႔ရဲ႕ ခ်စ္ျခင္းေမတၱာက သိပ္ခိုင္မာတယ္။တကယ္လို႔မ်ားတစ္ေယာက္ေယာက္ကသူတို႔ရဲ႕ ခ်စ္ျခင္းေမတၱာကိုခြဲခဲ့ရင္ ကြဲသြားၾကေလမလား။ဘယ္သူေသြးခြဲခြဲ အခ်စ္မပ်က္ ေမတၱာဆက္ႏိုင္ၾကပါ့မလား။သူတို႔ႏွစ္ပါးရဲ႕ ခ်စ္ျခင္းေမတၱာ ဘယ္ေလာက္ထိေအာင္ခိုင္ၿမဲသလဲဆိုတာ ငါစမ္းသပ္ၾကည့္ဦးမွပဲ” လို႔ေတြးၿပီးဘုမၼဇိုဝ္းနတ္ဟာ ရဟန္းေတာ္ႏွစ္ပါး စိတ္ဝမ္းကြဲသြားေအာင္လုပ္လို႔ရမယ္ အေျခအေန၊ အခြင့္အလမ္းကိုေခ်ာင္းေျမာင္းရွာႀကံၿပီး ရဟန္းႏွစ္ပါးရဲ႕မနီးမေဝးကေန လိုက္လာခဲ့ပါတယ္။

စမ္းေခ်ာင္းတစ္ခုအနားေရာက္မွေတာ့ ရဟန္းတစ္ပါးကတျခားရဟန္းေတာ္ကို သပိတ္၊သကၤန္းအပ္ႏွံထားၿပီးကိုယ္လကသုတ္သင္မူ၊ အညစ္အေၾကးစြန႔္မူျပဳလုပ္ပါတယ္။ ကိစၥၿပီးလို႔ လက္ေျခေတြေဆးေၾကာသန႔္စင္ၿပီး ခ်ဳံပုတ္တစ္ခုရဲ႕ အနီးကေနထြက္လာတဲ့အခါမွာေတာ့ ရဟန္းရဲ႕ေနာက္နားမွာအမ်ိဳးသမီးတစ္ေယာက္ ကပ္ပါလာပါတယ္။

ခ်စ္ျခင္းကိုခြဲဖို႔အကြက္ေခ်ာင္းေနတဲ့ ဘုမၼဇိုဝ္းနတ္ကအမ်ိဳးသမီးအသြင္ ဖန္ဆင္းၿပီး ေနာက္ကေနလိုက္လာတာပါ။အမ်ိဳးသမီးက ဖ႐ိုဖရဲျဖစ္ေနတဲ့ ဆံပင္ေတြကိုခါခါၿပီးျပင္ဆင္ထုံးဖြဲ႕လို႔၊ တြန္ေၾကေနတဲ့ထဘီကိုရမ္းရမ္းၿပီးျပင္ဝတ္လို႔၊ ရမၼက္ခိုးမႊန္ၿပီး ႐ႊင္ေနတဲ့မ်က္ႏွာေပၚက ေခြၽးသီးေခြၽးေပါက္ေတြကိုပြတ္သပ္ခ်လို႔ တကယ့္ကို ကာမဂုဏ္ေပ်ာ္ပါးၿပီးထလာတဲ့ပုံစံမ်ိဳးနဲ႔ပါပဲ။

ဒီျမင္ကြင္းကို ျမင္ေတြ႕လိုက္ရတဲ့ အေဖၚရဟန္းဟာအႀကီးအက်ယ္ အထင္လြဲသြားပါတယ္။ ဒီလိုမိုက္႐ိုင္းယုတ္မာတဲ့ သူနဲ႔ ငါဘယ္ေတာ့မွမပတ္သက္ေတာ့ဘူးလို႔ ဆုံးျဖတ္လိုက္ပါတယ္။ကာယကံရွင္ရဟန္းက ဘယ္လိုပဲ ရွင္းျပရွင္းျပလုံးဝ မယုံၾကည္ေတာ့ပါဘူး။

“ေရာ့ မင္းရဲ႕သပိတ္နဲ႔သကၤန္းမင္းယူ၊ မင္းလိုယုတ္မာတဲ့သူနဲ႔ တစ္လမ္းတည္းဘယ္ေတာ့မွ လာပတ္သက္နဲ႔လို႔” မိတ္ျဖတ္စကားေျပာၿပီးတျခားလမ္းကေနခြဲထြက္ႂကြသြားပါတယ္။ ဥပုယ္သိမ္ေရာက္လို႔ေတာင္မွ ရဟန္းယုတ္နဲ႔အတူတူဥပုသ္အတူ မျပဳႏိုင္ဘူးလို႔ ျငင္းေနတဲ့အတြက္ဘုမၼဇိုဝ္းနတ္က အျဖစ္မွန္ကို ဝင္ရွင္းျပေတာ့မွဥပုသ္ျပဳၾကတယ္။

ဘုမၼဇိုဝ္းနတ္က ျပန္ရွင္းျပလို႔ အျဖစ္မွန္ကိုသိၾကရေပမယ့္ သိပ္ခ်စ္ခဲ့ၾကတဲ့ ရဟန္းေတာ္ႏွစ္ပါးဟာအရင္ကလို တစ္ေယာက္နဲ႔တစ္ေယာက္အေခၚအေျပာ၊ အဆက္အဆံ မရွိၾကေတာ့ပါဘူး။

အရင္လို ေနရာတစ္ေနရာတည္းမွာလည္းအတူတူမေနၾကေတာ့ပါဘူး။ တစ္ပါးနဲ႔တစ္ပါးမျမင္ေတြ႕ေအာင္ ေရွာင္ေနၾကပါတယ္။တစ္ပါးနဲ႔တစ္ပါး သူစိမ္းေတြလို ေရွာင္ေနၾကပါတယ္။ေသတပန္ သက္တစ္ဆုံး ခပ္စိမ္းစိမ္း ေနလိုက္ၾကပါတယ္။

ရဟန္းေတာ္ႏွစ္ပါးရဲ႕ ခ်စ္ျခင္းေမတၱာကိုကြဲျပားေအာင္လုပ္ခဲ့မိတဲ့ အဲဒီအကုသိုလ္ကံေၾကာင့္ဘုမၼဇိုဝ္းနတ္ဟာ ကႆပ ျမတ္စြာဘုရားရွင္နဲ႔ေဂါတမျမတ္စြာဘုရားရွင္၊ ဘုရားရွင္ႏွစ္ဆူတို႔ရဲ႕ၾကားကာလတစ္ေလွ်ာက္လုံး မေရမတြက္ႏိုင္တဲ့ႏွစေပါင္းမ်ားစြာ အပါယ္ေလးပါးမွာ က်င္လည္ခဲ့ရပါတယ္။

တစ္ရံတစ္ခါ လူျဖစ္လာျပန္ေတာ့လဲ သူမ်ားျပဳသမွ်အျပစ္ေတြဟာ သူ႔အေပၚမွာခ်ည္းပဲ ပုံက်ခဲ့ပါတယ္။သူတစ္ပါးရဲ႕ အထင္အျမင္လြဲမွားမူ၊ မုန္းတီးမူေတြကိုလဲတနင့္တပိုး ခံစားခဲ့ရပါတယ္။ ခ်စ္သူခင္သူမရွိတဲ့အပယ္ခံဘဝနဲ႔ သံသရာခရီးကို ေျခာက္ေသြ႕ေၾကကြဲစြာက်င္လည္ျဖတ္သန္းခဲ့ရပါ တယ္။

ေနာက္ဆုံး အရွင္ဓာနဘဝ ေရာက္ျပန္ေတာ့လဲရဟန္းျဖစ္တာေတာင္ ေအးေအးေဆးေဆး မေနရဘဲ“အမ်ိဳးသမီး ဝဋၬ္ေႂကြး႐ုပ္”ရဲ႕ ေႏွာင့္ယွက္ႏွိပ္စက္မူဒဏ္ကိုအလူးအလဲ ခံစားရပါတယ္။ ဝိပႆနာတရားပြားမ်ားအားထုတ္လို႔ ရဟႏၲာျဖစ္ေတာ့မွပဲအမ်ိဳးသမီး ဝဋၬ္ေႂကြး႐ုပ္ အၿပီးတိုင္ အလိုအေလ်ာက္ကြယ္ေပ်ာက္သြားပါေတာ့တယ္။

ဒီဘက္လူ အေၾကာင္း ဟိုဘက္မွာ မေကာင္းေျပာ၊ဟိုဘက္လူအေၾကာင္း ဒီဘက္မွာမေကာင္းေျပာမွခ်စ္ျခင္းကိုခြဲတာ (ကုန္းတိုက္တာ) မဟုတ္ပါဘူး။တစ္နည္းနည္းနဲ႔ ဆက္ဆံေရး ပ်က္ျပားသြားေအာင္လုပ္ရင္ ခ်စ္ျခင္းကို ခြဲတာပဲ။ ကုန္းတိုက္တာပဲဆိုတာ ဒအျဖစ္အပ်က္က သက္ေသျပေနပါတယ္။

ပါးစပ္နဲ႔ ကုန္းတိုက္စကားေျပာဆိုမွခ်စ္ျခင္းကိုခြဲရာ ေရာက္တာမဟုတ္ပါဘူး။တစ္ေယာက္ေပၚ တစ္ေယာက္အထင္အျမင္လြဲမွားသြားေစႏိုင္တဲ့ အျပဳအမူမ်ိဳး၊ျဖစ္ရပ္မ်ိဳးကိုကိုယ္နဲ႔ဖန္တီးျပဳလုပ္ရင္ လည္း ခ်စ္ျခင္းကိုခြဲရာေရာက္တယ္။ပိသုဏဝါစာ ဒုစ႐ိုက္ အကုသိုလ္ ျဖစ္တယ္ဆိုတာကိုဒီအျဖစ္အပ်က္ကေန ေကာက္ခ်က္ခ်ႏိုင္ပါတယ္။တစ္ေယာက္နဲ႔တစေယာက္ တကယ္ေမတၱာပ်က္ေစခ်င္တဲ့ စိတ္နဲ႔မဟုတ္တဲ့ေမတၱာခိုင္ၿမဲမူ ရွိမရွိ စမ္းသပ္ၾကည့္ ခ်င္တဲ့စိတ္နဲ႔လုပ္လိုက္မိတဲ့အကုသိုလ္ကံေတာင္မွ ဒီေလာက္အျပစ္ႀကီးေသးတယ္ဆိုရင္….

တစ္ေယာက္အေပၚ၊ဒါမွမဟုတ္ ႏွစ္ေယာက္လုံးအေပၚ ဒါမွမဟုတ္တစ္စုတစ္ဖြဲ႕လုံးအေပၚ မနာလိုမုန္းတီးၿပီးတကယ္ေမတၱာပ်က္ေစလိုတဲ့စိတ္၊တကယ္ဆက္ဆံေရး ပ်က္ေစလိုတဲ့စိတ္နဲ႔ တမင္လုပ္တဲ့ ခ်စ္ျခင္းခြဲ အကုသိုလ္ကံဆိုရင္ေတာ့ဘယ္ေလာက္ေတာင္ အျပစ္ႀကီးမယ္ဆိုတာ မေတြးဝံ့စရာပါပဲ။ထိတ္လန႔္တုန္လႈပ္ဖြယ္ ေကာင္းေလာက္ေအာင္ေၾကာက္မက္ဖြယ္ ဆိုးက်ိဳးဆင္းရဲေတြကိုခါးသီးခံစားရမွာ ေသခ်ာပတယ္။

တစ္ကယ္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ၾက၊ခင္ၾက၊ၾကင္နာၾကတယ္ဆိုတာစိတ္ထား တတ္သူေတြအတြက္ဝမ္းေျမာက္ဖြယ္ျမင္ကြင္းပါ။ၾကည္ႏူးဖြယ္ျမင္ကြင္းပါ။ခ်စ္သူ၊ၾကင္နာသူေတြ၊ခင္သူေတြေၾကာင့္လဲေလာကႀကီးက လွပေနတာပါ။

မလိုတမာအမုန္းထားၿပီး မပိုရွာ ကုန္းစကားေတြနဲ႔သူတစ္ပါးရဲ႕ခ်စ္ျခင္းကို ခြဲတဲ့သူဟာ ေလာကႀကီးရဲ႕အလွအပကို ဖ်က္ဆီးေနတဲ့သူပါပဲ။ေလာကႀကီးကို အ႐ုပ္ဆိုးအက်ည္းတန္ေအာင္ ေဆးမည္းသုတ္ေနတဲ့သူပါပဲ။ေလာကႀကီးကိုအလွဖ်က္ရင္ ကိုယ့္ဘဝ အလွပ်က္တတ္ပါ တယ္။ေလာကႀကီးကို အ႐ုပ္ဆိုး အက်ည္းတန္ေအာင္ လုပ္ရင္ကိုယ့္ဘဝ အ႐ုပ္ဆိုးအက်ည္းတန္ တတ္ပါတယ္။

မုဒိတာတရား ႏွလုံးသားမွာ ခိုင္ၿမဲေအာင္ ေမြးျမဴႏိုင္ျခင္း၊မနာလိုမူ မုန္းတီးမူေတြကို သတိပဉာန္နည္းက်ဝိပႆနာရႈ႕ပြား ပယ္သတ္ႏိုင္ျခင္းတို႔ေၾကာင့္သူတစ္ပါးရဲ႕ ခ်စ္ျခင္းကို မခြဲေတာ့ဘူးဆိုရင္ေတာ့ကိုယ့္ႏွလုံးသားလည္း လွပလာကိုယ့္ဘလည္း စိုေျပလာတဲ့အတြက္ၿငိမ္းေအးေသာဘဝပိုင္ရွင္ ျဖစ္ပါၿပီ…။(အရွင္ဆႏၵာဓိက – ေ႐ႊပါရမီေတာရ)(ၿငိမ္းေအးေသာဘဝပိုင္ရွင္စာအုပ္၏‘ခ်စ္ျခင္းကိုမခြဲပါနဲ႔’ (မာတိကာ) မွေကာက္ႏႈတ္ခ်က္ ျဖစ္ပါသည္။)

“သူတစ္ပါးခ်စ္ျခင္း ခြဲကံ အျပစ္မ်ား”

ခ်စ္သူႏွစ္ေယာက္တို႔ ညီၫြတ္ေနရာတစ္ေယာက္အျပစ္ကိုတစ္ေယာက္ ထံေျပာၾကားျခင္း၊တစ္ေယာက္မေ ကာင္းေၾကာင္း တစ္ေယာက္ထံေျပာျခင္း၊ မဟုတ္မမွန္လီဆယ္ၿပီးေျပာျခင္းျဖင့္ တစ္ေယာက္ႏွင့္တစ္ေယာက္အခ်စ္ျပယ္၍ ညီၫြတ္မူ ကြဲျပားသြားတတ္ပါတယ္။ကုန္းတိုက္စကား ေျပာဆိုျခင္းကို ပိသုဏဝါစာ လို႔ေခၚပါတယ္။

‘ပိသုဏဝါစာ ျဖစ္ရန္ အဂၤါ(၅)ပါး’

(၁) ညီၫြတ္သူ ခ်စ္သူႏွစ္ရွိျခင္း၊

(၂) ကြဲျပားေစလိုေသာ စိတ္ရွိျခင္း (သို႔မဟုတ္)မိမိကိုခ်စ္လာေစလိုေသာ စိတ္ရွိျခင္း၊မိမိကိုဂ႐ုစိုက္လာေစလိုျခင္း၊မိမိကိုပိုအေရးေပးေစလိုျခင္း။

(၃) ကြဲျပားေအာင္ လုံ႔လျပဳ အားထုတ္ျခင္း၊

(၄) ထိုသို႔ ေျပာသည္ကို အေျပာခံရသူက နားလည္ျခင္း၊(သူ႔စကားရဲ႕ အဓိပၸါယ္ကို နားလည္ျခင္းကို ဆိုလိုပါတယ္)

(၅) ကြဲျပားၾကျခင္း – ဆိုတဲ့ အဂၤါ ၅ ပါးႏွင့္ျပည့္စုံတယ္ဆိုရင္ကုန္းတိုက္စကားေျပာဆိုရာေရာက္ပါတယ္။ဆိုလိုတာက ကံေျမာက္ပါတယ္။အဲဒီလို ေျပာဆိုၿပီဆိုရင္ ခံစားရမည့္အက်ိဳးဆက္ေတြကေတာ့-

(၁) အေဆြခင္ပြန္း ခ်စ္ကြၽမ္းဝင္သူတို႔ႏွင့္ စိတ္ဝမ္းကြဲျပားရျခင္း၊

(၂) သူတပါးလုံ႔လေၾကာင့္ ေသေက်ပ်က္စီးရျခင္း၊

(၃) အေႁခြအရံမဲ့ရျခင္း၊ တကယ္ရင္းႏွီးေပါင္ေဖာ္ရမည့္သူမရွိျခင္း၊

(၄) သူေတာ္ေကာင္းတရား၌ သက္ဝင္ယုံၾကည္မူ သဒါၶတရားမရွိျခင္း၊

(၅) မိတ္ေဆြအေပါင္းအသင္း မတည္ၿမဲျခင္း၊

(၆) လူအမ်ား အမုန္းခံရျခင္း၊

(၇) စိတ္ဓာတ္ ညစ္ညမ္းျခင္း၊

(၈)ကိုယ္ခ်စ္ေသာသူႏွင့္ဘယ္ေတာ့မွ ဆုံးဆည္းခြင့္မရျခင္း

(၉)စိတ္ခ်မ္းသာရတယ္လို႔မရွိပဲ အၿမဲစိတ္ဆင္းရဲေနရျခင္း၊

(၁၀) အျပစ္အားႀကီးလြန္းရင္အပါယ္ေလးပါးလားေရာက္ရပါတယ္။ ။

အခ်က္ငါးခ်က္လုံးထဲမွာ တစ္ခုခုမျပည့္စုံလို႔ကံမေျမာက္ရင္ အကုသိုလ္ဝဋၬ္ေႂကြးအေနနဲ႔ျပန္လည္ေပးဆပ္ရမွာျဖစ္ပါတယ္ကိုယ္လုပ္လိုက္တဲ့အျပဳအမူကို ခံရတဲ့သူကေကာင္းရင္ေကာင္းေနသေလာက္၊ကိုယ့္ အခ်စ္ေရးကံမွာ ဆိုးပါလိမ့္မယ္။
ဝဋၬ္ေႂကြးႀကီးပါလိမ့္မယ္။ ေကာင္း႐ုံတင္မကပဲသီလရွိတဲ့သူသာျဖစ္ေနရင္ ခံေပေတာ့..။သူတစ္ပါးခ်စ္ျခင္းကို ခြဲတဲ့သူဟာ
အပါယ္ေလးပါး လားေရာက္ရတဲ့အျပင္ျဖစ္ေလရာဘဝတိုင္းမွာ သူတစ္ပါးရဲ႕ အကဲ့ရဲ႕၊အစြပ္စြဲခံရတတ္ပါတယ္။ သူမ်ားလုပ္သမွ်အျပစ္ေတြဟာ ကိုယ့္အေပၚမွာပဲ က်ေရာက္တဲ့အတြက္သူ႔အျပစ္က ကိုယ့္အျပစ္ ျဖစ္တတ္ပါတယ္။

ကိုယ္ခ်စ္တဲ့သူနဲ႔ ဘယ္ေတာ့မွ ဆုံဆည္းခြင့္မရတဲ့အတြက္ခ်စ္သူကြဲဆင္းရဲကို အၿမဲခံစားရတတ္ပါတယ္။လူဆင္းရဲပဲျဖစ္ျဖစ္ လူခ်မ္းသာပဲျဖစ္ျဖစ္ျဖစ္ရာဘဝမွာ ဘယ္ေတာ့မွ စိတ္ခ်မ္းသာတယ္ရယ္လို႔မရွိဘဲ အၿမဲစိတ္ဆင္းရဲ ေနရတတ္ပါတယ္။ကိုယ္ဘယ္ေလာက္ ေကာင္းေကာင္းလူတိုင္းက ကိုယ့္ကိုအလကားေနရင္းမုန္းတီးေနတတ္ပါတယ္။ကိုယ္ခ်စ္တဲ့သူက ကိုယ့္ကိုျပန္မခ်စ္၊ကိုယ့္ဘက္ကဘယ္ေလာက္ေကာင္းေကာင္းကိုယ့္ကိုအေကာင္းမထင္၊

ကိုယ္ခ်စ္တဲ့သူေတြနဲ႔အတူတူမေနရ၊ မိဘေမတၱာဆိုတာ ခံစားခြင့္မႀကဳံ၊ညီအစ္ကိုေမာင္ႏွမ အခ်င္းခ်င္းမတည့္၊ေဆြမ်ိဳးေတြက တစ္ကိုယ္ေကာင္းဆန္၊သူငယ္ခ်င္း အေပါင္းအသင္းေတြက မိတ္ေဆြေကာင္းမပီသ၊ဒါေတြအားလုံးက အခ်စ္ကံေခတာေတြခ်ည္းပါပဲ…။အခ်စ္ကံ မေခေစခ်င္ရင္ အခ်စ္ကံေခေစမယ့္လုပ္ရပ္ေတြကေန ႀကိဳးစား သတိထားဖယ္ရွားပါ။မွားေနရင္ ျပင္ပါ။ အမွားျပင္ႏိုင္ၿပီး အခ်စ္ကံေကာင္းသူမ်ားစိတ္ခ်မ္းသာေသာသူမ်ား ျဖစ္ၾကပါေစလို႔။။။ ။။။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ပီတိျဖဴ .
# Unicode Version # ျဖင့္ ဖတ္ပါ #

ကုန်းတိုက်တယ်ဆိုတာ ချစ်ခြင်းကိုခွဲတာပါ။ ကုန်းစကားဆိုတာ အချစ်ခွဲစကားပါ။ ချစ်သူ၊ ခင်သူ ၊မြတ်နိုးသူ အချင်းချင်းအချစ်အခင်ပျက် အမြတ်နိုးပျက်အောင်မလိုတမာ ကြားဝင်ပြီး အပိုရှာစကား ဆင်တာကို ကုန်းတိုက်တယ်ခေါ်ပါတယ်။သူများချစ်ခြင်းကိုခွဲရင် ကိုယ့်ချစ်ခြင်းကွဲမှာပါပဲ။ ဒါဟာသေချာတဲ့ကမ္မနိယာမပါ။ သူများချစ်ခြင်းခွဲခဲ့တဲ့သူတွေ၊ ခွဲနေတဲ့သူတွေဟာ အချစ်ကံခေ တတ်ပါတယ်။

“ချစ်ခြင်းကိုမခွဲပါနဲ့”ဆိုတဲ့ ဝစီသုစရိုက်သိက္ခာပုဒ်(ပိသုဏဝါစာဝိရတိသိက္ခာပုဒ်)ဟာ ချစ်သူရည်းစားချင်း၊ဇနီးခင်ပွန်းချင်ရဲ့ ချစ်ခြင်းကိုသာ မခွဲဖို့ပြောတာမဟုတ်ပါဘူး။မိဘနဲသားသမီး၊ ဆရာနဲ့တပည့်၊ ဆရာနဲ့တကာ၊ညီအစ်ကိုမောင်နှအချင်းချင်း၊ ဆွေမျိုးသွေးသား အချင်းချင်း၊မိတ်ဆွေသူငယ်ချင်းအချင်းချင်းရဲ့ဘယ်ချစ်ခြင်းကိုမဆို မခွဲဖို့ပြောတာပါ။

ဒီဘက်လူအကြောင်း ဟိုဘက်မှာ မကောင်းပြော၊ဟိုဘက်လူအကြောင်း ဒီဘက်မှာ မကောင်းပြောမှကုန်းတိုက်တာ မဟုတ်ဘူး။ တစ်နည်းနည်းနဲ့ဆက်ဆံရေးပျက်ပြားသွားအောင် လုပ်ရင်ချစ်ခြင်းကိုခွဲတာပဲ။ ပါးစပ်နဲ့ ကုန်းတိုက်စကားပြောဆိုမှ ချစ်ခြင်းကိုခွဲရာ ရောက်တာမဟုတ်ပါဘူး။

တစ်ယောက်အပေါ်တစ်ယောက် အထင်အမြင်လွဲသွားစေနိုင်တဲ့ အပြုအမူမျိုး၊ ဖြစ်ရပ်မျိုးကိုဖန်တီးပြုလုပ်ရင်လည်း ချစ်ခြင်းကိုခွဲရာရောက်တယ်။ပိသုဏဝါစာ ဒုစရိုက်အကုသိုလ်ဖြစ်တယ်။

တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ပေါင်းသင်းနေရာကနေထသတ်အောင်လုပ်လိုက်မှ ကုန်းသတ်တာမဟုတ်ပါဘူး။ကုန်းတိုက်တဲ့ကိစ္စမှာ ရန်ဖြစ်တာ မဖြစ်တာ၊ပြဿာနာတက်တာ မတက်တာ၊ အဓိကမဟုတ်ဘူး။ရန်ဖြစ်ဖြစ် မဖြစ်ဖြစ်ပြဿာနာတက်တက် မတက်တက်တစ်ယောက်နဲ့တစ်ယောက် မချစ်ခင်တော့ဘူးမပေါင်းသင်းတော့ဘူးဆိုရင် အဲဒီလိုဖြစ်အောင်လုပ်တဲ့သူဟာ ကုန်းတိုက်တဲ့လူပဲ။

တချို့မိဘတွေက ကိုယ့်သားသမီးတွေကိုယ်သဘောမတူတဲ့သူနဲ့ ချစ်သူရည်းစားဖြစ်နေကြပြီ၊လက်ထပ်ဖို့ ရည်ရွယ်ကြပြီဆိုရင် သားသမီးတွေရဲ့ချစ်ခြင်းကို မရ ရတဲ့နည်းနဲ့ ခွဲကြပါတယ်။တကယ့်ကို မသင့်တော်တဲ့သူ၊တကယ့်ကိုအကျိုးပျက်စီးစေမယ့် သူမို့ချစ်ခြင်းကိုခွဲတာဆိုရင်တော့ “မကောင်းမြစ်တာ”ဆိုတဲ့မိဘဝတ္တရားအရ အပြစ်မရှိပေမယ့်ကိုယ့်ရဲ့ အတ္တ၊မာနလွန်ကဲမူ၊ ဂုဏ်ရှိန်မောက်မာမူနဲ့ကိုယ့်ဘက်သူ့ဘက်ရန်ငြိုးဖွဲ့ ကလဲ့စားချေမူတွေကြောင့်သားသမီးတွေရဲ့ချစ်ခြင်းကို ခွဲပစ်တာဆိုရင်တော့မိဘတွေအနေနဲ့ ဂုဏ်တိုက်ခြင်းအမူကိုကျူးလွန်ရာရောက်သွားပါပြီ။

စကားတွေစာတွေနဲ့ ချစ်ခြင်းခွဲလိုက်တဲ့အတွက်သားသမီးတွေရဲ့ဘဝပျက်စီးသွားရပြီဆိုရင်တော့ ဝစီဒုစရိုက် အကုသိုလ်ထုပ်ကြီးကိုမိဘတွေရင်ဝယ်ပိုက်မိသွားပါပြီ။“ကောင်းစေချင်လို့ပါ”လို့ စကားလှလှတွေနဲ့ကာကွယ်မနေပါနဲ့တော့။

အပိုပါပဲ။မြတ်စွာဘုရားလက်ထက်တုန်းကအရှင်ဓာနလို့ခေါ်တဲ့ ရဟန်းတစ်ပါးရှိခဲ့ဖူးတယ်။သူရဟန်းဖြစ်တဲ့နေကစပြီး သူ့နောက်ပါးမှာအမျိုးသမီးတစ်ယောက် ထပ်ကြပ်မကွာလိုက်ပါနေခဲ့ပါတယ်။

သွားလည်းသူ့နားမှာ၊ရပ်လည်းသူ့အနားမှာ၊ထိုင်လည်းသူ့အနားမှာ၊အိပ်လည်းသူ့အနားမှာ အဲဒီအမျိုးသမီးဟာသူ့အနားက တစ်ဖဝါးမှမကွာ သူနဲ့တပူးတွဲတွဲအမြဲရှိနေခဲ့ပါတယ်။

ဘယ်လောက်ထိ တပူးတွဲတွဲရှိသလဲဆိုရင်အရှင်ဓာန မြို့ထဲဆွမ်းခံကြွရင်တောင်သူ့နောက်ပါးက အရိပ်ပမာ လိုက်ပါနေတဲ့အထိပါပဲ။ဆွမ်းလောင်းတဲ့အမျိုးသမီးတွေက“ဒါက အရှင်ဘုရားအတွက် တစ်ဇွန်း၊ဒါကအရှင်ဘုရား အမျိုးသမီးအတွက်တစ်ဇွန်း” လို့ပြက်ရယ်လှောင်ပြောင်ပြီး ဆွမ်းနှစ်ဇွန်း နှစ်ဇွန်းလောင်းလေ့ရှိပါတယ်။

မြို့ထဲရွာထဲသွားရင်မြို့သူမြို့သားတွေရဲ့ ပြက်ရယ်လှောင်ပြောင်ခံရသလိုကိုယ့်ကျောင်းမှာ ကိုယ်နေရင်လဲ ရဟန်းငယ်၊ကိုရင်ငယ်တွေရဲ့ အရှင်ဓာန မိန်းမကြူး၊မိန်းမကြူး အရှင်ဓါနလို့ လှောင်ပြောင်အမြဲစနောက်ကျပါတယ်။

အရှင်ဓာနရဲ့ နောက်ပါးက တစ်ဖဝါးမှမခွာ လိုက်နေတဲ့အမျိုးသမီးဟာ တစ်ကယ်တော့ လူသားစစ်စစ်အမျိုးသမီး မဟုတ်ပါဘူး။ အတိတ်က မကောင်းမူအကုသိုလ်ကံတစ်ခုကြောင့် အလိုလျောက်ဖြစ်ပေါ်နေတဲ့အမျိုးသမီးရုပ်တစ်ခုမျှသာ ဖြစ်ပါတယ်။

ဝဋ္ဋ်ကြွေးကြောင့်ဖြစ်တဲ့ အမျိူးသမီးအရုပ်ဖြစ်လို့အမျိုးသမီးဝဋ္ဋ်ကြွေးရုပ်လို့ပဲ ဆိုရမှာပါပဲ။သူ့အပါးမှာရှိနေတဲ့ ဝဋ္ဋ်ကြွေးရုပ်ကို အရှင်ဓာနလုံးဝမမြင်တွေ့ရပါဘူး။ တခြားသူတွေကသာ တကယ့်အမျိုးသမီး တစ်ယောက်အနေနဲ့ မြင်တွေ့ကျရတာပါ။

တကယ့်အမျိုးသမီး အစစ်လို့ပဲထင်ပြီး စကြနောက်ကြလှောင်ပြောင်ကြတာမို့ အရှင်ဓာနဟာ မြို့ထဲသွားလဲစိတ်ဆင်းရဲရ ကျောင်းကန်ထဲမှာနေလဲစိတ်ဆင်းရဲရနဲ့ အမြဲတမ်း စိတ်ဆင်းရဲနေရပါတယ်။

တစ်ဖက်သား အထင်အမြင်လွဲမှားစရာအဖြစ်အပျက်တွေနဲ့ လူတကာ၊ ရှင်တကာရဲ့အမုန်းခံဖြစ်ပြီး အမြဲစိတ်ဆင်းရဲနေရတဲ့ဘဝရောက်အောင်တွန်းပို့လိုက်တဲ့ သူ့ရဲ့အတိတ်ကံကတော့သူတစ်ပါးချစ်ခြင်းကို ခွဲခဲ့တဲ့အကုသိုလ်ကံပါပဲ။

ကဿပမြတ်စွာဘုရားလက်ထက်တုန်းကအရှင်ဓာနဟာ ဘုမ္မဇိုဝ်းနတ် ဖြစ်ခဲ့ပါတယ်။ကဿပမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာတစ်ပါးနဲ့တစ်ပါး သိပ်ချစ်ကြတဲ့ ရဟန်းနှစ်ပါးဟာသွားအတူ၊ လာအတူ၊ စားအတူ၊ နေအတူ၊တရား အားထုတ်တော့လဲ အတူတူ၊ တစ်ပါးနဲ့တစ်ပါးသိပ်ချစ်ခင်ရင်နှီးကြပါတယ်။

“တစ်ပါးမခွဲတဲ့ နှစ်ပါးအတွဲ”ရယ်လို့တောင်
ထင်ရှားကျော်ကြား သိပ်ချစ်ကြပါတယ်။ တစ်ခုသော ဥပုသ်နေ့မှာ ဥပုသ်ပြုဖို့အတွက်ကဿပမြတ်စွာဘုရားရှင်ရှိရာ အရပ်ကိုအတူသွားကြပါတယ်။ ဘုမ္မဇိုဝ်းနတ်လဲ သူတို့နဲ့မနီးမဝေးကနေလိုက်လာပါတယ်။

“ဒီကိုယ်တော်နှစ်ပါးက သိပ်ချစ်ကြတယ်။သူတို့ရဲ့ ချစ်ခြင်းမေတ္တာက သိပ်ခိုင်မာတယ်။တကယ်လို့များတစ်ယောက်ယောက်ကသူတို့ရဲ့ ချစ်ခြင်းမေတ္တာကိုခွဲခဲ့ရင် ကွဲသွားကြလေမလား။ဘယ်သူသွေးခွဲခွဲ အချစ်မပျက် မေတ္တာဆက်နိုင်ကြပါ့မလား။သူတို့နှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာ ဘယ်လောက်ထိအောင်ခိုင်မြဲသလဲဆိုတာ ငါစမ်းသပ်ကြည့်ဦးမှပဲ” လို့တွေးပြီးဘုမ္မဇိုဝ်းနတ်ဟာ ရဟန်းတော်နှစ်ပါး စိတ်ဝမ်းကွဲသွားအောင်လုပ်လို့ရမယ် အခြေအနေ၊ အခွင့်အလမ်းကိုချောင်းမြောင်းရှာကြံပြီး ရဟန်းနှစ်ပါးရဲ့မနီးမဝေးကနေ လိုက်လာခဲ့ပါတယ်။

စမ်းချောင်းတစ်ခုအနားရောက်မှတော့ ရဟန်းတစ်ပါးကတခြားရဟန်းတော်ကို သပိတ်၊သင်္ကန်းအပ်နှံထားပြီးကိုယ်လကသုတ်သင်မူ၊ အညစ်အကြေးစွန့်မူပြုလုပ်ပါတယ်။ ကိစ္စပြီးလို့ လက်ခြေတွေဆေးကြောသန့်စင်ပြီး ချုံပုတ်တစ်ခုရဲ့ အနီးကနေထွက်လာတဲ့အခါမှာတော့ ရဟန်းရဲ့နောက်နားမှာအမျိုးသမီးတစ်ယောက် ကပ်ပါလာပါတယ်။

ချစ်ခြင်းကိုခွဲဖို့အကွက်ချောင်းနေတဲ့ ဘုမ္မဇိုဝ်းနတ်ကအမျိုးသမီးအသွင် ဖန်ဆင်းပြီး နောက်ကနေလိုက်လာတာပါ။အမျိုးသမီးက ဖရိုဖရဲဖြစ်နေတဲ့ ဆံပင်တွေကိုခါခါပြီးပြင်ဆင်ထုံးဖွဲ့လို့၊ တွန်ကြေနေတဲ့ထဘီကိုရမ်းရမ်းပြီးပြင်ဝတ်လို့၊ ရမ္မက်ခိုးမွှန်ပြီး ရွှင်နေတဲ့မျက်နှာပေါ်က ချွေးသီးချွေးပေါက်တွေကိုပွတ်သပ်ချလို့ တကယ့်ကို ကာမဂုဏ်ပျော်ပါးပြီးထလာတဲ့ပုံစံမျိုးနဲ့ပါပဲ။

ဒီမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့ အဖေါ်ရဟန်းဟာအကြီးအကျယ် အထင်လွဲသွားပါတယ်။ ဒီလိုမိုက်ရိုင်းယုတ်မာတဲ့ သူနဲ့ ငါဘယ်တော့မှမပတ်သက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ကာယကံရှင်ရဟန်းက ဘယ်လိုပဲ ရှင်းပြရှင်းပြလုံးဝ မယုံကြည်တော့ပါဘူး။

“ရော့ မင်းရဲ့သပိတ်နဲ့သင်္ကန်းမင်းယူ၊ မင်းလိုယုတ်မာတဲ့သူနဲ့ တစ်လမ်းတည်းဘယ်တော့မှ လာပတ်သက်နဲ့လို့” မိတ်ဖြတ်စကားပြောပြီးတခြားလမ်းကနေခွဲထွက်ကြွသွားပါတယ်။ ဥပုယ်သိမ်ရောက်လို့တောင်မှ ရဟန်းယုတ်နဲ့အတူတူဥပုသ်အတူ မပြုနိုင်ဘူးလို့ ငြင်းနေတဲ့အတွက်ဘုမ္မဇိုဝ်းနတ်က အဖြစ်မှန်ကို ဝင်ရှင်းပြတော့မှဥပုသ်ပြုကြတယ်။

ဘုမ္မဇိုဝ်းနတ်က ပြန်ရှင်းပြလို့ အဖြစ်မှန်ကိုသိကြရပေမယ့် သိပ်ချစ်ခဲ့ကြတဲ့ ရဟန်းတော်နှစ်ပါးဟာအရင်ကလို တစ်ယောက်နဲ့တစ်ယောက်အခေါ်အပြော၊ အဆက်အဆံ မရှိကြတော့ပါဘူး။

အရင်လို နေရာတစ်နေရာတည်းမှာလည်းအတူတူမနေကြတော့ပါဘူး။ တစ်ပါးနဲ့တစ်ပါးမမြင်တွေ့အောင် ရှောင်နေကြပါတယ်။တစ်ပါးနဲ့တစ်ပါး သူစိမ်းတွေလို ရှောင်နေကြပါတယ်။သေတပန် သက်တစ်ဆုံး ခပ်စိမ်းစိမ်း နေလိုက်ကြပါတယ်။

ရဟန်းတော်နှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာကိုကွဲပြားအောင်လုပ်ခဲ့မိတဲ့ အဲဒီအကုသိုလ်ကံကြောင့်ဘုမ္မဇိုဝ်းနတ်ဟာ ကဿပ မြတ်စွာဘုရားရှင်နဲ့ဂေါတမမြတ်စွာဘုရားရှင်၊ ဘုရားရှင်နှစ်ဆူတို့ရဲ့ကြားကာလတစ်လျှောက်လုံး မရေမတွက်နိုင်တဲ့နှစပေါင်းများစွာ အပါယ်လေးပါးမှာ ကျင်လည်ခဲ့ရပါတယ်။

တစ်ရံတစ်ခါ လူဖြစ်လာပြန်တော့လဲ သူများပြုသမျှအပြစ်တွေဟာ သူ့အပေါ်မှာချည်းပဲ ပုံကျခဲ့ပါတယ်။သူတစ်ပါးရဲ့ အထင်အမြင်လွဲမှားမူ၊ မုန်းတီးမူတွေကိုလဲတနင့်တပိုး ခံစားခဲ့ရပါတယ်။ ချစ်သူခင်သူမရှိတဲ့အပယ်ခံဘဝနဲ့ သံသရာခရီးကို ခြောက်သွေ့ကြေကွဲစွာကျင်လည်ဖြတ်သန်းခဲ့ရပါ တယ်။

နောက်ဆုံး အရှင်ဓာနဘဝ ရောက်ပြန်တော့လဲရဟန်းဖြစ်တာတောင် အေးအေးဆေးဆေး မနေရဘဲ“အမျိုးသမီး ဝဋ္ဋ်ကြွေးရုပ်”ရဲ့ နှောင့်ယှက်နှိပ်စက်မူဒဏ်ကိုအလူးအလဲ ခံစားရပါတယ်။ ဝိပဿနာတရားပွားများအားထုတ်လို့ ရဟန္တာဖြစ်တော့မှပဲအမျိုးသမီး ဝဋ္ဋ်ကြွေးရုပ် အပြီးတိုင် အလိုအလျောက်ကွယ်ပျောက်သွားပါတော့တယ်။

ဒီဘက်လူ အကြောင်း ဟိုဘက်မှာ မကောင်းပြော၊ဟိုဘက်လူအကြောင်း ဒီဘက်မှာမကောင်းပြောမှချစ်ခြင်းကိုခွဲတာ (ကုန်းတိုက်တာ) မဟုတ်ပါဘူး။တစ်နည်းနည်းနဲ့ ဆက်ဆံရေး ပျက်ပြားသွားအောင်လုပ်ရင် ချစ်ခြင်းကို ခွဲတာပဲ။ ကုန်းတိုက်တာပဲဆိုတာ ဒအဖြစ်အပျက်က သက်သေပြနေပါတယ်။

ပါးစပ်နဲ့ ကုန်းတိုက်စကားပြောဆိုမှချစ်ခြင်းကိုခွဲရာ ရောက်တာမဟုတ်ပါဘူး။တစ်ယောက်ပေါ် တစ်ယောက်အထင်အမြင်လွဲမှားသွားစေနိုင်တဲ့ အပြုအမူမျိုး၊ဖြစ်ရပ်မျိုးကိုကိုယ်နဲ့ဖန်တီးပြုလုပ်ရင် လည်း ချစ်ခြင်းကိုခွဲရာရောက်တယ်။ပိသုဏဝါစာ ဒုစရိုက် အကုသိုလ် ဖြစ်တယ်ဆိုတာကိုဒီအဖြစ်အပျက်ကနေ ကောက်ချက်ချနိုင်ပါတယ်။တစ်ယောက်နဲ့တစယောက် တကယ်မေတ္တာပျက်စေချင်တဲ့ စိတ်နဲ့မဟုတ်တဲ့မေတ္တာခိုင်မြဲမူ ရှိမရှိ စမ်းသပ်ကြည့် ချင်တဲ့စိတ်နဲ့လုပ်လိုက်မိတဲ့အကုသိုလ်ကံတောင်မှ ဒီလောက်အပြစ်ကြီးသေးတယ်ဆိုရင်….

တစ်ယောက်အပေါ်၊ဒါမှမဟုတ် နှစ်ယောက်လုံးအပေါ် ဒါမှမဟုတ်တစ်စုတစ်ဖွဲ့လုံးအပေါ် မနာလိုမုန်းတီးပြီးတကယ်မေတ္တာပျက်စေလိုတဲ့စိတ်၊တကယ်ဆက်ဆံရေး ပျက်စေလိုတဲ့စိတ်နဲ့ တမင်လုပ်တဲ့ ချစ်ခြင်းခွဲ အကုသိုလ်ကံဆိုရင်တော့ဘယ်လောက်တောင် အပြစ်ကြီးမယ်ဆိုတာ မတွေးဝံ့စရာပါပဲ။ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလောက်အောင်ကြောက်မက်ဖွယ် ဆိုးကျိုးဆင်းရဲတွေကိုခါးသီးခံစားရမှာ သေချာပတယ်။

တစ်ကယ်တော့ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြ၊ခင်ကြ၊ကြင်နာကြတယ်ဆိုတာစိတ်ထား တတ်သူတွေအတွက်ဝမ်းမြောက်ဖွယ်မြင်ကွင်းပါ။ကြည်နူးဖွယ်မြင်ကွင်းပါ။ချစ်သူ၊ကြင်နာသူတွေ၊ခင်သူတွေကြောင့်လဲလောကကြီးက လှပနေတာပါ။

မလိုတမာအမုန်းထားပြီး မပိုရှာ ကုန်းစကားတွေနဲ့သူတစ်ပါးရဲ့ချစ်ခြင်းကို ခွဲတဲ့သူဟာ လောကကြီးရဲ့အလှအပကို ဖျက်ဆီးနေတဲ့သူပါပဲ။လောကကြီးကို အရုပ်ဆိုးအကျည်းတန်အောင် ဆေးမည်းသုတ်နေတဲ့သူပါပဲ။လောကကြီးကိုအလှဖျက်ရင် ကိုယ့်ဘဝ အလှပျက်တတ်ပါ တယ်။လောကကြီးကို အရုပ်ဆိုး အကျည်းတန်အောင် လုပ်ရင်ကိုယ့်ဘဝ အရုပ်ဆိုးအကျည်းတန် တတ်ပါတယ်။

မုဒိတာတရား နှလုံးသားမှာ ခိုင်မြဲအောင် မွေးမြူနိုင်ခြင်း၊မနာလိုမူ မုန်းတီးမူတွေကို သတိပဉာန်နည်းကျဝိပဿနာရှု့ပွား ပယ်သတ်နိုင်ခြင်းတို့ကြောင့်သူတစ်ပါးရဲ့ ချစ်ခြင်းကို မခွဲတော့ဘူးဆိုရင်တော့ကိုယ့်နှလုံးသားလည်း လှပလာကိုယ့်ဘလည်း စိုပြေလာတဲ့အတွက်ငြိမ်းအေးသောဘဝပိုင်ရှင် ဖြစ်ပါပြီ…။(အရှင်ဆန္ဒာဓိက – ရွှေပါရမီတောရ)(ငြိမ်းအေးသောဘဝပိုင်ရှင်စာအုပ်၏‘ချစ်ခြင်းကိုမခွဲပါနဲ့’ (မာတိကာ) မှကောက်နှုတ်ချက် ဖြစ်ပါသည်။)

“သူတစ်ပါးချစ်ခြင်း ခွဲကံ အပြစ်များ”

ချစ်သူနှစ်ယောက်တို့ ညီညွတ်နေရာတစ်ယောက်အပြစ်ကိုတစ်ယောက် ထံပြောကြားခြင်း၊တစ်ယောက်မေ ကာင်းကြောင်း တစ်ယောက်ထံပြောခြင်း၊ မဟုတ်မမှန်လီဆယ်ပြီးပြောခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက်အချစ်ပြယ်၍ ညီညွတ်မူ ကွဲပြားသွားတတ်ပါတယ်။ကုန်းတိုက်စကား ပြောဆိုခြင်းကို ပိသုဏဝါစာ လို့ခေါ်ပါတယ်။

‘ပိသုဏဝါစာ ဖြစ်ရန် အင်္ဂါ(၅)ပါး’

(၁) ညီညွတ်သူ ချစ်သူနှစ်ရှိခြင်း၊

(၂) ကွဲပြားစေလိုသော စိတ်ရှိခြင်း (သို့မဟုတ်)မိမိကိုချစ်လာစေလိုသော စိတ်ရှိခြင်း၊မိမိကိုဂရုစိုက်လာစေလိုခြင်း၊မိမိကိုပိုအရေးပေးစေလိုခြင်း။

(၃) ကွဲပြားအောင် လုံ့လပြု အားထုတ်ခြင်း၊

(၄) ထိုသို့ ပြောသည်ကို အပြောခံရသူက နားလည်ခြင်း၊(သူ့စကားရဲ့ အဓိပ္ပါယ်ကို နားလည်ခြင်းကို ဆိုလိုပါတယ်)

(၅) ကွဲပြားကြခြင်း – ဆိုတဲ့ အင်္ဂါ ၅ ပါးနှင့်ပြည့်စုံတယ်ဆိုရင်ကုန်းတိုက်စကားပြောဆိုရာရောက်ပါတယ်။ဆိုလိုတာက ကံမြောက်ပါတယ်။အဲဒီလို ပြောဆိုပြီဆိုရင် ခံစားရမည့်အကျိုးဆက်တွေကတော့-

(၁) အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့နှင့် စိတ်ဝမ်းကွဲပြားရခြင်း၊

(၂) သူတပါးလုံ့လကြောင့် သေကျေပျက်စီးရခြင်း၊

(၃) အခြွေအရံမဲ့ရခြင်း၊ တကယ်ရင်းနှီးပေါင်ဖော်ရမည့်သူမရှိခြင်း၊

(၄) သူတော်ကောင်းတရား၌ သက်ဝင်ယုံကြည်မူ သဒါ္ဓတရားမရှိခြင်း၊

(၅) မိတ်ဆွေအပေါင်းအသင်း မတည်မြဲခြင်း၊

(၆) လူအများ အမုန်းခံရခြင်း၊

(၇) စိတ်ဓာတ် ညစ်ညမ်းခြင်း၊

(၈)ကိုယ်ချစ်သောသူနှင့်ဘယ်တော့မှ ဆုံးဆည်းခွင့်မရခြင်း

(၉)စိတ်ချမ်းသာရတယ်လို့မရှိပဲ အမြဲစိတ်ဆင်းရဲနေရခြင်း၊

(၁၀) အပြစ်အားကြီးလွန်းရင်အပါယ်လေးပါးလားရောက်ရပါတယ်။ ။

အချက်ငါးချက်လုံးထဲမှာ တစ်ခုခုမပြည့်စုံလို့ကံမမြောက်ရင် အကုသိုလ်ဝဋ္ဋ်ကြွေးအနေနဲ့ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်ကိုယ်လုပ်လိုက်တဲ့အပြုအမူကို ခံရတဲ့သူကကောင်းရင်ကောင်းနေသလောက်၊ကိုယ့် အချစ်ရေးကံမှာ ဆိုးပါလိမ့်မယ်။
ဝဋ္ဋ်ကြွေးကြီးပါလိမ့်မယ်။ ကောင်းရုံတင်မကပဲသီလရှိတဲ့သူသာဖြစ်နေရင် ခံပေတော့..။သူတစ်ပါးချစ်ခြင်းကို ခွဲတဲ့သူဟာ
အပါယ်လေးပါး လားရောက်ရတဲ့အပြင်ဖြစ်လေရာဘဝတိုင်းမှာ သူတစ်ပါးရဲ့ အကဲ့ရဲ့၊အစွပ်စွဲခံရတတ်ပါတယ်။ သူများလုပ်သမျှအပြစ်တွေဟာ ကိုယ့်အပေါ်မှာပဲ ကျရောက်တဲ့အတွက်သူ့အပြစ်က ကိုယ့်အပြစ် ဖြစ်တတ်ပါတယ်။

ကိုယ်ချစ်တဲ့သူနဲ့ ဘယ်တော့မှ ဆုံဆည်းခွင့်မရတဲ့အတွက်ချစ်သူကွဲဆင်းရဲကို အမြဲခံစားရတတ်ပါတယ်။လူဆင်းရဲပဲဖြစ်ဖြစ် လူချမ်းသာပဲဖြစ်ဖြစ်ဖြစ်ရာဘဝမှာ ဘယ်တော့မှ စိတ်ချမ်းသာတယ်ရယ်လို့မရှိဘဲ အမြဲစိတ်ဆင်းရဲ နေရတတ်ပါတယ်။ကိုယ်ဘယ်လောက် ကောင်းကောင်းလူတိုင်းက ကိုယ့်ကိုအလကားနေရင်းမုန်းတီးနေတတ်ပါတယ်။ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်၊ကိုယ့်ဘက်ကဘယ်လောက်ကောင်းကောင်းကိုယ့်ကိုအကောင်းမထင်၊

ကိုယ်ချစ်တဲ့သူတွေနဲ့အတူတူမနေရ၊ မိဘမေတ္တာဆိုတာ ခံစားခွင့်မကြုံ၊ညီအစ်ကိုမောင်နှမ အချင်းချင်းမတည့်၊ဆွေမျိုးတွေက တစ်ကိုယ်ကောင်းဆန်၊သူငယ်ချင်း အပေါင်းအသင်းတွေက မိတ်ဆွေကောင်းမပီသ၊ဒါတွေအားလုံးက အချစ်ကံခေတာတွေချည်းပါပဲ…။အချစ်ကံ မခေစေချင်ရင် အချစ်ကံခေစေမယ့်လုပ်ရပ်တွေကနေ ကြိုးစား သတိထားဖယ်ရှားပါ။မှားနေရင် ပြင်ပါ။ အမှားပြင်နိုင်ပြီး အချစ်ကံကောင်းသူများစိတ်ချမ်းသာသောသူများ ဖြစ်ကြပါစေလို့။။။ ။။။

ဖိုးသူတော် (www.phothutaw.com)
Credit:ပီတိဖြူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top