








Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #

အနုပညာလောကထဲမှာ ခြေချလာတာကြာပြီ ဖြစ်တဲ့ သရုပ်ဆောင် စမိုးလ်ကိုတော့ တော်တော်များများ ရင်းနှီးပြီးသား ဖြစ်မယ် ထင်တယ်။ သရုပ်ဆောင် စမိုးလ်ကတော့ ပရိသတ်တွေရဲ့ မျက်စိရှေ့ကနေ နှစ်အတန်ကြာ ပျောက်သွားပြီး လက်ရှိချိန်မှ ပရိသတ်ရှေ့မှာ ပြန်လည်ပေါ်လာပြီး ပိုလို့တောင် နာမည်ကြီးလာသေးတာ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ အမျိုးသားဖြစ်သူနဲ့ နှစ်ယောက်တူတူ လက်တွဲပြီးတော့ ကြိုးစားခဲ့တာကြောင့် လက်ရှိချိန်မှာတော့ သာယာတဲ့မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

ပြီးပြည့်စုံတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့ အလျောက် စမိုင်းလ်တို့ မိသားစုကတော့ အလှူအတန်းမှာလည်း လက်မနှေးတဲ့သူတွေ ဖြစ်ကြပါတယ်။ စမိုင်းလ်ကတော့ လက်ရှိမှာလည်း သူ့မွေးနေ့နဲ့ သူ့သမီးမွေးနေ့ မတိုင်ခင်မှာတော့ အလှူအတန်းကြီးကြီးမားမားကို ပြုလုပ်လိုက်ပြန်ပါပြီ။

စမိုင်းလ်ကတော့ သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာတော့ “သမီးလေးမွေးနေ့နဲ့ ကျမရဲ့ကျရောက်မဲ့ ၃၅ နှစ်ပြည့်မွေးနေ့အလှူ ကြာသပတေး စောင်းတန်းတိုင်လုံး ၄ လုံးအလှူငွေ သိန်း ၂၆၀,၆၀၀၀၀ လှူဒါန်းမှူအစုစုအားကုသိုလ်ယူကြပါ” ဟု ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

စမိုင်းလ်ကတော့ အလှူအတန်းရက်ရောတဲ့ အပြင် ခင်ပွန်းဖြစ်သူကိုလည်း မြတ်နိုးတန်ဖိုးထားသူတယောက် ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အပြန်အလှန် Surprise လုပ်တဲ့ ကိစ္စတွေကလည်း ပရိသတ်တွေကြားမှာ တော်တော်လေးကို နာမည်ကြီးပြီး လူအများလေးစားအားကျချင်စရာကောင်းလောက်တဲ့ ကိစ္စလည်း ဖြစ်ခဲ့ပါတယ်။

ထို့နောက် စမိုင်းလ်ကတော့ အမျိုးသမီးတွေအတွက် ခွန်အားဖြစ်စေတဲ့ စကားတွေနဲ့ စာအုပ်တွေကိုလည်း ဘဝအတွေ့အကြုံနဲ့ ယှဉ်ကာ မျှဝေပေးတာတွေလည်း ရှိပါတယ်။

အလှူအတန်းမှာသာမက မရှိတဲ့လူတွေရဲ့ အခက်ခဲတွေကိုလည်း အမြဲလိုလိုဖြေရှင်းပေးတတ်တဲ့ စမိုင်းလ်တို့မိသားစုရဲ့စိတ်ထားလေးကတော့ လေးစားစရာကောင်းလှပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်တို့ မိသားစုရဲ့ လုပ်ရပ်လေးကို လေးစားအားကျမိကြမယ် ထင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top