ကၽြန္မတို႔အားလုံးဟာ တစ္ေယာက္ကို တစ္မ်ိဳးစီနဲ႔ တမူထူးျခားသူေတြ ျဖစ္ၾကပါတယ္။ တစ္ေယာက္ရဲ့အေၾကာင္းကို တစ္ေယာက္က မသိနိုင္သလိုပဲ ကၽြန္မတို႔ ကိုယ္တိုင္လည္း ကိုယ္ကိုယ္ကို သတိမထားမိတာေတြ ရွိတတ္ေပမယ့္ ကၽြန္မတို႔ရဲ့ သဘာဝ နဲ႔ စရိုက္ကို ကၽြန္မတို႔ရဲ့ ကိုယ္အဂၤါ အစိတ္အပိုင္းေတြက ေဖာ္ျပၿပီး ျဖစ္ပါတယ္။ ဘယ္လိုေျခေခ်ာင္း ပုံစီက ဘယ္လို သဘာဝ ရွိတယ္ ဆိုတာကို ေလ့လာၾကည့္ ၾကရေအာင္။

1 The Egyptian Foot

ယခုလို ေျခေခ်ာင္း ပုံစံမ်ိဳးဟာ ရွားပါးၿပီး အျမင့္ကေနအနိမ့္သို႔ ညီညာစြာ ဆင္းသြားတဲ့ ပုံစံမ်ိဳးျဖစ္ပါတယ္။ ဒီလိုေျခေခ်ာင္း ပုံစံမ်ိဳးကို ဘာေၾကာင့္ အီဂ်စ္ေျခေထာက္လို႔ ေခၚရတာလဲ ဆိုေတာ့ အဆိုပါေျခေခ်ာင္းပိုင္ရွင္ေတြဟာ အနည္းငယ္ လွို႔ဝွက္ ဆန္းၾကယ္ၾက တာေၾကာင့္ ျဖစ္ပါတယ္။

သူတို႔ေတြဟာ အလြန္ကို လွို႔ဝွက္တတ္တဲ့ သူေတြျဖစ္ၿပီး သူတို႔ဟာ သင့္အျမင္မွာ အေျဖရွာရ ခက္တဲ့ ပုစၧာတစ္ပုဒ္လို ျဖစ္ေနနိုင္ ပါတယ္။ သူတို႔ရဲ့ စိတ္ကူးေတြ ခံစားခ်က္ေတြကို သင္ေဖာ္ထုတ္ နိုင္မွာ မဟုတ္ပါဘူး ။

2.The Roman Foot

ယခုလို ေျခေခ်ာင္းသုံးေခ်ာင္းက ညီညာေနၿပီး ေနာက္ေျခေခ်ာင္း ႏွစ္ေခ်ာင္းက အစဥ္လိုက္ ျဖစ္ေနတာကို ေရာမေျခေခ်ာင္းလို႔ ေခၚၾကပါတယ္။

ယခုလို ေျခေခ်ာင္းပိုင္ရွင္ေတြဟာ ၾသဇာႀကီးတဲ့ သူေတြ ျဖစ္ၾကၿပီး သတၱိနဲ႔ သစၥာ ေစာင့္သိတတ္ ၾကသူေတြလည္း ျဖစ္ၾကပါတယ္။ သူတို႔ေတြဟာ သူတို႔ ခ်စ္သူေတြနဲ႔ ပတ္သတ္လာရင္ အလြန္ကို စိတ္အားထက္သန္ေလ့ ရွိတတ္ၾက ပါတယ္ ။

ဒါ့ေၾကာင့္ သူတို႔ခ်စ္တဲ့သူ တေယာက္ေယာက္ကို သင္က သြားရွုပ္မိရင္ေတာ့ ေရာမေျခေထာက္နဲ႔ အကန္ခံရကိန္း ရွိပါတယ္။

3.Peasant’s Foot

ဒီလိုေျခေခ်ာင္းမ်ိဳး ကလည္း အလြန္ကို ရွားပါၿပီး ေျခေခ်ာင္း အားလုံးဟာ တတန္းတည္း ရွိေနပါတယ္။ ယခုလိုေျခေခ်ာင္းကို ေတာသားေျခေထာက္၊ ဆင္းရဲသားေျခေထာက္လို႔ အမည္ ေပးထားတာ ေစာ္ကားလိုတဲ့ ဆႏၵေၾကာင့္ မဟုတ္ပါဘူး။

ဒီလိုေျခေခ်ာင္းပိုင္ရွင္ေတြဟာ အႀကံဉာဏ္ ႀကီးၾကပါတယ္။ ဘယ္လို အရာမ်ိဳးကိုပဲ ျဖစ္ျဖစ္ သူတို႔ေတြဟာေကာင္းစြ ာစစ္ေၾကာနိုင္စြမ္းလည္း ရွိၾကပါတယ္။ သူတို႔ေတြဟာ အျမဲတမ္း တည္ၿငိမ္ေန တတ္ၿပီး က်ိဳးေၾကာင္းဆီေလ်ာ္စြာ ေျပာဆိုတတ္ ၾကပါတယ္။

ဒါေၾကာင့္ပဲ အေျခအေန အရပ္ရပ္ကို အဆုံးမသတ္ခင္မွာ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ေတြ ခ်နိုင္စြမ္း ရွိၾကပါတယ္။ ဒီလိုလူမ်ိဳးေတြနဲ႔ သူငယ္ခ်င္းျဖစ္ရင္ လက္မလႊတ္သင့္ ပါဘူး။ သူတို႔ဆီက အေကာင္းဆုံး အႀကံဉာဏ္ေတြကို သင္ရရွိ ပါလိမ့္မယ္။

4.The Greek’s Feet

ဒီလို ဒုတိယေျမာက္ေျခေခ်ာင္း တစ္ေခ်ာင္းတည္းက ရွည္ထြက္ေနျခင္းကို ဂရိေျခေထာက္လို႔ ေခၚပါတယ္။ ဒီလိုေျခခ်ာင္း ပုံသဏၰာန္ေတြကို ဂရိ႐ုပ္ထုေတြ၊ ပန္းခ်ီေတြမွာ အမ်ားအျပားေတြ႕နိုင္ပါတယ္။

ဂရိေျခေထာက္ပိုင္ရွင္ေတြဟာ အႏုပညာ၊ အားကစားနဲ႔ ေဖ်ာ္ေျဖ တင္ဆက္သမား ေတြ ျဖစ္ေနၾကပါတယ္။ သူတို႔ရဲ့အႏုပညာဟာ အရမ္းကို ဖန္တီးနိုင္စြမ္းရွိၾကၿပီး အေတြးအေခၚပိုင္း မွာလည္း ျပည့္စုံေကာင္းမြန္သူေတြ ျဖစ္ၾကပါတယ္။

တကယ္လို႔ ဒီလိုေျခေခ်ာင္းမ်ိဳးေတြနဲ႔ သင္ေမြးဖြားလာတယ္ ဆိုရင္ေတာ့ သင္ဟာ ေခါင္းေဆာင္တစ္ေယာာက္ ျဖစ္လာမယ့္သူပါ။ သင့္အတြက္ ဂုဏ္ယူပါတယ္။

5 The Immovable Little Toe

ေျခေခ်ာင္းေတြကို ကိုယ္တိုင္ မေရြ႕လ်ားနိုင္တဲ့ သူမ်ိဳးေတြကို သင္ျမင္ဖူးပါသလား။ သူတို႔ေတြဟာ စူပါဟီရိုးဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ညီမၽွသူေတြ ျဖစ္ၾကပါတယ္။

သူတို႔ေတြဟာ ကိုယ့္ရဲ့ အသက္ေမြးဝမ္းေၾကာင္း အလုပ္ကို စိတ္အား အလြန္ ထက္သန္ၾကၿပီး အလုပ္ကိုလည္း သရဲမရဲ စီးသလို လုပ္တတ္ၾကသူေတြ ျဖစ္ၾကပါတယ္။

6 .The Moving Little Toe

ေျခသန္းတစ္ေခ်ာင္းတည္းကိုပဲ သီးသန္႔လွုပ္ရွားနိုင္တဲ့ ေျခေခ်ာင္းပိုင္ရွင္ေတြ ကေတာ့ အေပၚကလူနဲ႔ မတူညီပဲ သူတို႔ရဲ့ေျခသန္းကို ေရြ႕လ်ားနိုင္သူေတြ ျဖစ္ၾကပါတယ္။

သူတို႔ေတြရဲ့ စရိုက္ကေတာ့ အေျဖကို သိရွိနိုင္ဖို႔ အရမ္းကို စိတ္အားထက္သန္သူေတြ ျဖစ္ၾကပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ေတြဟာ စပ္စုတတ္သူေတြ ျဖစ္ေနၾကၿပီး အသစ္ေတြကို သင္ယူနိုင္ဖို႔ အျမဲတက္ႂကြေနၾကပါတယ္။

7.The Teeny Tiny Little Toe

သူတို႔ေတြရဲ့ ေျခသန္း တစ္ခ်ာင္းတည္းဟာ အလြန္ေသးငယ္ၿပီး ပုတိုတိုေလး ျဖစ္ေနၾကပါတယ္။ ထိုသူမ်ိဳးေတြဟာ ေခတ္ေရွ႕ေျပးသူေတြ ျဖစ္ၾကၿပီး ကိုယ္ပိုင္လမ္းေၾကာင္းေပၚမွာ အျခားသူေတြဘယ္သူမွ မရွိရင္ေတာင္မွ ရွက္ေၾကာက္စြာနဲ႔ သြားေနမွ ာမဟုတ္ပါဘူး။

သူတို႔ေတြဟာ ကိုယ္ပိုင္ေျမပုံ နဲ႔ ခရီးသြားေနၾကသူေတြ ျဖစ္သလို ဘယ္သူေတြကပဲ ကဲ့ရဲ့ပါေစ။ ကိုယ္ႏွစ္သက္တဲ့ ဖက္ရွင္ဒီဇိုင္းမ်ိဳးကိုပဲ ယုံၾကည္စြ ာဝတ္ဆင္တတ္ပါတယ္။

8 The Third Toe Turning Outwards

တတိယေျခေခ်ာင္းက အျပင္ထြက္ေနတဲ့ ေျခေခ်ာင္းပိုင္ရွင္ ကေတာ့ အလြန္အေသးစိတ္ တတ္ၿပီး ကိုယ့္ရဲ့စံခ်ိန္စံညႊန္းနဲ႔ ကိုက္ညီတဲ့ အထိ တိုင္းတာတတ္ၾက သူေတြျဖစ္ပါတယ္။

သူတို႔ရဲ့ ဘဝမွာ ဘယ္ေတာ့မွ အသုံးမဝင္တဲ့ အရာေတြနဲ႔ အခ်ိန္မျဖဳန္းတတ္ ၾကပါဘူး။ အရာရာတိုင္းကို ကိုယ့္ရဲ့စံညႊန္းနဲ႔ ကိုက္ညီလာတဲ့အထိ အေသးစိတ္တတ္သူေတြ ျဖစ္ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bahututaa
# Unicode Version # ျဖင့္ ဖတ္ပါ #

ကျွန်မတို့အားလုံးဟာ တစ်ယောက်ကို တစ်မျိုးစီနဲ့ တမူထူးခြားသူတွေ ဖြစ်ကြပါတယ်။ တစ်ယောက်ရဲ့အကြောင်းကို တစ်ယောက်က မသိနိုင်သလိုပဲ ကျွန်မတို့ ကိုယ်တိုင်လည်း ကိုယ်ကိုယ်ကို သတိမထားမိတာတွေ ရှိတတ်ပေမယ့် ကျွန်မတို့ရဲ့ သဘာဝ နဲ့ စရိုက်ကို ကျွန်မတို့ရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေက ဖော်ပြပြီး ဖြစ်ပါတယ်။ ဘယ်လိုခြေချောင်း ပုံစီက ဘယ်လို သဘာဝ ရှိတယ် ဆိုတာကို လေ့လာကြည့် ကြရအောင်။

1 The Egyptian Foot

ယခုလို ခြေချောင်း ပုံစံမျိုးဟာ ရှားပါးပြီး အမြင့်ကနေအနိမ့်သို့ ညီညာစွာ ဆင်းသွားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒီလိုခြေချောင်း ပုံစံမျိုးကို ဘာကြောင့် အီဂျစ်ခြေထောက်လို့ ခေါ်ရတာလဲ ဆိုတော့ အဆိုပါခြေချောင်းပိုင်ရှင်တွေဟာ အနည်းငယ် လှို့ဝှက် ဆန်းကြယ်ကြ တာကြောင့် ဖြစ်ပါတယ်။

သူတို့တွေဟာ အလွန်ကို လှို့ဝှက်တတ်တဲ့ သူတွေဖြစ်ပြီး သူတို့ဟာ သင့်အမြင်မှာ အဖြေရှာရ ခက်တဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေနိုင် ပါတယ်။ သူတို့ရဲ့ စိတ်ကူးတွေ ခံစားချက်တွေကို သင်ဖော်ထုတ် နိုင်မှာ မဟုတ်ပါဘူး ။

2.The Roman Foot

ယခုလို ခြေချောင်းသုံးချောင်းက ညီညာနေပြီး နောက်ခြေချောင်း နှစ်ချောင်းက အစဉ်လိုက် ဖြစ်နေတာကို ရောမခြေချောင်းလို့ ခေါ်ကြပါတယ်။

ယခုလို ခြေချောင်းပိုင်ရှင်တွေဟာ သြဇာကြီးတဲ့ သူတွေ ဖြစ်ကြပြီး သတ္တိနဲ့ သစ္စာ စောင့်သိတတ် ကြသူတွေလည်း ဖြစ်ကြပါတယ်။ သူတို့တွေဟာ သူတို့ ချစ်သူတွေနဲ့ ပတ်သတ်လာရင် အလွန်ကို စိတ်အားထက်သန်လေ့ ရှိတတ်ကြ ပါတယ် ။

ဒါ့ကြောင့် သူတို့ချစ်တဲ့သူ တယောက်ယောက်ကို သင်က သွားရှုပ်မိရင်တော့ ရောမခြေထောက်နဲ့ အကန်ခံရကိန်း ရှိပါတယ်။

3.Peasant’s Foot

ဒီလိုခြေချောင်းမျိုး ကလည်း အလွန်ကို ရှားပါပြီး ခြေချောင်း အားလုံးဟာ တတန်းတည်း ရှိနေပါတယ်။ ယခုလိုခြေချောင်းကို တောသားခြေထောက်၊ ဆင်းရဲသားခြေထောက်လို့ အမည် ပေးထားတာ စော်ကားလိုတဲ့ ဆန္ဒကြောင့် မဟုတ်ပါဘူး။

ဒီလိုခြေချောင်းပိုင်ရှင်တွေဟာ အကြံဉာဏ် ကြီးကြပါတယ်။ ဘယ်လို အရာမျိုးကိုပဲ ဖြစ်ဖြစ် သူတို့တွေဟာကောင်းစွ ာစစ်ကြောနိုင်စွမ်းလည်း ရှိကြပါတယ်။ သူတို့တွေဟာ အမြဲတမ်း တည်ငြိမ်နေ တတ်ပြီး ကျိုးကြောင်းဆီလျော်စွာ ပြောဆိုတတ် ကြပါတယ်။

ဒါကြောင့်ပဲ အခြေအနေ အရပ်ရပ်ကို အဆုံးမသတ်ခင်မှာ အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချနိုင်စွမ်း ရှိကြပါတယ်။ ဒီလိုလူမျိုးတွေနဲ့ သူငယ်ချင်းဖြစ်ရင် လက်မလွှတ်သင့် ပါဘူး။ သူတို့ဆီက အကောင်းဆုံး အကြံဉာဏ်တွေကို သင်ရရှိ ပါလိမ့်မယ်။

4.The Greek’s Feet

ဒီလို ဒုတိယမြောက်ခြေချောင်း တစ်ချောင်းတည်းက ရှည်ထွက်နေခြင်းကို ဂရိခြေထောက်လို့ ခေါ်ပါတယ်။ ဒီလိုခြေချာင်း ပုံသဏ္ဏာန်တွေကို ဂရိရုပ်ထုတွေ၊ ပန်းချီတွေမှာ အများအပြားတွေ့နိုင်ပါတယ်။

ဂရိခြေထောက်ပိုင်ရှင်တွေဟာ အနုပညာ၊ အားကစားနဲ့ ဖျော်ဖြေ တင်ဆက်သမား တွေ ဖြစ်နေကြပါတယ်။ သူတို့ရဲ့အနုပညာဟာ အရမ်းကို ဖန်တီးနိုင်စွမ်းရှိကြပြီး အတွေးအခေါ်ပိုင်း မှာလည်း ပြည့်စုံကောင်းမွန်သူတွေ ဖြစ်ကြပါတယ်။

တကယ်လို့ ဒီလိုခြေချောင်းမျိုးတွေနဲ့ သင်မွေးဖွားလာတယ် ဆိုရင်တော့ သင်ဟာ ခေါင်းဆောင်တစ်ယောာက် ဖြစ်လာမယ့်သူပါ။ သင့်အတွက် ဂုဏ်ယူပါတယ်။

5 The Immovable Little Toe

ခြေချောင်းတွေကို ကိုယ်တိုင် မရွေ့လျားနိုင်တဲ့ သူမျိုးတွေကို သင်မြင်ဖူးပါသလား။ သူတို့တွေဟာ စူပါဟီရိုးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ညီမျှသူတွေ ဖြစ်ကြပါတယ်။

သူတို့တွေဟာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကို စိတ်အား အလွန် ထက်သန်ကြပြီး အလုပ်ကိုလည်း သရဲမရဲ စီးသလို လုပ်တတ်ကြသူတွေ ဖြစ်ကြပါတယ်။

6 .The Moving Little Toe

ခြေသန်းတစ်ချောင်းတည်းကိုပဲ သီးသန့်လှုပ်ရှားနိုင်တဲ့ ခြေချောင်းပိုင်ရှင်တွေ ကတော့ အပေါ်ကလူနဲ့ မတူညီပဲ သူတို့ရဲ့ခြေသန်းကို ရွေ့လျားနိုင်သူတွေ ဖြစ်ကြပါတယ်။

သူတို့တွေရဲ့ စရိုက်ကတော့ အဖြေကို သိရှိနိုင်ဖို့ အရမ်းကို စိတ်အားထက်သန်သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်ပဲ သူတို့တွေဟာ စပ်စုတတ်သူတွေ ဖြစ်နေကြပြီး အသစ်တွေကို သင်ယူနိုင်ဖို့ အမြဲတက်ကြွနေကြပါတယ်။

7.The Teeny Tiny Little Toe

သူတို့တွေရဲ့ ခြေသန်း တစ်ချာင်းတည်းဟာ အလွန်သေးငယ်ပြီး ပုတိုတိုလေး ဖြစ်နေကြပါတယ်။ ထိုသူမျိုးတွေဟာ ခေတ်ရှေ့ပြေးသူတွေ ဖြစ်ကြပြီး ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာ အခြားသူတွေဘယ်သူမှ မရှိရင်တောင်မှ ရှက်ကြောက်စွာနဲ့ သွားနေမှ ာမဟုတ်ပါဘူး။

သူတို့တွေဟာ ကိုယ်ပိုင်မြေပုံ နဲ့ ခရီးသွားနေကြသူတွေ ဖြစ်သလို ဘယ်သူတွေကပဲ ကဲ့ရဲ့ပါစေ။ ကိုယ်နှစ်သက်တဲ့ ဖက်ရှင်ဒီဇိုင်းမျိုးကိုပဲ ယုံကြည်စွ ာဝတ်ဆင်တတ်ပါတယ်။

8 The Third Toe Turning Outwards

တတိယခြေချောင်းက အပြင်ထွက်နေတဲ့ ခြေချောင်းပိုင်ရှင် ကတော့ အလွန်အသေးစိတ် တတ်ပြီး ကိုယ့်ရဲ့စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ အထိ တိုင်းတာတတ်ကြ သူတွေဖြစ်ပါတယ်။

သူတို့ရဲ့ ဘဝမှာ ဘယ်တော့မှ အသုံးမဝင်တဲ့ အရာတွေနဲ့ အချိန်မဖြုန်းတတ် ကြပါဘူး။ အရာရာတိုင်းကို ကိုယ့်ရဲ့စံညွှန်းနဲ့ ကိုက်ညီလာတဲ့အထိ အသေးစိတ်တတ်သူတွေ ဖြစ်ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:bahututaa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top