မိမိတို ့ရဲ ့သံသရာ ဝဋ္ဆင္းရဲကေန လြတ္ေျမာက္ဖို ့အတြက္ ဝိပႆနာ ကို က်င့္ၾကံ အားထုတ္ေနၾကတဲ့ ဓမၼမိတ္ေဆြမ်ားအတြင္း ဉာဏ္စဥ္ေတြ အေတာ္ေပါက္ေျမာက္လာၾကတာ တို ့၊ တစ္ခ်ိဳ ့ပုဂၢိဳလ္မ်ားဟာလည္း မိမိတို ့စိတ္ခ်ရတဲ့ အေနထားကို ေရာက္ရွိသြားၾကတဲ့ ပုဂၢိဳလ္ေတြ ျဖစ္လာၾကလို ့စတဲ့ ပုဂၢိဳလ္ အသီးသီးေတြမွာ တစ္ခ်ိဳ ့ပုဂၢိဳလ္ေတြဟာ တရားရႈမွတ္ေနတဲ့အခ်ိန္ မိမိရဲ႕ ဟိုးအယင္ အတိတ္ဘဝ ကို ျပန္ျမင္တာေတြ ရွိၾကပါတယ္။

အဲဒီလို ျပန္ျမင္ၾကတဲ့အခ်ိန္မွာ ျပသနာအေနနဲ ့ဝိပႆနာ အားထုတ္လို ့အေတာ္အတန္အဆင့္ေရာက္ေနၿပီးျဖစ္တဲ့ ပုဂၢိဳလ္တို ့က ေပၚလာတဲ့ အတိတ္ဘဝ ကို လည္း ရႈလို ့ရသလားဆိုတဲ့ ျပသနာပါ ။မိမိတို ့တရားစတင္ အားထုတ္စဥ္ကတည္းက သိထားတာက ဝိပႆနာ ဆိုတာ ပစၥဳပၸန္မွာ ေပၚတာ ကို ရႈရမယ္ဆိုတာ သိထားတဲ့ အေလ်ာက္၊ ေပၚတာကို ဘဲ ရႈခဲ့ၾကလို ့လည္း အထိုက္ေလ်ာက္ ျဖစ္လာၾကပါၿပီ။

ဒါေပမဲ့ အခုလို အေျခေနမ်ိဳး ၾကံဳေတြ ့လာခဲ့ရင္ ဒါမွမဟုတ္ အခုႀကံဳေတြ ့ေနဆဲ ျဖစ္တဲ့ ဓမၼမိတ္ေဆြတို ့ဟာ ဘယ္လို ေျဖရွင္းမလဲဆိုတဲ့ နည္းကို သိရွိၾကေစရန္ အတြက္ ဖတ္ရႈထားဘူးတဲ့ ဆရာေတာ္ “ဓမၼဒူတ အရွင္ေဆကိႏၷ” ေျဖၾကားထားတဲ့ တရားသင္တန္းအေမးေျဖေတြ ထဲ ကေန ေကာက္ႏႈတ္ၿပီး ေရးသားကာ ဓမၼဒါနျပဳလိုက္ပါတယ္။

ဒီအေၾကာင္းရာကို မေရးသားခင္မွာ ဓမၼမိတ္ေဆြတို ့ဦးစြာပထမ ျဖစ္ေပၚေနတဲ့ ေမးခြန္းေတြ ရွိေကာင္းရွိမွာပါ…။အဲဒီလို ရွိႏိုင္တဲ့ ေမးခြန္းေတြကေတာ့..

ဝိပႆနာ အားထုတ္လို ့တရားထိုက္တဲ့ အခါမွာ အတိတ္ဘဝ ေတြ ကို ျမင္ႏိုင္ပါသလား?

အဲဒီလို အတိတ္ဘဝ ေတြကို ျမင္တာဟာ ဝိပႆနာဉာဏ္ နဲ ့ ဆိုင္ပါသလား?

ၿပီးေတာ့..

ဝိပႆနာတရားဟာ “အတိတ္ဘဝ “ကို ျမင္တဲ့အခါ ရႈလို ့ရပါသလား ဆိုတဲ့ ေမးခြန္းေတြပါဘဲ။အတိတ္ဘဝ ကို ျမင္ႏိုင္ပံုေတြ အမ်ားႀကီးရွိပါတယ္။

“ပုေဗၺနိဝါသာႏုႆတိ” လို ့ေခၚတဲ့ အဘိဉာဏ္ ရလာလို ့ေရွးဘဝေတြ မွာ ေနခဲ့ဘူးတဲ့ “ခႏၶာအစဥ္၊ အမ်ိဳးအႏြယ္၊ အမည္နာမ” စတာေတြကို ျမင္ႏိုင္တာမ်ိဳးေတြလည္းရွိပါတယ္။ ဒါကေတာ့ ဘုရားရွင္ရဲ႕ ဉာဏ္ေတာ္ႀကီးထဲမွာ ပါဝင္ပါတယ္။

ပုဂၢိဳလ္ တစ္ဦးတစ္ေယာက္ဟာ အစြမ္းတစ္မ်ိဳးမ်ိဳးေၾကာင့္ အတိတ္ဘဝ အေၾကာင္းေတြကို ျမင္လာတာမ်ိဳးလည္းရွိတတ္ပါတယ္။ တစ္ခ်ဳိ ့ဆို ကေလးဘဝ က စကားေျပာတတ္ခါစ အရြယ္မွာ ယခင္အတိတ္ဘဝက မိမိရဲ ့သက္ဆိုင္တဲ့ အေၾကာင္းေတြ ေျပာလာၿပီး အရြယ္ေရာက္လာမွ ေမ့ေလ်ာသြားၾကသူေတြလည္းရွိပါတယ္။ တစ္ခ်ိဳ ့ပုဂၢိဳလ္ေတြက်ေတာ့လည္း အရင္တုန္းကေတာ့ သူလို ကိုယ္လို သာမန္ပုဂၢိဳလ္ပါဘဲ၊ အသက္ရြယ္ရလာလို ့တရားက်င့္ၾကံအားထုတ္ေတာ့မွဘဲ အဲဒီလို အတိတ္ဘဝေတြ ကို ျပန္ျမင္လာတာတို ့ေတြ လည္း ရွိၾကပါတယ္။

အဲဒီလိုပါဘဲ အတိတ္ဘဝက ျမဳပ္ႏွံထားတဲ့ ေရႊအိုးေတြကို ေဖာ္ထုတ္ျပႏိုင္တာမ်ိဳးလို စာေပက်မ္းကန္ေတြမွာလည္း ပါရွိပါတယ္။ၿပီးေတာ့ တျခား တျခားေသာ လူမ်ားကူညီလို ့အတိတ္အေၾကာင္းသိႏိုင္တဲ့ သာဓက ေတြ လည္းမ်ားစြာရွိပါတယ္။ေနာက္ၿပီး ကိုယ္ပိုင္ စိတ္စြမ္းအားနည္း မ်ိဳးမ်ိဳး နဲ ့သိႏိုင္တာလည္းရွိပါေသးတယ္။အတိတ္အေၾကာင္းကို သာမာန္အမွတ္ရလို ့သိတာမ်ိဳး၊ ဘုရားရွင္တို ့ရဲ ့ဉာဏ္ေတာ္ႀကီးေတြနဲ ့သိတာမ်ိဳးေတြလည္းရွိပါတယ္။

ကိုယ္ပိုင္စိတ္စြမ္းအားဆိုတာက ခုနေျပာခဲ့သလို ပင္ကိုယ္ေမြးရာပါအသိမ်ိဳး၊အမွတ္သညာ နဲ ့သတိအားေကာင္းခဲ့မႈေတြေၾကာင့္ ျဖစ္လာတဲ့ ” ဇာတိႆရဉာဏ္” လို ့ေခၚတဲ့ လူဝင္စား ဆိုတဲ့ အသိမ်ိဳးျဖစ္ပါတယ္။

ဒါမွမဟုတ္.

မိမိရဲ ့စိတ္ကို ဖံုးလႊမ္းကာဆီးထားတဲ့ ” နီဝရဏ”ေတြ၊

လိုခ်င္မႈ………”ကာမစၧႏၵ”

အလိုမက်မႈ……. ” ဗ်ာပါဒ”

အိပ္ခ်င္ငိုက္ျမည္းမႈ….” ထိနမိဒၶ ”

စိတ္ျပန္႔လႊင့္မႈ……” ဥဒၶစၥ ”

ပူပန္မႈ……..” ကုကၠဳစၥ”

သံသယရွိမႈ….” ဝိစိကိစၥ ”

မသိမႈ…… ” အဝိဇၨာ “ဆိုတဲ့ အတားအဆီးေတြ မရွိတဲ့ အခိုက္မွာလည္း ျမင္ႏိုင္ပါတယ္။ဒီလို ျမင္မႈေတြဟာ မ်က္စိမွိတ္ထားမွျမင္တာမဟုတ္ပါဘူး။ မ်က္စိဖြင့္ထားလည္းပဲ ျမင္ႏိုင္ပါတယ္။

ေနာက္တစ္မ်ိဳးက…

အတိတ္ဘဝအေၾကာင္းေတြကို မစဥ္းစားလိုက္ရဘဲ နဲ ့အလိုလို ေပၚလာလို ့သိလိုက္၊ ျမင္လိုက္ ရတာရယ္၊ စဥ္းစားလို ့ေပၚတာရယ္ ဆိုတာလည္း ရွိပါေသးတယ္။ ဒါကေတာ့ သတိအမွတ္ရမႈ အားေကာင္းခဲ့လို ့၊အမွတ္သညာ အားႀကီးခဲ့လို လို ့ဆိုခ်င္ပါတယ္။မစဥ္းစားလိုက္ရဘဲနဲ ့ အလိုလိုဆိုတာကေတာ့ ဗုဒၶတရားေတာ္မွာ ဒီအယူဆမ်ိဳးကိုေတာ့ လက္မခံပါဘူး။ ဘာလို ့လည္းဆိုေတာ့ မသိလို ့သာ အလိုလို လို ့ဆိုရေပမယ့္ အေၾကာင္းတရားကင္းၿပီး ေပၚလာတယ္ ဆိုတာ မရွိလို ့ပါဘဲ။

အတိတ္ဘဝ သံသရာအစဥ္ မွာ မျမင္ဘူး၊ မေတြ ့ဘူူးခဲ့တာဟာ “နိဗၺာန္” တစ္ခုတည္းပါလို ့ဆိုတာ ေသခ်ာေပါက္ေျပာႏိုင္ပါတယ္။က်န္တဲ့ အာရံုေတြကေတာ့ ေတြ ့ခဲ့ဘူးၾကပါတယ္။ဘာလို ့လည္းဆိုေတာ့ ေလာကသံသရာထဲမွာ ႀကိမ္ဖန္မ်ားစြာက်င္လည္ခဲ့ရတဲ့ ဘဝေပါင္း၊အခ်ိန္ေပါင္းမ်ားစြာရွိခဲ့လို ့ပါဘဲ။ အဲဒီလို က်င္လည္ခဲ့ၾကစဥ္အခါက ေတြ ့ၾကံဳခဲ့ရတဲ့ အာရံုေတြကို သညာမွတ္သားမႈ၊ သတိအမွတ္ရမႈေတြနဲ ့စုေဆာင္းခဲ့တဲ့ အာရံုပံုရိပ္ေတြဟာ အေၾကာင္းဆံုလို ့ျပန္ေပၚခြင့္ရွိတာနဲ ့တစ္ၿပိဳင္နက္ ေပၚလာၾကတဲ့သေဘာပါဘဲ။ ဒီသေဘာကို မသိလို ့သာ မစဥ္းစားဘဲ အလိုလိုေပၚတယ္လို ့ဆိုၾကတာပါ။

စဥ္းစားလို ့အာရံုေတြ ေပၚတာလည္း ရွိတတ္ပါတယ္။အခုဒီစာဖတ္ေနတဲ့ ဓမၼမိတ္ေဆြ အေနနဲ ့ေျပာၾကပါစို ့..ငယ္ငယ္တုန္းက သၾကၤန္က်ခါနီးၿပီဆိုရင္ ေပ်ာ္ခ်င္ပါးခ်င္တဲ့ စိတ္ကေလး ျဖစ္ခဲ့ဘူးပါတယ္၊ေပ်ာ္လည္းေပ်ာ္ခဲ့ၾကဘူးပါတယ္။ ဒီလိုေျပာလိုက္လို ့အတိတ္သၾကၤန္ကို ျပန္ၿပီး အမွတ္ရသြားပါတယ္၊ အဲဒီတုန္းက သညာ နဲ ့မွတ္သားခဲ့တဲ့ အာရံုအမွတ္အသားေတြဟာ ျပန္ေပၚလာပါတယ္။အာရံုေတြ အမ်ိဳးမ်ိဳးဟာ အရင္ေတြ ့ၾကံဳခဲ့ဖူးတဲ့အတိုင္း တစ္ေသြမတိမ္း ပံုစံတူျပန္ေပၚလာပါတယ္။ မိမိရဲ ့စိတ္ကလည္း ဒီအာရံုေတြကို ျပန္ျမင္ၿပီး အဲဒီငယ္ငယ္တုန္းက စိတ္မ်ိဳးျပန္ျဖစ္သြားပါတယ္။

ဒီေတာ့ အဲဒီတုန္းက အသက္အရြယ္၊ အေျခအေန၊ ပတ္ဝန္းက်င္ကိုဘဲ လက္ခံၿပီး ျပံဳးစရာေတြၾကံဳရင္ ျပန္ၿပီး ျပံဳးမိပါတယ္။ ေၾကကြဲစရာေတြ ေပၚရင္လည္း ျပန္ၿပီးေၾကကြဲမိၾကပါတယ္။အတိတ္အာရံုေတြ ဆိုတာ အသိမကပ္ႏိုင္ေတာ့ပါဘူး။ဒါကေတာ့ စဥ္းစားလို ့အတိတ္ဘဝ အာရံုေပၚတဲ့ သေဘာေျပာတာပါ။ အေဖ နဲ ့အေမ ကို စဥ္းစားရင္ အေဖ နဲ ့အေမ ရဲ ့အာရံုေတြဟာ အရင္က မွတ္သားခဲ့တဲ့အတိုင္း ျပန္ေပၚလာပါတယ္။မိမိစဥ္းစားခ်င္တာေတြ စဥ္းစားၿပီး စျမံဳ ့ျပန္လို ့လည္း ရႏိုင္ပါတယ္။ ဒါကေတာ့ စဥ္းစားလို ့အတိတ္ကို ျမင္တဲ့သေဘာပါ။

ဒါ့အျပင္ အရင္တုန္းက “ငါရွင္ဘုရင္ ျဖစ္ခဲ့တယ္နဲ ့ တူတယ္” ဆိုတဲ့ စိတ္၊ ကိုယ္ ကိုယ္တိုင္ မသိလိုက္တဲ့ စိတ္က ပံုေဖၚေပးတဲ့အတြက္ေၾကာင့္ ရွင္ဘုရင္ပံုနဲ ့မိမိကိုယ္မိမိ ျပန္ျမင္တာမ်ိဳးေတြ၊ ပံုစံအမ်ိဳးမ်ိဳး၊ အေၾကာင္းအရာ အမ်ိဳးမ်ိဳးေတြကို စိတ္ကူးနဲ ့ပံုေဖာ္တာေတြလည္း ရွိေသးတယ္ဆိုတာ နားလည္ထားေစခ်င္ပါတယ္။ဒါကေတာ့အတိတ္အေၾကာင္းကို သာမာန္အမွတ္ရလို ့သိတာမ်ိဳး နဲ ့သက္ဆိုင္တဲ့ သေဘာေတြပါ။

ဗုဒၶဘုရားရွင္ရဲ ့ သဗၺညဳတဉာဏ္၊ ပုေဗၺနိဝါသာႏုႆတိ ဉာဏ္ေတာ္ႀကီးနဲ ့သိျမင္တာကေတာ့ျဖင့္ အဆင့္ျမင့္လြန္းပါတယ္။ အမွန္အတိုင္းလည္း သိျမင္ပါတယ္။တခ်ိဳ ့ေတြ သိျမင္တာက အဆင့္နိမ့္တာေတြလည္း ရွိပါေသးတယ္။မမွန္ကန္ဘဲ စိတ္အထင္နဲ ့ျမင္တာမ်ိဳးေတြလည္းရွိတတ္ပါတယ္။ အဆင့္နိမ့္အတိတ္ဘဝ ျမင္မႈဆိုတာ အခ်ိန္ကာလ အားျဖင့္ ေနာက္ျပန္ေရတြက္ရင္ ကမ႓ာ(၄၀)ကို ျမင္ႏိုင္ၾကပါတယ္။တစ္ကမ႓ာမွာ ဘဝေပါင္း ဘယ္ေလာက္ေနခဲ့ရတယ္ဆိုတာက မေရတြက္ႏိုင္ေအာင္ အႀကိမ္ေပါင္းမ်ားျပားလွပါတယ္။ကမ႓ာ(၄၀)ရဲ႕ဘဝဆိုေတာ့ စဥ္းစားသာၾကည့္ပါ။

ဒီေလာက္မ်ားတဲ့ ဘဝေပါင္းကို ျမင္ေတြ ့ႏိုင္တဲ့ အသိဉာဏ္ပင္လွ်င္ အဆင့္နိမ့္လြန္းပါတယ္..တဲ့။ဘာလို ့လည္းဆိုေတာ့ အယူေျဖာင့္မွန္မႈ မရွိၾကေသးတဲ့ ပုဂၢိဳလ္ေတြသည္ပင္လွ်င္ အဲဒီေလာက္ ကမ႓ာေလးဆယ္ထိ ျပန္ျမင္ႏိုင္ပါတယ္.. တဲ့။

ဒါကေတာ့ အတိတ္ဘဝ ကို ျပန္ျမင္တာ နဲ ့ပတ္သက္လို ့ရွင္းျပတာပါ။ဘာဝနာ တရားအားထုတ္ၾကတဲ့ ေနရာမွာ အတိတ္ဘဝကို ျမင္လည္းျမင္ႏိုင္မယ္၊ မျမင္လည္းမျမင္ႏိုင္ပါဘူး။ ျမင္ျပန္ေတာ့လည္း မွန္လည္းမွန္ႏိုင္တယ္၊ မမွန္လည္းမမွန္ႏိုင္ပါဘူး။ ဝိပႆနာအားမထုတ္တဲ့ လူေတြလည္း ထို ့အတူပါဘဲ။ျမင္တဲ့လူျမင္တယ္၊ မျမင္တဲ့လူမျမင္ပါဘူး။ေနာက္ထပ္ အတိတ္ဘဝကို ျမင္တာ ဝိပႆနာ ဉာဏ္နဲ ့ဆိုင္သလား ဆိုတာ ရွင္းျပပါအံုးမယ္။

အတိတ္ဘဝ အတိတ္အာရံုဆိုတာ ပံုသဏၭာန္၊အရြယ္အစား၊အေရာင္အဆင္းဆိုတာေတြ ပါဝင္ေနပါတယ္။ ဟိုတုန္းကဆိုတဲ့ အတိတ္ကာလ အခ်ိန္ေတြပါဝင္ေနပါတယ္။ သတၱဝါ ညတ္အာရံုေတြ ျဖစ္တဲ့ ဒီအာရံုေတြကို ျမင္ေနသမွ်၊ စြဲယူထားသမွ်၊ ပရမတ္အာရံု၊ ႐ုပ္ နာမ္အာရံုတစ္ခုခုဟာ မထင္ရွားႏိုင္၊မေပၚႏိုင္ပါဘူး။ဉာဏ္မွာလည္း မျမင္ႏိုင္ပါဘူး။အတိတ္ ပညတ္ အာရံုေတြကို ျမင္ေနတဲ့အခိုက္ ဝိပႆနာဉာဏ္ကို နီဝရဏကိေလသာ တစ္ခုခုက ဖံုးအုပ္ထားၿပီး ပရမတ္အာရံုကို ပညတ္အာရံုက ကာကြယ္ထားလိုက္ပါၿပီ။ ဝိပႆနာဉာဏ္ မျဖစ္ႏိုင္ေတာ့ပါ။ အတိတ္အာရံုေကာင္းကို ျပန္ေတြ ့ၿပီး ေလာဘကိေလသာ၊အတိတ္အာရံုမေကာင္းတာကို အာရံုျပဳၿပီး ေဒါသကိေလသာ၊ အတိတ္အာရံုရဲ ့သေဘာကို ေသခ်ာမသိႏိုင္တဲ့ ေမာဟကိေလသာဆိုတာေတြ ျဖစ္ေနတတ္ပါတယ္။

အေၾကာင္းတိုက္ဆိုင္လို ့အတိတ္အာရံုေပၚခဲ့ရင္လည္း အာရံုေကာင္းတာကို ေလာဘအျဖစ္မခံဘဲ သံေဝဂဉာဏ္၊ အာရံုမေကာင္းတာကို ေဒါသအျဖစ္မခံဘဲ သံေဝဂဉာဏ္ ရဖို ့အေရးႀကီးပါတယ္။ သံေဝဂဉာဏ္ ရၿပီဆိုရင္ မသိမႈေမာဟဆိုတာလည္း ခဏခြာေျပးေနပါတယ္။သံေဝဂဉာဏ္ဆိုတာ သံသရာအေၾကာင္းေတြကို သိျမင္ျမင္ၿပီး ဉာဏ္ပါတဲ့ ထိတ္လန္ ့မႈကို ေခၚတာပါ။ သံသရာကိုေၾကာက္စိတ္၊ ကိေလသာေတြ ကို ရြံ ့မုန္းစိတ္ေတြ အားေကာင္းလာတဲ့ ဉာဏ္ ကို ေခၚပါတယ္။

အတိတ္ဘဝကို ျမင္ရင္ သံေဝဂဉာဏ္မ်ိဳးေတာ့ ျဖစ္ႏိုင္ပါတယ္။ ျဖစ္ဖို ့ကလည္း အတိတ္ကို ျမင္တာနဲ ့ပတ္သက္လို ့သေဘာက်၊ ဝမ္းသာ၊ သူမ်ားေတြထက္ ငါကသာတယ္ ဆိုတဲ့စိတ္ဓာတ္မ်ိဳးေတြ မရွိမွသာ သံေဝဂဉာဏ္ ေပၚႏိုင္တာပါ။သံသရာေၾကာက္စိတ္၊ ကိေလသာရြံ ့မုန္းစိတ္ သံေဝဂဉာဏ္ အစစ္ရၿပီဆိုရင္ေတာ့ ဝိပႆနာဉာဏ္အတြက္ အေထာက္ကူေကာင္းရပါၿပီ။ဝိပႆနာဉာဏ္ ခ်က္ခ်င္းဆိုသလို ေပၚလာႏိုင္ပါၿပီ။ ဒါကေတာ့ အတိတ္ဘဝ ကို ျမင္တာဟာ ဝိပႆနာဉာဏ္နဲ ့ဆိုင္သလားဆိုတာကို ရွင္းျပတာပါ။

ေနာက္တစ္ခု….

ဝိပႆနာ တရားဟာ အတိတ္ကို ရႈလို ့ရပါသလား ဆိုတာပါ။အခုေလာက္ရွင္းျပတာနဲ ့အေျဖထြက္ေလာက္ပါၿပီ။ဒါေပမယ့္ ထပ္ရွင္းျပပါအံုးမယ္။

“အတိတ္၊ ပစၥဳပၸန္၊ အနာဂတ္” အာရံု သံုးမ်ိဳးစလံုး ကို ရႈလို ့ရတယ္ လို ့ယူဆၾကပါတယ္။

ဝိပႆနာရဲ ့အာရံုဟာ ပစၥဳပၸန္ လို ့သာ လက္ခံတာလည္း ရွိၾကပါတယ္။ဝိပႆနာ ဉာဏ္ဟာ ႐ုပ္အာရံု၊ ဒါမွမဟုတ္ နာမ္အာရံု တစ္ခုခုကိုသာ အာရံုျပဳပါတယ္။ ေလာဂီပရမတ္ အာရံု ရဲ ့သေဘာကိုသာသိပါတယ္။အတိတ္က အေၾကာင္းေတြ ျပန္ၿပီးေပၚလာတဲ့အခိုက္ ဒီအာရံုေတြဟာ မွတ္သားခဲ့ဘူးတဲ့ သညာ၊ အမွတ္ရလိုက္တဲ့ သတိေၾကာင့္ ေပၚလာတဲ့ အတိတ္အာရံု၊ အတိတ္အေၾကာင္းအရာေတြပါ။

အတိတ္အာရံု၊အတိတ္အေၾကာင္းအရာေတြဆိုေပမယ့္ အတိတ္နဲ ့ပံုစံတူေပၚလာတဲ့ ပစၥဳပၸန္ရႈစိတ္၊ သိစိတ္ နဲ ့ၿပိဳင္တူစိတ္ တစ္ခဏတိုင္းမွာ ျဖစ္ေနၾကတဲ့ အာရံုပါ။နားလည္ေအာင္ ေျပာရင္ အတိတ္ပံုစံတူ ပစၥဳပၸန္အာရံုပါ။အနာဂတ္အာရံု၊အနာဂတ္ အေၾကာင္းအရာေတြကို စဥ္းစားေတြးေတာတဲ့အခါမွာလည္း အနာဂတ္အာရံုေတြဟာ ေပၚလာႏိုင္ပါတယ္။မေရာက္လာေသးတဲ့ အနာဂတ္ အခ်ိန္ရဲ ့ျဖစ္လိုတဲ့အာရံု၊ ျဖစ္ႏိုင္တဲ့ အာရံုေတြကိုေတြးလို ့၊ေပၚလာတဲ့အခိုက္ ဒီအနာဂတ္အေၾကာင္းအရာေတြဟာ အနာဂတ္ပံုတူ ပစၥဳပၸန္အာရံုေတြပါဘဲ။

ဒီအာရံုကို သိတဲ့စိတ္၊ ရႈေနရင္လည္း ရႈစိတ္သည္ပင္လွ်င္ ပစၥဳပၸန္စိတ္ျဖစ္ေနပါတယ္။ ဒီ သိစိတ္၊ရႈစိတ္ နဲ ့တစ္ခ်ိန္တည္း အသိခံ၊အရႈခံ အာရံုျဖစ္ေနလို ့ အနာဂတ္ပံုတူ ပစၥဳပၸန္အာရံုလို ့ ေျပာရတာ ျဖစ္ပါတယ္။

“အတိတ္၊ပစၥဳပၸန္၊အနာဂတ္” ဘယ္လိုအာရံုေတြ၊ ဘယ္လို အေၾကာင္းရာေတြပဲ ေပၚေပၚ၊ ရႈစိတ္ အရႈခံ အာရံုဟာ ပစၥဳပၸန္အခ်ိန္တိုင္း အခ်ိန္တိုင္းမွာ ၿပိဳင္တူျဖစ္ေပၚေနတယ္ဆိုတာ သေဘာေပါက္ဖို ့သာ အေရးႀကီးပါတယ္။သေဘာေပါက္ရင္ျဖင့္ ဝိပႆနာတရားဟာ အတိတ္ကို ရႈလို ့ရႏိုင္ပါသလား ဆိုတဲ့ အေမးရဲ့အေျဖဟာ နားလည္သြားမွာပါ။

တကယ္ေတာ့ ဒီေမးခြန္းရဲ ့အေျဖဟာ သိပ္ကိုနက္နဲသိမ္ေမြ ့တယ္လို ့ဆိုပါတယ္။ တကယ္တန္းေျဖၾကားရရင္ ပါ႒ိေတာ္၊ အ႒ကထာ၊ ဋီကာ စတဲ့ အေထာက္အထားေတြနဲ ့ကိုးကားၿပီးမွ ေျဖမွ ပိုၿပီးသင့္ေလ်ာ္မယ္လို ့ ဆရာေတာ္ “ဓမၼဒူတ အရွင္ေဆကိႏၷ” က မိန္ ့ၾကားထားပါတယ္။

အက်ဥ္းခ်ဳပ္ရရင္ေတာ့ ဓမၼမိတ္ေဆြ တို ့အေနနဲ ့အထက္က ေျပာခဲ့သလိုဘဲ မိမိတို ့ရဲ ့ဝိပႆနာဉာဏ္ နဲ ့ အရႈခံအာရံု ရဲ ့သေဘာေတြကို နားလည္ႏိုင္ၾကပါေစလို ့ဆႏၵျပဳရင္း ဤစာမ်က္ႏွာျဖင့္ ဓမၼဒါန ျပဳလိုက္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ခႏၶာ-၅ပါးတစ္ဦး
# Unicode Version # ျဖင့္ ဖတ္ပါ #

မိမိတို့ရဲ့သံသရာ ဝဋ်ဆင်းရဲကနေ လွတ်မြောက်ဖို့အတွက် ဝိပဿနာ ကို ကျင့်ကြံ အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေများအတွင်း ဉာဏ်စဉ်တွေ အတော်ပေါက်မြောက်လာကြတာ တို့၊ တစ်ချို့ပုဂ္ဂိုလ်များဟာလည်း မိမိတို့စိတ်ချရတဲ့ အနေထားကို ရောက်ရှိသွားကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာကြလို့စတဲ့ ပုဂ္ဂိုလ် အသီးသီးတွေမှာ တစ်ချို့ပုဂ္ဂိုလ်တွေဟာ တရားရှုမှတ်နေတဲ့အချိန် မိမိရဲ့ ဟိုးအယင် အတိတ်ဘဝ ကို ပြန်မြင်တာတွေ ရှိကြပါတယ်။

အဲဒီလို ပြန်မြင်ကြတဲ့အချိန်မှာ ပြသနာအနေနဲ့ဝိပဿနာ အားထုတ်လို့အတော်အတန်အဆင့်ရောက်နေပြီးဖြစ်တဲ့ ပုဂ္ဂိုလ်တို့က ပေါ်လာတဲ့ အတိတ်ဘဝ ကို လည်း ရှုလို့ရသလားဆိုတဲ့ ပြသနာပါ ။မိမိတို့တရားစတင် အားထုတ်စဉ်ကတည်းက သိထားတာက ဝိပဿနာ ဆိုတာ ပစ္စုပ္ပန်မှာ ပေါ်တာ ကို ရှုရမယ်ဆိုတာ သိထားတဲ့ အလျောက်၊ ပေါ်တာကို ဘဲ ရှုခဲ့ကြလို့လည်း အထိုက်လျောက် ဖြစ်လာကြပါပြီ။

ဒါပေမဲ့ အခုလို အခြေနေမျိုး ကြုံတွေ့လာခဲ့ရင် ဒါမှမဟုတ် အခုကြုံတွေ့နေဆဲ ဖြစ်တဲ့ ဓမ္မမိတ်ဆွေတို့ဟာ ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ နည်းကို သိရှိကြစေရန် အတွက် ဖတ်ရှုထားဘူးတဲ့ ဆရာတော် “ဓမ္မဒူတ အရှင်ဆေကိန္န” ဖြေကြားထားတဲ့ တရားသင်တန်းအမေးဖြေတွေ ထဲ ကနေ ကောက်နှုတ်ပြီး ရေးသားကာ ဓမ္မဒါနပြုလိုက်ပါတယ်။

ဒီအကြောင်းရာကို မရေးသားခင်မှာ ဓမ္မမိတ်ဆွေတို့ဦးစွာပထမ ဖြစ်ပေါ်နေတဲ့ မေးခွန်းတွေ ရှိကောင်းရှိမှာပါ…။အဲဒီလို ရှိနိုင်တဲ့ မေးခွန်းတွေကတော့..

ဝိပဿနာ အားထုတ်လို့တရားထိုက်တဲ့ အခါမှာ အတိတ်ဘဝ တွေ ကို မြင်နိုင်ပါသလား?

အဲဒီလို အတိတ်ဘဝ တွေကို မြင်တာဟာ ဝိပဿနာဉာဏ် နဲ့ ဆိုင်ပါသလား?

ပြီးတော့..

ဝိပဿနာတရားဟာ “အတိတ်ဘဝ “ကို မြင်တဲ့အခါ ရှုလို့ရပါသလား ဆိုတဲ့ မေးခွန်းတွေပါဘဲ။အတိတ်ဘဝ ကို မြင်နိုင်ပုံတွေ အများကြီးရှိပါတယ်။

“ပုဗ္ဗေနိဝါသာနုဿတိ” လို့ခေါ်တဲ့ အဘိဉာဏ် ရလာလို့ရှေးဘဝတွေ မှာ နေခဲ့ဘူးတဲ့ “ခန္ဓာအစဉ်၊ အမျိုးအနွယ်၊ အမည်နာမ” စတာတွေကို မြင်နိုင်တာမျိုးတွေလည်းရှိပါတယ်။ ဒါကတော့ ဘုရားရှင်ရဲ့ ဉာဏ်တော်ကြီးထဲမှာ ပါဝင်ပါတယ်။

ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဟာ အစွမ်းတစ်မျိုးမျိုးကြောင့် အတိတ်ဘဝ အကြောင်းတွေကို မြင်လာတာမျိုးလည်းရှိတတ်ပါတယ်။ တစ်ချို့ဆို ကလေးဘဝ က စကားပြောတတ်ခါစ အရွယ်မှာ ယခင်အတိတ်ဘဝက မိမိရဲ့သက်ဆိုင်တဲ့ အကြောင်းတွေ ပြောလာပြီး အရွယ်ရောက်လာမှ မေ့လျောသွားကြသူတွေလည်းရှိပါတယ်။ တစ်ချို့ပုဂ္ဂိုလ်တွေကျတော့လည်း အရင်တုန်းကတော့ သူလို ကိုယ်လို သာမန်ပုဂ္ဂိုလ်ပါဘဲ၊ အသက်ရွယ်ရလာလို့တရားကျင့်ကြံအားထုတ်တော့မှဘဲ အဲဒီလို အတိတ်ဘဝတွေ ကို ပြန်မြင်လာတာတို့တွေ လည်း ရှိကြပါတယ်။

အဲဒီလိုပါဘဲ အတိတ်ဘဝက မြုပ်နှံထားတဲ့ ရွှေအိုးတွေကို ဖော်ထုတ်ပြနိုင်တာမျိုးလို စာပေကျမ်းကန်တွေမှာလည်း ပါရှိပါတယ်။ပြီးတော့ တခြား တခြားသော လူများကူညီလို့အတိတ်အကြောင်းသိနိုင်တဲ့ သာဓက တွေ လည်းများစွာရှိပါတယ်။နောက်ပြီး ကိုယ်ပိုင် စိတ်စွမ်းအားနည်း မျိုးမျိုး နဲ့သိနိုင်တာလည်းရှိပါသေးတယ်။အတိတ်အကြောင်းကို သာမာန်အမှတ်ရလို့သိတာမျိုး၊ ဘုရားရှင်တို့ရဲ့ဉာဏ်တော်ကြီးတွေနဲ့သိတာမျိုးတွေလည်းရှိပါတယ်။

ကိုယ်ပိုင်စိတ်စွမ်းအားဆိုတာက ခုနပြောခဲ့သလို ပင်ကိုယ်မွေးရာပါအသိမျိုး၊အမှတ်သညာ နဲ့သတိအားကောင်းခဲ့မှုတွေကြောင့် ဖြစ်လာတဲ့ ” ဇာတိဿရဉာဏ်” လို့ခေါ်တဲ့ လူဝင်စား ဆိုတဲ့ အသိမျိုးဖြစ်ပါတယ်။

ဒါမှမဟုတ်.

မိမိရဲ့စိတ်ကို ဖုံးလွှမ်းကာဆီးထားတဲ့ ” နီဝရဏ”တွေ၊

လိုချင်မှု………”ကာမစ္ဆန္ဒ”

အလိုမကျမှု……. ” ဗျာပါဒ”

အိပ်ချင်ငိုက်မြည်းမှု….” ထိနမိဒ္ဓ ”

စိတ်ပြန့်လွှင့်မှု……” ဥဒ္ဓစ္စ ”

ပူပန်မှု……..” ကုက္ကုစ္စ”

သံသယရှိမှု….” ဝိစိကိစ္စ ”

မသိမှု…… ” အဝိဇ္ဇာ “ဆိုတဲ့ အတားအဆီးတွေ မရှိတဲ့ အခိုက်မှာလည်း မြင်နိုင်ပါတယ်။ဒီလို မြင်မှုတွေဟာ မျက်စိမှိတ်ထားမှမြင်တာမဟုတ်ပါဘူး။ မျက်စိဖွင့်ထားလည်းပဲ မြင်နိုင်ပါတယ်။

နောက်တစ်မျိုးက…

အတိတ်ဘဝအကြောင်းတွေကို မစဉ်းစားလိုက်ရဘဲ နဲ့အလိုလို ပေါ်လာလို့သိလိုက်၊ မြင်လိုက် ရတာရယ်၊ စဉ်းစားလို့ပေါ်တာရယ် ဆိုတာလည်း ရှိပါသေးတယ်။ ဒါကတော့ သတိအမှတ်ရမှု အားကောင်းခဲ့လို့၊အမှတ်သညာ အားကြီးခဲ့လို လို့ဆိုချင်ပါတယ်။မစဉ်းစားလိုက်ရဘဲနဲ့ အလိုလိုဆိုတာကတော့ ဗုဒ္ဓတရားတော်မှာ ဒီအယူဆမျိုးကိုတော့ လက်မခံပါဘူး။ ဘာလို့လည်းဆိုတော့ မသိလို့သာ အလိုလို လို့ဆိုရပေမယ့် အကြောင်းတရားကင်းပြီး ပေါ်လာတယ် ဆိုတာ မရှိလို့ပါဘဲ။

အတိတ်ဘဝ သံသရာအစဉ် မှာ မမြင်ဘူး၊ မတွေ့ဘူူးခဲ့တာဟာ “နိဗ္ဗာန်” တစ်ခုတည်းပါလို့ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။ကျန်တဲ့ အာရုံတွေကတော့ တွေ့ခဲ့ဘူးကြပါတယ်။ဘာလို့လည်းဆိုတော့ လောကသံသရာထဲမှာ ကြိမ်ဖန်များစွာကျင်လည်ခဲ့ရတဲ့ ဘဝပေါင်း၊အချိန်ပေါင်းများစွာရှိခဲ့လို့ပါဘဲ။ အဲဒီလို ကျင်လည်ခဲ့ကြစဉ်အခါက တွေ့ကြုံခဲ့ရတဲ့ အာရုံတွေကို သညာမှတ်သားမှု၊ သတိအမှတ်ရမှုတွေနဲ့စုဆောင်းခဲ့တဲ့ အာရုံပုံရိပ်တွေဟာ အကြောင်းဆုံလို့ပြန်ပေါ်ခွင့်ရှိတာနဲ့တစ်ပြိုင်နက် ပေါ်လာကြတဲ့သဘောပါဘဲ။ ဒီသဘောကို မသိလို့သာ မစဉ်းစားဘဲ အလိုလိုပေါ်တယ်လို့ဆိုကြတာပါ။

စဉ်းစားလို့အာရုံတွေ ပေါ်တာလည်း ရှိတတ်ပါတယ်။အခုဒီစာဖတ်နေတဲ့ ဓမ္မမိတ်ဆွေ အနေနဲ့ပြောကြပါစို့..ငယ်ငယ်တုန်းက သြင်္ကန်ကျခါနီးပြီဆိုရင် ပျော်ချင်ပါးချင်တဲ့ စိတ်ကလေး ဖြစ်ခဲ့ဘူးပါတယ်၊ပျော်လည်းပျော်ခဲ့ကြဘူးပါတယ်။ ဒီလိုပြောလိုက်လို့အတိတ်သြင်္ကန်ကို ပြန်ပြီး အမှတ်ရသွားပါတယ်၊ အဲဒီတုန်းက သညာ နဲ့မှတ်သားခဲ့တဲ့ အာရုံအမှတ်အသားတွေဟာ ပြန်ပေါ်လာပါတယ်။အာရုံတွေ အမျိုးမျိုးဟာ အရင်တွေ့ကြုံခဲ့ဖူးတဲ့အတိုင်း တစ်သွေမတိမ်း ပုံစံတူပြန်ပေါ်လာပါတယ်။ မိမိရဲ့စိတ်ကလည်း ဒီအာရုံတွေကို ပြန်မြင်ပြီး အဲဒီငယ်ငယ်တုန်းက စိတ်မျိုးပြန်ဖြစ်သွားပါတယ်။

ဒီတော့ အဲဒီတုန်းက အသက်အရွယ်၊ အခြေအနေ၊ ပတ်ဝန်းကျင်ကိုဘဲ လက်ခံပြီး ပြုံးစရာတွေကြုံရင် ပြန်ပြီး ပြုံးမိပါတယ်။ ကြေကွဲစရာတွေ ပေါ်ရင်လည်း ပြန်ပြီးကြေကွဲမိကြပါတယ်။အတိတ်အာရုံတွေ ဆိုတာ အသိမကပ်နိုင်တော့ပါဘူး။ဒါကတော့ စဉ်းစားလို့အတိတ်ဘဝ အာရုံပေါ်တဲ့ သဘောပြောတာပါ။ အဖေ နဲ့အမေ ကို စဉ်းစားရင် အဖေ နဲ့အမေ ရဲ့အာရုံတွေဟာ အရင်က မှတ်သားခဲ့တဲ့အတိုင်း ပြန်ပေါ်လာပါတယ်။မိမိစဉ်းစားချင်တာတွေ စဉ်းစားပြီး စမြုံ့ပြန်လို့လည်း ရနိုင်ပါတယ်။ ဒါကတော့ စဉ်းစားလို့အတိတ်ကို မြင်တဲ့သဘောပါ။

ဒါ့အပြင် အရင်တုန်းက “ငါရှင်ဘုရင် ဖြစ်ခဲ့တယ်နဲ့ တူတယ်” ဆိုတဲ့ စိတ်၊ ကိုယ် ကိုယ်တိုင် မသိလိုက်တဲ့ စိတ်က ပုံဖေါ်ပေးတဲ့အတွက်ကြောင့် ရှင်ဘုရင်ပုံနဲ့မိမိကိုယ်မိမိ ပြန်မြင်တာမျိုးတွေ၊ ပုံစံအမျိုးမျိုး၊ အကြောင်းအရာ အမျိုးမျိုးတွေကို စိတ်ကူးနဲ့ပုံဖော်တာတွေလည်း ရှိသေးတယ်ဆိုတာ နားလည်ထားစေချင်ပါတယ်။ဒါကတော့အတိတ်အကြောင်းကို သာမာန်အမှတ်ရလို့သိတာမျိုး နဲ့သက်ဆိုင်တဲ့ သဘောတွေပါ။

ဗုဒ္ဓဘုရားရှင်ရဲ့ သဗ္ဗညုတဉာဏ်၊ ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်တော်ကြီးနဲ့သိမြင်တာကတော့ဖြင့် အဆင့်မြင့်လွန်းပါတယ်။ အမှန်အတိုင်းလည်း သိမြင်ပါတယ်။တချို့တွေ သိမြင်တာက အဆင့်နိမ့်တာတွေလည်း ရှိပါသေးတယ်။မမှန်ကန်ဘဲ စိတ်အထင်နဲ့မြင်တာမျိုးတွေလည်းရှိတတ်ပါတယ်။ အဆင့်နိမ့်အတိတ်ဘဝ မြင်မှုဆိုတာ အချိန်ကာလ အားဖြင့် နောက်ပြန်ရေတွက်ရင် ကမ္ဘာ(၄၀)ကို မြင်နိုင်ကြပါတယ်။တစ်ကမ္ဘာမှာ ဘဝပေါင်း ဘယ်လောက်နေခဲ့ရတယ်ဆိုတာက မရေတွက်နိုင်အောင် အကြိမ်ပေါင်းများပြားလှပါတယ်။ကမ္ဘာ(၄၀)ရဲ့ဘဝဆိုတော့ စဉ်းစားသာကြည့်ပါ။

ဒီလောက်များတဲ့ ဘဝပေါင်းကို မြင်တွေ့နိုင်တဲ့ အသိဉာဏ်ပင်လျှင် အဆင့်နိမ့်လွန်းပါတယ်..တဲ့။ဘာလို့လည်းဆိုတော့ အယူဖြောင့်မှန်မှု မရှိကြသေးတဲ့ ပုဂ္ဂိုလ်တွေသည်ပင်လျှင် အဲဒီလောက် ကမ္ဘာလေးဆယ်ထိ ပြန်မြင်နိုင်ပါတယ်.. တဲ့။

ဒါကတော့ အတိတ်ဘဝ ကို ပြန်မြင်တာ နဲ့ပတ်သက်လို့ရှင်းပြတာပါ။ဘာဝနာ တရားအားထုတ်ကြတဲ့ နေရာမှာ အတိတ်ဘဝကို မြင်လည်းမြင်နိုင်မယ်၊ မမြင်လည်းမမြင်နိုင်ပါဘူး။ မြင်ပြန်တော့လည်း မှန်လည်းမှန်နိုင်တယ်၊ မမှန်လည်းမမှန်နိုင်ပါဘူး။ ဝိပဿနာအားမထုတ်တဲ့ လူတွေလည်း ထို့အတူပါဘဲ။မြင်တဲ့လူမြင်တယ်၊ မမြင်တဲ့လူမမြင်ပါဘူး။နောက်ထပ် အတိတ်ဘဝကို မြင်တာ ဝိပဿနာ ဉာဏ်နဲ့ဆိုင်သလား ဆိုတာ ရှင်းပြပါအုံးမယ်။

အတိတ်ဘဝ အတိတ်အာရုံဆိုတာ ပုံသဏ္ဌာန်၊အရွယ်အစား၊အရောင်အဆင်းဆိုတာတွေ ပါဝင်နေပါတယ်။ ဟိုတုန်းကဆိုတဲ့ အတိတ်ကာလ အချိန်တွေပါဝင်နေပါတယ်။ သတ္တဝါ ညတ်အာရုံတွေ ဖြစ်တဲ့ ဒီအာရုံတွေကို မြင်နေသမျှ၊ စွဲယူထားသမျှ၊ ပရမတ်အာရုံ၊ ရုပ် နာမ်အာရုံတစ်ခုခုဟာ မထင်ရှားနိုင်၊မပေါ်နိုင်ပါဘူး။ဉာဏ်မှာလည်း မမြင်နိုင်ပါဘူး။အတိတ် ပညတ် အာရုံတွေကို မြင်နေတဲ့အခိုက် ဝိပဿနာဉာဏ်ကို နီဝရဏကိလေသာ တစ်ခုခုက ဖုံးအုပ်ထားပြီး ပရမတ်အာရုံကို ပညတ်အာရုံက ကာကွယ်ထားလိုက်ပါပြီ။ ဝိပဿနာဉာဏ် မဖြစ်နိုင်တော့ပါ။ အတိတ်အာရုံကောင်းကို ပြန်တွေ့ပြီး လောဘကိလေသာ၊အတိတ်အာရုံမကောင်းတာကို အာရုံပြုပြီး ဒေါသကိလေသာ၊ အတိတ်အာရုံရဲ့သဘောကို သေချာမသိနိုင်တဲ့ မောဟကိလေသာဆိုတာတွေ ဖြစ်နေတတ်ပါတယ်။

အကြောင်းတိုက်ဆိုင်လို့အတိတ်အာရုံပေါ်ခဲ့ရင်လည်း အာရုံကောင်းတာကို လောဘအဖြစ်မခံဘဲ သံဝေဂဉာဏ်၊ အာရုံမကောင်းတာကို ဒေါသအဖြစ်မခံဘဲ သံဝေဂဉာဏ် ရဖို့အရေးကြီးပါတယ်။ သံဝေဂဉာဏ် ရပြီဆိုရင် မသိမှုမောဟဆိုတာလည်း ခဏခွာပြေးနေပါတယ်။သံဝေဂဉာဏ်ဆိုတာ သံသရာအကြောင်းတွေကို သိမြင်မြင်ပြီး ဉာဏ်ပါတဲ့ ထိတ်လန့်မှုကို ခေါ်တာပါ။ သံသရာကိုကြောက်စိတ်၊ ကိလေသာတွေ ကို ရွံ့မုန်းစိတ်တွေ အားကောင်းလာတဲ့ ဉာဏ် ကို ခေါ်ပါတယ်။

အတိတ်ဘဝကို မြင်ရင် သံဝေဂဉာဏ်မျိုးတော့ ဖြစ်နိုင်ပါတယ်။ ဖြစ်ဖို့ကလည်း အတိတ်ကို မြင်တာနဲ့ပတ်သက်လို့သဘောကျ၊ ဝမ်းသာ၊ သူများတွေထက် ငါကသာတယ် ဆိုတဲ့စိတ်ဓာတ်မျိုးတွေ မရှိမှသာ သံဝေဂဉာဏ် ပေါ်နိုင်တာပါ။သံသရာကြောက်စိတ်၊ ကိလေသာရွံ့မုန်းစိတ် သံဝေဂဉာဏ် အစစ်ရပြီဆိုရင်တော့ ဝိပဿနာဉာဏ်အတွက် အထောက်ကူကောင်းရပါပြီ။ဝိပဿနာဉာဏ် ချက်ချင်းဆိုသလို ပေါ်လာနိုင်ပါပြီ။ ဒါကတော့ အတိတ်ဘဝ ကို မြင်တာဟာ ဝိပဿနာဉာဏ်နဲ့ဆိုင်သလားဆိုတာကို ရှင်းပြတာပါ။

နောက်တစ်ခု….

ဝိပဿနာ တရားဟာ အတိတ်ကို ရှုလို့ရပါသလား ဆိုတာပါ။အခုလောက်ရှင်းပြတာနဲ့အဖြေထွက်လောက်ပါပြီ။ဒါပေမယ့် ထပ်ရှင်းပြပါအုံးမယ်။

“အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်” အာရုံ သုံးမျိုးစလုံး ကို ရှုလို့ရတယ် လို့ယူဆကြပါတယ်။

ဝိပဿနာရဲ့အာရုံဟာ ပစ္စုပ္ပန် လို့သာ လက်ခံတာလည်း ရှိကြပါတယ်။ဝိပဿနာ ဉာဏ်ဟာ ရုပ်အာရုံ၊ ဒါမှမဟုတ် နာမ်အာရုံ တစ်ခုခုကိုသာ အာရုံပြုပါတယ်။ လောဂီပရမတ် အာရုံ ရဲ့သဘောကိုသာသိပါတယ်။အတိတ်က အကြောင်းတွေ ပြန်ပြီးပေါ်လာတဲ့အခိုက် ဒီအာရုံတွေဟာ မှတ်သားခဲ့ဘူးတဲ့ သညာ၊ အမှတ်ရလိုက်တဲ့ သတိကြောင့် ပေါ်လာတဲ့ အတိတ်အာရုံ၊ အတိတ်အကြောင်းအရာတွေပါ။

အတိတ်အာရုံ၊အတိတ်အကြောင်းအရာတွေဆိုပေမယ့် အတိတ်နဲ့ပုံစံတူပေါ်လာတဲ့ ပစ္စုပ္ပန်ရှုစိတ်၊ သိစိတ် နဲ့ပြိုင်တူစိတ် တစ်ခဏတိုင်းမှာ ဖြစ်နေကြတဲ့ အာရုံပါ။နားလည်အောင် ပြောရင် အတိတ်ပုံစံတူ ပစ္စုပ္ပန်အာရုံပါ။အနာဂတ်အာရုံ၊အနာဂတ် အကြောင်းအရာတွေကို စဉ်းစားတွေးတောတဲ့အခါမှာလည်း အနာဂတ်အာရုံတွေဟာ ပေါ်လာနိုင်ပါတယ်။မရောက်လာသေးတဲ့ အနာဂတ် အချိန်ရဲ့ဖြစ်လိုတဲ့အာရုံ၊ ဖြစ်နိုင်တဲ့ အာရုံတွေကိုတွေးလို့၊ပေါ်လာတဲ့အခိုက် ဒီအနာဂတ်အကြောင်းအရာတွေဟာ အနာဂတ်ပုံတူ ပစ္စုပ္ပန်အာရုံတွေပါဘဲ။

ဒီအာရုံကို သိတဲ့စိတ်၊ ရှုနေရင်လည်း ရှုစိတ်သည်ပင်လျှင် ပစ္စုပ္ပန်စိတ်ဖြစ်နေပါတယ်။ ဒီ သိစိတ်၊ရှုစိတ် နဲ့တစ်ချိန်တည်း အသိခံ၊အရှုခံ အာရုံဖြစ်နေလို့ အနာဂတ်ပုံတူ ပစ္စုပ္ပန်အာရုံလို့ ပြောရတာ ဖြစ်ပါတယ်။

“အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်” ဘယ်လိုအာရုံတွေ၊ ဘယ်လို အကြောင်းရာတွေပဲ ပေါ်ပေါ်၊ ရှုစိတ် အရှုခံ အာရုံဟာ ပစ္စုပ္ပန်အချိန်တိုင်း အချိန်တိုင်းမှာ ပြိုင်တူဖြစ်ပေါ်နေတယ်ဆိုတာ သဘောပေါက်ဖို့သာ အရေးကြီးပါတယ်။သဘောပေါက်ရင်ဖြင့် ဝိပဿနာတရားဟာ အတိတ်ကို ရှုလို့ရနိုင်ပါသလား ဆိုတဲ့ အမေးရဲ့အဖြေဟာ နားလည်သွားမှာပါ။

တကယ်တော့ ဒီမေးခွန်းရဲ့အဖြေဟာ သိပ်ကိုနက်နဲသိမ်မွေ့တယ်လို့ဆိုပါတယ်။ တကယ်တန်းဖြေကြားရရင် ပါဋ္ဌိတော်၊ အဋ္ဌကထာ၊ ဋီကာ စတဲ့ အထောက်အထားတွေနဲ့ကိုးကားပြီးမှ ဖြေမှ ပိုပြီးသင့်လျော်မယ်လို့ ဆရာတော် “ဓမ္မဒူတ အရှင်ဆေကိန္န” က မိန့်ကြားထားပါတယ်။

အကျဉ်းချုပ်ရရင်တော့ ဓမ္မမိတ်ဆွေ တို့အနေနဲ့အထက်က ပြောခဲ့သလိုဘဲ မိမိတို့ရဲ့ဝိပဿနာဉာဏ် နဲ့ အရှုခံအာရုံ ရဲ့သဘောတွေကို နားလည်နိုင်ကြပါစေလို့ဆန္ဒပြုရင်း ဤစာမျက်နှာဖြင့် ဓမ္မဒါန ပြုလိုက်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:ခန္ဓာ-၅ပါးတစ်ဦး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top