ကေလးငယ္မ်ားကို ထမင္းရည္တိုက္ေကၽြးျခင္းျဖင့္ က်န္းမာေစႏိုင္သည္ဟု ဆိုၾကသလို ကေလးငယ္မ်ားကို ထမင္ရည္ တိုက္ေကၽြးျခင္းသည္ ေရွးယခင္ကတည္းက ရွိခဲ့ေသာ အေလ့အထဟု ဆိုႏိုင္ေပမည္။

သို႔ေသာ္ ကေလးငယ္မ်ားကို ထမင္းရည္ တိုက္ေကၽြးျခင္းသည္ အမွန္တကယ္ေရာ အက်ိဳးရွိႏိုင္မလား။ ဘာေတြပိုျပီး ထူးမလဲ။ စတာေလးေတြကို ေဒါက္တာလင္းနဲ႔ ေမေမေတြနဲ႔ ေဆြးေႏြးၾကည့္ရေအာင္ေလေနာ္။

ထမင္းရည္ကေတာ့ အမွန္တကယ္အားျဖင့္ ေခတ္သစ္အိမ္ေတြမွာ ေတြ႔ႏိုင္ဖို႔ ခဲယင္းသြားပါျပီ။ တကယ္ေတာ့ ေခတ္သစ္ေမေမေတြကိုထမင္းရည္ရေအာင္ခ်က္ဆိုရင္ေတာင္ ခ်က္တတ္ပါ့မလားပဲ။ ဘာလို႔ဆိုေတာ့ အလုပ္မ်ားလာတဲ့၊ အမ်ိဳးသားမ်ားနဲ႔ တန္းတူ၊ ဒါမွမဟုတ္ ေက်ာ္လြန္ျပီးေတာင္ အလုပ္လုပ္ေနတဲ႕ ေခတ္ေမေမေတြကေတာ့ ထမင္းငွဲ႔ခ်က္ဖို႔ေတာင္ အခ်ိန္က မေလာက္ေနေတာ့။

ဒါေပမယ့္အဖိုးအဖြားမ်ားနဲ႔ က်ေတာ့လည္း ကိုယ္ေျမးေလးကို ထမင္းရည္ေလးမွ မတိုက္ေပးရင္ က်န္းမာေရး မေကာင္းဘူးလို႔ ထင္ၾကတာ။ အဲဒိမွာတင္ ေမေမေတြနဲ႔ ဖြားဖြားေတြ ထိပ္တိုက္ေတြ႔ၾကတာေပါ့ေနာ္။

ကဲပါေလ ေလရွည္တာေတြ မ်ားျပီဆိုေတာ့ လိုရင္းကို ဆက္ၾကမယ္ေလေနာ္။
ထမင္းရည္ဆိုတာနဲ႕ ဆန္ျပဳတ္နဲ႔ ထမင္းနဲ႔ ဘာေတြကြာမလဲတဲ့။ တကယ္ေတာ့ ဘာမွမကြာပါဘူး။ ထမင္းစားေနတဲ့ လူၾကၤီးေတြအတြက္ကေတာ့ ေပ်ာ႔တာနဲ႔ မာတာပဲ ကြာပါတယ္။ ျငင္းခ်င္လည္း ျငင္းေပါ့။

အကုန္လံုးက ဆန္ကေနရတာပဲဟာ။ မကြာဘူးေလ။ လူၾကီးေတြအေနနဲ႔ကေတာ့ ထမင္းရည္က ဘာေလးေတြေကာင္းတယ္၊ ဘာညာဆိုလို႔လည္း ေရငွဲ႕မခ်က္ရင္ ထူးျပီးေတာ့ ထမင္းရည္ရွာမေနပါနဲ့ ထမင္းပဲစားပါ။ လိမ္းဖို႔ဘာညာဆိုရင္ေတာ့ ရေအာင္ခ်က္ေပါ့ေလေနာ္။

ကဲအဲဒိေတာ့ ကေလးေတြဆိုေတာ့ ဘာေတြထူးမလဲ။ ထူးတာကေတာ့ ကေလးေတြကို ျဖည့္စြက္စာ စေကၽြးတဲ့အခ်ိန္မွာေတာ့ တသီးတသန္႔ ထမင္းေပ်ာ့ေအာင္ ခ်က္ေနဖို႔မလိုဘူးေပါ့ေလ။ အရည္အပ်စ္ဆိုေတာ့ ကေလးက လြယ္လြယ္ကူကူ မ်ိဳခ်စားႏိုင္တာေပါ့။

ဒါေပမယ့္ မခ်က္အားရင္ေကာ လြယ္ပါတယ္။ ထမင္းကို ဟင္းခတ္ဇြန္းတစ္ေခ်ာင္း စာေလာက္ကိုယူျပီး blender ထဲထည့္ ျပီးေတာ့ေရေႏြးေလးနဲနဲေရာျပီး စက္လွည့္လိုက္ရင္ ရျပီေပါ့။ လြယ္လြယ္ေလးပါ။ ကေလးကို ထမင္ရည္စစ္စစ္ကိုမွ ေကၽြးရမယ္ မဟုတ္ပါဘူး။ ဖြားဖြားေတြ ေမးရင္ပါ အဲလိုပဲ ရွင္းျပလိုက္ေပါ့ေနာ္။

ကဲ အဲဒိေတာ့ ထမင္းရည္ျဖစ္ျဖစ္ blender နဲ႔ေခ်ျပီးပဲျဖစ္ျဖစ္ ကေလးကို ျဖည့္စြက္စာ အေနနဲ႕ေကၽြးႏိုင္ပါတယ္။ အဲလိုေကၽြးတိုင္းမွာ ဆီေလးနည္းနည္း (လက္ဖက္စားဇြန္းတဇြန္း) ေလာက္ထည့္ေကၽြးပါ။ ဆားထည့္ရန္မလိုပါ။

ၾကက္စြတ္ျပဳတ္၊ ပဲ၊ အာလူး၊ ကန္စြန္းဥ၊ ေရြဖရံုသီး၊ မုန္လာဥနီ စတာေတြကို တစ္မ်ိဳးမ်ိဳးထည့္ျပဳတ္ျပီး blender နဲ႕ေခ်ကာ အလွည့္က် ေကၽြးႏိုင္ပါတယ္။ ဒါမွ ကေလးေတြ ၾကီးလာတဲ့အခါ အစားေရြးတာမ်ိဳး မျဖစ္မွာပါ။

ဘယ္အခ်ိန္ကေန စေကၽြးမလဲဆိုေတာ့ ကေလးအသက္ ၆လ ျပည့္ခ်ိန္ကေန စျပီးေတာ့ ေကၽြးရပါမယ္။ ၆ လေအာက္ ကေလးမ်ားကိုေတာ့ မိခင္ႏို႔ကလြဲျပီး အျခား အဟာရ မလိုအပ္ပါ။ ၆ လမွ စတင္ျပီး ခုနက ေျပာခဲ့သလို စတင္ေကၽြးႏိုင္ပါျပီ။ ကေလးက ၂ ႏွစ္ေက်ာ္လာရင္ေတာ့ ထမင္းေပ်ာ႕ေပ်ာ႕ခ်က္ျပီး လူၾကီးစားသလို စားလို႔ရျပီဆိုတာေလး ေပ်ာရင္းနဲ႔ပဲ ေဒါက္တာလင္း ေလေၾကာရွည္ေနတာေလး ရပ္ပါေစေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေဒါက္တာလင္း
# Unicode Version # ျဖင့္ ဖတ္ပါ #

ကလေးငယ်များကို ထမင်းရည်တိုက်ကျွေးခြင်းဖြင့် ကျန်းမာစေနိုင်သည်ဟု ဆိုကြသလို ကလေးငယ်များကို ထမင်ရည် တိုက်ကျွေးခြင်းသည် ရှေးယခင်ကတည်းက ရှိခဲ့သော အလေ့အထဟု ဆိုနိုင်ပေမည်။

သို့သော် ကလေးငယ်များကို ထမင်းရည် တိုက်ကျွေးခြင်းသည် အမှန်တကယ်ရော အကျိုးရှိနိုင်မလား။ ဘာတွေပိုပြီး ထူးမလဲ။ စတာလေးတွေကို ဒေါက်တာလင်းနဲ့ မေမေတွေနဲ့ ဆွေးနွေးကြည့်ရအောင်လေနော်။

ထမင်းရည်ကတော့ အမှန်တကယ်အားဖြင့် ခေတ်သစ်အိမ်တွေမှာ တွေ့နိုင်ဖို့ ခဲယင်းသွားပါပြီ။ တကယ်တော့ ခေတ်သစ်မေမေတွေကိုထမင်းရည်ရအောင်ချက်ဆိုရင်တောင် ချက်တတ်ပါ့မလားပဲ။ ဘာလို့ဆိုတော့ အလုပ်များလာတဲ့၊ အမျိုးသားများနဲ့ တန်းတူ၊ ဒါမှမဟုတ် ကျော်လွန်ပြီးတောင် အလုပ်လုပ်နေတဲ့ ခေတ်မေမေတွေကတော့ ထမင်းငှဲ့ချက်ဖို့တောင် အချိန်က မလောက်နေတော့။

ဒါပေမယ့်အဖိုးအဖွားများနဲ့ ကျတော့လည်း ကိုယ်မြေးလေးကို ထမင်းရည်လေးမှ မတိုက်ပေးရင် ကျန်းမာရေး မကောင်းဘူးလို့ ထင်ကြတာ။ အဲဒိမှာတင် မေမေတွေနဲ့ ဖွားဖွားတွေ ထိပ်တိုက်တွေ့ကြတာပေါ့နော်။

ကဲပါလေ လေရှည်တာတွေ များပြီဆိုတော့ လိုရင်းကို ဆက်ကြမယ်လေနော်။
ထမင်းရည်ဆိုတာနဲ့ ဆန်ပြုတ်နဲ့ ထမင်းနဲ့ ဘာတွေကွာမလဲတဲ့။ တကယ်တော့ ဘာမှမကွာပါဘူး။ ထမင်းစားနေတဲ့ လူြင်္ကီးတွေအတွက်ကတော့ ပျော့တာနဲ့ မာတာပဲ ကွာပါတယ်။ ငြင်းချင်လည်း ငြင်းပေါ့။

အကုန်လုံးက ဆန်ကနေရတာပဲဟာ။ မကွာဘူးလေ။ လူကြီးတွေအနေနဲ့ကတော့ ထမင်းရည်က ဘာလေးတွေကောင်းတယ်၊ ဘာညာဆိုလို့လည်း ရေငှဲ့မချက်ရင် ထူးပြီးတော့ ထမင်းရည်ရှာမနေပါနဲ့ ထမင်းပဲစားပါ။ လိမ်းဖို့ဘာညာဆိုရင်တော့ ရအောင်ချက်ပေါ့လေနော်။

ကဲအဲဒိတော့ ကလေးတွေဆိုတော့ ဘာတွေထူးမလဲ။ ထူးတာကတော့ ကလေးတွေကို ဖြည့်စွက်စာ စကျွေးတဲ့အချိန်မှာတော့ တသီးတသန့် ထမင်းပျော့အောင် ချက်နေဖို့မလိုဘူးပေါ့လေ။ အရည်အပျစ်ဆိုတော့ ကလေးက လွယ်လွယ်ကူကူ မျိုချစားနိုင်တာပေါ့။

ဒါပေမယ့် မချက်အားရင်ကော လွယ်ပါတယ်။ ထမင်းကို ဟင်းခတ်ဇွန်းတစ်ချောင်း စာလောက်ကိုယူပြီး blender ထဲထည့် ပြီးတော့ရေနွေးလေးနဲနဲရောပြီး စက်လှည့်လိုက်ရင် ရပြီပေါ့။ လွယ်လွယ်လေးပါ။ ကလေးကို ထမင်ရည်စစ်စစ်ကိုမှ ကျွေးရမယ် မဟုတ်ပါဘူး။ ဖွားဖွားတွေ မေးရင်ပါ အဲလိုပဲ ရှင်းပြလိုက်ပေါ့နော်။

ကဲ အဲဒိတော့ ထမင်းရည်ဖြစ်ဖြစ် blender နဲ့ချေပြီးပဲဖြစ်ဖြစ် ကလေးကို ဖြည့်စွက်စာ အနေနဲ့ကျွေးနိုင်ပါတယ်။ အဲလိုကျွေးတိုင်းမှာ ဆီလေးနည်းနည်း (လက်ဖက်စားဇွန်းတဇွန်း) လောက်ထည့်ကျွေးပါ။ ဆားထည့်ရန်မလိုပါ။

ကြက်စွတ်ပြုတ်၊ ပဲ၊ အာလူး၊ ကန်စွန်းဥ၊ ရွေဖရုံသီး၊ မုန်လာဥနီ စတာတွေကို တစ်မျိုးမျိုးထည့်ပြုတ်ပြီး blender နဲ့ချေကာ အလှည့်ကျ ကျွေးနိုင်ပါတယ်။ ဒါမှ ကလေးတွေ ကြီးလာတဲ့အခါ အစားရွေးတာမျိုး မဖြစ်မှာပါ။

ဘယ်အချိန်ကနေ စကျွေးမလဲဆိုတော့ ကလေးအသက် ၆လ ပြည့်ချိန်ကနေ စပြီးတော့ ကျွေးရပါမယ်။ ၆ လအောက် ကလေးများကိုတော့ မိခင်နို့ကလွဲပြီး အခြား အဟာရ မလိုအပ်ပါ။ ၆ လမှ စတင်ပြီး ခုနက ပြောခဲ့သလို စတင်ကျွေးနိုင်ပါပြီ။ ကလေးက ၂ နှစ်ကျော်လာရင်တော့ ထမင်းပျော့ပျော့ချက်ပြီး လူကြီးစားသလို စားလို့ရပြီဆိုတာလေး ပျောရင်းနဲ့ပဲ ဒေါက်တာလင်း လေကြောရှည်နေတာလေး ရပ်ပါစေနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဒေါက်တာလင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top