မင္းသားေခ်ာ ကီႏူးရိဗ္ တစ္ေယာက္ စန္းပြင့္ေနခ်ိန္မွာပဲ ထူးျခားတဲ့ ေကာလာဟလတစ္ခု ထြက္ေပၚလာပါတယ္။ အဲ့ဒါကေတာ့ ရိဗ္ဟာ အခုခ်ိန္မွာ လြတ္လပ္ေနတဲ့ တစ္ခါက ေဟာလိဝုဒ္ဘုရင္မ အိန္ဂ်လီနာ ဂ်ဳိလီနဲ႔ တြဲခုတ္ေနတယ္ ဆုိတာပါ။

လက္ရွိေဟာလိဝုဒ္ျမင္ကြင္းနဲ႔ ရင္းႏွီးေနတဲ့သူေတြေတာင္ ဒီသတင္းကိုၾကားရခ်ိန္မွာ တကယ္ျဖစ္ပြားဖို႔ အခြင့္အေရးက နည္းပါးလွတယ္လို႔ ယုံၾကည္ၾကေပမယ့္ ကိုယ္ေရးကိုယ္တာကို ဘယ္လိုလွ်ဳိ႕ဝွက္ရမလဲသိတဲ့ ေဟာလိဝုဒ္စတားေတြအတြက္ မျဖစ္ႏုိင္ဘူးဆုိတာေတာ့ မရွိပါဘူး။

ဒါကို အတည္ျပဳဖို႔ သူတုိ႔ႏွစ္ဦး စားေသာက္ဆုိင္မွာ တစ္ေယာက္ကိုတစ္ေယာက္ ခြံ႕ေကၽြးေနတဲ့ဓါတ္ပုံမ်ဳိးလည္း မလုိအပ္ေသးတာ အမွန္ပါ။ဒါေပမယ့္အခ်စ္ေတာ္မင္းသားမင္း သမီးႏွစ္ေယာက္ဟာ တူညီတဲ့ အခ်က္ေတြ ေတာ္ေတာ္မ်ားမ်ားရွိေနပါတယ္။

ပထမဆုံးအခ်က္ကေတာ့ သူတုိ႔ႏွစ္ေယာက္ဟာ နီးကပ္စြာ ေနထိုင္ၾကပါတယ္။ ကီႏူးရိဗ္ရဲ႕ မိခင္ဟာ ဂ်ဳိလီ ရဲ႕ေနအိမ္နားမွာ ေနထိုင္ၿပီး မင္းသားဟာ သူ႕မိခင္ထံကို မၾကာခဏသြားေရာက္ေလ့ရွိပါတယ္။ ဘရက္ပစ္နဲ႔ ခြာျပဲၿပီးတဲ့ေနာက္ ဂ်ဳိလီဟာ ရိဗ္ရဲ႕ မိခင္ ပက္ထရစ္ရွာေတလာ ေနထိုင္တဲ့ ေလာ့စ္အိန္ဂ်ယ္လ္မွ ရပ္ကြက္သုိ႔ ေရႊ႕ေျပာင္းခဲ့တာပါ။

ဒါေၾကာင့္ သူတုိ႔ႏွစ္ဦးဟာ မၾကာခဏဆုိသလို ဆုံေတြ႕ဖူးၾကတယ္လို႔ အတြင္းလူတစ္ခ်ဳိ႕က ေျပာပါတယ္။ေနာက္တစ္ခ်က္က ရိဗ္ရဲ႕ မိဘႏွစ္ပါးဟာ သူအသက္ ၃ ႏွစ္အရြယ္မွာ ကြာရွင္းခဲ့ၾကတာပါ။ သူ႕ဖခင္ဟာ မိသားစုနဲ႔ခြဲၿပီးေနာက္ ဘိန္းျဖဴေရာင္းဝယ္မႈနဲ႔ ေထာင္က်သြားခဲ့ပါတယ္။

ဒီလိုပဲ ဂ်ဳိလီရဲ႕ မိဘႏွစ္ပါးဟာလည္း သူမ ငယ္ငယ္တည္းက ကြာရွင္းခဲ့ၾကတာျဖစ္ၿပီး သူမရဲ႕ မိခင္ကပဲ ေစာင့္ေရွာက္ေမြးျမဴခဲ့တာျဖစ္လို႔ ဒီတစ္ခ်က္ဟာ အလြန္ရွားပါးစြာတူညီေနတဲ့ ဘဝအေနအထားျဖစ္ပါတယ္။

ဒီလို မလွပတဲ့ မိသားစုဘဝကို ေစာေစာစီးစီးရရွိခဲ့တဲ့အတြက္ ႏွစ္ေယာက္စလုံးဟာလည္း ငယ္စဥ္က အထက္တန္းေက်ာင္းသားဘဝမွာ ခက္ခဲတဲ့ အခ်ိန္တစ္ခု ပုိင္ဆုိင္ခဲ့သလို ဆုိးသြမ္းတယ္လို႔ ဆုိရမေလာက္ ေနထိုင္ခဲ့ၾကသူေတြလည္း ျဖစ္တယ္လို႔ သိရတယ္။

ဒါေပမယ့္ ႏွစ္ေယာက္စလုံးဟာလည္း အသက္ ၁၇ ႏွစ္အရြယ္မွာ သရုပ္ေဆာင္ေလာကထဲ ဝင္ေရာက္ခဲ့ၿပီး သူတုိ႔ဘဝရဲ႕ လမ္းေၾကာင္းအမွန္ကို ရွာေတြ႕ခဲ့တာလည္း တူပါတယ္။
ရိဗ္ဟာ မၾကာခဏဆုိသလို ဗုဒၶဘာသာတစ္ေယာက္ သို႔မဟုတ္ ဘာသာမဲ့တစ္ေယာက္လို႔ ထင္ျမင္ခံရပါတယ္။



ဒါေပမယ့္ သူဟာ ဘာသာတရားကိုင္းရႈိင္းၿပီး ဝိဥာဏ္ကို ယုံၾကည္တဲ့ သူတစ္ေယာက္ပါ။ ဂ်ဳိလီဟာလည္း သူမကိုယ္သူမ နာမ္ပိုင္းဆုိင္ရာကို ယုံၾကည္တဲ့လူလို႔ မၾကာခဏဖြင့္ေျပာခဲ့ဖူးပါတယ္။

ဒါ့အျပင္ လိင္ပိုင္းဆုိင္ရာမွာလည္း လြတ္လပ္တဲ့အျမင္ရွိသူေတြျဖစ္ၿပီး ႏွစ္ေယာက္စလုံးက သူတုိ႔ ေမတၱာထားသူေတြဟာ လိင္ေပၚအေျခခံၿပီး ခြဲျခားမွာမဟုတ္တဲ့ သေဘာရွိၿပီး ဂ်ဳိလီက ဒါကို ပြင့္လင္းစြာ ထုတ္ေဖာ္ေျပာၾကားခဲ့ဖူးပါတယ္။ တကယ္လို႔သာ သူမဟာ အမ်ဳိးသမီးတစ္ေယာက္ကို ခ်စ္စိတ္ဝင္မိရင္လည္း သူမကို နမ္းလိုစိတ္ ထိေတြ႕လုိစိတ္ျဖစ္မိမွာပဲလို႔ ေျပာၾကားခဲ့ဖူးတာပါ။

ဒါ့အျပင္ ႏွစ္ဦးစလုံးရဲ႕ ထင္ရွားတဲ့ အခ်က္တစ္ခုကေတာ့ အလွဴအတန္းရက္ေရာတာနဲ႔ ပရဟိတ အလုပ္ေတြကို စိတ္ေရာကိုယ္ပါ ႏွစ္ျမဳပ္လုပ္ကိုင္တတ္တာပါ။ ဂ်ဳိလီဟာ ၂၀၀၁ ခုႏွစ္မွာ ပထမဆုံး လူသားဆန္မႈ ပရဟိတလုပ္ငန္းအေနနဲ႔ အာဖရိကႏုိင္ငံ တန္ဇန္းနီးယားကို ခရီးထြက္ခဲ့ပါတယ္။

ေနာက္ဆယ္ႏွစ္အၾကာမွာေတာ့ သူမဟာ ကုလရဲ႕ လူသားျခင္းစာနာေထာက္ထားမႈလုပ္ငန္းေပါင္း ေလးဆယ္ေက်ာ္အတြက္ ခရီးႏွင္ခဲ့ၿပီးပါၿပီ။ ရိဗ္ ရဲ႕ သူရရွိလာတဲ့ သရုပ္ေဆာင္ေၾကးေတြကို ဇိမ္ခံပစၥည္းေတြအတြက္ ဘယ္ေတာ့မွမသုံးစြဲဘဲ တိတ္တဆိတ္ လွဴဒါန္းေလ့ရွိတဲ့ အက်င့္ကိုေတာ့ အခုအခါမွာ လူတုိင္းသိေနၿပီျဖစ္တာေၾကာင့္ သူတုိ႔ရဲ႕ အေျခခံ စိတ္သေဘာထားမွာ တူညီမႈေတြ အမ်ားႀကီးရွိေနတာကို ေတြ႕ရမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

မင်းသားချော ကီနူးရိဗ် တစ်ယောက် စန်းပွင့်နေချိန်မှာပဲ ထူးခြားတဲ့ ကောလာဟလတစ်ခု ထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ ရိဗ်ဟာ အခုချိန်မှာ လွတ်လပ်နေတဲ့ တစ်ခါက ဟောလိဝုဒ်ဘုရင်မ အိန်ဂျလီနာ ဂျိုလီနဲ့ တွဲခုတ်နေတယ် ဆိုတာပါ။

လက်ရှိဟောလိဝုဒ်မြင်ကွင်းနဲ့ ရင်းနှီးနေတဲ့သူတွေတောင် ဒီသတင်းကိုကြားရချိန်မှာ တကယ်ဖြစ်ပွားဖို့ အခွင့်အရေးက နည်းပါးလှတယ်လို့ ယုံကြည်ကြပေမယ့် ကိုယ်ရေးကိုယ်တာကို ဘယ်လိုလျှို့ဝှက်ရမလဲသိတဲ့ ဟောလိဝုဒ်စတားတွေအတွက် မဖြစ်နိုင်ဘူးဆိုတာတော့ မရှိပါဘူး။

ဒါကို အတည်ပြုဖို့ သူတို့နှစ်ဦး စားသောက်ဆိုင်မှာ တစ်ယောက်ကိုတစ်ယောက် ခွံ့ကျွေးနေတဲ့ဓါတ်ပုံမျိုးလည်း မလိုအပ်သေးတာ အမှန်ပါ။ဒါပေမယ့်အချစ်တော်မင်းသားမင်း သမီးနှစ်ယောက်ဟာ တူညီတဲ့ အချက်တွေ တော်တော်များများရှိနေပါတယ်။

ပထမဆုံးအချက်ကတော့ သူတို့နှစ်ယောက်ဟာ နီးကပ်စွာ နေထိုင်ကြပါတယ်။ ကီနူးရိဗ်ရဲ့ မိခင်ဟာ ဂျိုလီ ရဲ့နေအိမ်နားမှာ နေထိုင်ပြီး မင်းသားဟာ သူ့မိခင်ထံကို မကြာခဏသွားရောက်လေ့ရှိပါတယ်။ ဘရက်ပစ်နဲ့ ခွာပြဲပြီးတဲ့နောက် ဂျိုလီဟာ ရိဗ်ရဲ့ မိခင် ပက်ထရစ်ရှာတေလာ နေထိုင်တဲ့ လော့စ်အိန်ဂျယ်လ်မှ ရပ်ကွက်သို့ ရွှေ့ပြောင်းခဲ့တာပါ။

ဒါကြောင့် သူတို့နှစ်ဦးဟာ မကြာခဏဆိုသလို ဆုံတွေ့ဖူးကြတယ်လို့ အတွင်းလူတစ်ချို့က ပြောပါတယ်။နောက်တစ်ချက်က ရိဗ်ရဲ့ မိဘနှစ်ပါးဟာ သူအသက် ၃ နှစ်အရွယ်မှာ ကွာရှင်းခဲ့ကြတာပါ။ သူ့ဖခင်ဟာ မိသားစုနဲ့ခွဲပြီးနောက် ဘိန်းဖြူရောင်းဝယ်မှုနဲ့ ထောင်ကျသွားခဲ့ပါတယ်။

ဒီလိုပဲ ဂျိုလီရဲ့ မိဘနှစ်ပါးဟာလည်း သူမ ငယ်ငယ်တည်းက ကွာရှင်းခဲ့ကြတာဖြစ်ပြီး သူမရဲ့ မိခင်ကပဲ စောင့်ရှောက်မွေးမြူခဲ့တာဖြစ်လို့ ဒီတစ်ချက်ဟာ အလွန်ရှားပါးစွာတူညီနေတဲ့ ဘဝအနေအထားဖြစ်ပါတယ်။

ဒီလို မလှပတဲ့ မိသားစုဘဝကို စောစောစီးစီးရရှိခဲ့တဲ့အတွက် နှစ်ယောက်စလုံးဟာလည်း ငယ်စဉ်က အထက်တန်းကျောင်းသားဘဝမှာ ခက်ခဲတဲ့ အချိန်တစ်ခု ပိုင်ဆိုင်ခဲ့သလို ဆိုးသွမ်းတယ်လို့ ဆိုရမလောက် နေထိုင်ခဲ့ကြသူတွေလည်း ဖြစ်တယ်လို့ သိရတယ်။

ဒါပေမယ့် နှစ်ယောက်စလုံးဟာလည်း အသက် ၁၇ နှစ်အရွယ်မှာ သရုပ်ဆောင်လောကထဲ ဝင်ရောက်ခဲ့ပြီး သူတို့ဘဝရဲ့ လမ်းကြောင်းအမှန်ကို ရှာတွေ့ခဲ့တာလည်း တူပါတယ်။
ရိဗ်ဟာ မကြာခဏဆိုသလို ဗုဒ္ဓဘာသာတစ်ယောက် သို့မဟုတ် ဘာသာမဲ့တစ်ယောက်လို့ ထင်မြင်ခံရပါတယ်။

ဒါပေမယ့် သူဟာ ဘာသာတရားကိုင်းရှိုင်းပြီး ဝိဉာဏ်ကို ယုံကြည်တဲ့ သူတစ်ယောက်ပါ။ ဂျိုလီဟာလည်း သူမကိုယ်သူမ နာမ်ပိုင်းဆိုင်ရာကို ယုံကြည်တဲ့လူလို့ မကြာခဏဖွင့်ပြောခဲ့ဖူးပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာမှာလည်း လွတ်လပ်တဲ့အမြင်ရှိသူတွေဖြစ်ပြီး နှစ်ယောက်စလုံးက သူတို့ မေတ္တာထားသူတွေဟာ လိင်ပေါ်အခြေခံပြီး ခွဲခြားမှာမဟုတ်တဲ့ သဘောရှိပြီး ဂျိုလီက ဒါကို ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ တကယ်လို့သာ သူမဟာ အမျိုးသမီးတစ်ယောက်ကို ချစ်စိတ်ဝင်မိရင်လည်း သူမကို နမ်းလိုစိတ် ထိတွေ့လိုစိတ်ဖြစ်မိမှာပဲလို့ ပြောကြားခဲ့ဖူးတာပါ။

ဒါ့အပြင် နှစ်ဦးစလုံးရဲ့ ထင်ရှားတဲ့ အချက်တစ်ခုကတော့ အလှူအတန်းရက်ရောတာနဲ့ ပရဟိတ အလုပ်တွေကို စိတ်ရောကိုယ်ပါ နှစ်မြုပ်လုပ်ကိုင်တတ်တာပါ။ ဂျိုလီဟာ ၂၀၀၁ ခုနှစ်မှာ ပထမဆုံး လူသားဆန်မှု ပရဟိတလုပ်ငန်းအနေနဲ့ အာဖရိကနိုင်ငံ တန်ဇန်းနီးယားကို ခရီးထွက်ခဲ့ပါတယ်။

နောက်ဆယ်နှစ်အကြာမှာတော့ သူမဟာ ကုလရဲ့ လူသားခြင်းစာနာထောက်ထားမှုလုပ်ငန်းပေါင်း လေးဆယ်ကျော်အတွက် ခရီးနှင်ခဲ့ပြီးပါပြီ။ ရိဗ် ရဲ့ သူရရှိလာတဲ့ သရုပ်ဆောင်ကြေးတွေကို ဇိမ်ခံပစ္စည်းတွေအတွက် ဘယ်တော့မှမသုံးစွဲဘဲ တိတ်တဆိတ် လှူဒါန်းလေ့ရှိတဲ့ အကျင့်ကိုတော့ အခုအခါမှာ လူတိုင်းသိနေပြီဖြစ်တာကြောင့် သူတို့ရဲ့ အခြေခံ စိတ်သဘောထားမှာ တူညီမှုတွေ အများကြီးရှိနေတာကို တွေ့ရမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top