# Unicode Version # ဖြင့် ဖတ်ပါ #
ဖြစ်ရက်မှန်လေးပါပဲ…ကျနော်ရွာလေးက ငါးမျှားသမားကိုကြီးနှစ်ယောက်ရဲ့ဖြစ်စင်လေးပါ…သူတို့ကပြန်ပြောပြတာပါ…
ကျနော်ပြန်ပြီရေးတင်ပေးလိုက်ပါတယ်…ချစ်friတို့ရေ…
ကျနော်တို့ရွာလေးမှာ…ငါးမျှားသမားအကိုကြီးနှစ်ယောက်ရှိတယ်။ သူတို့က တံငါအလုပ်လေးနဲ့ငါးရှာဖားအလုပ်လေးနဲ့ အသက်မွေးကြောင်းပြုပါတယ်…ဒီနေ့မှာ ရှေ့ဟောင်ကန်ကြီးကို သူတို့နှစ်ယောက်ငါးမျှားဖို့ ညှိနှိုင်းကျတယ်…
အဲ့ကန်ကလည်ကျနော်တို့ရွာဘေးပါပဲ….ကျနော်အိမ်နဲ့လည်နီးပါတယ်….၅မိနစ်ပဲလမ်းလျှောက်ရင်…ညဘက်ဆိုအဲ့ကန်ကြီးကိုဘယ်သူမှမသွားရဲကျဘူး။.အပင်တွေကလည်ကောင်းတယ်အုပ်မှိုင်လို့ပေါ့…ညောင်ပင်ကြီးကလည်ရှိတယ်ငါးပင်တောင်
ဒါနဲ့အဲ့မှာ ငါးမျှားရောဆိုပါတော့..အကိုကြီးနှစ်ယောက် တစ်ယောက်က. ကန်ရဲ့ရှေ့ဘက်ကနေမျှားတယ်။ တစ်ယောက်က ကန်ရဲ့နောက်ဘက်ကသစ်ပင်ကြီးအောက်ကနေမျှားတယ်…ငါးတွေကလည်အရမ်းပေါတာ အဲ့ကန်ကြီး ထဲမှာ.. ကန်က လည်းရေတခါမှမခမ်းဖူးဘူး..နွေဘက်လည်…
နောက်ပြီး နတ်ကြီးတယ်အဲ့ကန်ကြီးက..တရွာလုံးသောက်ရေအဖြစ်သုံးကျတယ်။ မနက်ဘက်တို့ညနေ့၄နာရီလောက်ဆို
တရွာလုံးအဲ့ကန်ကြီးကပဲရေခပ်သုံးကျတယ် မိန်ခလေးတွေရော ယောင်္ကျားလေးတွေရော ပေါ့…ထူးဆန်းတာက အဲ့ကန်ထဲ ကို…ယောင်္ကျားလေးဆင်းဘာမှမဖြစ်ဘူး…အေးဆေးပဲ…
မိန်ခလေးသာ..မတော်တဆ ရေခပ်ရင်းနဲ့ ခြေချော်ပြီး ပြုတ်ကျ သွားရင်..အဲ့ကန်ထဲက ရေက ကြည်စိမ်းနေတဲ့ရေက ချက်ချင်ကြီးနောက်ကြည့်သွားရော… အဲ့လိုဖြစ်သွားရင်… လက်ဖက်နဲ့ မြှောက်ပင့်ပြီ တောင်းပန်မှ နောက်နေ့ဆို သူဘာသာသူ ပြန်ကြည်သွားရော. ကန်ကြီးကြောင်းတော့ သိကျပြီ ပေါ့နော်……friတို့….
ငါးမျှားသမားနှစ်ယောက်အကြောင်းပြန်ဆက်မယ်….အဲ့လိုနဲ့မျှားကျရော..သူငယ်ချင်နှစ်ယောက်…တစ်ယောက်ရဲ့နာမည်က…မောင်စိုးတဲ့..နောက်တစ်ယောက်က….ကိုချစ်ဦးတဲ့ သူငယ်ချင်နှစ်ယောက်ပေါ့….ကိုချစ်ဦးက ကန်ရဲ့ရှေ့ဘက်က မျှားတယ် မောင်စိုးက ကန်ရဲ့နောက်ဘက်ကမျှားတယ်။
ငါးတွေကလည်း ကန်ထဲမှာများကြီးပွက်ဆူနေတာ သူတို့နှစ်ယောက် မျှားတာ ငါးက ဆွဲတယ် သုပ်တင်လိုက်ရင် ငါးမျှားတန်ကို ဘာငါးမှပါဘူး..သူတို့စိတ်ထဲကတော့ ငါးသုပ်တာမမိတာ နေမှာပါဆိုပြီး ဆက်မျှားနေတယ်…
ညဘက်၁နာရီလောက်ကြီး..ပင်ကြီးရဲ့အောက်မှာမျှားနေတဲ့မောင်စိုးဘေးနာကိုလူတစ်ယောက်ရောက်လာတယ်…မောင်စိုးစိတ်ထဲကလည်…ချစ်ဦးသူရှေ့ဘက်က ငါးမဆွဲလို့ ငါဘေးလာတာပဲထင်တာ…ဆက်မျှားနေရော သိပ်လည်း သေချာ မကြည့်ဖြစ် ဘူး…
ခနနေတော့မောင်စိုးငါးချည်တောင်ကိုလာဆွဲတယ်..ဘေးနားရပ်ပြီး လက်ကြီးက.. အပင်တွေက အုပ်မှိုင်နေတော့ မောင်စိုးလည်း ချစ်ဦးလာနောက်တယ်ထင်ပြီး ဟေ့ကောင်ခ ျစ်ဦးမနောက်နဲ့ကွာ..ငါးကလည် မဆွဲဘူးဟ သွားကွာ ဟိုဘက်သွားမျှားရီကွာ…
အဲ့လိုပြောတော့….မောင်စိုးချည်တောင်ကိုဆွဲထားတဲ့လက်ကြီးမဆွဲတော့ပဲ….ထွက်သွားပြီ…ချစ်ဦးမျှားနေတဲ့ဘက်ကို…သွားတယ်…ချစ်ဦးကလည်မောင်စိုးလိုပဲ မောင်စိုးဟိုဘက်က ငါးမဆွဲလို့ဒီဘက်လာတာပဲထင်တာ…ခနနေတော့…
ချစ်ဦးငါးချည်တောင်ကိုလည်း လက်ကြီးကဆွဲပြီယူကြည့်တယ်.. ချစ်ဦးကမောင်စိုးထင်ပြီ.. ပြောလိုက်တယ်.. မင်းရောရလားကွ..ငါတော့တစ်ကောင်မှဆွဲသေဘူးဟ…ပြောပြောဆိုနဲ့ ဆက်မျှားနေရော ခနနေတော့ကန်ရဲ့ နောက်ဘက်မှာ.. မျှားနေတဲ့ မောင်စိုးငါးမျှားတန်ကို လာဆွဲတယ်။
မောင်စိုးလည်စိတ်ထဲကနေ ဒီခါတော့မိအောင်သုပ်မှဟဆိုပြီသုပ်တင်တာ….အလေးကြီးပဲ သုပ်လို့မရဘူး။ ငါးမျှားတန်ကို မောင်စိုးစိတ်ထဲကဟ ဒီငါးတော်တော်ကြီးမယ် ငါတော့ထောပြီကွဆိုပြီ..ဖြေးဖြေးချင်ဆွဲတင်တော့ ပါလာတာက တော့ငါးပဲ.. တွေ့နေရတယ်။ လရောင်လေးနဲ့ လူးလူးနဲ့ငါးမျှားတန်ရဲ့ ကြိုးမှာ ငါးပဲဆွဲယူပြီဖြုတ်မယ်လည်း ဟန်ပြင်ရော… လက်နိပ် ဓာတ်မီးနဲ့ ထိုးကြည့်တာ ကလေးလေဖြစ်နေတယ်.။
သူကိုရယ်ပြတယ် အဲ့ကလေးလေက…မောင်စိုးလည်ကြောင်ပြီပြန်ကြည့်နေမိတယ် ကလေးလေက အစွယ်ပါထွက် နေပြီ တဲ့….မွေးကစလေကလေးလေက….ဟာဘာပြောကောင်းမလည်း မောင်ဆိုးလည်ပြစ်ချပြီး ငါးမျှားတန် မဖြုတ်တော့ပဲ ချစ်ဦးရှိရာပြေးသွားပြီ..ပြောပြတယ်…
အခြေနေမကောင်းတော့ဘူးဒီလိုဒီလိုပဲပေါ့ ပြောလိုက်တော့… ချစ်ဦးကပြောလိုက် တယ်။ မင်းလာမနောက်စမ်းပါနဲ့ကွာ…ဒီမှာငါးကမဆွဲရတဲ့အထဲမင်းကတမျိုး..မောင်စိုးက ငါမနောက်ဘူး သူငယ်ချင်း တကယ်ဖြစ်တာ..မယုံဘူးချစ်ဦးက…ခုနကမင်းပဲငါ့ ငါးခြင်းတောင်လာဆွဲပြီနောက်သေတယ်လေ ချစ်ဦးက ပြောလိုက်တယ်။
မောင်စိုးက ဘယ်ကသာ ငါမလာဘူး မင်းဆီကို.. ခုမှငါပြေးလာတာ အဲ့လိုဖြစ်လို့ကွ… မောင်စိုးကလည်း မင်းလည်း လာတယ်လေငါဆီကိုခုနက..ချစ်ဦးကငါ့ဒီနားကနေဘယ်မှမရွေ့သေဘူး ထိုင်မျှားနေတာ.. အဲ့တော့ချစ်ဦးလည်း သဘောပေါက်လာပြီ။ အေးအေးပြန်မယ်ဆိုပြီ…ကန်ထဲချမျှားနေတဲ့ ငါးမျှားတန်ကို ချစ်ဦးကောက်အတင်မှာ လာဆွဲပြန် ရော…
ချစ်ဦးလည်အားရပါးရသုပ်တင်လိုက်ရော..ငါးပါပဲ ပါလာတာအကြီးကြီ.. မောင်စိုးကထင်တယ် သူလိုပဲနေမှာပဲ ဆိုပြိ…ချစ်ဦးဆွဲယူပြီ ဖြုတ်မယ်ဟန်ပြင်…ပါလာတဲ့ငါးကနေ….ခေါင်းပျက်ကြီး..ရယ် နေတာ..ဟားဟားနဲ့ ဘာပြော ကောင်းမလည်…
သူတို့နှစ်ယောက် ငါးခြင်းတောင်တွေ ငါးမျှားတန်တွေထားခဲ့ပြီး..အိမ်အရောက်ပဲ…ပြေးတာ..
နောက်နေ့ ဆရာခေါ်ပြီဆေးသွင်ယူရတယ်… ပြီးတော့ကန်ကိုလည်လာမြှောက်ပေးရတယ် လက်ဖက်နဲ့… နောက်ဆို အဲ့ကန်ကို ဘယ်တော့မှမမျှားတော့ပါဘူးကြောက်ပြီး
ဖြစ်ပျက်လေးကတော့ဒါလေးပါပဲ…ချစ်friတို့အားပေးမှုကို ကျေးဇူတင်ပါတယ် အထူးပဲ.. .နောက်လည်ရေးတင် ပါအုံးမယ် အားပေးပါအုံး..
ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar TZ channel
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top