#သမၺဳေဒၶဂါထာေတာ္ပါဠိရြတ္ဖတ္ပုံ

သမၺဳေဒၶ အ႒ဝီသဥၥ၊ (သမ္ဗုတ္ေဓ အထဝီသင္စ)
ဒြါဒသဥၥ သဟႆေက၊ (ဒြါဒသင္စ သဟသေက) ပဥၥႆတ သဟႆာနိ၊ (ပင္စ သတ္တာ သဟသာနိ) နမာမိ သိရသာမဟံ။ (နမာမိ သိရသာမဟံ)
အပၸကာ ဝါဠဳကာ ဂဂၤါ၊ (အပ္ပကာ ဝါလုကာ ဂင္ဂါ)
အနႏၱာ နိဗၺဳတာ ဇိနာ၊ ( အနန္တာ နိတ္ဗုတာ ဇိနာ)
ေတသံ ဓမၼဥၥ သံဃဥၥ၊ (ေတသံ ဓမ္မင္စ သံဃင္စ) အာဒေရန နမာမဟံ။ (အာဒေရန နမာမဟံ)
နမကၠာရာ ႏုဘာေဝန၊ (နမက္ကာရာ ႏုဘာေဝန)
ဟိတြာ သေဗၺ ဥပဒၵေဝ၊ (ဟိတြာ သတ္ေဗ ဥပတ္ဒေဝ) အေနက အႏၱရာယာပိ၊ (အေနက အန္တရာယာပိ) ဝိနႆႏၱဳ အေသသေတာ။ (ဝိနတ္သန္တု အေသသေတာ)

ဆရာေတာ္ၾကီး တိုက်ိဳျမိဳ ႔၊ နိပိုရီသုႆန္သို႔ ေမတၱာပို႔ရန္ ၾကြေရာက္ေတာ္မူလာစဥ္ ေအး.. သမၺဳေဒၶ ဆိုတာ ဘုရားရွင္တို႔ကို အ႒၀ီသဥၥ ဆိုတာ အ႒က (၈) ဝီသဥၥက (၂၀)။ (၈)(၂၀) ဆိုေတာ့ (၂၈) ေပါ့။ ႏွစ္က်ိပ္ရွစ္ဆူေသာ ဘုရားရွင္တို႔ကို နမာမိ သိရသာ မဟံ ၊ မဟံ တပည့္ေတာ္သည္ သိရသာ ဦးေခါင္းေတာ္ျဖင့္ နမာမိ ရွိခိုးပါ၏။ ဘုန္းဘုန္းရိွခိုးတာေလးၾကည့္စမ္းအံုး။

ဦးေခါင္းျဖင့္ရိွခိုးပါ၏ ဆိုတာ ရွိခိုးျပစမ္းပါ။
ေအး…အဲဒီလို ရွိခိုးတာကို ေခါင္းျဖင့္ရိွခိုးတယ္လို ေခၚတယ္ေနာ္။ ေဟာဒီလိုရွိခိုးတာက်ေတာ့ လက္အုပ္ခ်ီ၍ ရွိခိုးပါ၏။ ဟုတ္လား။ ေဟာဒါၾကေတာ့ လက္ဆယ္စံု ထိပ္မွာမိုး၍ ရွိခိုးပါ၏။ ဒီေခါင္းေပၚကို လက္ (၁၀)ေခ်ာင္းတင္လိုက္တာ ။ (မွန္လွပါဘုရား) ။ နတ္ေတြ ျဗဟၼာေတြ ရိွခိုးတာနည္းက အဲဒီလို ရွိခိုးတာေနာ္။ နတ္ေတြ ျဗဟၼာေတြက ေဟာဒီလို ရွိခိုးတာ။ အဲဒီလိုရွိခိုးတဲ့ရုပ္ပံုေတြ ျမင္ဖူးၾကလား။ (ျမင္ဖူးပါတယ္ဘုရား)။ ဘယ္မွာ ျမင္ဖူးတုန္း။

အဲဒီလို ရွိခိုးတာေတြ အညာမွာေတာ့ ေကာင္းမႈေတာ္ ဆိုတဲ့ေစတီၾကီး ျမင္ဖူးၾကလား။ (ျမင္ဖူးပါတယ္ဘုရား)။ အႀကီးႀကီးေလ ဒီလိုႀကီး အဲဒီလို ပံုႀကီး။ အဲဒီ ေကာင္းမႈေတာ္ေစတီႀကီးေဘးမွာ နတ္ရုပ္ေတြ၊ ျဗဟၼာရုပ္ေတြ ဒီလိုႀကီးေတြ ရွိခိုးေနၾကတာေနာ္။ အဲဒီနားေရာက္တဲ့အခါ ဝင္ၾကည့္ၾကေပါ့။ ေအး…ထားၾကပါစို႔။ ဘုရားေပါင္း ၂၈ ဆူကို ေခါင္းျဖင့္ရိွခိုးပါ၏။

ၿပီးေတာ့ ဒြါဒသဥၥ သဟႆေက ဒြါဒသ ဆိုတာ ၁၂ သဟႆ ဆိုတာ ၁၀၀၀။ ၁၂ နဲ႔ ၁၀၀၀ နဲ႔ ေျမွာက္စမ္းပါ။ ၁၂၀၀၀ ေအး.. ဒြါဒသဥၥ သဟႆေက ၁၂၀၀၀ ေသာ ဘုရားရွင္တို႔ကို႔ နမာမိ သိရသာ မဟံ တပည့္ေတာ္သည္ ဦးေခါင္းေတာ္ျဖင့္ ရွိခိုးပါ၏ ဘုရား။ ဘုရားေပါင္း ဘယ္ေလာက္ရိွခိုးလိုက္လဲ၊ ၁၂၀၀၀ ၊ ၿပီးေတာ့မွ ပဥၥသတ သဟႆာနိ ပဥၥ က ၅ သတ က ၁၀၀ ေနာ္။ ၅ နဲ႔ ၁၀၀ နဲ႔ေျမွာက္ ၅၀၀။ သဟႆာနိ က ၁၀၀၀ေနာ္။ ၅၀၀ နဲ႔ ၁၀၀၀ နဲ႔ေျမွာက္ ၅ သိန္း။

ပဥၥသတ သဟႆာနိ ၅ သိန္းေသာ ဘုရားရွင္တို႔ကို႔ နမာမိ သိရသာ မဟံ တပည့္ေတာ္သည္ ဦးေခါင္းေတာ္ျဖင့္ ရွိခိုးပါ၏ ဘုရား။ အဲဒီေတာ့ ဘုရားေပါင္း ၅၁၂၀၂၈ ဆူ။ ဘုရားေပါင္း ဘယ္ေလာက္ရိွခိုးတာလဲ။ (၅၁၂၀၂၈ ဆူ)။ ေအး ဘုရားေပါင္း ၅၁၂၀၂၈ ဆူ ေထရီအပဒါန ဒီပနီ ဆိုတဲ့ က်မ္းထဲမယ္ အဲဒါအျပည့္အစံုပါတယ္။

ဘုန္းဘုန္းဝတၳဳအေၾကာင္းေလးေျပာျပပါမယ္။ ဒီကမာၻက ျပန္ၿပီးေနာက္ျပန္ေရလိုက္တဲ့အခါ သေခ်ၤ (၂၀) နဲ႔ ကမာၻတစ္သိန္းထက္မယ္၊ ဘယ္ေလာက္ၾကာတုန္း။ ကမာၻေပါင္း သေခ်ၤ (၂၀)နဲ႔ ကမာၻ တစ္သိန္း၊ အဲဒီမယ္ ဒီပကၤရာ ဆိုတာပြင့္ေတာ္မူတယ္။ ဘာဘုရားပြင့္ေတာ္မူလဲ။ (ဒီပကၤရာဘုရား) ။ ဒီပကၤရာ ႏွစ္ဆူရိွတယ္။ သေခ်ၤ (၂၀)နဲ႔ ကမာၻ တစ္သိန္းထက္ပြင့္တဲ့ ဒီပကၤရာကို အရင္က်လို႔ ေပါရာဏ ဒီပကၤရာတဲ့။

သုေမဓာရေသ့ေလးကို ဗ်ာဒိတ္ေပးတာက ဗ်ာဒိတ္ေပး ဒီပကၤရာတ့ဲ။ ဒီပကၤရာဘယ္ႏွစ္ဆူရိွလဲ။ (ႏွစ္ဆူရိွပါတယ္ဘုရား)။ ဘာတဲ့တုန္း။ (ေပါရာဏ ဒီပကၤရာ နဲ႔ ဗ်ာဒိတ္ေပး ဒီပကၤရာ) ။ ေအး ေပါရာဏဒီပကၤရာဘုရားလက္ထက္ ဘုရင္ သမီးေတာ္ေလးတစ္ပါးရိွသတဲ့။ သူ႔ကို ဘံုခုႏွစ္ဆင့္ရွိတဲ့ ျပသဒ္ထဲမယ္ သူ႔ကိုတပင္တိုင္ ျမနန္းထားတယ္ေပါ့။

ေရွးတုန္းကေတာ့ တပင္တိုင္ျမနန္းလို႔ ရိွေသးတယ္။ ဒီျပင့္လူေတြ ေယာက္်ားေလးေတြ မဝင္ရဘူး။ မိန္းကေလးေတြခ်ည္းထားတယ္။ ေနာက္တက္မယ့္မင္းရဲ႕ မိဖုရားျဖစ္ေအာင္လို႔ သူ႔ကိုတပင္တိုင္ျမနန္းနဲ႔ထားတယ္။ အဲဒီမင္းသမီေလးက ဟိုးအထက္ဆံုးအထပ္ကေနၿပီးေတာ့ ဒီလိုေလး လွည့္ပတ္ၿပီးေတာ့ ၿမိဳ ႔ကိုၾကည့္တာ ညေနႀကီး ဦးဇင္းေလးတစ္ပါး ဆြမ္းခံလို႔တဲ့ဗ်ာ။

ဟိုက ဦးဇင္းေလး ညေနႀကီးဆြမ္းခံေနတယ္ သြား..သြား..သြား ပင့္စမ္းဆိုေတာ့ ပင္လိုက္လို႔ ေရာက္လာေတာ့ ဦးဇင္းေလး သူမ်ားေတြ မနက္ဆြမ္းခံ ဦးဇင္းေလး ညေနႀကီးဆြမ္းခံသလား။ ညဆြမ္းစားသလားလို႔ေမးသတဲ့။ သမီးေတာ္ေလးရယ္ ၾကည့္ပါဆိုျပီးေတာ့ သပိတ္လွပ္ျပတယ္။ သပိတ္ထဲမယ္ ဆီေတြဘဲပါတယ္။ ဆြမ္းေတြဆြမ္းရံေတြ မပါဘူးလို႔ ေျပာသတဲ့။ ဘာလို႔ ဆီေတြဘဲအလွဴခံတာတုန္း။

သူမ်ားခ်က္ၿပီးျပဳတ္ၿပီးသား စားေနတာ ဆီဘာလုပ္ဖို႔တုန္း။ အဲဒီေတာ့ ဦးဇင္းေလးက သမီးေတာ္ေလးရယ္ ညက်ေတာ့ ေက်ာင္းတိုက္ထဲေမွာင္လို႔ပါ၊ ဆီမီးေလးပူေဇာ္ၿပီးေတာ့ ဦးဇင္းေတြ၊ ကိုယ္ေတာ္ေတြ သြားတဲ့လာတဲ့ပုဂၢိဳလ္ေတြလင္းေအာင္လို႔ ထြန္းေပးတာပါ။ ျမတ္စြာဘုရားနားေလးလည္းဘဲ ဆီမီးပူေဇာ္တာပါလို႔ ေျပာသတဲ့။ ေအာ္ဒီလိုဆိုရင္ေပးေပး၊ သပိတ္ေပးဆိုၿပီး သပိတ္ယူၿပီး အဲဒီသပိတ္ထဲကို မုန္ညင္းဆီေတြ မုန္ညင္းဆီေရာ သိၾကလား။ (သိပါတယ္ဘုရား) ။

မုန္ညင္းေစ့ေလးေတြကို ႀကိတ္လိုက္ေတာ့ မုန္ညင္းဆီရတာေပါ့။ ႏွမ္းေတြ ႀကိတ္ေတာ့ ႏွမ္းဆီေတြရတာေပါ့။ ေျမပဲေတြ ႀကိတ္လိုက္ေတာ့ ေျမပဲဆီရတာေပါ့။ အဲဒီလို မုန္ညင္းေစ့ေလးေတြႀကိတ္လိုက္ေတာ့ မုန္ညင္းဆီေတြရ၊ အဲဒီမုန္ညင္းဆီေတြ သပိတ္နဲ႔အျပည့္လွဴလိုက္ေတာ့ ဦးဇင္းေလးကေမးသတဲ့။ သမီးေတာ္ေလး ဘာဆုမ်ား ပန္တုန္း။ တပည့္ေတာ္မ က ဘုရားျဖစ္ခ်င္တာပါဘုရားလို႔ေျပာသတဲ့။ ေအာ္..ေကာင္းပ..ေကာင္းပလို႔ေျပာျပီး သာဓု..သာဓုလို႔ ေခၚသြား။

ညက်ေတာ့ ျမတ္စြာဘုရားက ဆီမီးပူေဇာ္တဲ့ ဦးဇင္းေလးကို ေခၚစမ္းဟဲ့ ဆိုေတာ့ေရာက္လာတယ္။ ဦးဇင္းေလး ဒီေန႔ ဆီမီးေတြၿမိဳင္လွခ်ည္လား။ ဘယ္ကဆီရတုန္း။ သမီးေတာ္ေလးဆီကပါဘုရား။ ဘုရင့္သမီးေတာ္ေလးက အရွင္ဘုရားႏွမေတာ္ေလးက ဘုရား ဆီမီးပူေဇာ္ဖို႔ မုန္ညင္းဆီေတြ သပိတ္အျပည့္လွဴပါတယ္ဘုရား။ အဲဒီသမီးေတာ္ေလးနဲ႔ ဒီပကၤရာဘုရားကလည္း ဖေအတူမေအကြဲ ေမာင္ႏွမေတာ္သတဲ့။

ဒါေၾကာင့္ အရွင္ဘုရားႏွမေလးက မုန္ညင္းဆီေတြအျပည့္ လွဴလိုက္လို႔ပါဘုရား။ ေအာ္ သမီးေတာ္ေလးက ဘာဆုပန္္သတဲ့တုန္း။ တပည့္ေတာ္လည္းေမးၾကည့္တယ္ဘုရား၊ သမီးေတာ္ေလးဘာဆုပန္တုန္း ေမးေတာ့ ဘုရားျဖစ္ခ်င္တယ္လို႔ ေျပာပါတယ္ ဘုရား။ ေအာ္..ဒါဆိုရင္ နက္ျဖန္ခါျပန္ေျပာအံုး၊ မိန္းကေလးဘဝနဲ႔ ဘုရားဆု မပန္ရဘူး။ ေနာက္ဘဝ ေယာက္်ားေလးျဖစ္ပါေစ၊ ေယာက္်ားေလးျဖစ္မွ ပါရမီေတြ ဒါနစတဲ့ ပါရမီေတြ လုပ္ရင္ ဘုရားျဖစ္လိမ့္မယ္လို႔ေျပာ။ ေကာင္းပါျပီဘုရား။

တပည့္ေတာ္နက္ျဖန္ခါ ျပန္ေျပာပါ့မယ္ဘုရား။ ကဲကဲ ထားေတာ့။ ဦးဇင္းေလးကေရာ ဘာဆုပန္တုန္း။ တပည့္ေတာ္က အရွင္ဘုရားအားက်လို႔ဘုရား။ အရွင္ဘုရားဒီပကၤရာ ဆိုသလို ဒီပကၤေရာတိ ဒီပင္ ဆီမီး ကေရာတိ ျပဳတက္ ပူေဇာ္တတ္၏။ ထို႔ေၾကာင့္ ဒီပကၤေရာ ဒီပကၤရာ မည္၏။ ဆီမီးပူေဇာ္တာက တပည့္ေတာ္ အရွင္ဘုရားအားက်ျပီးေတာ့ တပည့္ေတာ္ ဘုရားဆုပန္ပါတယ္ဘုရား။

ဘုရားျဖစ္တဲ့ အခါလည္း ဘုရားဘြဲ႕က ဒီပကၤရာ ဆိုတဲ့ ဘြဲ႕ လိုခ်င္ပါတယ္ဘုရား လို႔ဆိုသတဲ့။ အဲဒါနဲ႔ ေပါရာဏဒီပကၤရာဘုရားက အဘိညဥ္တန္ခိုးနဲ႔ၾကည့္လိုက္ေတာ့ ေအာ္ဦးဇင္းေလး မင္းေနာက္ ၁၆ သေခၤ် ၾကာတဲ့အခါ ဘုရားျဖစ္လိမ့္မယ္လို႔ ဗ်ာဒိတ္ေပးသတဲ့။ ဗ်ာဒိတ္ေပးေတာ့ ဟာ ငါဘုရားေလာင္းျဖစ္ျပီ ျမတ္စြာဘုရား ဗ်ာဒိတ္ေပးၿပီးၿပီ။ ည ညအိပ္မေပ်ာ္ဘူးတဲ့ ဝမ္းသာလြန္းလို႔။ အဲဒီေနာက္ တစ္ေန႔က်ေတာ့ ညေနက် ေလးနာရီေလာက္ ၿမိဳ႕ထဲ နန္းတြင္းထဲ ဆြမ္းခံသြားျပန္ေရာ။ ဆီဆြမ္းခံ ေပါ့။

သမီးေတာ္ေလးကလည္း ဘံုခုႏွစ္ဆင့္ ရိွတဲ့ဲျပႆဒ္က လွည့္ပတ္ၾကည့္လိုက္ေတာ့ ဟာမေန႔ ကဦးဇင္းေလး နဲ႔တူတယ္။ ဆြမ္းခံေနတယ္ သြား…သြားး…ပင္႔အံုးဆိုေတာ့ သြားပင့္တယ္။ ေရာက္လာ ဦးဇင္းေလး မေန႔ကလည္း ဆြမ္းခံ၊ ဒီေန႔လည္းဆြမ္းခံ ေနတိုင္းဆြမ္းခံသလား။ ေအာ္ သမီးေတာ္ေလးရယ္ က်ဳပ္က ဘုရားေလာင္း။ မေန႔က ဗ်ာဒိတ္ရၿပီးၿပီ။ ေနာက္ ၁၆ သေခ်ၤၾကာတဲ့အခါ က်ဳပ္က ဒီပကၤရာ ဘုရားၿဖစ္မွာ။ ဘုရားေလာင္းဆိုတာ တစ္ေန႔တည္း ကုသိုလ္လုပ္ၿပီးေတာ့ ဆုပန္လို႔ ဘယ္ရမတုန္း။

ေန႔တိုင္းေန႔တိုင္း ဒါနျပဳရတယ္၊ သီလေဆာက္တည္ရတယ္၊ အနိစၥ၊ ဒုကၡ၊ အနတၱ ဆိုတဲ့ ဝိပႆနာ တရားေတာ္ေတြ ပြားရတယ္ သမီးေတာ္ေလးရဲ႕။ ေအာ္ဒီလိုလား ဘုရား။ မသိလိုပါဘုရား။ ဒီလိုဆိုရင္ ေပးေပး၊ သပိတ္ေပးဘုရား ဆိုၿပီးေတာ့ သပိတ္ထဲ မုန္ညင္းဆီေတြ ထည့္ထည့္ျပီးေတာ လွဴတယ္ သူက။

အရွင္ဘုရားကို တပည့္ေတာ္ ပါရမီျဖည့္ေပးမယ္ ဘုရား။ အရွင္ဘုရား ေန႔တိုင္းေန႔တိုင္း ၿမိဳ႕ထဲမယ္ လွည့္ဆြမ္းခံရတာ ပင္ပန္းတယ္၊ အဲ့ေတာ့ ဘယ္မွ မသြားနဲ႔ တပည့္ေတာ္ဆီ ဒီျပႆဒ္တန္းလာခဲ့။ တပည့္ေတာ္ ေန႔တိုင္း ေန႔တိုင္း တစ္သပိတ္၊ တစ္သပိတ္ အျပည့္လွဴမယ္။ ေကာင္းပ…ေကာင္းပ….သာဓု…သာဓု…သာဓု။

မေန႔တုန္းက ျမတ္စြာဘုရားက မွာလိုက္ေသးတယ္။ ဘယ္လို မွာတုန္းဘုရား။ သမီးေတာ္ေလးက ဘုရားဆုပန္တယ္လို႔ ဦးဇင္းက ေျပာလိုက္တဲ့ အခါက်ေတာ့ မိန္းကေလးဘဝနဲ႔ ဘုရားဆုပန္လို႔မျပည့္ဘူး။ ေနာက္ဘဝ ေယာက္်ားေလးျဖစ္ပါရေစလို႔ ဆုေတာင္းလို႔ မွာလိုက္တယ္။ ေအာ္ အဲဒီလိုလားဘုရား။ ဒီလိုဆိုရင္ သပိတ္ေလးကိုကပ္၊ ဘုရားတပည့္ေတာ္ မုန္ညင္းဆီလွဴရတဲ့ ကုသိုလ္ေၾကာင့္ ေနာင္ဘဝ ေယာက္်ားေလးျဖစ္ပါရေစဘုရားလို႔ ဆုပန္တယ္ေနာ္။

အဲဒီလိုဆုပန္တဲ့ အတြက္ေနာက္ဘဝ ေယာက္်ားေလးျဖစ္တယ္။ ျဖစ္ေတာ့ ထားၾကပါစို႔ ။ ၁၆ သေခ်ၤကို ႏွစ္ပံု ပံုလိုက္ေတာ့ ဘုရားဆုပန္လို႔ စိတ္ထဲမယ္ ဆုေတာင္းတာ ကမာၻေပါင္း (၇) သေခ်ၤ။ ဘယ္ေလာက္ၾကာတုန္း။ (၇) သေခ်ၤၾကာတယ္။ စိတ္ထဲတြင္မေနႏိုင္ေတာ့ တပည့္ေတာ္ ဘုရားတပည့္ေတာ္ ဒီကုသိုလ္ေၾကာင့္ ဘုရာျဖစ္ပါရေစဘုရားလို႔ အက်ယ္ႀကီးဆုေတာင္းတာက (၉)သေခ်ၤ။ စိတ္ထဲတြင္ ဆုေတာင္းတာက ဘယ္ေလာက္လဲ။ (၇)သေခ်ၤ။ ႏႈတ္ရြတ္ၿပီးေတာ့ ပါးစပ္က ေအာ္ၿပီးေတာ့ ဆုေတာင္းတာက (၉)သေခ်ၤ။ (၇)သေခ်ၤ နဲ႔ (၉)သေခ်ၤ ေပါင္းလိုက္ရင္ (၁၆) သေခ်ၤ။ ပထမ (၇)သေခ်ၤတြင္ ဘုရာေပါင္း ဘယ္ေလာက္ပြင့္သလဲဆိုရင္ ဘုရားေပါင္း ၁၂၅၀၀၀။

ပထမ (၇) သေခ်ၤ အခ်ိန္ကာလအားျဖင့္ (၇)သေခ်ၤ၊ အဲဒီ (၇)သေခ်ၤအတြင္းမယ္ ဘုရားေပါင္းပြင့္တာက ၁၂၅၀၀၀။ အဲဒီ ဘုရားေပါင္း ၁၂၅၀၀၀ ဆီမွာ ကုသိုလ္ေကာင္းမႈျပဳၿပီးေတာ့ စိတ္ထဲတြင္သူကဆုပန္တာေနာ္။ စိတ္ထဲတြင္ ဆုပန္တဲ့ ဘုရားေပါင္း ၁၂၅၀၀၀။ ေနာက္ထပ္ ၉ သေခ်ၤၾကာေတာ့ စိတ္ထဲတြင္ မေနႏိုင္ေတာ့ဘူးတဲ့။ သူက ကုသိုလ္ေကာင္းမႈျပဳၿပီးရင္ ဘုရားတပည့္ေတာ္ ဒီကုသိုလ္ေစတနာေၾကာင့္ ဘုရားျဖစ္ပါရေစဘုရားလို႔ အက်ယ္ႀကီးဆုေတာင္းတယ္။ အဲဒီလို ႏႈတ္နဲ႔ အက်ယ္ႀကီးဆုေတာင္းတဲ့ အခ်ိန္ကာလ က ၉ သေခ်ၤ။ ဘုရားေပါင္းက ၃၈၇၀၀၀ ။

အဲခုနက ၁၂၅၀၀၀ နဲ႔ ခု ၃၈၇၀၀၀ ေပါင္းလိုက္စမ္း။ ၅၁၂၀၀၀ ေနာ္။ ေပၚၿပီမဟုတ္လား။ ေအး… ဒြါဒသဥၥ သဟႆေက ပဥၥသတ သဟႆာနိ ၅၁၂၀၀၀ ေသာ ဘုရားရွင္ တို႔ကို႔ တပည့္ေတာ္ရိွခိုးပါ၏။ ဟုတ္လား။ အဲလိုနဲ႔ ဘုရားဆုပန္လိုက္တာ သုေမဓာရေသ့ဘဝေရာက္၊ သုေမဓာရေသ့ဘဝကေန ၿပီးေတာ့ သူကေတာထဲမယ္ တရားက်င့္ေနတာ။

ရေသ့ေတြ ဆိုေတာ့ ေတာထဲမယ္ အၾကာၾကီးမေနရဘူးတဲ့။ ေတာထဲမယ္ အၾကာၾကီးေနရင္ အိုက္အိုဒင္းဆားဓါတ္နည္းၿပီးေတာ့ လည္ပင္းႀကီးေရာဂါျဖစ္တယ္။ အဲဒီေရာဂါကို အိုက္အိုဒင္းဆား စားလိုက္ရင္ေပ်ာက္တယ္။ သုေမဓာရေသ့က ကဲ ငါလည္းဘဲ ေတာ္ၾကာ လည္ပင္းႀကီးေန လိမ့္မယ္ ဆိုၿပီးေတာ့ ေကာင္းကင္ကျပန္လာ၊ ေအာက္မွာ လူေတြ တအံုးအံုးနဲ႔ လူေတြတေပ်ာ္တပါးႀကီး အလုပ္လုပ္ေနတာ ျမင္ေတာ့ ဆင္းၿပီးေတာ့ သူကေမးတယ္။

ေဟ့..ေကာင္ေတြ မင္းတို႔ဘာလုပ္ေနၾကတာတုန္း တေပ်ာ္တပါးႀကီးပါလား။ ေလာကသံုးပါး ဘုရားပြင့္ၿပီေလ။ ဒီပကၤရာဘုရားပြင့္ၿပီ။ ေနာက္ေတာ္ပါ ရဟန္း ေလးသိန္းႏွင့္အတူ အခုဆြမ္းခံ ၾကြမွာ။ မိုးေတြရြာလို႔ ဒီမွာ ဗြက္ေတြ ျပင္ေနတာ က်ဳပ္တို႔ ဗြက္ေတြ ဖို႔ေနတာဗ်လို႔ ေျပာသတဲ့။ ဟာ....ဒီလိုဆိုရင္ ငါလဲဘဲ ကုသိုလ္ ပါဝင္အံုးမယ္ကြ။ ငါ့ကိုတစ္ေနရာေပးလို႔ ေၿပာကတဲ့။ ဦးရေသ့ႀကီး ခင္ဗ်ားက ေျမလွ်ဳိးမိုးပ်ံ တန္ခိုးေတြ ရေနေတာ့ ဗြက္ေတြ ထူတဲ့ေနရာ ခင္ဗ်ားယူ။

ဗြက္ထူတဲ့ေနရာေပးသတဲ့။ ေပးေတာ့လည္း ေအးပါကြာ ဘယ္ေနရာရရ ငါရသမွ် လုပ္မယ္ဆိုၿပီးေတာ့ နီးတဲ့အိမ္ေလးတစ္အိမ္က ေပါက္ျပားေလးတစ္လက္၊ တံရြင္းတစ္ေခ်ာင္း၊ေတာင္းတစ္လံုး ငွား။ ေျမႀကီးေတြ တူးၿပီးေတာ့ သူကဖို႔တာေပါ့။ ဖို႔ေတာ့ ၿပီးခါနီး ေဟာဒီေလာက္ကေလးက်န္ေတာ့တယ္။ တလံေလာက္ကေလး။ အဲဒီေလာက္ကေလးလဲက်န္ေရာ။ ေအာ္..ဒီပကၤရာဘုရား ေနာက္ေတာ္ပါရဟန္း ေလးသိန္းနဲ႔ ဆြမ္းခံၾကြလာၿပီခင္ဗ်ား။

ဆြမ္းေလာင္းဖို႔ ျပင္ၾကပါလို႔ နိဗၺာန္ေဆာ္က ေၾကးစည္ေလးတီးၿပီး ေရွ႕ကေနဟစ္သတဲ့။ ဟာ..ဘုရားၾကြလာၿပီ ဘုရားၾကြလာၿပီ ဆိုၿပီး ေျပးၾကလႊားၾက ဆြမ္းေတြ၊ ဆြမ္းရံေတြျပင္ဆင္ၾကေပါ့ေလ။ သုေမဓာ ရေသ့ေလးက်ေတာ့ အရမ္းခ်စ္ေနၾကတာ။ သူ႔ဘယ္သူမွ ဂရုမစိုက္၊ ကူေဖၚေလာင္ဖတ္လည္း မရိွဘူး။ ငါလည္း ခက္ေနၿပီ ဒီေလာက္ကေလးက်မွ က်န္ေနတယ္။ ခက္ၿပီ..ဘယ္လိုလုပ္ရပါ့မတုန္းဆိုၿပီးေတာ့ သူက သကၤန္းႀကီးျဖန္႔ခင္း အဲဒီေပၚမယ္ ဝမ္းယားေမွာက္ ဘုရားၾကြလာတဲ့ဘက္ ေခါင္းျပဳၿပီးေတာ့ ျမတ္စြာဘုရား တပည့္ေတာ္ ေက်ာေပၚ သံဃာေတာ္ ေလးသိန္းႏွင့္တကြ နင္းေလွ်ာက္ပါဘုရား။

ဗြက္ထဲကို မနင္းပါနဲ႔ ဘုရား။ တပည့္ေတာ္ေက်ာေပၚနင္းပါဘုရားလို႔ သူကေအာ္ေလွ်ာက္တယ္။ ေအာ္ေလွ်ာက္ေတာ့ ဟာ..အာဂေယာက္်ားဘဲေဟ့။ သံဃာေတာ္ ေလးသိန္းနဲ႔ တက္နင္းရင္ သူေသမွာ အေသခံရဲတယ္။ တကယ့္ေယာက္်ား၊ ဘယ္လို ပုဂၢိဳလ္လဲဟဲ့လို႔ ၾကည့္လိုက္ေတာ့မွ ေအာ္လြန္ခဲ့တဲ့ ဆယ္ေျခာက္သေခ်ၤတုန္းက သမီးေတာ္ေလး ျဖစ္ၿပီးေတာ့ ငါ့ကိုေန႔တိုင္းေန႔တိုင္းမုန္ညင္းဆီ တစ္သပိတ္လွဴတဲ့ ပုဂၢိဳလ္ေလးဘဲလို႔သိသြားတယ္။ ဘုရားက။

ေအး.. သုေမဓာရေသ့ေလး ဆိုၿပီးေတာ့ ခုန သမီးေတာ္ေလးအေၾကာင္းျပန္ေျပာင္းေဟာ၊ ေဟာၿပီးေတာ့ မင္းေက်ာေပၚမေလွ်ာက္ပါဘူးကြာ တို႔ေကာင္းကင္ကၾကြမယ္ဆိုၿပီးေတာ့ တန္းခိုးနဲ႔ၾကြ၊ ၾကြၿပီီးေတာ့ သင္ဟာ ဒီကုသိုလ္ေစတနာေၾကာင့္ ေလးသေခ်ၤ နဲ႔ ကမာၻ တစ္သိန္းၾကာတဲ့အခါ ေဂါတမ ဘုရားျဖစ္လိမ့္မယ္လို႔ ဗ်ာဒိတ္ေပးသတဲ့။ သင္ဟာ ငါဦးဇင္းေလးဘဝတုန္းက ေန႔တိုင္းေန႔တိုင္း မုန္ညင္းဆီ တစ္သပိတ္လွဴတဲ့ ကုသိုလ္ေစတနာေၾကာင့္ သင့္ေနာက္ဆံုးဘဝ နာမည္က သိဒၶတၱ မင္းသားလို႔ျဖစ္လိမ့္မယ္။

သိဒၶတၱ ဆိုတာ မုန္ညင္း ေတလဆိုတာ ဆီ။ သိဒၶတၱေတလ ဆိုေတာ့ မုန္ညင္းဆီ ။ မုန္ညင္းဆီ တစ္သပိတ္ တစ္သပိတ္ လွဴခဲ့တဲ့အတြက္ အဲဒီေစတနာက အက်ဳိးေပးၿပီးေတာ့ သင့္ရဲ႕ေနာက္ဆံုးနာမည္သည္ ဘာျဖစ္လိမ့္မတုန္း။ သိဒၶတၱမင္းသားလို႔ ျဖစ္လိမ့္မယ္လို ဗ်ာဒိတ္ေပးသတဲ့။ ေအး...အဲဒီမုန္ညင္းဆီလွဴတဲ့ ကုသိုလ္ေစတနာကံသည္ ကမၼပစၥည္း၊ ဒီဘက္ဘဝမယ္ သိဒၶတၱ လို႔ နံမည္ေလးရ၊ ဘုရားျဖစ္တာက ကမၼပစၥည္းရဲ႕ ပစၥယုပၸန္ သေဘာေပါက္လား။

ဘဝေပါင္း ကမာၻေပါင္း သေခ်ၤ ၂၀ နဲ႔ ကမာၻေပါင္း တစ္သိန္းၾကာတယ္။ ေပ်ာက္မသြားဘူးေနာ္။ အ့ဲဒီေပ်ာက္မသြားတဲ့ သတၱိေလးကို ကမၼသတၱိ။ ဟုတ္ကလား။ အဲဒါဆိုရင္ အဖိုးတန္တယ္ မဟုတ္လား။ အဲ...ဟုတ္ၿပီ။တစ္ေခါက္ေလာက္ဆိုျပစမ္းပါအံုး။

“သမၺဳေဒၶ အ႒၀ီသဥၥ ဒြါဒသဥၥ သဟႆေက ပဥၥသတ သဟႆာနိ နမာမိ သိရသာ မဟံ အပကာ ၀ါဠဳကာ ဂဂၤါ အနႏၲာ နိဗၺဳတာ ဇိနာ ေတသံ ဓမၼဥၥ သံဃဥၥ အာဒေရန နမာမဟံ နမကၠာရာ ႏုဘာေ၀န ဟိတြာ သေဗၺ ဥပဒၵေ၀ အေနက အႏၲရာယာပိ ၀ိနာႆႏၲဳ အေသသေတာ”

ကဲ....ေတာ္လိုက္ၾကအံုးစို႔။ သာဓု……သာဓု……သာဓု

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗန္းေမာ္ဆရာေတာ္ၾကီး
# Unicode Version # ျဖင့္ ဖတ္ပါ #

#သမ္ဗုဒ္ဓေဂါထာတော်ပါဠိရွတ်ဖတ်ပုံ

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ (သမ်ဗုတ်ဓေ အထဝီသင်စ)
ဒွါဒသဉ္စ သဟဿကေ၊ (ဒွါဒသင်စ သဟသကေ) ပဉ္စဿတ သဟဿာနိ၊ (ပင်စ သတ်တာ သဟသာနိ) နမာမိ သိရသာမဟံ။ (နမာမိ သိရသာမဟံ)
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ (အပ်ပကာ ဝါလုကာ ဂင်ဂါ)
အနန္တာ နိဗ္ဗုတာ ဇိနာ၊ ( အနန်တာ နိတ်ဗုတာ ဇိနာ)
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ (တေသံ ဓမ်မင်စ သံဃင်စ) အာဒရေန နမာမဟံ။ (အာဒရေန နမာမဟံ)
နမက္ကာရာ နုဘာဝေန၊ (နမက်ကာရာ နုဘာဝေန)
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊ (ဟိတွာ သတ်ဗေ ဥပတ်ဒဝေ) အနေက အန္တရာယာပိ၊ (အနေက အန်တရာယာပိ) ဝိနဿန္တု အသေသတော။ (ဝိနတ်သန်တု အသေသတော)

ဆရာတော်ကြီး တိုကျိုမြို့၊ နိပိုရီသုဿန်သို့ မေတ္တာပို့ရန် ကြွရောက်တော်မူလာစဉ် အေး.. သမ္ဗုဒ္ဓေ ဆိုတာ ဘုရားရှင်တို့ကို အဋ္ဌဝီသဉ္စ ဆိုတာ အဋ္ဌက (၈) ဝီသဉ္စက (၂၀)။ (၈)(၂၀) ဆိုတော့ (၂၈) ပေါ့။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့ကို နမာမိ သိရသာ မဟံ ၊ မဟံ တပည့်တော်သည် သိရသာ ဦးခေါင်းတော်ဖြင့် နမာမိ ရှိခိုးပါ၏။ ဘုန်းဘုန်းရှိခိုးတာလေးကြည့်စမ်းအုံး။

ဦးခေါင်းဖြင့်ရှိခိုးပါ၏ ဆိုတာ ရှိခိုးပြစမ်းပါ။
အေး…အဲဒီလို ရှိခိုးတာကို ခေါင်းဖြင့်ရှိခိုးတယ်လို ခေါ်တယ်နော်။ ဟောဒီလိုရှိခိုးတာကျတော့ လက်အုပ်ချီ၍ ရှိခိုးပါ၏။ ဟုတ်လား။ ဟောဒါကြတော့ လက်ဆယ်စုံ ထိပ်မှာမိုး၍ ရှိခိုးပါ၏။ ဒီခေါင်းပေါ်ကို လက် (၁၀)ချောင်းတင်လိုက်တာ ။ (မှန်လှပါဘုရား) ။ နတ်တွေ ဗြဟ္မာတွေ ရှိခိုးတာနည်းက အဲဒီလို ရှိခိုးတာနော်။ နတ်တွေ ဗြဟ္မာတွေက ဟောဒီလို ရှိခိုးတာ။ အဲဒီလိုရှိခိုးတဲ့ရုပ်ပုံတွေ မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ ဘယ်မှာ မြင်ဖူးတုန်း။

အဲဒီလို ရှိခိုးတာတွေ အညာမှာတော့ ကောင်းမှုတော် ဆိုတဲ့စေတီကြီး မြင်ဖူးကြလား။ (မြင်ဖူးပါတယ်ဘုရား)။ အကြီးကြီးလေ ဒီလိုကြီး အဲဒီလို ပုံကြီး။ အဲဒီ ကောင်းမှုတော်စေတီကြီးဘေးမှာ နတ်ရုပ်တွေ၊ ဗြဟ္မာရုပ်တွေ ဒီလိုကြီးတွေ ရှိခိုးနေကြတာနော်။ အဲဒီနားရောက်တဲ့အခါ ဝင်ကြည့်ကြပေါ့။ အေး…ထားကြပါစို့။ ဘုရားပေါင်း ၂၈ ဆူကို ခေါင်းဖြင့်ရှိခိုးပါ၏။

ပြီးတော့ ဒွါဒသဉ္စ သဟဿကေ ဒွါဒသ ဆိုတာ ၁၂ သဟဿ ဆိုတာ ၁၀၀၀။ ၁၂ နဲ့ ၁၀၀၀ နဲ့ မြှောက်စမ်းပါ။ ၁၂၀၀၀ အေး.. ဒွါဒသဉ္စ သဟဿကေ ၁၂၀၀၀ သော ဘုရားရှင်တို့ကို့ နမာမိ သိရသာ မဟံ တပည့်တော်သည် ဦးခေါင်းတော်ဖြင့် ရှိခိုးပါ၏ ဘုရား။ ဘုရားပေါင်း ဘယ်လောက်ရှိခိုးလိုက်လဲ၊ ၁၂၀၀၀ ၊ ပြီးတော့မှ ပဉ္စသတ သဟဿာနိ ပဉ္စ က ၅ သတ က ၁၀၀ နော်။ ၅ နဲ့ ၁၀၀ နဲ့မြှောက် ၅၀၀။ သဟဿာနိ က ၁၀၀၀နော်။ ၅၀၀ နဲ့ ၁၀၀၀ နဲ့မြှောက် ၅ သိန်း။

ပဉ္စသတ သဟဿာနိ ၅ သိန်းသော ဘုရားရှင်တို့ကို့ နမာမိ သိရသာ မဟံ တပည့်တော်သည် ဦးခေါင်းတော်ဖြင့် ရှိခိုးပါ၏ ဘုရား။ အဲဒီတော့ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ။ ဘုရားပေါင်း ဘယ်လောက်ရှိခိုးတာလဲ။ (၅၁၂၀၂၈ ဆူ)။ အေး ဘုရားပေါင်း ၅၁၂၀၂၈ ဆူ ထေရီအပဒါန ဒီပနီ ဆိုတဲ့ ကျမ်းထဲမယ် အဲဒါအပြည့်အစုံပါတယ်။

ဘုန်းဘုန်းဝတ္ထုအကြောင်းလေးပြောပြပါမယ်။ ဒီကမ္ဘာက ပြန်ပြီးနောက်ပြန်ရေလိုက်တဲ့အခါ သင်္ချေ (၂၀) နဲ့ ကမ္ဘာတစ်သိန်းထက်မယ်၊ ဘယ်လောက်ကြာတုန်း။ ကမ္ဘာပေါင်း သင်္ချေ (၂၀)နဲ့ ကမ္ဘာ တစ်သိန်း၊ အဲဒီမယ် ဒီပင်္ကရာ ဆိုတာပွင့်တော်မူတယ်။ ဘာဘုရားပွင့်တော်မူလဲ။ (ဒီပင်္ကရာဘုရား) ။ ဒီပင်္ကရာ နှစ်ဆူရှိတယ်။ သင်္ချေ (၂၀)နဲ့ ကမ္ဘာ တစ်သိန်းထက်ပွင့်တဲ့ ဒီပင်္ကရာကို အရင်ကျလို့ ပေါရာဏ ဒီပင်္ကရာတဲ့။

သုမေဓာရသေ့လေးကို ဗျာဒိတ်ပေးတာက ဗျာဒိတ်ပေး ဒီပင်္ကရာတဲ့။ ဒီပင်္ကရာဘယ်နှစ်ဆူရှိလဲ။ (နှစ်ဆူရှိပါတယ်ဘုရား)။ ဘာတဲ့တုန်း။ (ပေါရာဏ ဒီပင်္ကရာ နဲ့ ဗျာဒိတ်ပေး ဒီပင်္ကရာ) ။ အေး ပေါရာဏဒီပင်္ကရာဘုရားလက်ထက် ဘုရင် သမီးတော်လေးတစ်ပါးရှိသတဲ့။ သူ့ကို ဘုံခုနှစ်ဆင့်ရှိတဲ့ ပြသဒ်ထဲမယ် သူ့ကိုတပင်တိုင် မြနန်းထားတယ်ပေါ့။

ရှေးတုန်းကတော့ တပင်တိုင်မြနန်းလို့ ရှိသေးတယ်။ ဒီပြင့်လူတွေ ယောက်ျားလေးတွေ မဝင်ရဘူး။ မိန်းကလေးတွေချည်းထားတယ်။ နောက်တက်မယ့်မင်းရဲ့ မိဖုရားဖြစ်အောင်လို့ သူ့ကိုတပင်တိုင်မြနန်းနဲ့ထားတယ်။ အဲဒီမင်းသမီလေးက ဟိုးအထက်ဆုံးအထပ်ကနေပြီးတော့ ဒီလိုလေး လှည့်ပတ်ပြီးတော့ မြို့ကိုကြည့်တာ ညနေကြီး ဦးဇင်းလေးတစ်ပါး ဆွမ်းခံလို့တဲ့ဗျာ။

ဟိုက ဦးဇင်းလေး ညနေကြီးဆွမ်းခံနေတယ် သွား..သွား..သွား ပင့်စမ်းဆိုတော့ ပင်လိုက်လို့ ရောက်လာတော့ ဦးဇင်းလေး သူများတွေ မနက်ဆွမ်းခံ ဦးဇင်းလေး ညနေကြီးဆွမ်းခံသလား။ ညဆွမ်းစားသလားလို့မေးသတဲ့။ သမီးတော်လေးရယ် ကြည့်ပါဆိုပြီးတော့ သပိတ်လှပ်ပြတယ်။ သပိတ်ထဲမယ် ဆီတွေဘဲပါတယ်။ ဆွမ်းတွေဆွမ်းရံတွေ မပါဘူးလို့ ပြောသတဲ့။ ဘာလို့ ဆီတွေဘဲအလှူခံတာတုန်း။

သူများချက်ပြီးပြုတ်ပြီးသား စားနေတာ ဆီဘာလုပ်ဖို့တုန်း။ အဲဒီတော့ ဦးဇင်းလေးက သမီးတော်လေးရယ် ညကျတော့ ကျောင်းတိုက်ထဲမှောင်လို့ပါ၊ ဆီမီးလေးပူဇော်ပြီးတော့ ဦးဇင်းတွေ၊ ကိုယ်တော်တွေ သွားတဲ့လာတဲ့ပုဂ္ဂိုလ်တွေလင်းအောင်လို့ ထွန်းပေးတာပါ။ မြတ်စွာဘုရားနားလေးလည်းဘဲ ဆီမီးပူဇော်တာပါလို့ ပြောသတဲ့။ အော်ဒီလိုဆိုရင်ပေးပေး၊ သပိတ်ပေးဆိုပြီး သပိတ်ယူပြီး အဲဒီသပိတ်ထဲကို မုန်ညင်းဆီတွေ မုန်ညင်းဆီရော သိကြလား။ (သိပါတယ်ဘုရား) ။

မုန်ညင်းစေ့လေးတွေကို ကြိတ်လိုက်တော့ မုန်ညင်းဆီရတာပေါ့။ နှမ်းတွေ ကြိတ်တော့ နှမ်းဆီတွေရတာပေါ့။ မြေပဲတွေ ကြိတ်လိုက်တော့ မြေပဲဆီရတာပေါ့။ အဲဒီလို မုန်ညင်းစေ့လေးတွေကြိတ်လိုက်တော့ မုန်ညင်းဆီတွေရ၊ အဲဒီမုန်ညင်းဆီတွေ သပိတ်နဲ့အပြည့်လှူလိုက်တော့ ဦးဇင်းလေးကမေးသတဲ့။ သမီးတော်လေး ဘာဆုများ ပန်တုန်း။ တပည့်တော်မ က ဘုရားဖြစ်ချင်တာပါဘုရားလို့ပြောသတဲ့။ အော်..ကောင်းပ..ကောင်းပလို့ပြောပြီး သာဓု..သာဓုလို့ ခေါ်သွား။

ညကျတော့ မြတ်စွာဘုရားက ဆီမီးပူဇော်တဲ့ ဦးဇင်းလေးကို ခေါ်စမ်းဟဲ့ ဆိုတော့ရောက်လာတယ်။ ဦးဇင်းလေး ဒီနေ့ ဆီမီးတွေမြိုင်လှချည်လား။ ဘယ်ကဆီရတုန်း။ သမီးတော်လေးဆီကပါဘုရား။ ဘုရင့်သမီးတော်လေးက အရှင်ဘုရားနှမတော်လေးက ဘုရား ဆီမီးပူဇော်ဖို့ မုန်ညင်းဆီတွေ သပိတ်အပြည့်လှူပါတယ်ဘုရား။ အဲဒီသမီးတော်လေးနဲ့ ဒီပင်္ကရာဘုရားကလည်း ဖအေတူမအေကွဲ မောင်နှမတော်သတဲ့။

ဒါကြောင့် အရှင်ဘုရားနှမလေးက မုန်ညင်းဆီတွေအပြည့် လှူလိုက်လို့ပါဘုရား။ အော် သမီးတော်လေးက ဘာဆုပန်သတဲ့တုန်း။ တပည့်တော်လည်းမေးကြည့်တယ်ဘုရား၊ သမီးတော်လေးဘာဆုပန်တုန်း မေးတော့ ဘုရားဖြစ်ချင်တယ်လို့ ပြောပါတယ် ဘုရား။ အော်..ဒါဆိုရင် နက်ဖြန်ခါပြန်ပြောအုံး၊ မိန်းကလေးဘဝနဲ့ ဘုရားဆု မပန်ရဘူး။ နောက်ဘဝ ယောက်ျားလေးဖြစ်ပါစေ၊ ယောက်ျားလေးဖြစ်မှ ပါရမီတွေ ဒါနစတဲ့ ပါရမီတွေ လုပ်ရင် ဘုရားဖြစ်လိမ့်မယ်လို့ပြော။ ကောင်းပါပြီဘုရား။

တပည့်တော်နက်ဖြန်ခါ ပြန်ပြောပါ့မယ်ဘုရား။ ကဲကဲ ထားတော့။ ဦးဇင်းလေးကရော ဘာဆုပန်တုန်း။ တပည့်တော်က အရှင်ဘုရားအားကျလို့ဘုရား။ အရှင်ဘုရားဒီပင်္ကရာ ဆိုသလို ဒီပင်္ကရောတိ ဒီပင် ဆီမီး ကရောတိ ပြုတက် ပူဇော်တတ်၏။ ထို့ကြောင့် ဒီပင်္ကရော ဒီပင်္ကရာ မည်၏။ ဆီမီးပူဇော်တာက တပည့်တော် အရှင်ဘုရားအားကျပြီးတော့ တပည့်တော် ဘုရားဆုပန်ပါတယ်ဘုရား။

ဘုရားဖြစ်တဲ့ အခါလည်း ဘုရားဘွဲ့က ဒီပင်္ကရာ ဆိုတဲ့ ဘွဲ့ လိုချင်ပါတယ်ဘုရား လို့ဆိုသတဲ့။ အဲဒါနဲ့ ပေါရာဏဒီပင်္ကရာဘုရားက အဘိညဉ်တန်ခိုးနဲ့ကြည့်လိုက်တော့ အော်ဦးဇင်းလေး မင်းနောက် ၁၆ သင်္ချေ ကြာတဲ့အခါ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့။ ဗျာဒိတ်ပေးတော့ ဟာ ငါဘုရားလောင်းဖြစ်ပြီ မြတ်စွာဘုရား ဗျာဒိတ်ပေးပြီးပြီ။ ည ညအိပ်မပျော်ဘူးတဲ့ ဝမ်းသာလွန်းလို့။ အဲဒီနောက် တစ်နေ့ကျတော့ ညနေကျ လေးနာရီလောက် မြို့ထဲ နန်းတွင်းထဲ ဆွမ်းခံသွားပြန်ရော။ ဆီဆွမ်းခံ ပေါ့။

သမီးတော်လေးကလည်း ဘုံခုနှစ်ဆင့် ရှိတဲ့ဲပြဿဒ်က လှည့်ပတ်ကြည့်လိုက်တော့ ဟာမနေ့ ကဦးဇင်းလေး နဲ့တူတယ်။ ဆွမ်းခံနေတယ် သွား…သွားး…ပင့်အုံးဆိုတော့ သွားပင့်တယ်။ ရောက်လာ ဦးဇင်းလေး မနေ့ကလည်း ဆွမ်းခံ၊ ဒီနေ့လည်းဆွမ်းခံ နေတိုင်းဆွမ်းခံသလား။ အော် သမီးတော်လေးရယ် ကျုပ်က ဘုရားလောင်း။ မနေ့က ဗျာဒိတ်ရပြီးပြီ။ နောက် ၁၆ သင်္ချေကြာတဲ့အခါ ကျုပ်က ဒီပင်္ကရာ ဘုရားဖြစ်မှာ။ ဘုရားလောင်းဆိုတာ တစ်နေ့တည်း ကုသိုလ်လုပ်ပြီးတော့ ဆုပန်လို့ ဘယ်ရမတုန်း။

နေ့တိုင်းနေ့တိုင်း ဒါနပြုရတယ်၊ သီလဆောက်တည်ရတယ်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ ဝိပဿနာ တရားတော်တွေ ပွားရတယ် သမီးတော်လေးရဲ့။ အော်ဒီလိုလား ဘုရား။ မသိလိုပါဘုရား။ ဒီလိုဆိုရင် ပေးပေး၊ သပိတ်ပေးဘုရား ဆိုပြီးတော့ သပိတ်ထဲ မုန်ညင်းဆီတွေ ထည့်ထည့်ပြီးတော လှူတယ် သူက။

အရှင်ဘုရားကို တပည့်တော် ပါရမီဖြည့်ပေးမယ် ဘုရား။ အရှင်ဘုရား နေ့တိုင်းနေ့တိုင်း မြို့ထဲမယ် လှည့်ဆွမ်းခံရတာ ပင်ပန်းတယ်၊ အဲ့တော့ ဘယ်မှ မသွားနဲ့ တပည့်တော်ဆီ ဒီပြဿဒ်တန်းလာခဲ့။ တပည့်တော် နေ့တိုင်း နေ့တိုင်း တစ်သပိတ်၊ တစ်သပိတ် အပြည့်လှူမယ်။ ကောင်းပ…ကောင်းပ….သာဓု…သာဓု…သာဓု။

မနေ့တုန်းက မြတ်စွာဘုရားက မှာလိုက်သေးတယ်။ ဘယ်လို မှာတုန်းဘုရား။ သမီးတော်လေးက ဘုရားဆုပန်တယ်လို့ ဦးဇင်းက ပြောလိုက်တဲ့ အခါကျတော့ မိန်းကလေးဘဝနဲ့ ဘုရားဆုပန်လို့မပြည့်ဘူး။ နောက်ဘဝ ယောက်ျားလေးဖြစ်ပါရစေလို့ ဆုတောင်းလို့ မှာလိုက်တယ်။ အော် အဲဒီလိုလားဘုရား။ ဒီလိုဆိုရင် သပိတ်လေးကိုကပ်၊ ဘုရားတပည့်တော် မုန်ညင်းဆီလှူရတဲ့ ကုသိုလ်ကြောင့် နောင်ဘဝ ယောက်ျားလေးဖြစ်ပါရစေဘုရားလို့ ဆုပန်တယ်နော်။

အဲဒီလိုဆုပန်တဲ့ အတွက်နောက်ဘဝ ယောက်ျားလေးဖြစ်တယ်။ ဖြစ်တော့ ထားကြပါစို့ ။ ၁၆ သင်္ချေကို နှစ်ပုံ ပုံလိုက်တော့ ဘုရားဆုပန်လို့ စိတ်ထဲမယ် ဆုတောင်းတာ ကမ္ဘာပေါင်း (၇) သင်္ချေ။ ဘယ်လောက်ကြာတုန်း။ (၇) သင်္ချေကြာတယ်။ စိတ်ထဲတွင်မနေနိုင်တော့ တပည့်တော် ဘုရားတပည့်တော် ဒီကုသိုလ်ကြောင့် ဘုရာဖြစ်ပါရစေဘုရားလို့ အကျယ်ကြီးဆုတောင်းတာက (၉)သင်္ချေ။ စိတ်ထဲတွင် ဆုတောင်းတာက ဘယ်လောက်လဲ။ (၇)သင်္ချေ။ နှုတ်ရွတ်ပြီးတော့ ပါးစပ်က အော်ပြီးတော့ ဆုတောင်းတာက (၉)သင်္ချေ။ (၇)သင်္ချေ နဲ့ (၉)သင်္ချေ ပေါင်းလိုက်ရင် (၁၆) သင်္ချေ။ ပထမ (၇)သင်္ချေတွင် ဘုရာပေါင်း ဘယ်လောက်ပွင့်သလဲဆိုရင် ဘုရားပေါင်း ၁၂၅၀၀၀။

ပထမ (၇) သင်္ချေ အချိန်ကာလအားဖြင့် (၇)သင်္ချေ၊ အဲဒီ (၇)သင်္ချေအတွင်းမယ် ဘုရားပေါင်းပွင့်တာက ၁၂၅၀၀၀။ အဲဒီ ဘုရားပေါင်း ၁၂၅၀၀၀ ဆီမှာ ကုသိုလ်ကောင်းမှုပြုပြီးတော့ စိတ်ထဲတွင်သူကဆုပန်တာနော်။ စိတ်ထဲတွင် ဆုပန်တဲ့ ဘုရားပေါင်း ၁၂၅၀၀၀။ နောက်ထပ် ၉ သင်္ချေကြာတော့ စိတ်ထဲတွင် မနေနိုင်တော့ဘူးတဲ့။ သူက ကုသိုလ်ကောင်းမှုပြုပြီးရင် ဘုရားတပည့်တော် ဒီကုသိုလ်စေတနာကြောင့် ဘုရားဖြစ်ပါရစေဘုရားလို့ အကျယ်ကြီးဆုတောင်းတယ်။ အဲဒီလို နှုတ်နဲ့ အကျယ်ကြီးဆုတောင်းတဲ့ အချိန်ကာလ က ၉ သင်္ချေ။ ဘုရားပေါင်းက ၃၈၇၀၀၀ ။

အဲခုနက ၁၂၅၀၀၀ နဲ့ ခု ၃၈၇၀၀၀ ပေါင်းလိုက်စမ်း။ ၅၁၂၀၀၀ နော်။ ပေါ်ပြီမဟုတ်လား။ အေး… ဒွါဒသဉ္စ သဟဿကေ ပဉ္စသတ သဟဿာနိ ၅၁၂၀၀၀ သော ဘုရားရှင် တို့ကို့ တပည့်တော်ရှိခိုးပါ၏။ ဟုတ်လား။ အဲလိုနဲ့ ဘုရားဆုပန်လိုက်တာ သုမေဓာရသေ့ဘဝရောက်၊ သုမေဓာရသေ့ဘဝကနေ ပြီးတော့ သူကတောထဲမယ် တရားကျင့်နေတာ။

ရသေ့တွေ ဆိုတော့ တောထဲမယ် အကြာကြီးမနေရဘူးတဲ့။ တောထဲမယ် အကြာကြီးနေရင် အိုက်အိုဒင်းဆားဓါတ်နည်းပြီးတော့ လည်ပင်းကြီးရောဂါဖြစ်တယ်။ အဲဒီရောဂါကို အိုက်အိုဒင်းဆား စားလိုက်ရင်ပျောက်တယ်။ သုမေဓာရသေ့က ကဲ ငါလည်းဘဲ တော်ကြာ လည်ပင်းကြီးနေ လိမ့်မယ် ဆိုပြီးတော့ ကောင်းကင်ကပြန်လာ၊ အောက်မှာ လူတွေ တအုံးအုံးနဲ့ လူတွေတပျော်တပါးကြီး အလုပ်လုပ်နေတာ မြင်တော့ ဆင်းပြီးတော့ သူကမေးတယ်။

ဟေ့..ကောင်တွေ မင်းတို့ဘာလုပ်နေကြတာတုန်း တပျော်တပါးကြီးပါလား။ လောကသုံးပါး ဘုရားပွင့်ပြီလေ။ ဒီပင်္ကရာဘုရားပွင့်ပြီ။ နောက်တော်ပါ ရဟန်း လေးသိန်းနှင့်အတူ အခုဆွမ်းခံ ကြွမှာ။ မိုးတွေရွာလို့ ဒီမှာ ဗွက်တွေ ပြင်နေတာ ကျုပ်တို့ ဗွက်တွေ ဖို့နေတာဗျလို့ ပြောသတဲ့။ ဟာ....ဒီလိုဆိုရင် ငါလဲဘဲ ကုသိုလ် ပါဝင်အုံးမယ်ကွ။ ငါ့ကိုတစ်နေရာပေးလို့ ပြောကတဲ့။ ဦးရသေ့ကြီး ခင်ဗျားက မြေလျှိုးမိုးပျံ တန်ခိုးတွေ ရနေတော့ ဗွက်တွေ ထူတဲ့နေရာ ခင်ဗျားယူ။

ဗွက်ထူတဲ့နေရာပေးသတဲ့။ ပေးတော့လည်း အေးပါကွာ ဘယ်နေရာရရ ငါရသမျှ လုပ်မယ်ဆိုပြီးတော့ နီးတဲ့အိမ်လေးတစ်အိမ်က ပေါက်ပြားလေးတစ်လက်၊ တံရွင်းတစ်ချောင်း၊တောင်းတစ်လုံး ငှား။ မြေကြီးတွေ တူးပြီးတော့ သူကဖို့တာပေါ့။ ဖို့တော့ ပြီးခါနီး ဟောဒီလောက်ကလေးကျန်တော့တယ်။ တလံလောက်ကလေး။ အဲဒီလောက်ကလေးလဲကျန်ရော။ အော်..ဒီပင်္ကရာဘုရား နောက်တော်ပါရဟန်း လေးသိန်းနဲ့ ဆွမ်းခံကြွလာပြီခင်ဗျား။

ဆွမ်းလောင်းဖို့ ပြင်ကြပါလို့ နိဗ္ဗာန်ဆော်က ကြေးစည်လေးတီးပြီး ရှေ့ကနေဟစ်သတဲ့။ ဟာ..ဘုရားကြွလာပြီ ဘုရားကြွလာပြီ ဆိုပြီး ပြေးကြလွှားကြ ဆွမ်းတွေ၊ ဆွမ်းရံတွေပြင်ဆင်ကြပေါ့လေ။ သုမေဓာ ရသေ့လေးကျတော့ အရမ်းချစ်နေကြတာ။ သူ့ဘယ်သူမှ ဂရုမစိုက်၊ ကူဖေါ်လောင်ဖတ်လည်း မရှိဘူး။ ငါလည်း ခက်နေပြီ ဒီလောက်ကလေးကျမှ ကျန်နေတယ်။ ခက်ပြီ..ဘယ်လိုလုပ်ရပါ့မတုန်းဆိုပြီးတော့ သူက သင်္ကန်းကြီးဖြန့်ခင်း အဲဒီပေါ်မယ် ဝမ်းယားမှောက် ဘုရားကြွလာတဲ့ဘက် ခေါင်းပြုပြီးတော့ မြတ်စွာဘုရား တပည့်တော် ကျောပေါ် သံဃာတော် လေးသိန်းနှင့်တကွ နင်းလျှောက်ပါဘုရား။

ဗွက်ထဲကို မနင်းပါနဲ့ ဘုရား။ တပည့်တော်ကျောပေါ်နင်းပါဘုရားလို့ သူကအော်လျှောက်တယ်။ အော်လျှောက်တော့ ဟာ..အာဂယောက်ျားဘဲဟေ့။ သံဃာတော် လေးသိန်းနဲ့ တက်နင်းရင် သူသေမှာ အသေခံရဲတယ်။ တကယ့်ယောက်ျား၊ ဘယ်လို ပုဂ္ဂိုလ်လဲဟဲ့လို့ ကြည့်လိုက်တော့မှ အော်လွန်ခဲ့တဲ့ ဆယ်ခြောက်သင်္ချေတုန်းက သမီးတော်လေး ဖြစ်ပြီးတော့ ငါ့ကိုနေ့တိုင်းနေ့တိုင်းမုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ပုဂ္ဂိုလ်လေးဘဲလို့သိသွားတယ်။ ဘုရားက။

အေး.. သုမေဓာရသေ့လေး ဆိုပြီးတော့ ခုန သမီးတော်လေးအကြောင်းပြန်ပြောင်းဟော၊ ဟောပြီးတော့ မင်းကျောပေါ်မလျှောက်ပါဘူးကွာ တို့ကောင်းကင်ကကြွမယ်ဆိုပြီးတော့ တန်းခိုးနဲ့ကြွ၊ ကြွပြီးတော့ သင်ဟာ ဒီကုသိုလ်စေတနာကြောင့် လေးသင်္ချေ နဲ့ ကမ္ဘာ တစ်သိန်းကြာတဲ့အခါ ဂေါတမ ဘုရားဖြစ်လိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့။ သင်ဟာ ငါဦးဇင်းလေးဘဝတုန်းက နေ့တိုင်းနေ့တိုင်း မုန်ညင်းဆီ တစ်သပိတ်လှူတဲ့ ကုသိုလ်စေတနာကြောင့် သင့်နောက်ဆုံးဘဝ နာမည်က သိဒ္ဓတ္တ မင်းသားလို့ဖြစ်လိမ့်မယ်။

သိဒ္ဓတ္တ ဆိုတာ မုန်ညင်း တေလဆိုတာ ဆီ။ သိဒ္ဓတ္တတေလ ဆိုတော့ မုန်ညင်းဆီ ။ မုန်ညင်းဆီ တစ်သပိတ် တစ်သပိတ် လှူခဲ့တဲ့အတွက် အဲဒီစေတနာက အကျိုးပေးပြီးတော့ သင့်ရဲ့နောက်ဆုံးနာမည်သည် ဘာဖြစ်လိမ့်မတုန်း။ သိဒ္ဓတ္တမင်းသားလို့ ဖြစ်လိမ့်မယ်လို ဗျာဒိတ်ပေးသတဲ့။ အေး...အဲဒီမုန်ညင်းဆီလှူတဲ့ ကုသိုလ်စေတနာကံသည် ကမ္မပစ္စည်း၊ ဒီဘက်ဘဝမယ် သိဒ္ဓတ္တ လို့ နံမည်လေးရ၊ ဘုရားဖြစ်တာက ကမ္မပစ္စည်းရဲ့ ပစ္စယုပ္ပန် သဘောပေါက်လား။

ဘဝပေါင်း ကမ္ဘာပေါင်း သင်္ချေ ၂၀ နဲ့ ကမ္ဘာပေါင်း တစ်သိန်းကြာတယ်။ ပျောက်မသွားဘူးနော်။ အဲ့ဒီပျောက်မသွားတဲ့ သတ္တိလေးကို ကမ္မသတ္တိ။ ဟုတ်ကလား။ အဲဒါဆိုရင် အဖိုးတန်တယ် မဟုတ်လား။ အဲ...ဟုတ်ပြီ။တစ်ခေါက်လောက်ဆိုပြစမ်းပါအုံး။

“သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ ပဉ္စသတ သဟဿာနိ နမာမိ သိရသာ မဟံ အပကာ ဝါဠုကာ ဂင်္ဂါ အနန္တာ နိဗ္ဗုတာ ဇိနာ တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန နမာမဟံ နမက္ကာရာ နုဘာဝေန ဟိတွာ သဗ္ဗေ ဥပဒ္ဒေ၀ အနေက အန္တရာယာပိ ဝိနာဿန္တု အသေသတော”

ကဲ....တော်လိုက်ကြအုံးစို့။ သာဓု……သာဓု……သာဓု

ဖိုးသူတော် (www.phothutaw.com)
Credit:ဗန်းမော်ဆရာတော်ကြီး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top