Credit:ကိုစိုးနိုင်​မင်း(လ.ပ.စ) FB မှ
# Unicode Version # ဖြင့် ဖတ်ပါ #
တချိန်တုန်းက အသက်(၃၅)နှစ်ရှိတဲ့စာဖတ်သူ မိန်းကလေးတစ်ယောက်က
ကျွန်တော်ကို ပြောတယ် ရှုပ်ပွေတဲ့ကောင်လေးရဲ့မိခင်က သူမ,ကိုပြောတယ်..တဲ့,"သူသားကို လက်ထပ်ရင် မိန်းမပွေတာရပ်တန်သွားမှာတဲ့ ပြောတယ်..."
ကျွန်တော် ဒါမျိုးတွေ လက်မခံတတ်သလို့သူမ,လည်း အဲဒီရှုပ်ပွေတဲ့ ကောင်လေးရဲ့မိခင်စကားကို လက်မခံဘူး ...အဲဒီကောင်လေးက အရမ်း မိန်းမရှုပ်တယ်...သူမ,နဲ့ ချစ်သူဖြစ် ဘဝလက်တွဲဖော်အထိရည်းရွယ်ထားတာတောင် လူကြီးမိဘ နှစ်ဦးနှစ်ဖက်သဘောတူကြတာတောင် တခြားမိန်းကလေးတွေနဲ့...အရမ်း ပွေရှုပ်တယ် ဘယ်လောက်ထိ ရှုပ်သလဲဆိုတာ ဟိုတယ်ခန်းဆီးတောင် ခေါ်သွားပြီးညအိပ်တဲ့အထိတောင် ပွေရှုပ်တယ် ....
ဒါကြောင့် သူမ,က လမ်းခွဲပြတ်စဲခဲ့တာသူမ, လမ်းခွဲပြတ်စဲခဲ့ပေးမယ် ကောင်လေးကအရင်အတိုင်းပဲ မိန်းကလေးတွေနဲ့ ရှုပ်နေတုန်းပဲ..တဲ့,ချစ်သူဘဝက အရမ်းမျက်နှားများတဲ့ယောကျာ်း/မိန်းမဟာ အိမ်ထောင်ကျသည်အထိ ရှုပ်တယ်...ဘာလို့လဲဆိုတော့ ...ဒါမျိုးတွေ ကျွန်တော်ပတ်ဝန်ကျင့်မှာ
လက်တွေ မြင်းနေရ၊ ကြားနေရတာရယ် အမှန်တကယ်မချစ်လို့အိမ်ထောင် ကျသည် ထိ ဖောက်ပြန်နေကြတာပါ....
အကယ်၍ အဲဒီမိန်းကလေးကို တကယ်ချစ်ရင်တော့ ...ချစ်သူဖြစ်တဲ့နေ့ကစပြီး မရှုပ်ပွေတော့ဘူး..
ဒါပေမဲ့ အဲဒီကောင်လေးက မရပ်တန်ဘူးလေအဲကောင်လေးရဲ့မိခင်ပြောတဲ့ စကားကို
သူမ,နားထောင်းပြီး လက်ထပ်လိုက်ရင်တော့အကြီးမာဆုံး မဟာ အမှားကြီး ဖြစ်သွားမှာပဲ....
လောကမှာအကျင်စာတ္တက အလွန်းအရေးကြီးပါတယ်...အကျင်စာရိတ္တ မကောင်းတဲ့သူနဲ့
လက်ထပ်ရင် အိမ်ထောင်သက် မရှည်းဘူး ...ဆင်းရဲ့ဒုက္ခအမျိုးမျိုးရောက်တက်သလို့ လူသူလေးပါးကြားမှာ မျက်နှာ ငယ်ရတယ်...
ပြီးတော့ ရှေးစာဆိုတွေ ပြဌာန်းထားတယ်ရောင်းကုန်ရှုံးရင် တစ်ခေါက်၊လင်ကုန်ရှုံးရင်တော့တစ်သက်လုံးမှောက်တော့တာပါပဲ..."လင်ဆိုး မယား တဖားဖား"ဆိုသလိုလင်ယောကျာ်း အရွေးမှားတဲ့ မိန်းကလေးတွေဟာဘဝကံပဲ့တာနဲ့ အတူတူပါပဲ....
ယောကျာ်းလေးတွေ ဘဝလက်တွဲဖော်မှားရင်...ရုန်းထွက်လို ရနိုင်ပေမယ့် မိန်းကလေးတွေ
ရုန်းထွက်ဖို့က သိပ်မလွယ်ဘူး ...."ဗူးကောင်းရင် စင်ခံ၊ လင်ကောင်းရင် ရင်စံ၊"ဆိုတဲ့
စကားအတိုင် မိန်းကလေးတွေ ဘဝလက်တွဲဖော်ကောင်းရွေးချယ်နိုင်မှာ သာယာအေးချမ်းတဲ့ အိမ်ထောင်မှု သုခရိပ်မှာငြိမ်းအေးစွာ ခံစားရမှာဖြစ်ပါတယ်...။
ယောကျာ်းတစ်ယောက်ကအစက ရှုပ်လာတဲ့ ချစ်သူ ဖြစ်ဖြစ် နောက်မှ ရှုပ်တာ ဖြစ်ဖြစ်
သူ့တကယ်ချစ်တဲ့ မိန်းကလေးနဲ့ တွေ့ရင် မရှုပ်ပွေတော့ဘူး...
မိန်းမတစ်ယောက်ကဘယ်လောက် ရည်းစားများများသူ့တကယ်ချစ်တဲ့ ယောကျာ်းတစ်ယောက်နဲ့ တွေ့ရင်အခြားယောကျာ်းတစ်ယောက်ကချစ်ခွင့်ပန်းလာသည်ဖြစ်ပါစေ..နောက်ရည်းစားထား ဖို့အတွက် ငြင်းပယ်လာတယ်...
ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်တကယ်ချစ်လာရင် ကိုယ့်ချစ်သူ မကြိုက်တာတွေ
ရှောင်ရှားတတ်သလို ကိုယ့်ချစ်သူကိုလည်းတတ်နိုင်ဆုံး အလိုလိုက်တတ်ကြတယ်....
"ရှိတ်စပီးယား ကပြောတယ် ""အချစ်ရဲ့စွမ်းအားဟာ သိပ်ကြီးမားတယ်ရိုင်းစိုင်းသူကို လူယဉ်ကျေးဖြစ်စေနိုင်စွမ်းရှိသလိုလူယဉ်ကျေးကိုလည်းအရိုင်းအစိုင်းဖြစ်သွားစေနိုင်တယ်..."တဲ့..။
သင့်ကို တကယ်ချစ်မှာသာရိုင်းစိုင်းသူက လူယဉ်ကျေး ဖြစ်စေတာပါ။
သင့်ကို တကယ်ချစ်မှာ ပွေရုပ်သူကမရှုပ်ပွေတော့တာပါ။
သင့်ကို တကယ် ချစ်မှာသာသင့်မကြိုက်တာတွေ ပြုပြင်ပြောင်းလဲတတ်တာပါ။
သင့်ကို တကယ်ချစ်မှာသာတချို့အရာတွေက ပြောပြစရာမလိုလောက်အောင် ပြောင်းလဲ ပေးတတ်တာမျိုးပါ။လက်ထပ်ပြီးမှာ ပြောင်းလဲသွားမယ့်လို့ထင်းတဲ့ မိန်းကလေးတွေဟာ
ဗေဒင်းမေးစရာတောင် မလိုဘူ...
အိမ်ထောင်ပြိုကွဲရင်ကွဲ ...မပြိုကွဲရင်တော့ သာယာလှပတဲ့အိမ်ထောင်ရေးဆိုတဲ့ ကမ္ဘာလေး ဖြစ်မလာဘူး...သောကတွေနဲ့ အမြဲတမ်းစိတ်ဆင်းနေရမှာပဲ...လက်ထပ်တယ်ဆိုတာ
ဘဝတစ်ခုလုံးရဲ့ အရေးပါဆုံး သော့ချက်တစ်ခုဖြစ်ပါတယ်ဒါကြောင့် မိန်းကလေးတွေ ဘဝလက်တွဲဖော်ရွေးချယ်တဲ့အခါ သေချာစဉ်းစားမှာ ရွေးချယ်ပါလိုစေတနာ မေတ္တာတရားနဲ့ ဒီစာလေးကို ရေးဖွဲ့ပြီးအကြံပြုလိုက်ပါတယ်..........။။
ဖိုးသူတော် (www.phothutaw.com)
Credit:ကိုစိုးနိူင်မင်း(လ.ပ.စ) FB မှ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top