Channel 7 ကေန ထုတ္လႊင့္ျပသတဲ့ မိသားစုျပိဳင္ပြဲ ၊ Money Drop (ေငြေတြဝင္) စတဲ့ အစီအစဥ္ေတြအျပင္ အျခားေသာ အစီအစဥ္မ်ားစြာနဲ႕ ေၾကာ္ျငာေတြမွာ ပါဝင္သူက ေကာင္းၾကီး (ေခၚ) ေကာင္းထက္ေဇာ္ ျဖစ္ပါတယ္။

ပရိသတ္ကို အမ်ိဳးမ်ိဳး အဖံုဖံု စိတ္လႈပ္ရွားေအာင္ ဆြဲေဆာင္ႏိုင္တဲ့ ေကာင္းထက္ေဇာ္က အလုပ္ေတြ မအားတဲ့ၾကားကေန သာသနာ့ေဘာင္ထဲ ဝင္မယ္လို႔ သိရပါတယ္။ ဘယ္လိုအေၾကာင္းရင္းေတြေၾကာင့္ သာသနာ့ေဘာင္ထဲ ဝင္ျဖစ္တယ္ ဆိုတာကိုေတာ့ ေကာင္းထက္ေဇာ္က ခုလို ေျပာျပသြားပါတယ္

“ ကၽြန္ေတာ္ သာသနာ့ေဘာင္ထဲ ခဏဝင္မယ္ ဆိုတာေတာ့ အမွန္အတိုင္းေျပာရရင္ ကတံုးၾကီးနဲ႕ တီဗြီေပၚ တက္ရေတာ့ ရံုးက တာဝန္ရွိတဲ့သူေတြ ၊ ပရိုဂ်ဴဆာေတြနဲ႕ တစ္မ်ိဳးၾကီးေတာ့ ျဖစ္တာေပါ့ေနာ္။ ဒါေပမဲ့ တစ္ခုကေတာ့ ကၽြန္ေတာ္ အေမနဲ႕အဖက ျပီးခဲ့တဲ့ ႏွစ္ဆန္းပိုင္းကစျပီး ေတာင္ၾကီးသြားရင္း ကားေခ်ာက္ထဲ က်သြားတာေလ။

အခုဆိုရင္ ျပန္ျပီးေတာ့ ေကာင္းလာျပီေပါ့ေနာ္။ အေဖဆိုရင္ လက္ သံုးေခ်ာင္းေလးပဲ လႈပ္ေသးတယ္။ ေနာက္တစ္ႏွစ္ေလာက္ၾကာရင္ ေကာင္းမယ္လို႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ထားပါတယ္။ အဲ့ေတာ့ မိဘအတြက္ လုပ္ေပးတဲ့ သေဘာပါ။ သာသနာ့ေဘာင္ကို အခ်ိန္ရရင္ ရသေလာက္ဝင္မယ္။ ကၽြန္ေတာ့္ေမြးေန႕ ဇြန္လထဲမွာ ၂၈ ရက္ေန႔ ဝတ္ ျဖစ္မွာပါ။” လို႔ ဆိုပါတယ္။

ဘုန္းၾကီးဝတ္ျပီး ေနာက္ဆက္တြဲ ေဆာင္ရြက္သြားမယ့္ ကိစၥေတြကိုလည္း ေကာင္းထက္ေဇာ္က ခုလို ေျပာပါတယ္။

“ကၽြန္ေတာ္က ေလာေလာဆယ္ အလုပ္ေတြကို ပယ္ထားတယ္။ ရိုက္ကူးေရးေတြကလည္း တန္းစီေနတာပဲ။ ဘုန္းၾကီး ဝတ္ျပီးတာနဲ႕ ခ်က္ခ်င္း Money Drop ရိုက္မွာေပါ့ေနာ္။ အႏုပညာရွင္ေတြကို အားျဖည့္ခုိင္းျပီး ဘယ္လိုအေၾကာင္းအရာေတြကုိ ေလ့လာထားပါဆိုျပီး ဖိတ္ေခၚမယ္။ စိုင္းစိုင္းခမ္းလိႈင္ ဝင္ေျဖတဲ့ “ ငါးတန္းနဲ႕ျပိဳင္ ဘယ္သူႏိုင္” ဆိုလည္း အရမ္းေအာင္ျမင္တယ္ေလ။” ဆိုျပီး ေျပာျပပါတယ္။



တီဗြီထဲမွာ အသက္ရွင္ဖို႔ ၾကိဳးစားရပ္တည္မယ့္ အေၾကာင္းကို ေကာင္းထက္ေဇာ္က ခုလို ေျပာျပသြားပါတယ္။

“အခု ကတံုးေကနဲ႕ စျပီးေတာ့ ေမးခြန္းလြယ္လြယ္ေလးေတြ ေမးမယ္။ ေမ့သြားရင္ကေတာ့ သူ႕ထိုက္နဲ႕ သူ႕ကံေပါ့။ သြားမယ္စားမယ္က ကၽြန္ေတာ့္ရဲ႕ ေနာက္ generation ကို လႊဲျပီးသြားျပီ။ Master Chef ကိုလည္း သဇင္ႏြယ္ဝင္းကို လႊဲခဲ့တယ္။ မိသားစုျပိဳင္ပြဲကိုလည္း အခု ၾကည့္ေနတယ္။

လႊဲလို႔ရရင္ လႊဲမယ္။ အဲ့ေတာ့မွ ကၽြန္ေတာ္ ေနာက္ ပရိုဂရမ္ေျပာင္းျပီး တီဗြီထဲမွာ မေသေအာင္ ေနရမွာေပါ့။ အသစ္မွာက ကၽြန္ေတာ္က တပည့္ျပန္ျဖစ္ျပီး ျပန္ရုန္းကန္ရမယ္။ ကၽြန္ေတာ္သည္ အသက္ရွင္ဖို႔ တစ္ခုျပီး တစ္ခု လုပ္ေနရင္ အသက္ရွင္ရမယ္။” ဆိုျပီး ေျပာျပသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

Channel 7 ကနေ ထုတ်လွှင့်ပြသတဲ့ မိသားစုပြိုင်ပွဲ ၊ Money Drop (ငွေတွေဝင်) စတဲ့ အစီအစဉ်တွေအပြင် အခြားသော အစီအစဉ်များစွာနဲ့ ကြော်ငြာတွေမှာ ပါဝင်သူက ကောင်းကြီး (ခေါ်) ကောင်းထက်ဇော် ဖြစ်ပါတယ်။



ပရိသတ်ကို အမျိုးမျိုး အဖုံဖုံ စိတ်လှုပ်ရှားအောင် ဆွဲဆောင်နိုင်တဲ့ ကောင်းထက်ဇော်က အလုပ်တွေ မအားတဲ့ကြားကနေ သာသနာ့ဘောင်ထဲ ဝင်မယ်လို့ သိရပါတယ်။ ဘယ်လိုအကြောင်းရင်းတွေကြောင့် သာသနာ့ဘောင်ထဲ ဝင်ဖြစ်တယ် ဆိုတာကိုတော့ ကောင်းထက်ဇော်က ခုလို ပြောပြသွားပါတယ်

“ ကျွန်တော် သာသနာ့ဘောင်ထဲ ခဏဝင်မယ် ဆိုတာတော့ အမှန်အတိုင်းပြောရရင် ကတုံးကြီးနဲ့ တီဗွီပေါ် တက်ရတော့ ရုံးက တာဝန်ရှိတဲ့သူတွေ ၊ ပရိုဂျူဆာတွေနဲ့ တစ်မျိုးကြီးတော့ ဖြစ်တာပေါ့နော်။ ဒါပေမဲ့ တစ်ခုကတော့ ကျွန်တော် အမေနဲ့အဖက ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကစပြီး တောင်ကြီးသွားရင်း ကားချောက်ထဲ ကျသွားတာလေ။

အခုဆိုရင် ပြန်ပြီးတော့ ကောင်းလာပြီပေါ့နော်။ အဖေဆိုရင် လက် သုံးချောင်းလေးပဲ လှုပ်သေးတယ်။ နောက်တစ်နှစ်လောက်ကြာရင် ကောင်းမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ အဲ့တော့ မိဘအတွက် လုပ်ပေးတဲ့ သဘောပါ။ သာသနာ့ဘောင်ကို အချိန်ရရင် ရသလောက်ဝင်မယ်။ ကျွန်တော့်မွေးနေ့ ဇွန်လထဲမှာ ၂၈ ရက်နေ့ ဝတ် ဖြစ်မှာပါ။” လို့ ဆိုပါတယ်။

ဘုန်းကြီးဝတ်ပြီး နောက်ဆက်တွဲ ဆောင်ရွက်သွားမယ့် ကိစ္စတွေကိုလည်း ကောင်းထက်ဇော်က ခုလို ပြောပါတယ်။

“ကျွန်တော်က လောလောဆယ် အလုပ်တွေကို ပယ်ထားတယ်။ ရိုက်ကူးရေးတွေကလည်း တန်းစီနေတာပဲ။ ဘုန်းကြီး ဝတ်ပြီးတာနဲ့ ချက်ချင်း Money Drop ရိုက်မှာပေါ့နော်။ အနုပညာရှင်တွေကို အားဖြည့်ခိုင်းပြီး ဘယ်လိုအကြောင်းအရာတွေကို လေ့လာထားပါဆိုပြီး ဖိတ်ခေါ်မယ်။ စိုင်းစိုင်းခမ်းလှိုင် ဝင်ဖြေတဲ့ “ ငါးတန်းနဲ့ပြိုင် ဘယ်သူနိုင်” ဆိုလည်း အရမ်းအောင်မြင်တယ်လေ။” ဆိုပြီး ပြောပြပါတယ်။

တီဗွီထဲမှာ အသက်ရှင်ဖို့ ကြိုးစားရပ်တည်မယ့် အကြောင်းကို ကောင်းထက်ဇော်က ခုလို ပြောပြသွားပါတယ်။

“အခု ကတုံးကေနဲ့ စပြီးတော့ မေးခွန်းလွယ်လွယ်လေးတွေ မေးမယ်။ မေ့သွားရင်ကတော့ သူ့ထိုက်နဲ့ သူ့ကံပေါ့။ သွားမယ်စားမယ်က ကျွန်တော့်ရဲ့ နောက် generation ကို လွှဲပြီးသွားပြီ။ Master Chef ကိုလည်း သဇင်နွယ်ဝင်းကို လွှဲခဲ့တယ်။ မိသားစုပြိုင်ပွဲကိုလည်း အခု ကြည့်နေတယ်။

လွှဲလို့ရရင် လွှဲမယ်။ အဲ့တော့မှ ကျွန်တော် နောက် ပရိုဂရမ်ပြောင်းပြီး တီဗွီထဲမှာ မသေအောင် နေရမှာပေါ့။ အသစ်မှာက ကျွန်တော်က တပည့်ပြန်ဖြစ်ပြီး ပြန်ရုန်းကန်ရမယ်။ ကျွန်တော်သည် အသက်ရှင်ဖို့ တစ်ခုပြီး တစ်ခု လုပ်နေရင် အသက်ရှင်ရမယ်။” ဆိုပြီး ပြောပြသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top