သင္ဇာဝင့္ေက်ာ္ကေတာ့ ႏိုင္ငံျခားသားတစ္ဦးနဲ႔ ေမတၱာမွ်ေနျပီးေနာက္ပိုင္း အလွပံုေတြကို အသားေပး ပိုတင္လာပါတယ္။ အႏုပညာမွာ အရင္ကေလာက္ ဇာတ္ကားရိုက္ကူးမႈေတြ မရွိေတာ့ေပမဲ့ ကိုယ္လံုးအလွကို ဦးစားေပးတဲ့ ေၾကာ္ျငာေတြနဲ႕ လည္ပတ္ေနတာပါ။ ေအာင္ျမင္တဲ့ အႏုပညာရွင္ျဖစ္တဲ့အတြက္ ရည္းစားေတြအမ်ားၾကီး ထားခဲ့ဖူးေပမဲ့ ျပတ္ခဲ့သမွ် ရည္းစားေဟာင္းေတြက သူ႕အေၾကာင္း အေကာင္းေျပာတဲ့အေပၚ သင္ဇာဝင့္ေက်ာ္က ခုလို ေျပာျပသြားပါတယ္။

“တစ္ဦးမွာ ေမတၱာ ၊ တစ္ဦးမွာ ေစတနာေလ။ ကိုယ္က သူတို႔နဲ႕ ၾကိဳက္တဲ့အခ်ိန္ သူတို႔အေပၚ အေကာင္းဆံုး ေပးဆပ္တယ္။ အေကာင္းဆံုးျဖစ္ေအာင္ေနတယ္။ အဲ့အတြက္ေၾကာင့္ ျပတ္သြားလည္း ကိုယ့္ဘက္က ေနာင္တမရဘူးေပါ့ေနာ္။ အဲ့အတြက္ေၾကာင့္ အေကာင္းေျပာတာ ေနမွာပါ။ ကိုယ္က ဘာမွအမွားမလုပ္ထားတဲ့အခါက်ေတာ့ ေအးေဆးပဲေပါ့။” လို႔ ဆိုပါတယ္။
ကိုယ္လိုခ်င္တဲ့ စံႏႈန္းေတြ မရွိဘူးထင္ရင္ လမ္းခြဲလိုက္တဲ့အေၾကာင္း သင္ဇာဝင့္ေက်ာ္က ခုလို ေျပာပါတယ္။

“ေအးေပါ့။ တစ္ေယာက္နဲ႔ တစ္ေယာက္ အဆင္ေျပမလားဆိုျပီး သေဘာက်လို႔ တြဲခဲ့ၾကတယ္။ တြဲတဲ့အခ်ိန္မွာ ကိုယ္အဆင္မေျပတာ တစ္ခုခု ျပစ္ခ်က္တစ္ခုခု ပါလာျပီဆိုရင္ ဒါက ကိုယ့္ဘဝ အတြက္ မျဖစ္ႏိုင္ေတာ့ဘူးဆိုတာ သိတယ္။ အဲ့လို အသိေခါင္းထဲ ဝင္လာျပီဆိုရင္ေတာ့ သူတို႔နဲ႔ လမ္းခြဲလိုက္တယ္ေပါ့ေနာ္။”ဆိုျပီး ေျပာျပသြားပါတယ္။
ႏိုင္ငံျခားမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ dating လုပ္ၾကသလို အဆင္ေျပမလားဆိုျပီး တြဲၾကည့္ေပမဲ့ အဆင္မေျပရင္ လမ္းခြဲလိုက္တာျဖစ္လို႔ ျငီးေငြ႕တာေတာ့ မရွိပါဘူး ဆိုျပီး သင္ဇာဝင့္ေက်ာ္က ေျဖၾကားေပးသြားပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #
သင်ဇာဝင့်ကျော်ကတော့ နိုင်ငံခြားသားတစ်ဦးနဲ့ မေတ္တာမျှနေပြီးနောက်ပိုင်း အလှပုံတွေကို အသားပေး ပိုတင်လာပါတယ်။ အနုပညာမှာ အရင်ကလောက် ဇာတ်ကားရိုက်ကူးမှုတွေ မရှိတော့ပေမဲ့ ကိုယ်လုံးအလှကို ဦးစားပေးတဲ့ ကြော်ငြာတွေနဲ့ လည်ပတ်နေတာပါ။ အောင်မြင်တဲ့ အနုပညာရှင်ဖြစ်တဲ့အတွက် ရည်းစားတွေအများကြီး ထားခဲ့ဖူးပေမဲ့ ပြတ်ခဲ့သမျှ ရည်းစားဟောင်းတွေက သူ့အကြောင်း အကောင်းပြောတဲ့အပေါ် သင်ဇာဝင့်ကျော်က ခုလို ပြောပြသွားပါတယ်။
“တစ်ဦးမှာ မေတ္တာ ၊ တစ်ဦးမှာ စေတနာလေ။ ကိုယ်က သူတို့နဲ့ ကြိုက်တဲ့အချိန် သူတို့အပေါ် အကောင်းဆုံး ပေးဆပ်တယ်။ အကောင်းဆုံးဖြစ်အောင်နေတယ်။ အဲ့အတွက်ကြောင့် ပြတ်သွားလည်း ကိုယ့်ဘက်က နောင်တမရဘူးပေါ့နော်။ အဲ့အတွက်ကြောင့် အကောင်းပြောတာ နေမှာပါ။ ကိုယ်က ဘာမှအမှားမလုပ်ထားတဲ့အခါကျတော့ အေးဆေးပဲပေါ့။” လို့ ဆိုပါတယ်။
ကိုယ်လိုချင်တဲ့ စံနှုန်းတွေ မရှိဘူးထင်ရင် လမ်းခွဲလိုက်တဲ့အကြောင်း သင်ဇာဝင့်ကျော်က ခုလို ပြောပါတယ်။
“အေးပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေမလားဆိုပြီး သဘောကျလို့ တွဲခဲ့ကြတယ်။ တွဲတဲ့အချိန်မှာ ကိုယ်အဆင်မပြေတာ တစ်ခုခု ပြစ်ချက်တစ်ခုခု ပါလာပြီဆိုရင် ဒါက ကိုယ့်ဘဝ အတွက် မဖြစ်နိုင်တော့ဘူးဆိုတာ သိတယ်။ အဲ့လို အသိခေါင်းထဲ ဝင်လာပြီဆိုရင်တော့ သူတို့နဲ့ လမ်းခွဲလိုက်တယ်ပေါ့နော်။”ဆိုပြီး ပြောပြသွားပါတယ်။
နိုင်ငံခြားမှာ တစ်ယောက်နဲ့ တစ်ယောက် dating လုပ်ကြသလို အဆင်ပြေမလားဆိုပြီး တွဲကြည့်ပေမဲ့ အဆင်မပြေရင် လမ်းခွဲလိုက်တာဖြစ်လို့ ငြီးငွေ့တာတော့ မရှိပါဘူး ဆိုပြီး သင်ဇာဝင့်ကျော်က ဖြေကြားပေးသွားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi