ခ်စ္သူႏွစ္ဦးၾကားဆက္ဆံေရးမွာ အျပန္အလွန္ေလးစားမႈက အေရးႀကီးပါတယ္။ အျပန္အလွန္ေလးစားမႈရွိမွသာ ေရရွည္ခိုင္ျမဲတဲ့ အခ်စ္ေရးကို တည္ေဆာက္ႏိုင္မွာျဖစ္ပါတယ္။ သင့္ေကာင္မေလးက သင့္အေပၚမွာ ေလးစားမႈမရွိဘူးဆိုရင္ ဘယ္လိုလုပ္မလဲ။ သူမရဲ႕ေလးစားမႈကို ရယူႏုိင္ဖို႔ ဘာေတြလုပ္ရမလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ မိမိကိုယ္ကို ေလးစားပါ။

အျခားသူတစ္ေယာက္ေယာက္ရဲ႕ေလးစားမႈကို ရရွိဖို႔ မိမိကိုယ္ကို ေလးစားမႈရွိဖို႔က အရင္လိုအပ္ပါတယ္။ မိမိကိုယ္ကိုမွ ယုံၾကည္ေလးစားမႈမရွိရင္ အျခားသူေတြရဲ႕ေလးစားမႈကိုလည္း ခံယူစရာအေၾကာင္းမရွိပါဘူး။ သင့္ကိုယ္သင္ ဂရုမစိုက္တာ၊ အေလးမထားတာေတြကို သင့္ေကာင္မေလးေတြ႕ျမင္ေနသ၍ သူမရဲ႕ေလးစားမႈကို ေမွ်ာ္လင့္ေနဖို႔ မျဖစ္ႏိုင္ပါဘူး။ ဒါ့ေၾကာင့္ အရင္ဆံုး ကိုယ့္ကိုယ္ကိုယ္ ေလးစားတတ္ေအာင္ သင္ယူပါ။

၂။ အမွီအခိုကင္းပါေစ။

အမွီအခိုကင္းၿပီး ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္တည္ႏိုင္ျခင္းဟာ သင့္ေကာင္မေလးရဲ႕ ေလးစားမႈကို ခံယူရဖို႔ အထိေရာက္ဆံုးနည္းလမ္းျဖစ္ပါတယ္။ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ရပ္တည္ႏိုင္သူတစ္ေယာက္ျဖစ္ရပါမယ္။ ေဘးေျပာတဲ့စကားထက္ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ကို အေလးထားၿပီး ရင့္က်က္တည္ၿငိမ္သူတစ္ေယာက္ျဖစ္ေၾကာင့္ သင့္ေကာင္မေလး သိေအာင္ ေနထိုင္ပါ။ သင့္ေကာင္မေလးေရွ႕မွာ ဘာမဟုတ္တာေလးအတြက္ ညည္းျငဴတာ၊ စိတ္ဓာတ္က်တာေတြ မလုပ္မိပါေစနဲ႔။ အခက္အခဲၾကားမွာ ၾကံ႕ၾကံ႕ခံရပ္တည္ႏိုင္စြမ္းက သူမရဲ႕ အလံုးစံုေလးစားမႈကို သိမ္းပိုက္ႏိုင္ေစမွာျဖစ္ပါတယ္။

၃။ စကားတည္ပါေစ။

သင့္အေနနဲ႔ ေျပာထားတဲ့စကားေတြ၊ ေပးထားတဲ့ကတိေတြကို မတည္ႏိုင္ဘူးဆိုရင္ သူမရဲ႕ ယုံၾကည္ေလးစားမႈကို ဆံုးရႈံးရမွာ ေသခ်ာပါတယ္။ သူမအတြက္ တစ္ခုခုလုပ္မယ္လို႔ ေျပာထားၿပီးရင္ ဘာအေၾကာင္းပဲရွိရွိ ျဖစ္ေအာင္ လုပ္ေပးပါ။ သင္ဖက္က ကတိတည္ႏိုင္ေလေလ၊ သူမရဲ႕ေလးစားမႈကို ခံရေလေလပဲျဖစ္ပါတယ္။

၄။ မ်က္ကြယ္မွာလည္း ေလးစားသမႈရွိပါ။

သင့္ေကာင္မေလးနဲ႔ပတ္သက္ၿပီး ေရွ႕မွာတစ္မ်ိဳးကြယ္ရာတစ္မ်ိဳး ဆက္ဆံတာက အဆင္မေျပႏိုင္ပါဘူး။ ခ်စ္သူႏွစ္ဦးေတြ႕ေနခ်ိန္မွာပဲ ေလးေလးစားစားဆက္ဆံရမွာ မဟုတ္ပါဘူး။ သူမ အနားမွာမရွိတဲ့အခ်ိန္မွာလည္း ေလးစားသမႈရွိေနဖို႔ လိုပါတယ္။ သူမကို လူေတြအထင္အျမင္ေသးေစမယ့္ စကားေတြ မေျပာပါနဲ႔။ အျပဳအမူေတြ မလုပ္ပါနဲ႔။ သင့္ေကာင္မေလးကြယ္ရာမွာ အျခားမိန္းကေလးေတြနဲ႔ ပလူးပလဲမလုပ္ပါနဲ႔။ သူမ သိသြားခဲ့ရင္ သင့္အေပၚ ရိုေသေလးစားမႈ ေပ်ာက္ဆံုးသြားမွာ ေသခ်ာပါတယ္။

၅။ အျမဲတမ္း အမွန္အတိုင္းေျပာပါ။

ရိုးသားမႈဟာ ခ်စ္သူစံုတြဲေတြအၾကားမွာ မရွိမျဖစ္ပါပဲ။ အမွန္တရားက နာက်င္စရာျဖစ္ေနရင္ေတာင္မွ အျခားသူတစ္ေယာက္ဆီက ျပန္ၾကားရတာထက္ သင့္ဆီကေန ၾကားရတာ ပိုသက္သာပါလိမ့္မယ္။ အမွန္ကို ကြယ္၀ွက္ထားတတ္သူကို ဘယ္သူကမွ မေလးစားပါဘူး။ အမွားလုပ္မိရင္ စံုကန္ျငင္းေနမယ့္အစား အမွန္အတိုင္း၀န္ခံၿပီး တာ၀န္ယူပါ။

၆။ အခ်စ္ေရးအတြက္ ရပ္တည္ပါ။

ခ်စ္သူစံုတြဲေတြအၾကား အျပန္အလွန္ေလးစားကို ပ်က္စီးေစႏိုင္တာက အျပင္လူေတြရဲ႕ စကားေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင္ကိုယ္တိုင္နဲ႔ သင့္ရဲ႕အခ်စ္ေရးကို ထိခိုက္ပ်က္စီးေအာင္ ေသြးထိုးလႈံ႕ေဆာ္တဲ့ စကားေတြကို နားမေယာင္မိေအာင္ ကာကြယ္ပါ။ သင့္ေကာင္မေလးနဲ႔ ႏွစ္ဦးသားလက္တြဲခိုင္ျမဲဖို႔အတြက္ ရပ္တည္ေပးပါ။ သင့္ရဲ႕ ႀကိဳးစားအားထုတ္မႈအတြက္ သင့္ေကာင္မေလးရဲ႕ ေလးစားမႈကို ရရွိမွာပါ။

၇။ ခ်စ္သူကို ေလးေလးစားစားဆက္ဆံပါ။

သင့္ေကာင္မေလးရဲ႕ ေလးစားမႈကို လိုခ်င္ရင္ သူမကိုလည္း ေလးေလးစားစားဆက္ဆံဖို႔ လိုပါတယ္။ သူမကို ေကာင္းေကာင္းမဆက္ဆံပဲ သူမဆီက ေလးစားမႈကို ေမွ်ာ္လင့္လို႔မရႏိုင္ပါဘူး။ ဒီအခ်က္က ေလးစားမႈတစ္ခုထဲအတြက္ မဟုတ္ပါဘူး။ ခ်စ္သူႏွစ္ဦးၾကားဆက္ဆံေရးမွာ ဘာကိုပဲလိုခ်င္လိုခ်င္ အရင္ဆံုးေပးႏိုင္ေအာင္ ႀကိဳးစားပါ။

အသြားအျပန္ဆိုတာ ရွိပါတယ္။ သင့္အေပၚ ယုံၾကည္ေစခ်င္ရင္ သူမကို ယုံၾကည္မႈရွိေပးပါ။ သင့္အေပၚ နားလည္ေစခ်င္ရင္ သူမကို နားလည္ေပးလိုက္ပါ။ သင့္ကို ေလးစားေစခ်င္ရင္ သူမကို အေလးထားဆက္ဆံပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Gentleman Magazine
# Unicode Version # ျဖင့္ ဖတ္ပါ #

ချစ်သူနှစ်ဦးကြားဆက်ဆံရေးမှာ အပြန်အလှန်လေးစားမှုက အရေးကြီးပါတယ်။ အပြန်အလှန်လေးစားမှုရှိမှသာ ရေရှည်ခိုင်မြဲတဲ့ အချစ်ရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ သင့်ကောင်မလေးက သင့်အပေါ်မှာ လေးစားမှုမရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ သူမရဲ့လေးစားမှုကို ရယူနိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ မိမိကိုယ်ကို လေးစားပါ။

အခြားသူတစ်ယောက်ယောက်ရဲ့လေးစားမှုကို ရရှိဖို့ မိမိကိုယ်ကို လေးစားမှုရှိဖို့က အရင်လိုအပ်ပါတယ်။ မိမိကိုယ်ကိုမှ ယုံကြည်လေးစားမှုမရှိရင် အခြားသူတွေရဲ့လေးစားမှုကိုလည်း ခံယူစရာအကြောင်းမရှိပါဘူး။ သင့်ကိုယ်သင် ဂရုမစိုက်တာ၊ အလေးမထားတာတွေကို သင့်ကောင်မလေးတွေ့မြင်နေသ၍ သူမရဲ့လေးစားမှုကို မျှော်လင့်နေဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် လေးစားတတ်အောင် သင်ယူပါ။

၂။ အမှီအခိုကင်းပါစေ။

အမှီအခိုကင်းပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ခြင်းဟာ သင့်ကောင်မလေးရဲ့ လေးစားမှုကို ခံယူရဖို့ အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်ရပ်တည်နိုင်သူတစ်ယောက်ဖြစ်ရပါမယ်။ ဘေးပြောတဲ့စကားထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို အလေးထားပြီး ရင့်ကျက်တည်ငြိမ်သူတစ်ယောက်ဖြစ်ကြောင့် သင့်ကောင်မလေး သိအောင် နေထိုင်ပါ။ သင့်ကောင်မလေးရှေ့မှာ ဘာမဟုတ်တာလေးအတွက် ညည်းငြူတာ၊ စိတ်ဓာတ်ကျတာတွေ မလုပ်မိပါစေနဲ့။ အခက်အခဲကြားမှာ ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းက သူမရဲ့ အလုံးစုံလေးစားမှုကို သိမ်းပိုက်နိုင်စေမှာဖြစ်ပါတယ်။

၃။ စကားတည်ပါစေ။

သင့်အနေနဲ့ ပြောထားတဲ့စကားတွေ၊ ပေးထားတဲ့ကတိတွေကို မတည်နိုင်ဘူးဆိုရင် သူမရဲ့ ယုံကြည်လေးစားမှုကို ဆုံးရှုံးရမှာ သေချာပါတယ်။ သူမအတွက် တစ်ခုခုလုပ်မယ်လို့ ပြောထားပြီးရင် ဘာအကြောင်းပဲရှိရှိ ဖြစ်အောင် လုပ်ပေးပါ။ သင်ဖက်က ကတိတည်နိုင်လေလေ၊ သူမရဲ့လေးစားမှုကို ခံရလေလေပဲဖြစ်ပါတယ်။

၄။ မျက်ကွယ်မှာလည်း လေးစားသမှုရှိပါ။

သင့်ကောင်မလေးနဲ့ပတ်သက်ပြီး ရှေ့မှာတစ်မျိုးကွယ်ရာတစ်မျိုး ဆက်ဆံတာက အဆင်မပြေနိုင်ပါဘူး။ ချစ်သူနှစ်ဦးတွေ့နေချိန်မှာပဲ လေးလေးစားစားဆက်ဆံရမှာ မဟုတ်ပါဘူး။ သူမ အနားမှာမရှိတဲ့အချိန်မှာလည်း လေးစားသမှုရှိနေဖို့ လိုပါတယ်။ သူမကို လူတွေအထင်အမြင်သေးစေမယ့် စကားတွေ မပြောပါနဲ့။ အပြုအမူတွေ မလုပ်ပါနဲ့။ သင့်ကောင်မလေးကွယ်ရာမှာ အခြားမိန်းကလေးတွေနဲ့ ပလူးပလဲမလုပ်ပါနဲ့။ သူမ သိသွားခဲ့ရင် သင့်အပေါ် ရိုသေလေးစားမှု ပျောက်ဆုံးသွားမှာ သေချာပါတယ်။

၅။ အမြဲတမ်း အမှန်အတိုင်းပြောပါ။

ရိုးသားမှုဟာ ချစ်သူစုံတွဲတွေအကြားမှာ မရှိမဖြစ်ပါပဲ။ အမှန်တရားက နာကျင်စရာဖြစ်နေရင်တောင်မှ အခြားသူတစ်ယောက်ဆီက ပြန်ကြားရတာထက် သင့်ဆီကနေ ကြားရတာ ပိုသက်သာပါလိမ့်မယ်။ အမှန်ကို ကွယ်ဝှက်ထားတတ်သူကို ဘယ်သူကမှ မလေးစားပါဘူး။ အမှားလုပ်မိရင် စုံကန်ငြင်းနေမယ့်အစား အမှန်အတိုင်းဝန်ခံပြီး တာဝန်ယူပါ။

၆။ အချစ်ရေးအတွက် ရပ်တည်ပါ။

ချစ်သူစုံတွဲတွေအကြား အပြန်အလှန်လေးစားကို ပျက်စီးစေနိုင်တာက အပြင်လူတွေရဲ့ စကားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင်ကိုယ်တိုင်နဲ့ သင့်ရဲ့အချစ်ရေးကို ထိခိုက်ပျက်စီးအောင် သွေးထိုးလှုံ့ဆော်တဲ့ စကားတွေကို နားမယောင်မိအောင် ကာကွယ်ပါ။ သင့်ကောင်မလေးနဲ့ နှစ်ဦးသားလက်တွဲခိုင်မြဲဖို့အတွက် ရပ်တည်ပေးပါ။ သင့်ရဲ့ ကြိုးစားအားထုတ်မှုအတွက် သင့်ကောင်မလေးရဲ့ လေးစားမှုကို ရရှိမှာပါ။

၇။ ချစ်သူကို လေးလေးစားစားဆက်ဆံပါ။

သင့်ကောင်မလေးရဲ့ လေးစားမှုကို လိုချင်ရင် သူမကိုလည်း လေးလေးစားစားဆက်ဆံဖို့ လိုပါတယ်။ သူမကို ကောင်းကောင်းမဆက်ဆံပဲ သူမဆီက လေးစားမှုကို မျှော်လင့်လို့မရနိုင်ပါဘူး။ ဒီအချက်က လေးစားမှုတစ်ခုထဲအတွက် မဟုတ်ပါဘူး။ ချစ်သူနှစ်ဦးကြားဆက်ဆံရေးမှာ ဘာကိုပဲလိုချင်လိုချင် အရင်ဆုံးပေးနိုင်အောင် ကြိုးစားပါ။

အသွားအပြန်ဆိုတာ ရှိပါတယ်။ သင့်အပေါ် ယုံကြည်စေချင်ရင် သူမကို ယုံကြည်မှုရှိပေးပါ။ သင့်အပေါ် နားလည်စေချင်ရင် သူမကို နားလည်ပေးလိုက်ပါ။ သင့်ကို လေးစားစေချင်ရင် သူမကို အလေးထားဆက်ဆံပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Gentleman Magazine
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top