သားအားကိုးမလား? လြဲသြားျပန္ၿပီ။

သမီးအားကိုးမလား? လြဲသြားျပန္ၿပီ။

ေဆြမ်ိဳးေတြ အားကိုးမလား?

လိုက္ၾကည့္လိုက္ျပန္တယ္၊

အားကိုးစရာ ဘာမွ မရွိဘူး။

လူေတြက အားကိုးရာ လိုက္ရွာေနၾကတာ၊

အားကိုးရာအစစ္က –

ပတ္၀န္းက်င္လူေတြမွာ မရွိဘူး,

မိမိရဲ႕ အသိုင္းအ၀န္းထဲမွာလည္း မရွိဘူး,

ေဆြမ်ိဳးထဲမွာလည္း မရွိဘူး,

ဘယ္ေနရာမွာမွ မရွိဘူး၊

ရွိတာက ကိုယ့္ရင္ထဲ ႏွလံုးထဲမွာပဲ

ရွိတဲ႔တရားကို အားကိုးရမွာ၊

ေသငယ္ေဇာႏွင့္ ေမ်ာေနတဲ႔အခ်ိန္မွာဆို

ဘယ္သူက ဘာတတ္ႏိုင္မွာတုန္း။

အဲဒီအခ်ိန္မွာ သားစြဲလမ္းတဲ႔စိတ္,

သမီးစြဲလမ္းတဲ့စိတ္,

ပစၥည္းဥစၥာစြဲလမ္းတဲ့စိတ္

ဒီစိတ္ေတြနဲ႔ ေသမယ္ဆိုရင္

ဒုကၡေရာက္လိမ့္မယ္၊

အဲဒီလို မဟုတ္ဘဲနဲ႔

ကိုယ္က်င့္သံုးေနတဲ႔ တရားကို အားကိုးၿပီး

ႏွလံုးသြင္းေနမယ္ဆိုရင္ ေကာင္းရာသုဂတိေရာက္မယ္။

အဲဒါေၾကာင့္ အားကိုးမလြဲေစနဲ႔။

အားကိုးရမွာက မိမိရင္ထဲ ႏွလံုးထဲမွာ

က်င့္သံုးတဲ႔တရားသာ ျဖစ္တယ္။

အဲဒီလို ျဖစ္ဖို႔ရန္အတြက္ ကိုယ့္ကိုယ္ကို

ႏွိပ္ကြပ္ဖို႔ လိုတယ္။

ကိုယ့္ကိုယ္ကို မလိမ္နဲ႔ မညာနဲ႔။

လူေတြဟာ မ်ားေသာအားျဖင့္

ကိုယ့္ကိုယ္ကို လိမ္ေနၾကတာကို မသိၾကဘူး။

သူမ်ားကို မလိမ္ရင္ လူေတာ္လူေကာင္းလို႔

သတ္မွတ္ၾကတယ္။

သို႔ေသာ္ ကိုယ့္ကိုယ္ကိုေတာ့ လိမ္ေနၾကတယ္။

ဒါေၾကာင့္မို႔ ကိုယ့္ကိုယ္ကို ႏွိပ္ကြပ္ရမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:အဂၢမဟာပ႑ိတ အရွင္နႏၵမာလာဘိ၀ံသ
# Unicode Version # ျဖင့္ ဖတ္ပါ #

သားအားကိုးမလား? လွဲသွားပြန်ပြီ။

သမီးအားကိုးမလား? လွဲသွားပြန်ပြီ။

ဆွေမျိုးတွေ အားကိုးမလား?

လိုက်ကြည့်လိုက်ပြန်တယ်၊

အားကိုးစရာ ဘာမှ မရှိဘူး။

လူတွေက အားကိုးရာ လိုက်ရှာနေကြတာ၊

အားကိုးရာအစစ်က –

ပတ်ဝန်းကျင်လူတွေမှာ မရှိဘူး,

မိမိရဲ့ အသိုင်းအဝန်းထဲမှာလည်း မရှိဘူး,

ဆွေမျိုးထဲမှာလည်း မရှိဘူး,

ဘယ်နေရာမှာမှ မရှိဘူး၊

ရှိတာက ကိုယ့်ရင်ထဲ နှလုံးထဲမှာပဲ

ရှိတဲ့တရားကို အားကိုးရမှာ၊

သေငယ်ဇောနှင့် မျောနေတဲ့အချိန်မှာဆို

ဘယ်သူက ဘာတတ်နိုင်မှာတုန်း။

အဲဒီအချိန်မှာ သားစွဲလမ်းတဲ့စိတ်,

သမီးစွဲလမ်းတဲ့စိတ်,

ပစ္စည်းဥစ္စာစွဲလမ်းတဲ့စိတ်

ဒီစိတ်တွေနဲ့ သေမယ်ဆိုရင်

ဒုက္ခရောက်လိမ့်မယ်၊

အဲဒီလို မဟုတ်ဘဲနဲ့

ကိုယ်ကျင့်သုံးနေတဲ့ တရားကို အားကိုးပြီး

နှလုံးသွင်းနေမယ်ဆိုရင် ကောင်းရာသုဂတိရောက်မယ်။

အဲဒါကြောင့် အားကိုးမလွဲစေနဲ့။

အားကိုးရမှာက မိမိရင်ထဲ နှလုံးထဲမှာ

ကျင့်သုံးတဲ့တရားသာ ဖြစ်တယ်။

အဲဒီလို ဖြစ်ဖို့ရန်အတွက် ကိုယ့်ကိုယ်ကို

နှိပ်ကွပ်ဖို့ လိုတယ်။

ကိုယ့်ကိုယ်ကို မလိမ်နဲ့ မညာနဲ့။

လူတွေဟာ များသောအားဖြင့်

ကိုယ့်ကိုယ်ကို လိမ်နေကြတာကို မသိကြဘူး။

သူများကို မလိမ်ရင် လူတော်လူကောင်းလို့

သတ်မှတ်ကြတယ်။

သို့သော် ကိုယ့်ကိုယ်ကိုတော့ လိမ်နေကြတယ်။

ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို နှိပ်ကွပ်ရမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top