လူတေယာက္ဟာ သာမန္နဲ႕မတူ အဖုအၾကိတ္ အလံုးအခဲေတြ ေနရာတိုင္းမွာျဖစ္တတ္ပါတယ္။လူကိုဒုကၡေပးနိုင္တာ ရွိသလို ဒုကၡမေပးဘဲ သူ႕ဘာသာ တည္ရွိတာမ်ိဳးလည္း ျဖစ္နိုင္ပါတယ္။

တခါတရံေတာ့ သူ႕ဘာသာကို ျပန္ေပ်ာက္သြားတတ္တယ္။သို႕ေသာ္ ပံုမွန္မဟုတ္ဘဲ အဖုအၾကိတ္ျဖစ္လာျပီဆိုရင္ေတာ့ အနည္းဆံုး လူတေယာက္ကို စိတ္ဒုကၡေပးတတ္တာ အေသအခ်ာပါ။ တရက္က ေဆးခန္းလာျပေနက် ေဘာ္ဒါေဆာင္တစ္ခုက ေက်ာင္းသားေလးတေယာက္ လက္ေကာက္ဝတ္ပိုင္းအေပၚမွာ အဖုအၾကိတ္လံုးေလးတစ္လံုးျဖစ္လို႕ လာျပခဲ့တယ္။

လက္ေကာက္ဝတ္ေကြးရင္၊ ေကာ့ရင္နာတယ္။ က်န္တဲ့အစိတ္အပိုင္းေတြ ေကြးဆန္႕ရင္ ဘာမွမျဖစ္ဘူး။ အရြယ္အစားက ၂စင္တီမီတာေလာက္ရွိမယ္။ စမ္းသပ္ၾကည့္ရင္ အရုိးနုလိုဘဲ။ မမာသလို မေပ်ာ့ဘူး။

ဖိၾကည့္ရင္ သိပ္မနာဘူး။အရင္တုန္းကလည္း တခါျဖစ္ခဲ့ဘူးတယ္။ သူ႕ဘာသာျပန္ေပ်ာက္သြားျပီး အခုနွစ္ေတာ္ေတာ္ၾကာမွ တေခါက္ျပန္ျဖစ္တယ္။ ေသခ်ာေအာင္ လက္ေကာက္ဝတ္ကို ဓာတ္မွန္ရိုက္ခိုင္းလိုက္တယ္။

ထူးထူးေထြေထြဘာမွ မေတြ႕ဘူး။ ဆရာဝန္ေတြမ်ား အားရင္ဓာတ္မွန္ရိုက္ေနၾကတာပဲေျပာခ်င္ၾကသူေတြရွိတယ္။ျပီးေတာ့လည္းဘာမွမေတြ႕ဘူးဆိုတာမ်ိဳးေပါ့။ ဓာတ္မွန္ရိုက္တာ အေျခေနနွစ္မ်ိဳးေၾကာင့္ ရိုက္ရတာပါ။ ပံုမွန္မဟုတ္တာမ်ား ေတြ႕မလားဆိုတာက တမ်ိဳး၊ ပံုမွန္ဟုတ္ရဲ႕လား ဆိုတာသိခ်င္လို႕တဖံု ရိုက္ၾကည့္တာပါ။

ဓာတ္ခြဲခန္းေတြက referral feeပို႕ခအတြက္ေပးတဲ့ အဖိုးအခလိုခ်င္လို႕ မဟုတ္ပါ။ဓာတ္မွန္ၾကည့္ျပီးပံုမွန္ဆိုရင္ စဥ္းစားစရာရွိတာေတြ ဆက္စဥ္းစားနိုင္ဖို႕ လမ္းေၾကာင္းေပးသလို ျဖစ္လို႕ပါ။ အခု လည္း လက္ေကာက္ဝတ္ဓာတ္မွန္ရိုက္လို႕ ပံုမွန္ဆိုေတာ့ လူနာအတြက္ စိတ္ေအးရပါတယ္။

ကုလည္းရ၊ မကုလည္းသိပ္မဆိုးနိုင္ဆိုတဲ့ ganglion cystဆိုတာ ျဖစ္ဖို႕ ရာခိုင္ႏႈန္းမ်ားလို႕ပါ။ အဂၤလိပ္စကားမွာ တိုက္ရိုက္ဘာသာျပန္လို႕မရတာေတြ အမ်ားသားလား။ ေဆးပညာမွာပိုလို႕ေတာင္ဆိုးေသးတယ္။ အခု လည္း တိုက္ရိုက္ဘာသာျပန္ၾကည့္ရင္ အာရံုေၾကာအိတ္ ဆိုတာမ်ိဳးျပန္မိရင္ မွားလိမ့္မယ္။

တကယ္တမ္းက အေရျပားေအာက္တြင္ရွိေသာ ပံုမွန္မဟုတ္တဲ့ အဖုအက်ိတ္ေလး ဆိုတာမ်ိဳးက ပိုမိုသင့္ေတာ္ပါလိမ့္မယ္။ ganglion ဆိုတိုင္း အာရံုေၾကာအဖြဲ႕အစည္းကိုသာ ေျပးေျပးျမင္ၾကမိတတ္ၾကပါတယ္။

ganglion cystကို bible cyst(သို႕) bible bumpလို႕လည္း ေခၚၾကေသးတယ္။ဆိုလိုတဲ့ အဓိပၸါယ္က သူတို႕ဆီမွာ ေရွးယခင္ကာလက ထူထဲတဲ့သမၼာက်မ္းစာ( bible)နဲ႕ ရိုက္တဲ့အခါ ျဖစ္တဲ့အဖုအက်ိတ္က ေပ်ာက္ကင္းသြားလို႕ ဒီလိုနာမည္တြင္သတဲ့။

ganglion cystဆိုတာ ဘာေၾကာင့္ျဖစ္မွန္းတိတိက်က် မသိၾကပါ။ ျဖစ္နိုင္တဲ့သီအိုရီတခုက ၾကြက္သားမွ်င္ေတြ ထိခိုက္ဒဏ္ရာရျပီး ေနာက္ပိုင္း အားနည္းတဲ့ အရြတ္ေၾကာ(သို႕) အဆစ္ကိုဖံုးထားတဲ့ အေျမွးပါးေနရာမွာ အဆစ္ရွိအရည္မ်ား ထြက္လာတာမ်ိဳးေၾကာင့္ျဖစ္နိုင္ပါတယ္။

အဖုအၾကိတ္ေပၚလာရင္ တစ္ပတ္နွစ္ပတ္မွ လခ်ီျပီး ၾကာတတ္တယ္။ ျပန္ျပန္ျဖစ္တတ္တယ္။တခ်ိဳ႕က လံုးဝမနာက်င္ေပမယ့္ တခ်ိဳ႕က် လႈပ္ရွားတဲ့အခါ နာက်င္တယ္။ပံုမွန္အားျဖင့္မသိသာဘဲ လက္ေကာက္ဝတ္ေကြးလိုက္မွ ပိုမိုသိသာေစတယ္။ ေကြးလိုက္ရင္နာလာတယ္။

ဆယ္ေက်ာ္သက္မွ လူလတ္ပိုင္းေတြမွာ အျဖစ္မ်ားတယ္။ အမ်ိဳးသမီးေတြမွာ ပိုမိုေတြ႕ရတယ္။အရင္က လက္မွာတနည္းနည္းနဲ႕ ထိခိုက္ဒဏ္ရာ ရခဲ့ဖူးမယ္။ အဖုၾကိတ္ကတစ္လံုးမကသံုး၊ ေလးလံုးစုျပီး ျဖစ္နိုင္ပါတယ္။အျဖစ္မ်ားဆံုးေနရာက လက္ေကာက္ဝတ္ ပတ္ခ်ာလည္ပါ။

လက္ေခ်ာင္းေတြမွာလည္း ေတြ႕ရတတ္တယ္။အျခားအဆစ္ေတြမွာေတြ႕ရတတ္ေပမယ့္ အျဖစ္ေတာ့အင္မတန္နည္းတယ္။ cystေတြဟာ လႈပ္ရင္ေရြ႕ေပမယ့္ ganglion cystကေတာ့ မာမာခဲခဲ ေရြ႕ရွားမႈမရွိပါ။

အရြယ္အစားအားျဖင့္ ၁ စင္တီမီတာမွ ၅ စင္တီမီတာထိရွိနိုင္ပါတယ္။ သိပ္ၾကီးလာရင္ အဆစ္ရဲ႕ေရြ႕ရွားမႈကိုပါထိခိုက္တဲ့အတြက္ ခြဲထုတ္ရတတ္ပါတယ္။ သာမန္အားျဖင့္ အရြယ္အစား၊ ျဖစ္တဲ့ေနရာ၊ေရာဂါလကၡဏာအျပင္ ဓာတ္မွန္ရိုက္ဖို႕လိုတတ္ပါတယ္။

ဓာတ္မွန္ရိုက္ရင္ဘာမွေတြ႕မယ္မဟုတ္ပဲ ပံုမွန္သာရွိပါလိမ့္မယ္။ လိုအပ္ရင္ အျခားအၾကီးစားဓာတ္မွန္ရိုက္ဖို႕ လိုေကာင္းလိုပါလိမ့္မယ္။ ဒီလိုေရာဂါမ်ိဳးဟာ အမ်ားအားျဖင့္ ဒုကၡမေပးတဲ့အတြက္ ေစာင့္ၾကည့္ရပါတယ္။

ဆရာဝန္ေတြ ေခါင္းေျခာက္ရတဲ့ေရာဂါေတြထဲမွာ ဒီလိုဘာမွလုပ္စရာမလိုတဲ့ ေရာဂါမ်ိဳးလည္းပါဝင္ပါတယ္။ ေျပာခဲ့သလို သူ႕ဘာသာကိုက ျပန္ေကာင္းတတ္ပါတယ္။
အေရးၾကီးဆံုးက လူနာကိုအားေပးရတယ္။ ဘာမွမျဖစ္တာသိေပမယ့္ လူနာသိေအာင္ရွင္းေပးရတယ္။

လက္ကိုလႈပ္ရွားမႈ မရွိေစပဲ က်ပ္စီးထားသင့္ပါတယ္။ လႈပ္တာရွားတာ တတ္နိုင္သမွ်ေရွာင္ေပးရမယ္။ ေရွးယခင္ကကဲ့သို႕ စာအုပ္ထူနဲ႕ဖိရိုက္နွက္ျခင္းမွေတာ့ ေရွာင္ရွားသင့္ပါတယ္။ အကိုက္ခဲေပ်ာက္ေဆးလိမ္းနိုင္တယ္။ သိပ္ပူတာမ်ိဳးလိမ္းျပီး က်ပ္စီးတာမ်ိဳးမလုပ္သင့္ဘူး။ လက္ေကာက္ဝတ္အားျပဳရတာ တတ္နိုင္သမွ် ေရွာင္ၾကဥ္ရတယ္။

သက္သာေပ်ာက္ကင္းရင္ အားကစားျပန္လုပ္နိုင္တယ္။ ျဖစ္စမွာ အထဲက အရည္ကို စုပ္ထုတ္တာမ်ိဳး လုပ္နိုင္ပါတယ္။ သိပ္ၾကာျပီးခဲသြားရင္ စုပ္ဖို႕မလြယ္ပါ။ ganglion cystက ပိုၾကီးလာျပီး ဆက္တိုက္နာက်င္လာရင္ ထံုေဆးေပးျပီး ခြဲထုတ္ရပါတယ္။

အရည္ကိုဖံုးလႊမ္းထားတဲ့ အေျမွးပါးသာမက ရိုးတံကိုပါ ဖယ္ရွားျပစ္ရတယ္။cystရဲ႕ သေဘာကိုက ျပန္ျဖစ္တတ္ပါတယ္။ ေနာက္ပိုင္းျပန္ျဖစ္တဲ့အခါ အျဖစ္ျမန္သလို အေပ်ာက္လည္းျမန္လို႕ စိုးရိမ္စရာမရွိပါ။

အဖုအက်ိတ္ျဖစ္တိုင္း ဆရာဝန္နဲ႕ ျပသတိုင္ပင္ဖို႕ေတာ့ လိုအပ္ပါလိမ့္မယ္။ ေရာဂါတိုင္း၊ ပံုမွန္မဟုတ္တိုင္းေတာ့ ေတြးေတာျပီး ေၾကာက္လန္႕ေနမယ့္အစား ဆရာဝန္နဲ႕ ေသခ်ာျပျပီး စမ္းသပ္စစ္ေဆးမႈျပဳလုပ္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေဒါက္တာ ေအးမင္းထူး
# Unicode Version # ျဖင့္ ဖတ္ပါ #

လူတယောက်ဟာ သာမန်နဲ့မတူ အဖုအကြိတ် အလုံးအခဲတွေ နေရာတိုင်းမှာဖြစ်တတ်ပါတယ်။လူကိုဒုက္ခပေးနိုင်တာ ရှိသလို ဒုက္ခမပေးဘဲ သူ့ဘာသာ တည်ရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

တခါတရံတော့ သူ့ဘာသာကို ပြန်ပျောက်သွားတတ်တယ်။သို့သော် ပုံမှန်မဟုတ်ဘဲ အဖုအကြိတ်ဖြစ်လာပြီဆိုရင်တော့ အနည်းဆုံး လူတယောက်ကို စိတ်ဒုက္ခပေးတတ်တာ အသေအချာပါ။ တရက်က ဆေးခန်းလာပြနေကျ ဘော်ဒါဆောင်တစ်ခုက ကျောင်းသားလေးတယောက် လက်ကောက်ဝတ်ပိုင်းအပေါ်မှာ အဖုအကြိတ်လုံးလေးတစ်လုံးဖြစ်လို့ လာပြခဲ့တယ်။

လက်ကောက်ဝတ်ကွေးရင်၊ ကော့ရင်နာတယ်။ ကျန်တဲ့အစိတ်အပိုင်းတွေ ကွေးဆန့်ရင် ဘာမှမဖြစ်ဘူး။ အရွယ်အစားက ၂စင်တီမီတာလောက်ရှိမယ်။ စမ်းသပ်ကြည့်ရင် အရိုးနုလိုဘဲ။ မမာသလို မပျော့ဘူး။

ဖိကြည့်ရင် သိပ်မနာဘူး။အရင်တုန်းကလည်း တခါဖြစ်ခဲ့ဘူးတယ်။ သူ့ဘာသာပြန်ပျောက်သွားပြီး အခုနှစ်တော်တော်ကြာမှ တခေါက်ပြန်ဖြစ်တယ်။ သေချာအောင် လက်ကောက်ဝတ်ကို ဓာတ်မှန်ရိုက်ခိုင်းလိုက်တယ်။

ထူးထူးထွေထွေဘာမှ မတွေ့ဘူး။ ဆရာဝန်တွေများ အားရင်ဓာတ်မှန်ရိုက်နေကြတာပဲပြောချင်ကြသူတွေရှိတယ်။ပြီးတော့လည်းဘာမှမတွေ့ဘူးဆိုတာမျိုးပေါ့။ ဓာတ်မှန်ရိုက်တာ အခြေနေနှစ်မျိုးကြောင့် ရိုက်ရတာပါ။ ပုံမှန်မဟုတ်တာများ တွေ့မလားဆိုတာက တမျိုး၊ ပုံမှန်ဟုတ်ရဲ့လား ဆိုတာသိချင်လို့တဖုံ ရိုက်ကြည့်တာပါ။

ဓာတ်ခွဲခန်းတွေက referral feeပို့ခအတွက်ပေးတဲ့ အဖိုးအခလိုချင်လို့ မဟုတ်ပါ။ဓာတ်မှန်ကြည့်ပြီးပုံမှန်ဆိုရင် စဉ်းစားစရာရှိတာတွေ ဆက်စဉ်းစားနိုင်ဖို့ လမ်းကြောင်းပေးသလို ဖြစ်လို့ပါ။ အခု လည်း လက်ကောက်ဝတ်ဓာတ်မှန်ရိုက်လို့ ပုံမှန်ဆိုတော့ လူနာအတွက် စိတ်အေးရပါတယ်။

ကုလည်းရ၊ မကုလည်းသိပ်မဆိုးနိုင်ဆိုတဲ့ ganglion cystဆိုတာ ဖြစ်ဖို့ ရာခိုင်နှုန်းများလို့ပါ။ အင်္ဂလိပ်စကားမှာ တိုက်ရိုက်ဘာသာပြန်လို့မရတာတွေ အများသားလား။ ဆေးပညာမှာပိုလို့တောင်ဆိုးသေးတယ်။ အခု လည်း တိုက်ရိုက်ဘာသာပြန်ကြည့်ရင် အာရုံကြောအိတ် ဆိုတာမျိုးပြန်မိရင် မှားလိမ့်မယ်။

တကယ်တမ်းက အရေပြားအောက်တွင်ရှိသော ပုံမှန်မဟုတ်တဲ့ အဖုအကျိတ်လေး ဆိုတာမျိုးက ပိုမိုသင့်တော်ပါလိမ့်မယ်။ ganglion ဆိုတိုင်း အာရုံကြောအဖွဲ့အစည်းကိုသာ ပြေးပြေးမြင်ကြမိတတ်ကြပါတယ်။

ganglion cystကို bible cyst(သို့) bible bumpလို့လည်း ခေါ်ကြသေးတယ်။ဆိုလိုတဲ့ အဓိပ္ပါယ်က သူတို့ဆီမှာ ရှေးယခင်ကာလက ထူထဲတဲ့သမ္မာကျမ်းစာ( bible)နဲ့ ရိုက်တဲ့အခါ ဖြစ်တဲ့အဖုအကျိတ်က ပျောက်ကင်းသွားလို့ ဒီလိုနာမည်တွင်သတဲ့။

ganglion cystဆိုတာ ဘာကြောင့်ဖြစ်မှန်းတိတိကျကျ မသိကြပါ။ ဖြစ်နိုင်တဲ့သီအိုရီတခုက ကြွက်သားမျှင်တွေ ထိခိုက်ဒဏ်ရာရပြီး နောက်ပိုင်း အားနည်းတဲ့ အရွတ်ကြော(သို့) အဆစ်ကိုဖုံးထားတဲ့ အမြှေးပါးနေရာမှာ အဆစ်ရှိအရည်များ ထွက်လာတာမျိုးကြောင့်ဖြစ်နိုင်ပါတယ်။

အဖုအကြိတ်ပေါ်လာရင် တစ်ပတ်နှစ်ပတ်မှ လချီပြီး ကြာတတ်တယ်။ ပြန်ပြန်ဖြစ်တတ်တယ်။တချို့က လုံးဝမနာကျင်ပေမယ့် တချို့ကျ လှုပ်ရှားတဲ့အခါ နာကျင်တယ်။ပုံမှန်အားဖြင့်မသိသာဘဲ လက်ကောက်ဝတ်ကွေးလိုက်မှ ပိုမိုသိသာစေတယ်။ ကွေးလိုက်ရင်နာလာတယ်။

ဆယ်ကျော်သက်မှ လူလတ်ပိုင်းတွေမှာ အဖြစ်များတယ်။ အမျိုးသမီးတွေမှာ ပိုမိုတွေ့ရတယ်။အရင်က လက်မှာတနည်းနည်းနဲ့ ထိခိုက်ဒဏ်ရာ ရခဲ့ဖူးမယ်။ အဖုကြိတ်ကတစ်လုံးမကသုံး၊ လေးလုံးစုပြီး ဖြစ်နိုင်ပါတယ်။အဖြစ်များဆုံးနေရာက လက်ကောက်ဝတ် ပတ်ချာလည်ပါ။

လက်ချောင်းတွေမှာလည်း တွေ့ရတတ်တယ်။အခြားအဆစ်တွေမှာတွေ့ရတတ်ပေမယ့် အဖြစ်တော့အင်မတန်နည်းတယ်။ cystတွေဟာ လှုပ်ရင်ရွေ့ပေမယ့် ganglion cystကတော့ မာမာခဲခဲ ရွေ့ရှားမှုမရှိပါ။

အရွယ်အစားအားဖြင့် ၁ စင်တီမီတာမှ ၅ စင်တီမီတာထိရှိနိုင်ပါတယ်။ သိပ်ကြီးလာရင် အဆစ်ရဲ့ရွေ့ရှားမှုကိုပါထိခိုက်တဲ့အတွက် ခွဲထုတ်ရတတ်ပါတယ်။ သာမန်အားဖြင့် အရွယ်အစား၊ ဖြစ်တဲ့နေရာ၊ရောဂါလက္ခဏာအပြင် ဓာတ်မှန်ရိုက်ဖို့လိုတတ်ပါတယ်။

ဓာတ်မှန်ရိုက်ရင်ဘာမှတွေ့မယ်မဟုတ်ပဲ ပုံမှန်သာရှိပါလိမ့်မယ်။ လိုအပ်ရင် အခြားအကြီးစားဓာတ်မှန်ရိုက်ဖို့ လိုကောင်းလိုပါလိမ့်မယ်။ ဒီလိုရောဂါမျိုးဟာ အများအားဖြင့် ဒုက္ခမပေးတဲ့အတွက် စောင့်ကြည့်ရပါတယ်။

ဆရာဝန်တွေ ခေါင်းခြောက်ရတဲ့ရောဂါတွေထဲမှာ ဒီလိုဘာမှလုပ်စရာမလိုတဲ့ ရောဂါမျိုးလည်းပါဝင်ပါတယ်။ ပြောခဲ့သလို သူ့ဘာသာကိုက ပြန်ကောင်းတတ်ပါတယ်။
အရေးကြီးဆုံးက လူနာကိုအားပေးရတယ်။ ဘာမှမဖြစ်တာသိပေမယ့် လူနာသိအောင်ရှင်းပေးရတယ်။

လက်ကိုလှုပ်ရှားမှု မရှိစေပဲ ကျပ်စီးထားသင့်ပါတယ်။ လှုပ်တာရှားတာ တတ်နိုင်သမျှရှောင်ပေးရမယ်။ ရှေးယခင်ကကဲ့သို့ စာအုပ်ထူနဲ့ဖိရိုက်နှက်ခြင်းမှတော့ ရှောင်ရှားသင့်ပါတယ်။ အကိုက်ခဲပျောက်ဆေးလိမ်းနိုင်တယ်။ သိပ်ပူတာမျိုးလိမ်းပြီး ကျပ်စီးတာမျိုးမလုပ်သင့်ဘူး။ လက်ကောက်ဝတ်အားပြုရတာ တတ်နိုင်သမျှ ရှောင်ကြဉ်ရတယ်။

သက်သာပျောက်ကင်းရင် အားကစားပြန်လုပ်နိုင်တယ်။ ဖြစ်စမှာ အထဲက အရည်ကို စုပ်ထုတ်တာမျိုး လုပ်နိုင်ပါတယ်။ သိပ်ကြာပြီးခဲသွားရင် စုပ်ဖို့မလွယ်ပါ။ ganglion cystက ပိုကြီးလာပြီး ဆက်တိုက်နာကျင်လာရင် ထုံဆေးပေးပြီး ခွဲထုတ်ရပါတယ်။

အရည်ကိုဖုံးလွှမ်းထားတဲ့ အမြှေးပါးသာမက ရိုးတံကိုပါ ဖယ်ရှားပြစ်ရတယ်။cystရဲ့ သဘောကိုက ပြန်ဖြစ်တတ်ပါတယ်။ နောက်ပိုင်းပြန်ဖြစ်တဲ့အခါ အဖြစ်မြန်သလို အပျောက်လည်းမြန်လို့ စိုးရိမ်စရာမရှိပါ။

အဖုအကျိတ်ဖြစ်တိုင်း ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ရောဂါတိုင်း၊ ပုံမှန်မဟုတ်တိုင်းတော့ တွေးတောပြီး ကြောက်လန့်နေမယ့်အစား ဆရာဝန်နဲ့ သေချာပြပြီး စမ်းသပ်စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဒေါက်တာ အေးမင်းထူး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top