(1) မိန္းကေလးဆိုတာ အခ်ိန္တိုင္းမွာ အၿမဲတမ္း မသန္မာႏိုင္ဘူး…တစ္ခါတစ္ေလက်ရင္ အခန္းေထာင့္ေလး တစ္ေနရာ မွာ ငိုခြင့္ရွိတယ္။

(2) ”ေခါင္းကိုမတ္ထား ရင္ကိုေကာ့ထား” စိတ္ဓာတ္ကို ျမင့္ျမင့္ထားၿပီး သတၱိရွိရွိသန္မာျပလိုက္စမ္း။ မင္းဟာ မင္းကမာၻရဲ႕ ေရေျမ့အရွင္သခင္ျဖစ္တယ္…ဘယ္ ဘဝမုန္တိုင္းမွ မင္းကမာၻကို မ႐ိုက္ခတ္ေစနဲ႔…မဖ်က္ဆီးေစနဲ႔။

(3) ေျပာင္းလဲမႈဆိုတာ ခက္ခဲတယ္။ ဒါေပမဲ့ ေျပာင္းလဲမႈကို မေၾကာက္နဲ႔ တစ္ခါတစ္ေလ ဆံပင္အရွည္ေလးထက္စာရင္ ဆံပင္အတိုေလးနဲ႔က ပိုလိုက္ဖက္ ေနတတ္တယ္။

(4) စာဖတ္ပါ… စာကို ရာသီဥတုေၾကာင့္ ဆိုၿပီး မဖတ္ပါနဲ႔…ေနရာေဒသ အခ်ိန္မေ႐ြးဖတ္ပါ…စာဖတ္တဲ့ မိန္ကေလးေတြ ဟာ သူမ်ားထက္ ပိုၿပီး ထက္ျမက္တယ္…ရင့္က်က္လြယ္တယ္။

(5) make-up ထူူထူလိမ္း brandေတြဝတ္မွ လွတယ္ဆိုတာ ခဏတာပါ။ စိတ္ေနစိတ္ထားကို တန္ဆာဆင္ၿပီး လွပေစတာက တစ္သက္တာပါ… စိတ္သေဘာထားျပည့္ဝတဲ့ မိန္းကေလးရဲ
အလွဟာ ပို၍ၾကာရွည္ ခံတဲ့အရာပါ။

(6) မေျပာင္းလဲခ်င္သူကို သြားၿပီး မေျပာင္းလဲခ်င္နဲ႔… ခြင့္လႊတ္မႈကို အလြဲသုံးစား လုပ္သူကို အခြင့္ေရး ထပ္မေပးနဲ႔။

(7) အခ်စ္ေရးမွာ စိတ္မေပ်ာ့ပါနဲ႔…ကိုယ့္ႏွလုံးသားမေနခ်င္တဲ့ အရပ္ကို ေနာက္ျပန္ ေက်ာခိုင္းလိုက္ပါ…အေဝးဆုံးကို ထြက္ခြာလိုက္ပါ… ကိုယ့္ႏွလုံးသားကို အယုံသြင္းတဲ့ စကားလုံးေတြနဲ႔ ထပ္ခါ ထပ္ခါ မနာက်င္ေစပါနဲ႔။

(8) ကိုယ့္ကိုယ္ကိုယ္ လိမ္လည္ မလွည့္စားပါနဲ႔…အမွားကို သတၱိရွိစၥာ ဝန္ခံပါ… ရင္ဆိုင္ပါ…စကားလုံးေတြသုံးၿပီး အေၾကာင္းျပခ်က္မေပးပါနဲ႔။

(9) အတိတ္ဆိုတာ ၿပီးဆုံးျခင္းဆိုတာကို လက္ခံပါ…သြားျပန္လွန္မၾကည့္ပါနဲ႔…ျပန္၍ ပိုင္းျခား စိတ္မျဖာပါနဲ႔… ပူေဆြးေနာင္တမရပါေစနဲ႔ ၿပီးဆုံးျခင္းေတြဟာ နာက်င္ေစတာပဲ အဖတ္တင္ႏိုင္လို႔ပါ။

(10)လုံးဝမရႏိုင္တဲ့ အရာကို လိုခ်င္တယ္ဆိုရင္.… လုံဝ မလုပ္ဖူးတဲ့ အရာကို လုပ္ရေလ့မယ္…အျမင့္ေရာက္ခ်င္လွ်င္ အက်ေတာ့ခံႏိုင္ရမယ္… မိန္းကေလးဆိုၿပီး ေပ်ာ့ညံ့ေနလို႔ မရဘူး။

(11) ကိုယ့္ကိုယ္ လုပ္ႏိုင္တယ္ဆိုၿပီး အားေပးပါ…ဘယ္ေလာက္ခက္ၿပီး ဘယ္ေလာက္ၾကမ္တမ္းပါေစ…ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအျပည့္နဲ႔ လုပ္ႏိုင္ဖို႔ပဲလိုတယ္။

(12) လဲက်တယ္ ရႈံးနိမိ့တယ္ဆိုတာ မေတာ္တဆျဖစ္တယ္… ဒါေပမဲ့ အရႈံးႏြံထဲကေန ႐ုန္ထြက္ျခင္း မထြက္ျခင္းကေတာ့ မိမိေ႐ြးခ်ယ္မႈ ျဖစ္တယ္။

(13) ဆိုးတာပဲျဖစ္ျဖစ္ ေကာင္းတာပဲျဖစ္ျဖစ္ ဒီလမ္းက ကိုယ္နဲ႔ မသက္ဆိုင္ေတာ့ဘူးဆိုရင္ ေယာင္လို႔ေတာင္ ျပန္လွည့္မၾကည့္ပါနဲ႔။

(14′)သန္မာေသာ မိန္းကေလးဆိုတာ သူမစိတ္ကို ခံစားေစေအာင္လုပ္တဲ့ အရာေတြကို သူ႔ဘာသာပဲ အလိုလိုရပ္ဖို႔ႀကိဳးစားတယ္။ သူမဟာ အဲ့လိုခံစားခ်က္ေတြကိုကိုယ့္စိတ္ခႏၵာကိုယ္မွာေရာေႏွာၿပီး ထမ္းပိုးမေနေစဘူး။ သူမက အဲ့ဒီအရာေတြကို ကိုယ့္ဆီက အေဝးဆုံးကိုပဲ ထြက္သြားေအာင္ပဲ လုပ္ေစတယ္။

(15)သင္ အရမ္းမေခ်ာ အရမ္းမလွလည္း ရတယ္…ဒါေပမဲ့ ကိုယ့္အတြက္ လိုအပ္တဲ့ ခႏၶာကိုယ္ အခ်ိဳးအစားနဲ႔ သင့္တယ္တဲ့ အလွပရွိရင္ ေက်နပ္ဖို႔လိုတယ္။

(16)ကိုယ္ရဲ႕ေခ်ာေမာလွပမႈေအာက္မွာ အသိညဏ္ဆိုတာ ေပါင္းထပ္ထားရမယ္…ဒါမွ သိပ္လွတဲ့ မိန္းကေလးျဖစ္မယ္။

(17)မိန္းကေလးဆိုၿပီး ေပ်ာ့ညံမေနရဘူး မိန္းကေလးတစ္ေယာက္လို မဟုတ္ပဲ လူတစ္ေယာက္လို ရွင္သန္ရမယ္…ရဲရင့္ရမယ္ သန္မာရမယ္။

(18) မိမိမွာ ဦးေႏွာက္ရွိတာနဲ႔ညဏ္ရည္ ျမင့္တာကို ေကာင္းေကာင္းႀကီး ခြဲျခားတတ္ရမယ္…ဒါမွသာ ဘဝဆိုတဲ့ သက္တမ္းတိုတစ္ခုမွာ ႀကဳံလာတဲ့ ေလာကဓံေတြကို အေကာင္းဆုံး ႀကံ့ႀကံ့ခံၿပီး ျဖတ္သန္းႏိုင္မယ္။

(19) တန္ဖိုးႀကီးတဲ့ အသုံးအေဆာင္ေတြသုံး…ဘယ္ေလာက္ပဲ လွေအာင္ျပင္ျပင္…ဒါေတြက ခဏတာပဲျဖစ္တယ္။ စိတ္ရင္း စိတ္ေနေကာင္းၿပီး စိတ္သေဘာထားျပည့္ဝမႈကသာ ၾကာရွည္ခံတဲ့ တစ္ကယ့္အလွ ျဖစ္တယ္။

(20) တစ္ခါတစ္ေလမွ ဘာမွသိခ်င္ေယာင္ေဆာင္ပါ…ထက္ျမက္တဲ့ မိန္းကေလးတိုင္းဟာ ဘာမွမသလို တုံးတိတုံးအ ေနတတ္ၾကတယ္။

(21) စိတ္ညစ္ေနရင္ပဲျဖစ္ျဖစ္ ဝမ္းနည္းရင္ပဲျဖစ္ျဖစ္ မ်က္ႏွာႀကီးကို ရႈံ႕မဲ့မထားနဲ႔… သင့္အၿပဳံးဆိုတာ သိပ္လွတဲ့ ဘာသာစကားပါ။

(22) သူ႔ပုံစံကို ကိုယ္ ၾကည့္မရသလို ကိုယ့္အသြင္ျပင္ကိုလည္း သူက ႏွစ္သက္ခ်င္မွ ႏွစ္သက္ေလ့မယ္။ ဘယ္ေတာ့မွ ပုံေသ မတြက္ထားနဲ႔ လူတိုင္းက သင့္ကို မႏွစ္သက္ႏိုင္ဘူး။

(23) ကိုယ့္အားကိုယ္ကိုးဖို႔ အၿမဲတမ္းႀကိဳးစားပါ…ေငြေရးေၾကးေရးမွာပဲျဖစ္ျဖစ္ အခက္ခဲေတြ ႀကဳံေတြ႕တာပဲျဖစ္ျဖစ္ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ ရပ္တည္ႏိုင္ပါေစ။

(24) သင္ သိထားရမယ္ မိန္းကေလးေတြ အၿမဲတမ္း လုပ္တဲ့အမွားက ” သူေျပာင္းလဲသြားပါမွာ “ဆိုၿပီး စဥ္းစားေပးျခင္းျဖစ္တယ္။

(25) အားလပ္ခ်ိန္မွာ စာဖတ္ပါ…စာဖတ္ျခင္းျဖင့္ မိမိကိုယ္ကိုယ္ ရင့္က်က္သန္မာေစပါ။

(26) မိဘေနရာေရာက္မွ မိဘေက်းဇူးသိသူ မျဖစ္ပါေစနဲ႔…အနားမွာ ရွိတုန္းမွာ ဂ႐ုစိုက္ပါ…ေက်းဇူးသိပါ။

(27) ႏွလုံးသားကို ႀကီးႀကီးထားပါ။ ရင္ခြင္ကို က်ယ္က်ယ္ထားပါ။ မနာလိုဝန္သိုမႈေလ်ာ့ပါ။ ရည္မြန္ေအာင္ ႀကိဳးစားပါ။ ရွင္သန္ျခင္းကို ခ်စ္ပါ။

(28) ကိုယ့္ကိုယ္ မခ်စ္ခင္ မႏွစ္သက္လို႔ ထြက္သြားတာ သူ႔ကိစၥျဖစ္ၿပီး ကိုယ့္ကိုယ္ကိုယ္ ေပ်ာ္႐ြင္ေအာင္ ေနရမွာက ကိုယ့္ကိစၥျဖစ္တယ္။

(29) ကိုယ္ရဲ႕ ထက္ျမက္မႈေအာက္မွာ မာနကို ခ်ိဳးႏွိမ္တတ္ဖို႔လိုသလို စိတ္ထားျဖဴစင္တတ္မႈ ေအာက္မွာလည္း သေဘာထားႀကီးမားတတ္ဖို႔လိုတယ္…ဒါမွတစ္ကယ္ေတာ္ၿပီး ထက္ျမက္တဲ့ မိန္းကေလး ျဖစ္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thi Ha
# Unicode Version # ျဖင့္ ဖတ္ပါ #

(1) မိန်းကလေးဆိုတာ အချိန်တိုင်းမှာ အမြဲတမ်း မသန်မာနိုင်ဘူး…တစ်ခါတစ်လေကျရင် အခန်းထောင့်လေး တစ်နေရာ မှာ ငိုခွင့်ရှိတယ်။

(2) ”ခေါင်းကိုမတ်ထား ရင်ကိုကော့ထား” စိတ်ဓာတ်ကို မြင့်မြင့်ထားပြီး သတ္တိရှိရှိသန်မာပြလိုက်စမ်း။ မင်းဟာ မင်းကမ္ဘာရဲ့ ရေမြေ့အရှင်သခင်ဖြစ်တယ်…ဘယ် ဘဝမုန်တိုင်းမှ မင်းကမ္ဘာကို မရိုက်ခတ်စေနဲ့…မဖျက်ဆီးစေနဲ့။

(3) ပြောင်းလဲမှုဆိုတာ ခက်ခဲတယ်။ ဒါပေမဲ့ ပြောင်းလဲမှုကို မကြောက်နဲ့ တစ်ခါတစ်လေ ဆံပင်အရှည်လေးထက်စာရင် ဆံပင်အတိုလေးနဲ့က ပိုလိုက်ဖက် နေတတ်တယ်။

(4) စာဖတ်ပါ… စာကို ရာသီဥတုကြောင့် ဆိုပြီး မဖတ်ပါနဲ့…နေရာဒေသ အချိန်မရွေးဖတ်ပါ…စာဖတ်တဲ့ မိန်ကလေးတွေ ဟာ သူများထက် ပိုပြီး ထက်မြက်တယ်…ရင့်ကျက်လွယ်တယ်။

(5) make-up ထူူထူလိမ်း brandတွေဝတ်မှ လှတယ်ဆိုတာ ခဏတာပါ။ စိတ်နေစိတ်ထားကို တန်ဆာဆင်ပြီး လှပစေတာက တစ်သက်တာပါ… စိတ်သဘောထားပြည့်ဝတဲ့ မိန်းကလေးရဲ
အလှဟာ ပို၍ကြာရှည် ခံတဲ့အရာပါ။

(6) မပြောင်းလဲချင်သူကို သွားပြီး မပြောင်းလဲချင်နဲ့… ခွင့်လွှတ်မှုကို အလွဲသုံးစား လုပ်သူကို အခွင့်ရေး ထပ်မပေးနဲ့။

(7) အချစ်ရေးမှာ စိတ်မပျော့ပါနဲ့…ကိုယ့်နှလုံးသားမနေချင်တဲ့ အရပ်ကို နောက်ပြန် ကျောခိုင်းလိုက်ပါ…အဝေးဆုံးကို ထွက်ခွာလိုက်ပါ… ကိုယ့်နှလုံးသားကို အယုံသွင်းတဲ့ စကားလုံးတွေနဲ့ ထပ်ခါ ထပ်ခါ မနာကျင်စေပါနဲ့။

(8) ကိုယ့်ကိုယ်ကိုယ် လိမ်လည် မလှည့်စားပါနဲ့…အမှားကို သတ္တိရှိစ္စာ ဝန်ခံပါ… ရင်ဆိုင်ပါ…စကားလုံးတွေသုံးပြီး အကြောင်းပြချက်မပေးပါနဲ့။

(9) အတိတ်ဆိုတာ ပြီးဆုံးခြင်းဆိုတာကို လက်ခံပါ…သွားပြန်လှန်မကြည့်ပါနဲ့…ပြန်၍ ပိုင်းခြား စိတ်မဖြာပါနဲ့… ပူဆွေးနောင်တမရပါစေနဲ့ ပြီးဆုံးခြင်းတွေဟာ နာကျင်စေတာပဲ အဖတ်တင်နိုင်လို့ပါ။

(10)လုံးဝမရနိုင်တဲ့ အရာကို လိုချင်တယ်ဆိုရင်.… လုံဝ မလုပ်ဖူးတဲ့ အရာကို လုပ်ရလေ့မယ်…အမြင့်ရောက်ချင်လျှင် အကျတော့ခံနိုင်ရမယ်… မိန်းကလေးဆိုပြီး ပျော့ညံ့နေလို့ မရဘူး။

(11) ကိုယ့်ကိုယ် လုပ်နိုင်တယ်ဆိုပြီး အားပေးပါ…ဘယ်လောက်ခက်ပြီး ဘယ်လောက်ကြမ်တမ်းပါစေ…ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လုပ်နိုင်ဖို့ပဲလိုတယ်။

(12) လဲကျတယ် ရှုံးနိမိ့တယ်ဆိုတာ မတော်တဆဖြစ်တယ်… ဒါပေမဲ့ အရှုံးနွံထဲကနေ ရုန်ထွက်ခြင်း မထွက်ခြင်းကတော့ မိမိရွေးချယ်မှု ဖြစ်တယ်။

(13) ဆိုးတာပဲဖြစ်ဖြစ် ကောင်းတာပဲဖြစ်ဖြစ် ဒီလမ်းက ကိုယ်နဲ့ မသက်ဆိုင်တော့ဘူးဆိုရင် ယောင်လို့တောင် ပြန်လှည့်မကြည့်ပါနဲ့။

(14′)သန်မာသော မိန်းကလေးဆိုတာ သူမစိတ်ကို ခံစားစေအောင်လုပ်တဲ့ အရာတွေကို သူ့ဘာသာပဲ အလိုလိုရပ်ဖို့ကြိုးစားတယ်။ သူမဟာ အဲ့လိုခံစားချက်တွေကိုကိုယ့်စိတ်ခန္ဒာကိုယ်မှာရောနှောပြီး ထမ်းပိုးမနေစေဘူး။ သူမက အဲ့ဒီအရာတွေကို ကိုယ့်ဆီက အဝေးဆုံးကိုပဲ ထွက်သွားအောင်ပဲ လုပ်စေတယ်။

(15)သင် အရမ်းမချော အရမ်းမလှလည်း ရတယ်…ဒါပေမဲ့ ကိုယ့်အတွက် လိုအပ်တဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ သင့်တယ်တဲ့ အလှပရှိရင် ကျေနပ်ဖို့လိုတယ်။

(16)ကိုယ်ရဲ့ချောမောလှပမှုအောက်မှာ အသိညဏ်ဆိုတာ ပေါင်းထပ်ထားရမယ်…ဒါမှ သိပ်လှတဲ့ မိန်းကလေးဖြစ်မယ်။

(17)မိန်းကလေးဆိုပြီး ပျော့ညံမနေရဘူး မိန်းကလေးတစ်ယောက်လို မဟုတ်ပဲ လူတစ်ယောက်လို ရှင်သန်ရမယ်…ရဲရင့်ရမယ် သန်မာရမယ်။

(18) မိမိမှာ ဦးနှောက်ရှိတာနဲ့ညဏ်ရည် မြင့်တာကို ကောင်းကောင်းကြီး ခွဲခြားတတ်ရမယ်…ဒါမှသာ ဘဝဆိုတဲ့ သက်တမ်းတိုတစ်ခုမှာ ကြုံလာတဲ့ လောကဓံတွေကို အကောင်းဆုံး ကြံ့ကြံ့ခံပြီး ဖြတ်သန်းနိုင်မယ်။

(19) တန်ဖိုးကြီးတဲ့ အသုံးအဆောင်တွေသုံး…ဘယ်လောက်ပဲ လှအောင်ပြင်ပြင်…ဒါတွေက ခဏတာပဲဖြစ်တယ်။ စိတ်ရင်း စိတ်နေကောင်းပြီး စိတ်သဘောထားပြည့်ဝမှုကသာ ကြာရှည်ခံတဲ့ တစ်ကယ့်အလှ ဖြစ်တယ်။

(20) တစ်ခါတစ်လေမှ ဘာမှသိချင်ယောင်ဆောင်ပါ…ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ဘာမှမသလို တုံးတိတုံးအ နေတတ်ကြတယ်။

(21) စိတ်ညစ်နေရင်ပဲဖြစ်ဖြစ် ဝမ်းနည်းရင်ပဲဖြစ်ဖြစ် မျက်နှာကြီးကို ရှုံ့မဲ့မထားနဲ့… သင့်အပြုံးဆိုတာ သိပ်လှတဲ့ ဘာသာစကားပါ။

(22) သူ့ပုံစံကို ကိုယ် ကြည့်မရသလို ကိုယ့်အသွင်ပြင်ကိုလည်း သူက နှစ်သက်ချင်မှ နှစ်သက်လေ့မယ်။ ဘယ်တော့မှ ပုံသေ မတွက်ထားနဲ့ လူတိုင်းက သင့်ကို မနှစ်သက်နိုင်ဘူး။

(23) ကိုယ့်အားကိုယ်ကိုးဖို့ အမြဲတမ်းကြိုးစားပါ…ငွေရေးကြေးရေးမှာပဲဖြစ်ဖြစ် အခက်ခဲတွေ ကြုံတွေ့တာပဲဖြစ်ဖြစ် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ပါစေ။

(24) သင် သိထားရမယ် မိန်းကလေးတွေ အမြဲတမ်း လုပ်တဲ့အမှားက ” သူပြောင်းလဲသွားပါမှာ “ဆိုပြီး စဉ်းစားပေးခြင်းဖြစ်တယ်။

(25) အားလပ်ချိန်မှာ စာဖတ်ပါ…စာဖတ်ခြင်းဖြင့် မိမိကိုယ်ကိုယ် ရင့်ကျက်သန်မာစေပါ။

(26) မိဘနေရာရောက်မှ မိဘကျေးဇူးသိသူ မဖြစ်ပါစေနဲ့…အနားမှာ ရှိတုန်းမှာ ဂရုစိုက်ပါ…ကျေးဇူးသိပါ။

(27) နှလုံးသားကို ကြီးကြီးထားပါ။ ရင်ခွင်ကို ကျယ်ကျယ်ထားပါ။ မနာလိုဝန်သိုမှုလျော့ပါ။ ရည်မွန်အောင် ကြိုးစားပါ။ ရှင်သန်ခြင်းကို ချစ်ပါ။

(28) ကိုယ့်ကိုယ် မချစ်ခင် မနှစ်သက်လို့ ထွက်သွားတာ သူ့ကိစ္စဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပျော်ရွင်အောင် နေရမှာက ကိုယ့်ကိစ္စဖြစ်တယ်။

(29) ကိုယ်ရဲ့ ထက်မြက်မှုအောက်မှာ မာနကို ချိုးနှိမ်တတ်ဖို့လိုသလို စိတ်ထားဖြူစင်တတ်မှု အောက်မှာလည်း သဘောထားကြီးမားတတ်ဖို့လိုတယ်…ဒါမှတစ်ကယ်တော်ပြီး ထက်မြက်တဲ့ မိန်းကလေး ဖြစ်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Thi Ha
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top