ဦးသာဒင္​​ေညာင္​ပင္​သာ႐ြာရဲ႕မ်က္​နွာဖုံးအင္​းသူႀကီး ၊ ဘုရား တန္​​ေစာင္​း သိမ္​​ေ က်ာင္​းရဟန္​း ဒါယကာႀကီး အလွဴ​ေရစက္​ လက္​နဲ႔မကြာလွဴဒါန္​း​ေနတဲ့သူ။႐ြာတြင္​မက ၿမိဳ႕အထိ​ေပါက္​​ေရာက္​ မိတ္​​ေဆြမ်ားတဲ့သူ စတဲ့ဂုဏ္​ပုုဒ္​ေတြနဲ႔ျပည္​့စုံတဲ့သူဇနိီး ​ေဒၚ​ေအးျမ ရယ္​ ကိုသာလွနဲ႔ကိုသာျမ ဆိုတဲ့ သား၂​ေယာက္​ ၊ ရွင္​​ေနွာင္​းနဲ႔ၾကာျဖဴဆိုတဲ့ သမီး၂​ေယာက္​ရယ္​ ​ေငြကလဲရိွ ဆို​ေတာ့ ဦးသာဒင္​ ဦးသာဒင္​နဲ႔ လူတိုင္​းပါးစက္​ဖ်ားမွာ​ေနရာယူထားတဲ့သူ။အခုလဲ သိမ္​​ေရစက္​ခ် ရိွ​ေတာ့ ႐ြာထဲစည္​ကား​ေနတာ​ေပါ့။

” ​ေဟ့ ငါ့တူတို႔ အဆင္​​ေျပၾကရဲ႕လားကြဲ႕ “” ဟုတ္​ကဲ့ ဦး​ေလး “” ​ေအး ​ေအး ည​ေနၾကရင္​ ဦး​ေလး မင္​းတို႔အဖြဲ႕ကို သပ္​သပ္​စီစဥ္​​ေပးဦးမယ္​ကြ “

” ​ေဟးးးးး “႐ြာကာလသားတစ္​သိုက္​​ေပ်ာ္​႐ႊင္​သြားပုံကိုၾကည္​့ပီး ဦးသာဒင္​တစ္​​ေယာက္​​​ေခါင္​းတၿငိမ္​့ၿငိမ္​့ျဖင္​့ ဆရာ​ေတာ္​​ေက်ာင္​း​ေဆာင္​ဖက္​ဆီသို႔ထြက္​သြား​ေလ​ေတာ့သည္​။

” တကာႀကီး နက္​ျဖန္​အတြက္​ အဆင္​သင္​့ျဖစ္​ပီလားကြဲ႕ “” မွန္​ပါ့ ဘုရာ႕ ဆရာ​ေတာ္​ပို႔ခိုင္​းထားတဲ့ ဖိတ္​စာ​ေတြလဲ ​ေရာက္​ပါၿပီဘုရာ႕ “” အိမ္​းးးအိမ္​းးးး ဝမ္​း​ေျမာက္​လွသကြယ္​ “” မွန္​ပါ့ဘုရာ႕ တပည္​့​ေတာ္​အိမ္​ျပန္​ပါဦးမယ္​ဘုရာ႕ “ဆရာ​ေတာ္​အားဦးခ်ပီး ဦးသာဒင္​တစ္​​ေယာက္​ျပန္​သြား​ေလသည္​။ ကိုသာဝ တို႔ကာလသားတစ္​သိုက္​လဲ လုပ္​​ေဆာင္​ဖြယ္​ ရိွသည္​မ်ားကို လုပ္​​ေဆာင္​​ေနစဥ္ကိုသာဝဆီ လူငယ္​တစ္​​ေယာက္​​ေျပးလာပီး

” ဦးသာဒင္​ ​ေလွခါး​ေပၚကျပဳတ္​က်လို႔ဗ်ဳိ႕ “” အဲ့ဒါ အစ္​ကိုတို႔လာဝိုင္​းကူၾကပါဦး “” ဟာ ! ဟုတ္​လား “” လာ လာ သြားၾကစို႔​ေဟ့ “ဦးသာဒင္​အိမ္​ကို​ေရာက္​​ေတာ့ ဦးသာဒင္​က ကြပ္​ပစ္​​ေပၚမွာထိုင္​ပီး ​ေရ​ေႏြးၾကမ္​း​ေတာင္​​ ေသာက္​​ေနဘီ။ အရီး​ေအးျမ က​ေတာ့ သာဝတို႔အုပ္​စုအား” ကံ​ေကာင္​းလို႔ ​ေမာင္​တို႔ရယ္​ အရီးက​ေသၿပီ​ေတာင္​မွတ္​တာ “” ဒီအျမင္​့က​ေနက်တာ ခဏပဲသတိလစ္​ပီး ျပန္​​ေကာင္​းသြားလို႔ “” ​ေအးကြယ္​ အခုလို လာကူညီၾကတာ ​ေက်းဇူးတင္​ပါတယ္​ ​ေမာင္​တို႔ရယ္​ “” ရပါတယ္​ အရီးရယ္​ “

ထိုစဥ္​ ဦးသာဒင္​မွဝင္​၍” ငါ ဘာမွမျဖစ္​​ေတာ့ဘူး “” မင္​းတို႔ျပန္​ၾက​ေတာ့“”ဟုတ္​ကဲ့ဦး​ေလး “အလွဴ​ေနရာသို႔ျပန္​လာၾက​ေသာ ကိုသာဝတို႔မွာ လာကူတာကိုနွင္​ထုတ္​​ေသာ ဦးသာဒင္​ ကိုစိတ္​ကြက္​​ေနၾက​ေတာ့သည္​။

ဒီ​ေန႔အလွဴ​ေန႔ ပါတ္​ဝန္​းက်င္​႐ြာမ်ားမွ လာၾက​ေသာသူမ်ားလဲတစ္​ဖြဲဖြဲျဖင္​့​ေရာက္​လာၾက​ေပၿပီ။​ေဒၚ​ေအးျမလည္​းဝတ္​​ေကာင္​းစားလွ ဝတ္​ၿပီး” ​ေက်ာင္​းဒကာႀကီး သြားၾကစို႔​ေတာ့ “” မင္​းပဲသြားလိုက္​​ေတာ့ကြာ “” ငါမလိုက္​​ေတာ့ဘူး ​ေခါင္​းနည္​းနည္​းမူး​ေနလို႔ “” အို​ေတာ္​ ရွင္​မပါပဲ ဘယ္​ျဖစ္​မတုန္​း​ေတာ့ “” ဆရာ​ေတာ္​ကို​ေလွ်ာက္​လိုက္​ပါကြာ ရပါတယ္​”ဒ​ာျဖင္​့လဲ ပီး​ေရာ​ေတာ္​ “​​ေျပာၿပီးအိမ္​ၿခံဝိုင္​းထဲမွထြက္​သြား​ေသာ ​ေဒၚ​ေအးျမ၏​ေနာက္​​ေက်ာကိုၾကည္​့ပီးးး” ဟား ဟ ား ဟ ား ဟားးး “” ဟား ဟား ဟား ဟ ားးးး

ဟက္​ဟက္​ပက္​ပက္​ ရီ​ေမာလိုက္​​ေသာ ဦးသာဒင္​၏ ဟန္​ကိုျမင္​လိုက္​ရလွ်င္​ေန႔လည္​ပိုင္​းသိမ္​​ေရစက္​ခ်ပြဲ ၿပီိးလွ်င္​ ဦးသာဒင္​တို႔ အိမ္​ဝိုင္​းထဲမွာ လူနာလာ​ေမး​ေသာသူမ်ားျဖင္​့စည္​ကားလွ်က္​ရိွ​ေန​ေပသည္​။ဦးသာဒင္​မွာလည္​း ရီရီ​ေမာ​ေမာျပဳံးၿပံဳး႐ႊင္​႐ႊင္​ျဖင္​့ ဧည္​့သည္​မ်ားကိုဧည္​ခံ​လွ်က္​ရိွေနသည္​။ည​ေန​ေစာင္​း​ေသာ္​ဧည္​့သည္​မ်ားျပန္​သြားလွ်င္​” မယ္​ျမ​ေရ ငါ​ေခါင္​း​ေတြမူးလာလို႔ ခနနားဦးမ​ေဟ့ “” နားပါ​ေတာ္​ ရွင္​လဲပင္​ပန္​း​ေန​ေလာက္​ၿပီ “” ​ေအးကြာ ဧည္​့သည္​​ေတြကလဲမ်ားလိုက္​တာ နားပီ​ေဟ့ “တ​ေ႐ြ႕​ေ႐ြ႕နဲ႔အကုန္​​ေတြကုန္​ဆုံးလို႔ အကာလ ညအခါသို႔​ေရာက္​ရိွလာၿပီျဖစ္​သည္​။အိမ္​သူအိမ္​သားမ်ားအိပ္​​ေမာက်​ေနခ်ိန္​ အ​ေမွာင္​ကိုအားကိုးလွ်က္​ တစ္​စုံတစ္​​ေယာက္​သည္​ အိမ္​အ​ေနာက္​ဖက္​ ဘဲၿခံဆီသို႔- – – – – – ။

မနက္​မိုး​ေသာက္​အလင္​း​ေရာက္​​ေသာ္​ ” အမ​ယ္​​ေလးးးး “အထိတ္​တလန္​႔​ေအာ္​လိုက္​​ေသာ သမီးႀကီးရဲ႕ အသံ​ေၾကာင္​့ ​ေဒၚ​ေအးျမတစ္​​ေယာက္​ ” သမီးဘာဖစ္​လို႔လဲ ဘာျဖစ္​လို႔လဲဟင္​ “” အ​ေမ ဒီမွာလာၾကည္​့ပါဦး “ေဒၚ​ေအးျမသြားၾကည္​့​ေတာ့ ဘဲ​တစ္​​ေကာင္​ လည္​ပင္​းျပတ္​၍​ေသ​ေနသည္​ကို ​ေတြ႕ရ​ေလသည္​။ဘဲမွာ ​ေခါင္​းမရိွသည္​့အျပင္​့ ဗိုက္​​ေဟာင္​း​ေလာင္​းနဲ႔​ေသ​ေနျခင္​းပင္​။” ညက ​ေခြးဝင္​ဆြဲတာထင္​တယ္​သမီး “” ဘဲၿခံကို​ေသခ်ာျပန္​ကာဖို႔ အႀကီး​ေကာင္​လာရင္​​ေျပာရမယ္​ “” ဘဲ​ေသကို ကိုဝင္​းတို႔ကို​ေပးလိုက္​ “သူတို႔အိမ္​က လယ္​သူရင္​းငွား ကိုဝင္​းတို႔အဖို႔ ဒီ​ေန႔ပြဲ​ေတာ္​စာက ဘဲသားပင္​ျဖစ္​​ေပ​ေတာ့မည္​။

တစ္​ရက္​ ၂ ရက္​ ၃ ရက္​ဆက္​တိုက္​ဆိုသလိုပင္​ ပုံစံတစ္​မ်ဳ္ိုးထဲ ဘဲ​ေတြ​ေသ​ေန​ေသာ​ေၾကာင္​့” အ​ေမ ဘဲ​ေတြဘာျဖစ္​လို႔လဲမသ္​ိဘူူ အ​ေကာင္​တစ္​​ေကာင္​​ေကာင္​မွာဝင္​ဆြဲ​ေနတယ္​ထင္​တယ္​ “” သားႀကီးက ဘာလုပ္​ခ်င္​လို႔တုန္​း “”အကုန္​​ေရာင္​းပလိုက္​​ေတာ့မယ္​ဗ်ာ “” ​ေအး​ေလ သားသ​ေဘာပဲ “” ဒါဆိုလဲ ဘဲဒိုင္​နဲ႔ခ်ိတ္​လိုက္​​ေတာ့မယ္​အ​ေမ “ဆိုၿပီး ၿခံထဲရိွသမွ် ဘဲ​ေတြ​ေရာင္​းလိုက္​​ေတာ့သည္​။တျဖည္​းျဖည္​းနဲ႔ ဦးသာဒင္​ရဲ႕ ၿခံဝိုင္​းထဲမွာရိွသမွ် အပင္​ငယ္​​ေလး​ေတြ ညိႈး​ေရာ္​​ေသဆုံး​ေနၾကသည္​။သို႔​ေသာ္​အားလုံးကလဲအမႈမဲ့အမွတ္​မဲ့ပင္​ – – – -။” ဟင္​ ၾကက္​မႀကီး​ေသ​ေနပါလား “” သူ႔က​ေလး​ေတြသနားစရာဟယ္​ “

ေနာက္​ဆုံးက်န္​​ေန​ေသာ ၾကက္​မႀကီးလဲမရိွ​ေတာ့​ေပ။ထိုစဥ္​ ​တိမ္​မဲတို႔သည္​ ​ေနမင္​းအားအုပ္​ဆိုင္​းလိုက္​သျဖင္​့ ​ေနခင္​း​ေၾကာင္​​ေတာင္​​ေမွာင္​မဲသြားၿပီး” အဟမ္​းးး”” ဦးသာဒင္​ရဲ႕​ေခ်ာင္​းဟန္​႔သံနဲ႔အတူ” ဒါဆိုငါတို႔ၿခံထဲက အ​ေကာင္​​ေတြကုန္​ၿပီ​ေပါ့ “” ဟုတ္​တယ္​အ​ေဖ ကုန္ၿပီ “” ​ေအး ​ေကာင္​း​ေရာ​ေပါ့ကြာ “ဆိုပီးလွည္​့ထြက္​သြား​ေသာဦးသာဒင္​၏စကားကိုနားမလည္​​ေသာ သားျဖစ္​သူမွာ​ေခါင္​းကုတ္​၍က်န္​​ေနခဲ့သည္​။

သို႔နွင္​့႐ြာထဲမွာ ၾကက္​ ဘဲမ်ားတစ္​​ေန႔ ၁​ေကာင္​တစ္​ခါတစ္​​ေလ ၂​ေကာင္​နႈန္​းျဖင္​့​​ေသဆုံး​ေနၾကသျဖင္​့ ႐ြာသားမ်ားစု​ေဝးတိုင္​ပင္​ၾက​ေတာ့သည္​။” ဒါမရိုးသားဘူးဗ် “ ”မင္​းကဘာထင္​လို႔လဲ ခ်က္​ႀကီး “” မသိဘူး​ေလကြာ ငါမွမျမင္​ရတာ “
” ဒါဆို ႐ြာထဲမွာ တစ္​ည ၅ ​ေယာက္​နႈန္​းနဲ႔ကင္​း​ေစာင္​့ၾကမယ္​ “” ​ေအးအဲ့အႀကံ​ေကာင္​းတယ္​ “” ဒီညကစမယ္​​ေဟ့ “ညအတြက္​စီစဥ္​စရာရိွတာ​ေတြစီစဥ္​ၿပီးကင္​းလွည္​့က်​ေသာ ကာလသားတစ္​သိုက္​မွာ ည ၁၂ နာရီ​ေက်ာ္​သည္​နွင္​့ အိပ္​ငိုက္​လာၾက​ေလ​ေတာ့သည္​။ကင္​းသမား​ေတြ အိပ္​ငိုက္​သည္​နွင္​့တစ္​ၿပိဳင္​နက္​ မဲမဲသဏၰာန္​တစ္​ခုသည္​ ကိုလွ​ေအး၏ၿခံဝိုင္​းဆီသို႔ လွမ္​းဝင္​သြားသည္​ကို ကင္​းသမား​ေတြသာ သိခဲ့ပါလွ်င္​ – – – – – ။

”အမ္​မ​ေလးလာၾကပါဦး​ေတာ္​ “နံနက္​ခင္​းနဲ႔အတူ ကိုလွ​ေအးမိန္​းမရဲ႕ ​ေအာ္​ငိုသံႀကီး​ေၾကာင္​့” ငါ့သား​ေလးက္​ို ခမဲ​ေပးထား တဲ့ႏြား​ေပါက္​​ေလး အီးးးးဟီးဟီးးးး “” ဟာ ဟုတ္​တယ္​ဟ လည္​ပင္​းမွာအ​ေပါက္​ႀကီးနဲ႔ပီး​ေတာ့ ႏြား​ေပါက္​​ေလးရဲ႕ဗိုက္​ပြင္​့ကာ အထဲကကလီစာ​ေတြမရိွပဲ​ေသဆုံး​ေနျခင္​းပင္​။ႏြား​ေသနွင္​့ပက္​သက္​၍႐ြာထဲမွာလဲ အုတ္​​ေအာ္​​ေသာင္​းနင္​းကိုျဖစ္​လို႔။တစ္​ည ကိုဖိုးတုတ္​အခင္​းသြားရန္​​ေအာက္​ဆင္​းလာစဥ္​ ၿခံ​ေထာင္​့၌ လူ​ေတြ႕၍သူခိူးထင္​ၿပီးစဥ္​့အိုးနား​ေျပးကပ္​လိုက္​သည္​။

ထိုလူသည္​ ကိုဖိုးတုတ္​ၿခံထဲမွ အ​ေကာင္​တစ္​​ေကာင္​ကိုဆြဲ၍ထြက္​လာၿပီး လည္​ပင္​းကိုက္​ိုက္​​ေဖာက္​လိုက္​သည္​။ခနၾကာ​ေသာ္​ ဗိုက္​အတြင္​းသို႔လက္​နႈိက္​ကာ ကလီစာ​ေတြကိုစား​ေန​ေလသည္​။ ထိုျမင္​ကြင္​းကိုၾကည္​့​ေန​ေသာ ကိုဖိုးတုတ္​မွာ ၾကက္​သီးမ်ားတျဖန္​းျဖန္​းထ၍ တုန္​​ေန​ၿပီ။ အတန္​ၾကာ​ေသာ္​ အ​ေမွာင္​ရိပ္​ထဲမွထြက္​လာ​ေသာသူက ကိုဖိုးတုတ္​ ပုန္​း​ေန​ေသာ
စဥ္​့အိုးဖက္သို႔လွည္​့ၾကည္​့ရာ လ​ေရာင္​ျဖင္​့ျမင္​လိုက္​ရ​ေသာ မ်က္​နွာ​ေၾကာင္​့ကိုဖိုးတုတ္​၏မ်က္​လုံးမ်ားအဆမတန္​ျပဴးထြက္​လာ​ေလ​ေတာ့သည္​။

​ေနာက္​တစ္​​ေန႔ ႐ြာထဲမွာ ဟိုတစ္​စု ဒီတစ္​စုျဖင္​့ ကိုဖိုးတုတ္​​ေတြ႕လိုက္​ရ​ေသာ အ​ေၾကာင္​းကို​ေျပာဆို​ေနၾက​ေတာ့သည္​။ဦးသာဒင္​ဖုတ္​ဝင္​​ေနတယ္​ ထင္​၍ ႐ြာသားမ်ားကဦးသာဒင္​၏အိပ္​ယာ​ေအာက္​သို႔ ၾသဇာၫြန္​႔မ်ားသြားထည္​့ၾက​ေသာ္​လဲ ဘာမွမထူး။ခုံဖိနပ္​အျပတ္​ကို ခုတင္​​ေအာက္​သို႔ တိတ္​တဆိတ္​သြားထားၾက​ေသာလည္​းဘာမွမထူး​ေခ်။ညအခ်ိန္​​ေရာက္​လွ်င္​ မိသားစုလိုက္​ ၿခံထဲဆင္​း၍ ညည္​့နက္​သည္​ထိ ကင္​း​ေစာင္​့​ေနၾကသျဖင္​့ ၃ရက္​ၾကာမွ်ဘာ​ေကာင္​မွမ​ေပ်ာက္​ဆုံး​ေတာ့သည္​ကို ႐ြာသားမ်ားဝမ္​းသာ​ေနၾကသည္​။ ဤအခ်က္​က ၎႐ြာအတြင္​းသို႔ ကံၾကမၼာဆိုးႀကီးက်​ေရာက္​​ေတာ့မည္​ကို ႐ြာသူ႐ြာသားမ်ားသိခဲ့ပါလွ်င္​ – – – – – – – – ။

” ဟဲ့ႏြားးးးး တယ္​ ဒီႏြားဟာ ​ေတာက္​ “​ေညာင္​ပင္​သာ႐ြာလမ္​း​ေဘးမွျဖတ္​​ေမာင္​း​ေန​ေသာလွည္​း​ေပၚတြင္​ လွည္​း​ေမာင္​းသူ၏​ေနာက္​မွ အသက္​ ၆၀ ​ေက်ာ္​အ႐ြယ္​အဖိုးအိုတစ္​ဦးထိုင္​၍လိုက္​လာသည္​။႐ြာထိပ္​ ကုကၠိဳပင္​​ေအာက္​အ​ေရာက္​တြင္​ အဖိုးအိုမွ” ခဏ​ေလးလွည္​းရပ္​လိုက္​ လူ​ေလး “ ” ဟုတ္​ကဲ့ အဘ “အဖိုးအိုသည္​ ႐ြာထဲသို႔စူးစိုက္​ၾကည္​့ကာ နွာ​ေခါင္​းတရႈံ ့့ ့ရႈံ ႕ လုပ္​​ေန​ေလသည္​။” လူ​ေလး ႐ြာထဲ​ေမာင္​းစမ္​းကြာ “” ဘုန္​းႀကီး​ေက်ာင္​းကိုသြား “” ဟုတ္​ကဲ့ အဘ “႐ြာထဲသို႔လွည္​း​ေမာင္​းဝင္​သြားစဥ္​ ဦးသာဒင္​၏ဝိုင္​း​ေရွ႕အ​ေရာက္​တြင္​ အဖိုးအိုမွာ ဆတ္​ခနဲ ျဖစ္​သြား​ေလသည္​။

” ဘုရား ဘုရား “” ကယ္​နိူင္​​ေကာင္​းပါ​ေသးရဲ႕ “” လူ​ေလး​ေက်ာင္​းကို ျမန္​ျမန္​​ေမာင္​းစမ္​းပါကြယ္​ “အ​ေရးႀကီး​ေနဘီကြဲ႕ “”လူ​ေလးလဲ ကုသိုလ္​ရတာ​ေပါ့ကြယ္​ “” ဟို​ေရွ႕ က ဘုန္​းႀကီး​ေက်ာင္​းပဲ အဘ​ေရ “” ​ေအးကြယ္​ သြက္​သြက္​​ေလး “​ေက်ာင္​းသို႔​ေရာက္​​ေသာ္​ ဘုရားဦးခ ဆရာ​ေတာ္​ဦးခ်ၿပီး​ေနာက္​ ဆရာ​ေတာ္​က” ဒကာႀကီးက ဘယ္​သူတုန္​းကြဲ႕ “” မွန္​ပါ့ ၇ ရက္​သားသမီး​ေတြကို ​ေဆးကု​ေနသူပါဘုရာ႕ “” အခုလဲ ဟုိဖက္​႐ြာမွာ​ေဆးလာကုရင္​းနဲ႔ ဒီ႐ြာမွ အ​ေၾကာင္​းကိစၥျမင္​လို႔ဝင္​လာရတာပါဘုရာ႕ “

” ​ေၾသာ္​ ​ေအး​ေအး ဒါနဲ႔အ​ေၾကာင္​းထူးရိွလို႔လားကြဲ႕ “” မွန္​ပါ့ မၾကာခင္​ ဒီ႐ြာမွာ ကပ္​ဆိုးတစ္​ခု က်​ေရာက္​​ေတာ့မွာကို သိ​ေနတဲ့အတြက္​​ေရာက္​လာရပါတယ္​ဘုရာ႕ “” ​ေဟ “” အရွင္​ဘုရား ႐ြာလယ္​က ​ေရနံခ်ီး သုတ္​ထားတဲ့ အိမ္​မဲႀကီးက သူ​ေတြနဲ႔​ေက်ာင္​းမွာ​ေတြ႕ခ်င္​ပါတယ္​ “” ၁ ​ေယာက္​​ေယာက္​နဲ႔ အ​ေခၚလႊတ္​​ေပးပါလားဘုရား “” ​ေအးကြဲ ့ ဟဲ့ သာဝ “
” ဘုရာ႕ “” ဦးသာဒင္​ရဲ႕မိန္​းမ ဒကာမႀကီးကို​ေခၚလာ​ခဲ့ကြယ္​ “” မွန္​ပါ့ဘုရာ႕ “ကိုသာဝထြက္​သြားၿပီးအတန္​ငယ္​ၾကာ​ေသာ္​​ေက်ာင္​းသို႔ ကိုသာဝနဲ႔အတူ မိန္​းမႀကီးတစ္​​ေယာက္​ပါလာ​ေလသည္​။”

ဒီမယ္​ ညီမငယ္​ မင္​းတို႔အိမ္​မွာ လူမမာမ်ားရိွသလားကြဲ႕ “” မရိွပါ ဦး​ေလး “” ​ေဟ ! အင္​းးးးငါထင္​တာလဲ လြဲခဲပါတယ္​”” ဦး​ေလး ငါ့တူမတို႔အိမ္​ ခဏလိုက္​ၾကည္​့လို႔ရမလားကြဲ႕ “” ဟာႂကြပါဦး​ေလးရယ္​ “” ကဲ ဒါျဖင္​့သြားစို႔ “” တပည္​့​ေတာ္​ျပန္​လာပါ့မယ္​ ဘုရာ႕ “” ​ေအးး​ေကာင္​ပါပီ ဒကာၾက္ီး “ဆရာႀကီး အိမ္​​ေရွ႕​ေရာက္​​ေသာ္​ ” မယ္​ျမ ဘယ္​ကလူ​ေခၚလာတာတုန္​း “” က်ဳပ္​ ပဲကိစၥ​ေလးစကား​ေျပာခ်င္​လို႔ပါ​ေမာင္​ရင္​ “” အင္​းးးးး ​ေျပာပီးရင္​ျပန္​ “ဆရာႀကီးလဲ ပဲအ​ေၾကာင္​းနဲနဲပါးပါး​ေျပာရင္​း ဦးသာဒင္​ကိုအကဲခတ္​​ေန​ေလသည္​။

တ​ေအာင္​့​ေန​ေတာ့” ကဲ ျပန္​ဦးမယ္​ ဒါနဲ႔ တူမႀကီး ခဏလိုက္​ခဲ့ပါဦး “ေက်ာင္​း​ေရာက္​​ေသာ္​ ” ငါ့တူမႀကီး​ေယာက်ာၤးက ဖုတ္​ဝင္​​ေနတာကြဲ႕” ”ဖုတ္​​ေတာ္​ ရိုးရိုးဖုတ္​မဟုတ္​ဘူး တစ္​႐ြာလုံးကိုဒုကၡ​ေပးမဲ့ဖုတ္​ “” ရွင္​ “” တူမႀကီးဖက္​က ႐ြာအတြက္​စဥ္​းစားၿပီး ထုတ္​ခြင္​့​ေပးနိူင္​မလားကြဲ႕ “” အဟင္​့ အဟင္​့ ဆရာႀကီးကူညီပါ “” ​ေကာင္​းဘီ ကာယကံရွင္​က ခြင္​့ျပဳၿပီဆိုမွ​ေတာ့ သတၲိ​ေကာင္​းတဲ့ ႐ြာသား ၄ ​ေယာက္​လိုခ်င္​တယ္​​ေမာင္​ရင္​ “” ဘာမွ​ေၾကာက္​စရာမလိုဘူး အဘရိွတယ္​ “” ရတယ္​အဘ ခဏ​ေစာင္​့ပါ “

သာဝရယ္​ ခ်က္​ႀကီးရယ္​ ကိုတင္​ရယ္​ မ်ဳိးတင္​့ရယ္​ ၄​ေယာက္​အျပင္​တစ္​ျခား႐ြာသား​ေတြပါ​ေက်ာင္​း​ေရာက္​လာ​ေတာ့ ဆရာႀကီးက ” ဒီလိုကြ အစီစဥ္​က – — – – – – -“” ကဲ​ေဟ့ ကူညီနိူင္​ၾကမလား “” ကူညီနိူင္​ပါတယ္​ အဘ “” ​ေအး ဒါဆိုလဲ အခုထဲက ႀကိဳတင္​ပီးလိုအပ္​တာစု​ေဆာင္​းထားၾက ဟုတ္​ၿပီလား “” ျပန္​ၾက​ေတာ့ ျပန္​ၾက​​ေတာ့ “​ေနာက္​တစ္​​ေန႔ ကာလသားတစ္​သိုက္​႐ြာသုႆာန္​မွာ တစ္​စုံတရာကို အားသြန္​ခြန္​စိုက္​လုပ္​​ေနၾကသည္​ ။မနက္​ ၁၀ နာရီခန္​႔တြင္​” အဖိုးအိုမွ သာဝတို႔အား လူ​ေလးတို႔ အဘ အခ်က္​ျပမွ စၾက ​ေနာ္​ “” ဟုတ္​ကဲ့အဘ “” ကဲ ဒါျဖင္​့သြားၾကစို႔ “​

ကိုသာဝတို႔ လူစု ဦးသာဒင္​ၿခံဝိုင္​း​ေရွ႕အ​ေရာက္​တြင္​ အိမ္​ထဲမွ ” ဟား ဟ ား ဟ ား ဟ ား “” မ​ေလာက္​​ေလးမ​ေလာက္​စားနဲ႔ ငါ့ဆီလာၾကတာကိုး “အိမ္​​ေပၚသို႔တက္​လာ​ေသာအဖိုးအိုက” မင္​းအ​ေၾကာင္​းမင္​းသိတယ္​ဆိုရင္​ “စကား​ေတာင္​မဆုံး​ေသး” စမ္​းၾကည္​့​ေလ ငါ့ကိုဘာ​ေကာင္​မွတ္​လို႔တုန္​း “ထုိစဥ္​ၿခံဝိုင္​းထဲသို႔ ႐ြာသားမ်ားအ​ေခါင္​းတစ္​လုံးထမ္​း၍ဝင္​လာၾကသည္​။ဖုတ္​ ထုတ္​တာကိုသိခ်င္​​ေသာ ႐ြာသားမ်ားလဲလိုက္​ပါလာသျဖင္​့ ခဏအတြင္​ၿခံထဲ၌လူျပည့္​့သြားၿပီး ၿခံျပင္​သို႔ပါ လ်ွံထြက္​​ေန​ေတာ့သည္​။

” ဟား ဟ ား ဟ ား ဟ ား “” ငါ့ကို ဘာမွတ္​လို႔တုန္​း “” ဝုန္​းးး “ ဆို ကုတင္​​ေပၚမွ ဦးသာဒင္​က ထအရပ္အဖိုးအိုမွ လက္​​ေထာင္​လိုက္​ပီး ” လူ​ေလးတို႔ အခ်ိန္​ၾကၿပီ “ကိုသာဝတို႔ ၄ ​ေယာက္​လဲ သူတို႔ယူလာၾက​ေသာ အရာမ်ား၏စကၠဴကိုခြာခ်လိုက္​ရာၿပိဳးၿပိဳး​ေျပာင္​​ေျပာင္​နဲ႔ ​ေ႐ႊထီးမ်ားထြက္​လာ​ေလသည္​။​ေ႐ႊထီးကိုျမင္​လိုက္​သည္​နွင္​့တၿပိဳင္​နက္​ မတ္​တတ္​ရပ္​​ေန​ေသာ ဦးသာဒင္​မွာကုတင္​​ေပၚသို႔ ဖင္​ထိုင္​ရက္​ လဲက်ကာ ၿငိမ္​သြား​ေလသည္​။

”လူ​ေလးတို႔ ၄​ေယာက္​ ကုတင္​တိုင္​ ၄တိုင္​မွာ ၁​ေယာက္​တစ္​​ေနရာစီ ​ေနရာယူၾက​ေပ​ေတာ့ “” ​ေတာက္​ “” မင္​းတို႔ လက္​ဦးသြားတယ္​ “” ​ေနာက္​ထပ္​ လျပည္​့​ေန႔ဆို တစ္​႐ြာလုံး ငါ့လက္​ခ်က္​မိၿပီ ဟင္​းဟင္​းးး “” ကဲ အပို​ေတြ​ေျပာ မ​ေနနဲ႔​ေတာ့ “” မင္​းလမ္​းကို မင္​းသြား​ေတာ့ ဖုတ္​​ေကာင္​​ေရ “” လူ​ေလးတို႔ ​ေ႐ႊထီး​ေတြဖြင္​့လိုက္​ၾက​ေတာ့ “ကိုသာဝတို႔၄​ေယာက္​ ​ေ႐ႊထီး​ေတြဖြင္​့လိုက္​သည္​နွင္​့တစ္​ၿပိဳင္​နက္​” အားးးးးးးးးးးး”” ဝုန္​းးးးးးး “​ေခါင္​မိုးမွာအ​ေပါက္​ႀကီးတစ္​​ေပါက္​ျဖစ္​သြားၿပီးဦးသာဒင္​၏ခႏၶာကိုယ္​မွာ ပုံလဲက်ကာ တစ္​ခဏအတြင္​း အသားအ​ရည္​မ်ား ၿပိဳက်ပီိး အရည္​​ေတြပါတ​ေတာက္​​ေတာက္​နဲ႔က်လာ​ေလသည္​။

မခံရပ္​ႏုိင္​​ေသာ အပုတ္​နံ႔ႀကီိး​ေၾကာင္​့ တစ္​ခ်ဳိ႕မွာမူး​ေဝ​ေအာ့အန္​​ေနၾကသည္​။ အ​ေလာင္​းမွာ ကိုင္​မရ​ေတာ့သျဖင္​့ ကုတင္​​ေပၚမွ ဖ်ာျဖင့္​ပင္​ မ ကာ ယူလာ​ေသာ အ​ေခါင္​းထဲသို႔ ထည္​့လိုက္​ၿပိီး စီစဥ္​ထားတဲ့အတိုင္​း သခ်ဳႋင္​းသို႔ပို႔ကာ ခ်က္​ခ်င္​းပင္​ မီးသျဂဳႋလ္​လိုက္​​ေတာ့သည္​။ မိသားစုမ်ားကား ငိုယို၍မဆုံး​ေတာ့​ေခ်။

အဖိုးအိုမွ ကြမ္​းတစ္​ယာထုတ္​ဝါးကာ ႐ြာသားမ်ား အား” ဦးသာဒင္​ကိုမွီတြယ္​ကပ္​​ေရာက္​​ေနတဲ့ ​ေကာင္​ဟာ ရိုးရိုးဖုတ္​မဟုတ္​ဘူးကြဲ႕ “” ​ေ႐ႊထီး​ေဆာင္​းဖုတ္​လို႔​ေခၚတဲ့ ဖုတ္​ဘုရင္​ပဲ “” သူ႔ကိုထုတ္​ရင္​ ​ေခါင္​မိုးကပဲထြက္​တတ္​တယ္​ကြဲ႕ “” အျမင္​့စားဖုတ္​​ေကာင္​​ေပါ့ “” ​ေနာက္​ လျပည္​့​ေန႔မွမထုတ္​နိူင္​ခဲရင္​​ေတာ့ မင္​းတို႔တစ္​႐ြာလုံး မသာ​ေတြျဖစ္​ပီ “” ဟာ ” ႐ြာသား​ေတာရဲ႕အန္​႔တၾကားသံႀကိီးကတစ္​ၿပိဳင္​နက္​ထဲ” ဘုရား ဘုရား ကံသီလို႔ပဲ​ေဟ့ “

”ဦးသာဒင္​က လြန္​ခဲ့တဲ့ ​ေလွကား​ေပၚကျပဳတ္​က်ထဲက ​ေသသြားခဲ့ၿပီ သူကအဲ့အခ်ိန္​ဝင္​ကပ္​​ေနတာ “” အခု​ေတာ့ အားလုံး ၿပီးပါၿပီ “” ဘုရားတရားမ​ေမ့ၾကနဲ႔ “” အဘကိုခြင္​့ျပဳၾကပါဦး “” အဘ ခဏ​ေလး အဘ ကို ​ေက်းဇူးဆပ္​ခ်င္​လို႔ပါ ” ဦးသာဒင္​ရဲ႕မိသားစုက​ေျပာ​ေတာ့ အဖိုးအိုမွ” မလိုပါဘူးကြယ္​ သမားဂုဏ္​ကိုပူ​ေဇာ္​တဲ့အ​ေနနဲ႔ ဆန္​တျပည္​နဲ႔ ​ေငြ အစိတ္​သာ ကန္​​ေတာ့ ပါ​ေလ “” သာဓု သာဓု သာဓု က်န္​းမာ ခ်မ္​းသာၾကပါ​ေစကြယ္​”႐ြာျပင္​သို႔ထြက္​သြား​ေသာ အဖိုးအို၏​ေနာက္​သို႔ၾကည္​့ရင္​း ႐ြာသားမ်ားမွာ ေဘးဆိုးမွကင္​းလြတ္​ရသျဖင္​့ ဝမ္​းသာ​ေနၾက​ေလ​ေတာ့သည္​။ဒီ​ေန႔မွစ၍ ဤ႐ြာ​ေလး၏​ေန႔သစ္​ကားးး ​ေပ်ာ္​႐ႊင္​​မႈမ်ားျဖင္​့ သာယာ​ေန​ေတာ့​ေပမည္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေလ​ေသြးညိဳ
# Unicode Version # ျဖင့္ ဖတ္ပါ #

ဦးသာဒင်ညောင်ပင်သာရွာရဲ့မျက်နှာဖုံးအင်းသူကြီး ၊ ဘုရား တန်စောင်း သိမ်ေ ကျာင်းရဟန်း ဒါယကာကြီး အလှူရေစက် လက်နဲ့မကွာလှူဒါန်းနေတဲ့သူ။ရွာတွင်မက မြို့အထိပေါက်ရောက် မိတ်ဆွေများတဲ့သူ စတဲ့ဂုဏ်ပုဒ်တွေနဲ့ပြည့်စုံတဲ့သူဇနီး ဒေါ်အေးမြ ရယ် ကိုသာလှနဲ့ကိုသာမြ ဆိုတဲ့ သား၂ယောက် ၊ ရှင်နှောင်းနဲ့ကြာဖြူဆိုတဲ့ သမီး၂ယောက်ရယ် ငွေကလဲရှိ ဆိုတော့ ဦးသာဒင် ဦးသာဒင်နဲ့ လူတိုင်းပါးစက်ဖျားမှာနေရာယူထားတဲ့သူ။အခုလဲ သိမ်ရေစက်ချ ရှိတော့ ရွာထဲစည်ကားနေတာပေါ့။

” ဟေ့ ငါ့တူတို့ အဆင်ပြေကြရဲ့လားကွဲ့ “” ဟုတ်ကဲ့ ဦးလေး “” အေး အေး ညနေကြရင် ဦးလေး မင်းတို့အဖွဲ့ကို သပ်သပ်စီစဉ်ပေးဦးမယ်ကွ “

” ဟေးးးးး “ရွာကာလသားတစ်သိုက်ပျော်ရွှင်သွားပုံကိုကြည့်ပီး ဦးသာဒင်တစ်ယောက်ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဆရာတော်ကျောင်းဆောင်ဖက်ဆီသို့ထွက်သွားလေတော့သည်။

” တကာကြီး နက်ဖြန်အတွက် အဆင်သင့်ဖြစ်ပီလားကွဲ့ “” မှန်ပါ့ ဘုရာ့ ဆရာတော်ပို့ခိုင်းထားတဲ့ ဖိတ်စာတွေလဲ ရောက်ပါပြီဘုရာ့ “” အိမ်းးးအိမ်းးးး ဝမ်းမြောက်လှသကွယ် “” မှန်ပါ့ဘုရာ့ တပည့်တော်အိမ်ပြန်ပါဦးမယ်ဘုရာ့ “ဆရာတော်အားဦးချပီး ဦးသာဒင်တစ်ယောက်ပြန်သွားလေသည်။ ကိုသာဝ တို့ကာလသားတစ်သိုက်လဲ လုပ်ဆောင်ဖွယ် ရှိသည်များကို လုပ်ဆောင်နေစဉ်ကိုသာဝဆီ လူငယ်တစ်ယောက်ပြေးလာပီး

” ဦးသာဒင် လှေခါးပေါ်ကပြုတ်ကျလို့ဗျို့ “” အဲ့ဒါ အစ်ကိုတို့လာဝိုင်းကူကြပါဦး “” ဟာ ! ဟုတ်လား “” လာ လာ သွားကြစို့ဟေ့ “ဦးသာဒင်အိမ်ကိုရောက်တော့ ဦးသာဒင်က ကွပ်ပစ်ပေါ်မှာထိုင်ပီး ရေနွေးကြမ်းတောင် သောက်နေဘီ။ အရီးအေးမြ ကတော့ သာဝတို့အုပ်စုအား” ကံကောင်းလို့ မောင်တို့ရယ် အရီးကသေပြီတောင်မှတ်တာ “” ဒီအမြင့်ကနေကျတာ ခဏပဲသတိလစ်ပီး ပြန်ကောင်းသွားလို့ “” အေးကွယ် အခုလို လာကူညီကြတာ ကျေးဇူးတင်ပါတယ် မောင်တို့ရယ် “” ရပါတယ် အရီးရယ် “

ထိုစဉ် ဦးသာဒင်မှဝင်၍” ငါ ဘာမှမဖြစ်တော့ဘူး “” မင်းတို့ပြန်ကြတော့“”ဟုတ်ကဲ့ဦးလေး “အလှူနေရာသို့ပြန်လာကြသော ကိုသာဝတို့မှာ လာကူတာကိုနှင်ထုတ်သော ဦးသာဒင် ကိုစိတ်ကွက်နေကြတော့သည်။

ဒီနေ့အလှူနေ့ ပါတ်ဝန်းကျင်ရွာများမှ လာကြသောသူများလဲတစ်ဖွဲဖွဲဖြင့်ရောက်လာကြပေပြီ။ဒေါ်အေးမြလည်းဝတ်ကောင်းစားလှ ဝတ်ပြီး” ကျောင်းဒကာကြီး သွားကြစို့တော့ “” မင်းပဲသွားလိုက်တော့ကွာ “” ငါမလိုက်တော့ဘူး ခေါင်းနည်းနည်းမူးနေလို့ “” အိုတော် ရှင်မပါပဲ ဘယ်ဖြစ်မတုန်းတော့ “” ဆရာတော်ကိုလျှောက်လိုက်ပါကွာ ရပါတယ်”ဒာဖြင့်လဲ ပီးရောတော် “ပြောပြီးအိမ်ခြံဝိုင်းထဲမှထွက်သွားသော ဒေါ်အေးမြ၏နောက်ကျောကိုကြည့်ပီးးး” ဟား ဟ ား ဟ ား ဟားးး “” ဟား ဟား ဟား ဟ ားးးး

ဟက်ဟက်ပက်ပက် ရီမောလိုက်သော ဦးသာဒင်၏ ဟန်ကိုမြင်လိုက်ရလျှင်နေ့လည်ပိုင်းသိမ်ရေစက်ချပွဲ ပြီးလျှင် ဦးသာဒင်တို့ အိမ်ဝိုင်းထဲမှာ လူနာလာမေးသောသူများဖြင့်စည်ကားလျှက်ရှိနေပေသည်။ဦးသာဒင်မှာလည်း ရီရီမောမောပြုံးပြုံးရွှင်ရွှင်ဖြင့် ဧည့်သည်များကိုဧည်ခံလျှက်ရှိနေသည်။ညနေစောင်းသော်ဧည့်သည်များပြန်သွားလျှင်” မယ်မြရေ ငါခေါင်းတွေမူးလာလို့ ခနနားဦးမဟေ့ “” နားပါတော် ရှင်လဲပင်ပန်းနေလောက်ပြီ “” အေးကွာ ဧည့်သည်တွေကလဲများလိုက်တာ နားပီဟေ့ “တရွေ့ရွေ့နဲ့အကုန်တွေကုန်ဆုံးလို့ အကာလ ညအခါသို့ရောက်ရှိလာပြီဖြစ်သည်။အိမ်သူအိမ်သားများအိပ်မောကျနေချိန် အမှောင်ကိုအားကိုးလျှက် တစ်စုံတစ်ယောက်သည် အိမ်အနောက်ဖက် ဘဲခြံဆီသို့- – – – – – ။

မနက်မိုးသောက်အလင်းရောက်သော် ” အမယ်လေးးးး “အထိတ်တလန့်အော်လိုက်သော သမီးကြီးရဲ့ အသံကြောင့် ဒေါ်အေးမြတစ်ယောက် ” သမီးဘာဖစ်လို့လဲ ဘာဖြစ်လို့လဲဟင် “” အမေ ဒီမှာလာကြည့်ပါဦး “ဒေါ်အေးမြသွားကြည့်တော့ ဘဲတစ်ကောင် လည်ပင်းပြတ်၍သေနေသည်ကို တွေ့ရလေသည်။ဘဲမှာ ခေါင်းမရှိသည့်အပြင့် ဗိုက်ဟောင်းလောင်းနဲ့သေနေခြင်းပင်။” ညက ခွေးဝင်ဆွဲတာထင်တယ်သမီး “” ဘဲခြံကိုသေချာပြန်ကာဖို့ အကြီးကောင်လာရင်ပြောရမယ် “” ဘဲသေကို ကိုဝင်းတို့ကိုပေးလိုက် “သူတို့အိမ်က လယ်သူရင်းငှား ကိုဝင်းတို့အဖို့ ဒီနေ့ပွဲတော်စာက ဘဲသားပင်ဖြစ်ပေတော့မည်။

တစ်ရက် ၂ ရက် ၃ ရက်ဆက်တိုက်ဆိုသလိုပင် ပုံစံတစ်မျိုုးထဲ ဘဲတွေသေနေသောကြောင့်” အမေ ဘဲတွေဘာဖြစ်လို့လဲမသိဘူူ အကောင်တစ်ကောင်ကောင်မှာဝင်ဆွဲနေတယ်ထင်တယ် “” သားကြီးက ဘာလုပ်ချင်လို့တုန်း “”အကုန်ရောင်းပလိုက်တော့မယ်ဗျာ “” အေးလေ သားသဘောပဲ “” ဒါဆိုလဲ ဘဲဒိုင်နဲ့ချိတ်လိုက်တော့မယ်အမေ “ဆိုပြီး ခြံထဲရှိသမျှ ဘဲတွေရောင်းလိုက်တော့သည်။တဖြည်းဖြည်းနဲ့ ဦးသာဒင်ရဲ့ ခြံဝိုင်းထဲမှာရှိသမျှ အပင်ငယ်လေးတွေ ညှိုးရော်သေဆုံးနေကြသည်။သို့သော်အားလုံးကလဲအမှုမဲ့အမှတ်မဲ့ပင် – – – -။” ဟင် ကြက်မကြီးသေနေပါလား “” သူ့ကလေးတွေသနားစရာဟယ် “

နောက်ဆုံးကျန်နေသော ကြက်မကြီးလဲမရှိတော့ပေ။ထိုစဉ် တိမ်မဲတို့သည် နေမင်းအားအုပ်ဆိုင်းလိုက်သဖြင့် နေခင်းကြောင်တောင်မှောင်မဲသွားပြီး” အဟမ်းးး”” ဦးသာဒင်ရဲ့ချောင်းဟန့်သံနဲ့အတူ” ဒါဆိုငါတို့ခြံထဲက အကောင်တွေကုန်ပြီပေါ့ “” ဟုတ်တယ်အဖေ ကုန်ပြီ “” အေး ကောင်းရောပေါ့ကွာ “ဆိုပီးလှည့်ထွက်သွားသောဦးသာဒင်၏စကားကိုနားမလည်သော သားဖြစ်သူမှာခေါင်းကုတ်၍ကျန်နေခဲ့သည်။

သို့နှင့်ရွာထဲမှာ ကြက် ဘဲများတစ်နေ့ ၁ကောင်တစ်ခါတစ်လေ ၂ကောင်နှုန်းဖြင့်သေဆုံးနေကြသဖြင့် ရွာသားများစုဝေးတိုင်ပင်ကြတော့သည်။” ဒါမရိုးသားဘူးဗျ “ ”မင်းကဘာထင်လို့လဲ ချက်ကြီး “” မသိဘူးလေကွာ ငါမှမမြင်ရတာ “
” ဒါဆို ရွာထဲမှာ တစ်ည ၅ ယောက်နှုန်းနဲ့ကင်းစောင့်ကြမယ် “” အေးအဲ့အကြံကောင်းတယ် “” ဒီညကစမယ်ဟေ့ “ညအတွက်စီစဉ်စရာရှိတာတွေစီစဉ်ပြီးကင်းလှည့်ကျသော ကာလသားတစ်သိုက်မှာ ည ၁၂ နာရီကျော်သည်နှင့် အိပ်ငိုက်လာကြလေတော့သည်။ကင်းသမားတွေ အိပ်ငိုက်သည်နှင့်တစ်ပြိုင်နက် မဲမဲသဏ္ဏာန်တစ်ခုသည် ကိုလှအေး၏ခြံဝိုင်းဆီသို့ လှမ်းဝင်သွားသည်ကို ကင်းသမားတွေသာ သိခဲ့ပါလျှင် – – – – – ။

”အမ်မလေးလာကြပါဦးတော် “နံနက်ခင်းနဲ့အတူ ကိုလှအေးမိန်းမရဲ့ အော်ငိုသံကြီးကြောင့်” ငါ့သားလေးကို ခမဲပေးထား တဲ့နွားပေါက်လေး အီးးးးဟီးဟီးးးး “” ဟာ ဟုတ်တယ်ဟ လည်ပင်းမှာအပေါက်ကြီးနဲ့ပီးတော့ နွားပေါက်လေးရဲ့ဗိုက်ပွင့်ကာ အထဲကကလီစာတွေမရှိပဲသေဆုံးနေခြင်းပင်။နွားသေနှင့်ပက်သက်၍ရွာထဲမှာလဲ အုတ်အော်သောင်းနင်းကိုဖြစ်လို့။တစ်ည ကိုဖိုးတုတ်အခင်းသွားရန်အောက်ဆင်းလာစဉ် ခြံထောင့်၌ လူတွေ့၍သူခိူးထင်ပြီးစဉ့်အိုးနားပြေးကပ်လိုက်သည်။

ထိုလူသည် ကိုဖိုးတုတ်ခြံထဲမှ အကောင်တစ်ကောင်ကိုဆွဲ၍ထွက်လာပြီး လည်ပင်းကိုကိုက်ဖောက်လိုက်သည်။ခနကြာသော် ဗိုက်အတွင်းသို့လက်နှိုက်ကာ ကလီစာတွေကိုစားနေလေသည်။ ထိုမြင်ကွင်းကိုကြည့်နေသော ကိုဖိုးတုတ်မှာ ကြက်သီးများတဖြန်းဖြန်းထ၍ တုန်နေပြီ။ အတန်ကြာသော် အမှောင်ရိပ်ထဲမှထွက်လာသောသူက ကိုဖိုးတုတ် ပုန်းနေသော
စဉ့်အိုးဖက်သို့လှည့်ကြည့်ရာ လရောင်ဖြင့်မြင်လိုက်ရသော မျက်နှာကြောင့်ကိုဖိုးတုတ်၏မျက်လုံးများအဆမတန်ပြူးထွက်လာလေတော့သည်။

နောက်တစ်နေ့ ရွာထဲမှာ ဟိုတစ်စု ဒီတစ်စုဖြင့် ကိုဖိုးတုတ်တွေ့လိုက်ရသော အကြောင်းကိုပြောဆိုနေကြတော့သည်။ဦးသာဒင်ဖုတ်ဝင်နေတယ် ထင်၍ ရွာသားများကဦးသာဒင်၏အိပ်ယာအောက်သို့ သြဇာညွန့်များသွားထည့်ကြသော်လဲ ဘာမှမထူး။ခုံဖိနပ်အပြတ်ကို ခုတင်အောက်သို့ တိတ်တဆိတ်သွားထားကြသောလည်းဘာမှမထူးချေ။ညအချိန်ရောက်လျှင် မိသားစုလိုက် ခြံထဲဆင်း၍ ညည့်နက်သည်ထိ ကင်းစောင့်နေကြသဖြင့် ၃ရက်ကြာမျှဘာကောင်မှမပျောက်ဆုံးတော့သည်ကို ရွာသားများဝမ်းသာနေကြသည်။ ဤအချက်က ၎င်းရွာအတွင်းသို့ ကံကြမ္မာဆိုးကြီးကျရောက်တော့မည်ကို ရွာသူရွာသားများသိခဲ့ပါလျှင် – – – – – – – – ။

” ဟဲ့နွားးးးး တယ် ဒီနွားဟာ တောက် “ညောင်ပင်သာရွာလမ်းဘေးမှဖြတ်မောင်းနေသောလှည်းပေါ်တွင် လှည်းမောင်းသူ၏နောက်မှ အသက် ၆၀ ကျော်အရွယ်အဖိုးအိုတစ်ဦးထိုင်၍လိုက်လာသည်။ရွာထိပ် ကုက္ကိုပင်အောက်အရောက်တွင် အဖိုးအိုမှ” ခဏလေးလှည်းရပ်လိုက် လူလေး “ ” ဟုတ်ကဲ့ အဘ “အဖိုးအိုသည် ရွာထဲသို့စူးစိုက်ကြည့်ကာ နှာခေါင်းတရှုံ့ရှုံ့ လုပ်နေလေသည်။” လူလေး ရွာထဲမောင်းစမ်းကွာ “” ဘုန်းကြီးကျောင်းကိုသွား “” ဟုတ်ကဲ့ အဘ “ရွာထဲသို့လှည်းမောင်းဝင်သွားစဉ် ဦးသာဒင်၏ဝိုင်းရှေ့အရောက်တွင် အဖိုးအိုမှာ ဆတ်ခနဲ ဖြစ်သွားလေသည်။

” ဘုရား ဘုရား “” ကယ်နိူင်ကောင်းပါသေးရဲ့ “” လူလေးကျောင်းကို မြန်မြန်မောင်းစမ်းပါကွယ် “အရေးကြီးနေဘီကွဲ့ “”လူလေးလဲ ကုသိုလ်ရတာပေါ့ကွယ် “” ဟိုရှေ့ က ဘုန်းကြီးကျောင်းပဲ အဘရေ “” အေးကွယ် သွက်သွက်လေး “ကျောင်းသို့ရောက်သော် ဘုရားဦးခ ဆရာတော်ဦးချပြီးနောက် ဆရာတော်က” ဒကာကြီးက ဘယ်သူတုန်းကွဲ့ “” မှန်ပါ့ ၇ ရက်သားသမီးတွေကို ဆေးကုနေသူပါဘုရာ့ “” အခုလဲ ဟိုဖက်ရွာမှာဆေးလာကုရင်းနဲ့ ဒီရွာမှ အကြောင်းကိစ္စမြင်လို့ဝင်လာရတာပါဘုရာ့ “

” သြော် အေးအေး ဒါနဲ့အကြောင်းထူးရှိလို့လားကွဲ့ “” မှန်ပါ့ မကြာခင် ဒီရွာမှာ ကပ်ဆိုးတစ်ခု ကျရောက်တော့မှာကို သိနေတဲ့အတွက်ရောက်လာရပါတယ်ဘုရာ့ “” ဟေ “” အရှင်ဘုရား ရွာလယ်က ရေနံချီး သုတ်ထားတဲ့ အိမ်မဲကြီးက သူတွေနဲ့ကျောင်းမှာတွေ့ချင်ပါတယ် “” ၁ ယောက်ယောက်နဲ့ အခေါ်လွှတ်ပေးပါလားဘုရား “” အေးကွဲ့ ဟဲ့ သာဝ “
” ဘုရာ့ “” ဦးသာဒင်ရဲ့မိန်းမ ဒကာမကြီးကိုခေါ်လာခဲ့ကွယ် “” မှန်ပါ့ဘုရာ့ “ကိုသာဝထွက်သွားပြီးအတန်ငယ်ကြာသော်ကျောင်းသို့ ကိုသာဝနဲ့အတူ မိန်းမကြီးတစ်ယောက်ပါလာလေသည်။”

ဒီမယ် ညီမငယ် မင်းတို့အိမ်မှာ လူမမာများရှိသလားကွဲ့ “” မရှိပါ ဦးလေး “” ဟေ ! အင်းးးးငါထင်တာလဲ လွဲခဲပါတယ်”” ဦးလေး ငါ့တူမတို့အိမ် ခဏလိုက်ကြည့်လို့ရမလားကွဲ့ “” ဟာကြွပါဦးလေးရယ် “” ကဲ ဒါဖြင့်သွားစို့ “” တပည့်တော်ပြန်လာပါ့မယ် ဘုရာ့ “” အေးးကောင်ပါပီ ဒကာြက်ီး “ဆရာကြီး အိမ်ရှေ့ရောက်သော် ” မယ်မြ ဘယ်ကလူခေါ်လာတာတုန်း “” ကျုပ် ပဲကိစ္စလေးစကားပြောချင်လို့ပါမောင်ရင် “” အင်းးးးး ပြောပီးရင်ပြန် “ဆရာကြီးလဲ ပဲအကြောင်းနဲနဲပါးပါးပြောရင်း ဦးသာဒင်ကိုအကဲခတ်နေလေသည်။

တအောင့်နေတော့” ကဲ ပြန်ဦးမယ် ဒါနဲ့ တူမကြီး ခဏလိုက်ခဲ့ပါဦး “ကျောင်းရောက်သော် ” ငါ့တူမကြီးယောကျာၤးက ဖုတ်ဝင်နေတာကွဲ့” ”ဖုတ်တော် ရိုးရိုးဖုတ်မဟုတ်ဘူး တစ်ရွာလုံးကိုဒုက္ခပေးမဲ့ဖုတ် “” ရှင် “” တူမကြီးဖက်က ရွာအတွက်စဉ်းစားပြီး ထုတ်ခွင့်ပေးနိူင်မလားကွဲ့ “” အဟင့် အဟင့် ဆရာကြီးကူညီပါ “” ကောင်းဘီ ကာယကံရှင်က ခွင့်ပြုပြီဆိုမှတော့ သတ္တိကောင်းတဲ့ ရွာသား ၄ ယောက်လိုချင်တယ်မောင်ရင် “” ဘာမှကြောက်စရာမလိုဘူး အဘရှိတယ် “” ရတယ်အဘ ခဏစောင့်ပါ “

သာဝရယ် ချက်ကြီးရယ် ကိုတင်ရယ် မျိုးတင့်ရယ် ၄ယောက်အပြင်တစ်ခြားရွာသားတွေပါကျောင်းရောက်လာတော့ ဆရာကြီးက ” ဒီလိုကွ အစီစဉ်က – — – – – – -“” ကဲဟေ့ ကူညီနိူင်ကြမလား “” ကူညီနိူင်ပါတယ် အဘ “” အေး ဒါဆိုလဲ အခုထဲက ကြိုတင်ပီးလိုအပ်တာစုဆောင်းထားကြ ဟုတ်ပြီလား “” ပြန်ကြတော့ ပြန်ကြတော့ “နောက်တစ်နေ့ ကာလသားတစ်သိုက်ရွာသုဿာန်မှာ တစ်စုံတရာကို အားသွန်ခွန်စိုက်လုပ်နေကြသည် ။မနက် ၁၀ နာရီခန့်တွင်” အဖိုးအိုမှ သာဝတို့အား လူလေးတို့ အဘ အချက်ပြမှ စကြ နော် “” ဟုတ်ကဲ့အဘ “” ကဲ ဒါဖြင့်သွားကြစို့ “

ကိုသာဝတို့ လူစု ဦးသာဒင်ခြံဝိုင်းရှေ့အရောက်တွင် အိမ်ထဲမှ ” ဟား ဟ ား ဟ ား ဟ ား “” မလောက်လေးမလောက်စားနဲ့ ငါ့ဆီလာကြတာကိုး “အိမ်ပေါ်သို့တက်လာသောအဖိုးအိုက” မင်းအကြောင်းမင်းသိတယ်ဆိုရင် “စကားတောင်မဆုံးသေး” စမ်းကြည့်လေ ငါ့ကိုဘာကောင်မှတ်လို့တုန်း “ထိုစဉ်ခြံဝိုင်းထဲသို့ ရွာသားများအခေါင်းတစ်လုံးထမ်း၍ဝင်လာကြသည်။ဖုတ် ထုတ်တာကိုသိချင်သော ရွာသားများလဲလိုက်ပါလာသဖြင့် ခဏအတွင်ခြံထဲ၌လူပြည့်သွားပြီး ခြံပြင်သို့ပါ လျှံထွက်နေတော့သည်။

” ဟား ဟ ား ဟ ား ဟ ား “” ငါ့ကို ဘာမှတ်လို့တုန်း “” ဝုန်းးး “ ဆို ကုတင်ပေါ်မှ ဦးသာဒင်က ထအရပ်အဖိုးအိုမှ လက်ထောင်လိုက်ပီး ” လူလေးတို့ အချိန်ကြပြီ “ကိုသာဝတို့ ၄ ယောက်လဲ သူတို့ယူလာကြသော အရာများ၏စက္ကူကိုခွာချလိုက်ရာပြိုးပြိုးပြောင်ပြောင်နဲ့ ရွှေထီးများထွက်လာလေသည်။ရွှေထီးကိုမြင်လိုက်သည်နှင့်တပြိုင်နက် မတ်တတ်ရပ်နေသော ဦးသာဒင်မှာကုတင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျကာ ငြိမ်သွားလေသည်။

”လူလေးတို့ ၄ယောက် ကုတင်တိုင် ၄တိုင်မှာ ၁ယောက်တစ်နေရာစီ နေရာယူကြပေတော့ “” တောက် “” မင်းတို့ လက်ဦးသွားတယ် “” နောက်ထပ် လပြည့်နေ့ဆို တစ်ရွာလုံး ငါ့လက်ချက်မိပြီ ဟင်းဟင်းးး “” ကဲ အပိုတွေပြော မနေနဲ့တော့ “” မင်းလမ်းကို မင်းသွားတော့ ဖုတ်ကောင်ရေ “” လူလေးတို့ ရွှေထီးတွေဖွင့်လိုက်ကြတော့ “ကိုသာဝတို့၄ယောက် ရွှေထီးတွေဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက်” အားးးးးးးးးးးး”” ဝုန်းးးးးးး “ခေါင်မိုးမှာအပေါက်ကြီးတစ်ပေါက်ဖြစ်သွားပြီးဦးသာဒင်၏ခန္ဓာကိုယ်မှာ ပုံလဲကျကာ တစ်ခဏအတွင်း အသားအရည်များ ပြိုကျပီး အရည်တွေပါတတောက်တောက်နဲ့ကျလာလေသည်။

မခံရပ်နိုင်သော အပုတ်နံ့ကြီးကြောင့် တစ်ချို့မှာမူးဝေအော့အန်နေကြသည်။ အလောင်းမှာ ကိုင်မရတော့သဖြင့် ကုတင်ပေါ်မှ ဖျာဖြင့်ပင် မ ကာ ယူလာသော အခေါင်းထဲသို့ ထည့်လိုက်ပြီး စီစဉ်ထားတဲ့အတိုင်း သချုႋင်းသို့ပို့ကာ ချက်ချင်းပင် မီးသဂြုႋလ်လိုက်တော့သည်။ မိသားစုများကား ငိုယို၍မဆုံးတော့ချေ။

အဖိုးအိုမှ ကွမ်းတစ်ယာထုတ်ဝါးကာ ရွာသားများ အား” ဦးသာဒင်ကိုမှီတွယ်ကပ်ရောက်နေတဲ့ ကောင်ဟာ ရိုးရိုးဖုတ်မဟုတ်ဘူးကွဲ့ “” ရွှေထီးဆောင်းဖုတ်လို့ခေါ်တဲ့ ဖုတ်ဘုရင်ပဲ “” သူ့ကိုထုတ်ရင် ခေါင်မိုးကပဲထွက်တတ်တယ်ကွဲ့ “” အမြင့်စားဖုတ်ကောင်ပေါ့ “” နောက် လပြည့်နေ့မှမထုတ်နိူင်ခဲရင်တော့ မင်းတို့တစ်ရွာလုံး မသာတွေဖြစ်ပီ “” ဟာ ” ရွာသားတောရဲ့အန့်တကြားသံကြီးကတစ်ပြိုင်နက်ထဲ” ဘုရား ဘုရား ကံသီလို့ပဲဟေ့ “

”ဦးသာဒင်က လွန်ခဲ့တဲ့ လှေကားပေါ်ကပြုတ်ကျထဲက သေသွားခဲ့ပြီ သူကအဲ့အချိန်ဝင်ကပ်နေတာ “” အခုတော့ အားလုံး ပြီးပါပြီ “” ဘုရားတရားမမေ့ကြနဲ့ “” အဘကိုခွင့်ပြုကြပါဦး “” အဘ ခဏလေး အဘ ကို ကျေးဇူးဆပ်ချင်လို့ပါ ” ဦးသာဒင်ရဲ့မိသားစုကပြောတော့ အဖိုးအိုမှ” မလိုပါဘူးကွယ် သမားဂုဏ်ကိုပူဇော်တဲ့အနေနဲ့ ဆန်တပြည်နဲ့ ငွေ အစိတ်သာ ကန်တော့ ပါလေ “” သာဓု သာဓု သာဓု ကျန်းမာ ချမ်းသာကြပါစေကွယ်”ရွာပြင်သို့ထွက်သွားသော အဖိုးအို၏နောက်သို့ကြည့်ရင်း ရွာသားများမှာ ဘေးဆိုးမှကင်းလွတ်ရသဖြင့် ဝမ်းသာနေကြလေတော့သည်။ဒီနေ့မှစ၍ ဤရွာလေး၏နေ့သစ်ကားးး ပျော်ရွှင်မှုများဖြင့် သာယာနေတော့ပေမည်။

ဖိုးသူတော် (www.phothutaw.com)
Credit: လေသွေးညို
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top